Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joseph Bishara
6.9
Annabelle: Creation (2017)
၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီးအခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်းကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီးဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက်အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်းအန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကိုယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီးမိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့်ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလိုလှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ဂျန်နစ္စက ယာတောအိမ်ကြီးကပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေမိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။နောက်တော့ တစ်ယောက်ပြီးတစ်ယောက်အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်ကဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ ...
movie
Annabelle: Creation (2017)
2017
4K HEVC
5.4
Annabelle (2014)
2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ2014 မှာဒီဇာတ်ကားထွက်လာပါတယ်..သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူးCM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်..မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ.အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီးသရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေအတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ...ကြောက်တတ်သူများ..နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ..တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ File size… 2.41 GB / 1.06 GB / 534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing
movie
Annabelle (2014)
2014
4K HEVC
7.5
The Conjuring (2013)
သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့အိမ်မှာထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များလည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာCarolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ)ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လိုကြုံတွေရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲအိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဉာဏ်ဥစ္စာစောင့်နတ်ဆိုးကမိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေးတယ်၊ထိတ်လန့်မှုတွေပေးတယ်၊နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာသွားလာပြုမူနေတာကို ရှုစားရမှာပါ။ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလိုဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလိုတအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်ကခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြကွက်တွေကို ...
movie
The Conjuring (2013)
2013
4K HEVC
7.4
The Conjuring 2 (2016)
ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့်မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။အ ကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက်ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာအဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန်အသံသွင်းတိပ်ခွေကိုဘာသာပြန်ထားတာလေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်းပြောပြရင်း တင်ပေးလိုက်ပါပြီ......ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။ File size… 3.74 GB / 1.54 GB / 744 ...
movie
The Conjuring 2 (2016)
2016
4K HEVC
6.7
Insidious: The Red Door(2023)
Insidious: The Red Door(2023)***************************** နာမည်ကျော် သရဲကား ရုပ်ရှင်တွဲတွေဖြစ်တဲ့ Insidious ရုပ်ရှင်တွေထဲကနောက်ဆုံးထွက် ၅ ရုပ်ရှင်ဖြစ်ပါတယ်။ လိပ်ပြာလွှင့်ရာကနေ ပရလောကမကောင်းဆိုးဝါးတွေနဲ့ ကြုံရပုံကို အခြေခံထားတဲ့ ဇာတ်လမ်းတွေပါပဲ။ ၅ ကားရဲ့နာမည်တွေကတော့ Insidious 2011 Insidious: Chapter 2 2013 Insidious: Chapter 3 2015 Insidious: The Last Key 2018 Insidious: The Red Door 2023 တို့ပါပဲ။ဒီငါးကားထဲမှာ ဘယ်သူ့မေးမေး ပထမဆုံး ရုပ်ရှင်က ကြောက်စရာအကောင်းဆုံးလို့ ပြောမှာပါပဲ။ကျန်တဲ့ရုပ်ရှင်တွေလည်း မဆိုးလှပေမဲ့ ဂျိမ်းစ်ဝန် ရိုက်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကိုတော့ မမီကြပါဘူး။ဒီကားကတော့ အရင်ဒါရိုက်တာတွေမဟုတ်ဘဲ ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား Patrick Wilsonကိုယ်တိုင် ပထမဆုံး ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျော့ရှ် နဲ့ ဒေါ်တန် တို့ သားအဖဟာ ကိုမာဝင်ခဲ့တဲ့ကိစ္စရယ် သရဲပူးပြီး မိသားစုကိုပြန်ရန်ရှာတဲ့ကိစ္စတွေရယ်ကိုမေ့ပျောက်ဖို့အိပ်မွေ့ချဆရာအကူအညီနဲ့ မှတ်ဉာဏ်တွေကို မသိစိတ်ထဲမှာ ...
movie
Insidious: The Red Door(2023)
4K HEVC
6.1
Insidious: Chapter 3 (2015)
ကွင်း ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဟာသူမ ရဲ့ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူ နှင့် အဆက်အသွယ်ရရှိနိုင်ဖို့ပရလောက ဖြင့် ချိတ်ဆက်ပေးနိုင်သူ ပညာရှင် အဲလိစ် ထံ ရောက်ရှိခဲ့ပါတယ်အဲ့ဒီ အချိန်မှာ အဲလိစ် ဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးပြီးခါစ အခြေအနေဖြစ်တဲ့အတွက်အလုပ်ခက်ခံပေးဖို့ ငြင်းဆိုလိုက်ပါတယ်...အဲ့ဒီနောက် ကွင်းဟာ စာအုပ်တစ်ချို့ကို ဖတ်ပြီး သူမဘာသာဝိဉာဉ် ဆင့်ခေါ်တဲ့ အရာတွေကို စမ်းသပ်ခဲ့ပါတယ်...တကယ်လဲ အလုပ်ဖြစ်ခဲ့ပါတယ် ဒါပေမယ့် ရောက်ရှိလာခဲ့တာကတော့သူမ ရဲ့ အမေမဟုတ်ပဲ အလွန်အင်မတန် ဆိုးဝါးတဲ့ လူသတ်ကောင်မကောင်းဆိုးဝါး အကြီးစား တစ်ကောင် ဖြစ်နေခဲ့သောအခါ....ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious: Chapter 3 (2015)
2015
6.8
Insidious (2010)
အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ်အရမ်းချစ်ကြတဲ့ ဂျော့ချ် တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက်အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီးထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက်ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ်တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ်ပရလောက ကို မယုံတဲ့ ဂျော့ချ် ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သောအဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ...ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious (2010)
2010
3.7
Dreamkatcher (2020)
Dreamkatcher 2020 မြန်မာစာတန်းထိုး ========================= -အိပ်မက်ဖမ်းအဆောင်တွေအကြောင်း စိတ်ဝင်စားသူတွေ ဒီရုပ်ရှင်ကားကို သဘောကျလိမ့်မယ်ထင်ပါတယ်။ Dreamcatcher သို့မဟုတ် Dream capture တွေကို အမေရိကန်မှာပထမဆုံးရှိခဲ့တဲ့လူမျိုးစုတွေက ကလေးပုခက်တွေပေါ်မှာ အကာအကွယ်သဘောနဲ့ပြုလုပ်ခဲ့ကြပါတယ်။ အိပ်မက်တွေဟာ အပြင်ဘက်ကနေရောက်လာကြပြီး မကောင်းတဲ့အိပ်မက်ဆိုးတွေဟာ ဒရင်းကက်ချာရဲ့ကွန်ရက်မှာငြိတွယ်ပြီး မနက်မိုးလင်းတော့ နေရောင်ထဲမှာပျောက်ကွယ်သွားကြလိမ့်မယ်တဲ့။ သူတို့သုံးခဲ့တဲ့အမွှေးတွေကို မြင်းလိုအကောင်တွေဆီက ယူတယ်။ အသေကရလား အရှင်ကရလား မသိနိုင်တဲ့ဒရင်းကက်ချာတွေဟာ တိရစ္ဆန်တွေရဲ့ဝိညာဥ်ကိုပဲ အကာကွယ်အနေနဲ့ယူတာလား သူတို့ပဲသိနိုင်မယ်ထင်ပါတယ်။ နောက်ပြီး အဆောင်မှာသင်္ကေတတွေက အရေးကြီးပါတယ်။ ငါးထောင့်ကြယ်ကို အတည့်ဆွဲရင် မကောင်းတဲ့အရာတွေကို ကာကွယ်တဲ့ကောင်းတဲ့ပစ္စည်းဖြစ်ပြီး စောင်းပြီးဆွဲမိရင်တော့ နတ်ဆိုးသင်္ကေတဖြစ်သွားသလိုမျိုး အိပ်မက်ဖမ်းအဆောင်တွေပေါ်က ကွန်ရက်တွေဟာလည် း လုပ်ထားတဲ့ကွန်ရက်က အချိုးညီ၊ မညီပေါ်မူတည်ပြီး အကောင်းအဆိုးခွဲခြားနိုင်ပါတယ်။ဒီရုပ်ရှင်ထဲက အဆောင်ကို အပြင်မှာလည်းမြင်ဖူးကြမယ်ထင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့- အိပ်မက်ဆိုးတွေမက်တဲ့ကလေးတစ်ယောက်ဟာ သူ့အိပ်မက်ဆိုးတွေ ရပ်ပစ်ဖို့"သူ့ပုံကြည့်ရတာ တစ်ခုခုပဲ" လို့ဆိုရလောက်တဲ့ ဘေးအိမ်က အဘွားကြီးဆီကနေ ဒရင်းကက်ချာခိုးခဲ့ပါတယ် ဇာတ်လမ်းကပုံမှန်ကြည့်နေကြ Horror ရုပ်ရှင်တွေလိုမအီပဲ (တစ်နာရီ ၂၅မိနစ်ပဲ ကြာလို့လည်းဖြစ်နိုင်ပါတယ်)ရေကန်ကြီးရယ်၊ Country road လို့ခေါ်နိုင်တဲ့လမ်းတွေ၊ တောင်ပေါ်က လျှောက်လမ်းလေးတွေ၊ စပါးကျီတွေက ကြည့်နေရင်း ဘယ်လိုပြီးသွားမှန်းတောင်မသိနိုင်အောင် ကြည့်သူကိုဖမ်းစားနိုင်ပါတယ်။ဇာတ်လမ်းအကူးအပြောင်းက အကောင်းဆုံးဆိုတဲ့Horror တွေလောက် ...
movie
Dreamkatcher (2020)