Channel Myanmar

Joseph Oliveira

The Catcher Was a Spy 5.9
The Catcher Was a Spy ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
5.9
IMDB: 5.9/10 606 votes
movie

The Catcher Was a Spy

2018
Web-DL 1080P
American Psycho(2000) 7.6
American Psycho(2000) American Psycho(2000) IMDb....7.6,,,,Rotten...68 အ​မေရိကန်​ ပြည်​​ထောင်​စု ၉၀နှစ်​၀န်းကျင်မှာ ကုမ္ပဏီ လူကြီးမင်း​တွေကြားက အချင်းချင်းပြိုင်​ဆိုင်​မှု​တွေ မနာလိုမှု​တွေ အဆင့်​အတန်းခွဲ ခြားမှု​တွေပြည့်​နှက်​​နေခဲ့တယ်​ .. ..ရယ်​​မောစကား​ပြော​နေ​ပေမယ့်​ အတွင်းစိတ်​က မုန်းတီး​နေကြတဲ့ ပတ်​၀န်းကျင်​တစ်​ခု.... . ဒီလိုအနေအထားမှာ ပက်​ထရစ်​ ဘိတ်​မန်း တစ်​​ယောက်​ သူကြည့်​မရတဲ့ လုပ်​​ဖော်​ကိုင်​ဘက်​ကို သတ်​ပစ်​ခဲ့တယ်​ .. .သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ... ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန်ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကားဖြစ်တယ်... .ဒီကားကိုကြည့်တဲ့သူတွေအဖို့  ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်.. ....သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာလား...စိတ်ကူးယဉ်သက်သက်လား....သူစီစဉ်ခဲ့တာတွေဟာ ဘာအတွက်လဲ.... ဘာကြောင့်လဲ...ဒီကားက အတော်ကို ခေါင်းစားပါတယ်.. .နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဒီကားရဲ့ အဓိကသရုပ်ဆောင် Christian Bale  ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်..  .ဒီကားဟာ ကျွန်တော့်အမြင်ပြောရရင် ကြည့်ရှူသူကို အဖြေတွေရှာခိုင်းတာ ဒါမှမဟုတ် ခံစားဆုံးဖြတ်နိုင်စွမ်းဘယ်လောက်ရှိသလဲ စမ်းသပ်နေတာနဲ့ပိုတူပါတယ်. ..ဆိုတော့ကား ဒီကားကြည့်ပြီး ခံစားသိမြင်တာလေးတွေကို ကျွန်တော်တို့ channel myanmar group မှာ  လာရောက်ဆွေးနွေး မျှဝေပေးဖို့ဖိတ်ခေါ်အပ်ပါတယ်... File Size : (800 MB) ...
7.6
IMDB: 7.6/10 402,243 votes
movie

American Psycho(2000)

2000
The Departed (2006) 8.5
The Departed (2006) IMDb (8.5)....Rotten Tomatoes (90%) ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြောရအောင်။ တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။ The Departed (2006) (IMDb Rating 8.5/10) ဆိုတဲ့ကားးပါ။ မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (IMDb Rating 8.1/10) ဆိုတာပါ။ ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ ကြည့်မိပါတယ်… ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကို နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာကလည်း ဒီရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။ ကျနော် ပထမ တစ်ကြိမ် ကြည့်တုန်းက Leonado Dicaprio ထက် ...
8.5
IMDB: 8.5/10 993,784 votes
movie

The Departed (2006)

2006
The Town(2010) 7.6
The Town(2010) The Town(2010) IMDb.....7.6,,,,Rotten....93 FBI ၇ဲတွေ ဒေါသအရမ်းထွက်နေကြတယ်...FBIအဖွဲ့ခေါင်းဆောင်ကလည်း ဆဲဆိုသံနဲ့အတူ " ဒီသောက်ဘဏ်ဓားပြတွေက သောက်ချဉ်တော့မဟုတ်ဘူးကွ" ဆိုပြီးအော်ဟစ်နေတယ်... ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတော့ ဘဏ်ကိုဓားပြတိုက်ခံရပြီး အချိန်မီ အချက်ပေးသံကြောင့် ဘဏ်ကိုရဲတွေဝိုင်းခဲ့ပေမယ့် တစ်ယောက်မှမမိလိုက်ဘူး.. ..မှုခင်းသဲလွန်စတွေရှာပြန်တော့လည်း cctv မှတ်တမ်းတွေဖျက်ဆီးသွားတဲ့အပြင် လက်ဗွေရာတစ်စွန်းတစ်စတောင် မကျန်အောင် ဆပ်ပြာရည်တွေ ဘဏ်အတွင်းပက်ပြန်းသွားလို့ပါပဲ....တစ်ခုတော့ရှိတယ် ... ဘဏ်ဓားပြတွေက ဓားစာခံအဖြစ် ဘဏ်စာရေးမတစ်ယောက်ကို ဖမ်းခေါ်သွားပါတယ်.. ..ဒီကားရဲ့ ဒါရိုက်တာက  Ben Affleck  ဖြစ်ပါတယ်... Gone Baby Gone ကိုလည်း သူကိုယ်တိုင်ရိုက်ကူးခဲ့ပြီး  အဲ့ဒီကားမှာ သူ့ရဲ့အရည်အချင်းကိုကြည့်ဖူးသူတိုင်း မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်ခဲ့ကြမှာပါ...မှုခင်း ဘဏ်ဓားပြ နဲ့အချစ်ဇာတ်လမ်းလေးတွေ အချိုးကျတင်ဆက်ထားလေတော့ ခံစားကြည့်လိုက်ပါဦးလို့.... File Size : (900 MB) and (370 MB) Quality : Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thet Htet Oo Encoded by Phyo Pyae
7.6
IMDB: 7.6/10 306,714 votes
movie

The Town(2010)

2010
Proud Mary (2018) 5.0
Proud Mary (2018) ကျေးဇူးကြွေးတွေကြောင့် မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတဲ့ မယ်ရီတစ်ယောက်သူ့ကြောင့်ဖခင်မဲ့ဖြစ်သွားရတဲ့ ၁၂အရွယ် ခပ်ရိုင်းရိုင်းကောင်လေးကိုသနားစိတ်ဝင်ပြီး စောင့်ရှောက်ဖို့ကြိုးပမ်းရာမှ ပေါ်ပေါက်လာမယ့်ပြသနာတွေနဲ့အတူ သွေးမတော်သားမစပ်တဲ့သူ နှစ်ဦးကြားက သံဃောဇဉ်နဲ့မိခင်စိတ်တို့ကိုမြင်ရမှာပါ မယ်ရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးကတော့ နာမည်ကြီးဇာတ်ကား Hidden Figures (2016) ထဲမှာ Katherine အဖြစ်ပါဝင်ခဲ့သူ Taraji P.Henson ပဲဖြစ်ပါတယ် သူရဲ့ပြောင်မြောက်လှတဲ့သရုပ်ဆောင်ပုံကြောင့်သာ ဒီဇာတ်လမ်းဟာပိုကြွလာတယ်လို့ Rotten Tomatoes မှာတော့ဆိုထားပါတယ် Action,Crime ကားကောင်းကောင်းတောင့်တ နေသူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့အထဲမှာပါပါတယ်။ IMDB - 4.9/10 ရရှိထားပါတယ်   File Size : (700 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 29min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by May Myat Thu Encoded by Thanhtike Zaw
5.0
IMDB: 5.0/10 1,769 votes
movie

Proud Mary (2018)

2018
Whiplash (2014) 8.5
Whiplash (2014) Whiplash(2014) IMDb….8.5,,,,,,,Rotten….94 ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး…..   File Size…(900MB) and (376MB) Quality…BluRay ...
8.5
IMDB: 8.5/10 523,478 votes
movie

Whiplash (2014)

2014
November Criminals (2017) 5.3
November Criminals (2017) November Criminals ဆိုတဲ့စကားလုံးလေးက ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့မှာ စစ်ပြေငြိမ်းရေးစာချုပ်ကို ဂျာမန်ပြည်သူတွေ ကန့်ကွက်နေတဲ့ကြားထဲကနေ လက်မှတ်ရေးထိုးလိုက်ကြတဲ့ ဂျာမန် အစိုးရခေါင်းဆောင်တွေကို ရည်ညွှန်းပြီး ခေါ်ဆောင်ခဲ့တဲ့စကားလုံးလေးပါ။ အဓိကသဘောတရားကတော့ “နောက်ကျောကို ဓါးနဲ့ထိုးတဲ့သူတွေ"လို့ ရည်ညွှန်းချင်တာပါ။ အခု Noverber Criminals ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေအဖြစ် baby driver ကားရဲ့မင်းသား Ansel Egort နဲ့ မင်းသမီးလေး  Choloe Grace Moretz တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ The Terminal, Henery’s crime,Hitch ဇာတ်ကားနေတဲ့လူသိများခဲ့တဲ့ စာရေးဆရာဒါရိုက်တာ Sacha Gervasi ကရိုက်ကူးတင်ဆက်ထားပေးပြီး IMbD rating 5.4 ရထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချီကာဂိုတက္ကသိုလ်မှာ ဂန္တ၀င်စာပေတွေ ဆက်လက်သင်ကြားချင်တဲ့ တက်တက်ကြွကြွလူငယ်လေး အက်ဒီဆန်(Ansel Egort) နှင့် ဆယ်ကျော်သက်အရွယ် အပျိုစင်လေး ဖီလ်ဘီး ...
5.3
IMDB: 5.3/10 546 votes
movie

November Criminals (2017)

2017

Genres

Like Us!