Channel Myanmar

Josh Brener

Megamind vs. the Doom Syndicate (2024)
Megamind vs. the Doom Syndicate (2024) 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့ Megamind ရုပ်ရှင်ရဲ့ sequel အနေနဲ့ထွက်လာတဲ့ရုပ်ရှင်ပါ။ rating ကတော့မကောင်းလှဘူး။ဇာတ်လမ်းအကျဉ်းကတော့မက်ဂါမိုင်းက မက်ထရိုမြို့တော်ကြီးကို တိုက်တန်ရဲ့လက်ကနေ ကယ်တင်ပေးပြီးလိုက်တဲ့နောက်မှာတော့ သူကောင်းဘွဲ့ခံယူပြီး ဗီလိန်ဘ၀ကနေ ဟီးရိုးဘ၀ကိုရောက်ရှိသွားပါတယ်။ မက်ဂါမိုင်းတစ်ယောက် လူဆိုးကနေ သူရဲကောင်းဖြစ်သွားပြီဆိုတဲ့ သတင်းဟာ ထောင်ထဲရောက်နေတဲ့ မက်ဂါမိုင်း လူဆိုးဖြစ်စဉ်က လူဆိုးအဖွဲ့ဟောင်းဖြစ်တဲ့ Doom Syndicate လို့ခေါ်တဲ့ ဂြိုဟ်ဆိုးအဖွဲ့ဆီရောက်သွားပါတယ်။ဒီလိုနဲ့ ဂြိုဟ်ဆိုးအဖွဲ့လည်း သူတို့ရဲ့ဆရာဟောင်း မက်ဂါမိုင်း တစ်ချိန်ကပြောပြဖူးခဲ့တဲ့ မဟာဗျူဟာမြောက် လူဆိုးအစီအစဉ်ကြီးကိုအကောင်အ‌ထည်ဖော်ဖို့အတွက် ထောင်ဖောက်ပြီး ဆရာဖြစ်သူဆီတန်းတန်းမတ်မတ် ရောက်ရှိလာတဲ့အချိန်မှာတော့ ဟီးရိုးဘ၀ရောက်သွားပြီဖြစ်တဲ့ မက်ဂါမိုင်းတစ်ယောက် သူ့ရဲ့လူဆိုးအဖွဲ့ဟောင်းကို ဘယ်လိုရင်ဆိုင်ရဦးမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Animation, Comedy, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

Megamind vs. the Doom Syndicate (2024)

Old Dads (2023) 6.2
Old Dads (2023)  Ant Man ထဲမှာဇာတ်ပို့အဖြစ်နာမည်ကြီးတဲ့ Bobby Cannavale နဲ့အက်ရှင်ဇာတ်ကြမ်းတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့Bokeem Woodbine နဲ့ဟာသမင်းသား Bill Burr တို့သုံးယောက်ပေါင်းပြီးရိုက်ကူးထားတဲ့ Old Dads ဆိုတဲ့ဟာသဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။IMDb Rating 6.3 ရရှိထားပြီးကြည့်လို့ကောင်းတဲ့ထဲမှာ ပါတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲအသက်ကြီးမှ အဖေထဖြစ်တဲ့ဂျက်ခ်ကော်နာနဲ့ မိုက်ခ်တို့သူငယ်ချင်းသုံးယောက်နဲ့ သူတို့မိသားစုအကြောင်းတွေကိုအဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။သူတို့ သူငယ်ချင်းသုံးယောက်က အားကစားအင်္ကျီထုတ်တဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ကြပြီး အဲ့ဒီကုမ္ပဏီကိုရောင်းလိုက်ကြတဲ့အခါမှာတော့ အဲ့ဒီကုမ္ပဏီရဲ့ဝန်ထမ်းတွေအဖြစ်နဲ့ ပြန်ပြီးအလုပ်ဝင်ရပါတော့တယ်။ပိုင်ရှင်ဘဝကနေ ဝန်ထမ်းဘဝရောက်သွားတာဆိုတော့ သူတို့ဘဝတွေကလည်း ပိုကြပ်တည်းလာပါတော့တယ်။အဲ့ဒီအပြင်ကိုမှ မိသားစုပြဿနာတွေနဲ့လုံးလည်ချာလည်ရိုက်ရင်း ဖြစ်လာတဲ့ပြဿနာတွေကလည်း မနည်းပါဘူး။ဒါပေမယ့်အဖေတွေဆိုတာက အဲ့လိုပြဿနာတွေကိုကျော်လွှားပြီး မိသားစုရဲ့တာဝန်ကို ကျေပွန်အောင်ကြိုးစားရတဲ့လူတွေပါပဲ။ဒီတော့ အဲ့ဒီအခက်အခဲတွေကို သူတို့ သူငယ်ချင်းသုံးယောက်ကျော်လွှားကြရင်းနဲ့ ဖြစ်လာတဲ့ရယ်စရာတွေ ဝမ်းနည်းစရာတွေကိုပေါင်းစပ်ပြီးပညာပေးတဲ့အနေနဲ့ပါရိုက်ကူးထားတဲ့ လက်လွှတ်မခံကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.59GB / 735MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Old Dads (2023)

Sniper: G.R.I.T. – Global Response & Intelligence Team (2023)
Sniper: G.R.I.T. – Global Response & Intelligence Team (2023)   ယူကီ လို့ခေါ်တဲ့ ဂျပန်မလေးဟာ ဂရစ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူ့ကို မယ်လ်တာ အစိုးရ‌ဆီက အာဏာသိမ်းပြီး နိုင်ငံကိုအုပ်ချူပ်နေ‌တဲ့ လူတစ်စုကို သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။နောက် ၆လကြာတဲ့အထိ ယူကီဟာ သူ့ရဲ့ မစ်ရှင်ကိုလုပ်နေရင်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေပါတော့တယ် တစ်ရက်မှာတော့ သူတို့ရဲ့ ဂရစ်အဖွဲ့အစည်းဆီကို ယူကီဟာ အရေးပေါ်အကူအညီတောင်းခံခဲ့ပါတယ် အဲ့ဒီအချိန်မှာ ဂရစ်အဖွဲ့ဟာ ဘရန်ဒန်နဲ့ ဇီးရိုးလို့ခေါ်တဲ့ အေးဂျင့်နှစ်ယောက်ကို ယူကီကို ကယ်ဖို့နဲ့ ယူကီရဲ့ မစ်ရှင်ကို အဆုံးသတ်အောင်လုပ်ပေးဖို့ ထပ်မံစေလွှတ်လိုက်ပါတယ်။ဘရန်ဒန် နဲ့ ဇီးရိုးတို့ရဲ့ Pro ဆန်ဆန် မစ်ရှင်လုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာဖြစ်ပြီး တကားလုံးမှာ Action ခန်းတွေအပြည့်ပါတဲ့အတွက် Action ကြိုက်သူတွေ သဘောကျစေမှာပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban 
movie

Sniper: G.R.I.T. – Global Response & Intelligence Team (2023)

The Front Runner (2018) 6.1
The Front Runner (2018)  Genre – Drama, History, Biography IMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီးHugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင်ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံနိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ်ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက်၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီးတစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကိုဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူကအဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန်ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီးစိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီအမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေနောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီးသတင်းမပြည့်စုံရာကနေ ...
movie

The Front Runner (2018)

Where’s the Money (2017) 5.1
Where’s the Money (2017) Where's the Money (2017) ===================ဒဲလ်ဆိုတဲ့ကောင်လေးတစ်​ယောက်က တစ်နေ့တစ်နေ့ ရပ်ကွက်ထဲမှာ သူ့​ဘော်ဒါဂျု့စ်နဲ့ သောက်ပေါလုပ်လိုက် သူငယ်ချင်းမလေးကို ကြောင်လိုက်နဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား နေတဲ့ လူငယ်လေးပေါ့။ဒါပေမယ့်တစ်နေ့မှာ သူတို့ရဲ့ အား ကစားရုံကို ဘဏ်ကသိမ်း တော့မယ်ဆိုတာသိတော့ စိတ်ညစ်နေတုန်း ဘဏ်ကိုဓားပြ တိုက်မှုနဲ့ အဖမ်းခံထားရတဲ့သူ့အဖေက သူဖွက်ထားတဲ့ ပိုက် ဆံတွေရှိတဲ့နေရာကိုပြောပြလိုက်ပါတယ်။ ဒီငွေတွေရှာပုံတော် ဖွင့်ရင်း သူ့အဖေလိုပဲ ဂျေးထပ်အောင်းသွားမလား၊ ပိုက်ဆံ တွေရပြီးအားလုံးအဆင်ပြေသွားမလား၊ ပိုက်ဆံတွေက တကယ် ရောရှိရဲ့လား ဆိုတာကို တကားလုံးပါးစပ်မပိတ်ရပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်ရယ်ရတဲ့ကားလေးပါ မင်းသမီးလေးကလဲ အရမ်းလှပါတယ်။ ကဲအားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့  Momo ဖြစ်ပါတယ်)File Size..........(1.49 GB) / (562 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Momo Encoder..........SWM
movie

Where’s the Money (2017)

2017
Bromates (2022) 4,4
Bromates (2022) Bromates (2022)သင်ဟာ စော်ပစ်ကောင်တစ်ယောက်ဆိုရင်တော့ ... ရီဗျူးဖတ်မနေဘဲ ဒီကားကို တန်းသာဒေါင်းကြည့်လိုက်ပါတော့ ညိုကီတို့ရေ ဘာလို့ဆို ဒီကားက ညိုကီတို့လို စော်ပစ်ကောင်တွေအကြောင်း ဖြစ်လို့ပါပဲ။ စော်မပစ်သေးလည်း နောင်ရေးအတွက် မျှော်မှန်းပြီး ဖြေသိမ့်နည်း အဖြာဖြာ လေ့လာထားနိုင်ပါတယ်။ စော်မရှိတွေကလည်း ပညာယူကြပေါ့ဗျာထူးခြားချက်ကတော့ ဒီကားမှာ Snoop Dogg ကြီးလည်း ဘာမဆိုင်ညာမဆိုင် ဖြတ်လျှောက်လုပ်ထားသေးတာဗျ... ပြောရရင်တော့ ဒေါ့ဒေါ့နဲ့တွေ့မှ ပြောင်းလဲကုန်ကြသည်ပေါ့ဗျာ ...ဒီတော့ ဆက်မနှိမ်ဘဲ ဇာတ်လမ်းအကျဉ်းလေး ပြောပြမယ် အဓိက ဇာတ်ဆောင်က ၄ ယောက်။ ငယ်ငယ်ကတည်းက ပြောမနာဆိုမနာတွေ ဖြစ်ပြီး အခုတော့ ကိုယ်စီအလုပ်နဲ့မလို့ မဆုံဖြစ်ကြတဲ့ ဘော်ဒါတစ်သိုက်ပေါ။ဒါမဲ့ တစ်နေ့မှာ ဒီလေးယောက်ဆုံနိုင်ဖို့အရေး ကံကြမ္မာက သူတို့ထဲက နှစ်ကောင်ကို တစ်ရက်တည်းအပြိုင် စော်ပစ်ကောင်ဇာတ်သွင်းပေးလိုက်ပါလေရော။ အဲဒီမှာ တစ်ကောင်က စော်တ၊ တစ်ကောင်ကတော့ One go, two come, three ready Thank You, Next ဆိုပြီး ကျန်တဲ့ ၂ယောက်နဲ့ပေါင်း လဒမှိုင် မှိုင်နေတဲ့ကောင်ကို cheer ...
movie

Bromates (2022)

2022
Sniper: Rogue Mission (2022) 4.7
Sniper: Rogue Mission (2022) Sniper: Rogue Mission (2022)Sniper ကား ပရိသတ်တွေအတွက် ဒီလထွက် စနိုက်ပါကား အသစ်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အက်ရှင်ကားအနေနဲ့ဆို အတော်ကြည့်ကောင်းတယ်လို့ ပြောလို့ရတဲ့ ရုပ်ရှင်ပါ။ ဒီကားရဲ့ ဒါရိုက်တာ Oliver Thompson ဟာလည်း Stranger Things ရဲ့ Editor လုပ်ခဲ့ပြီး ဒီကားမတိုင်ခင်ကားဟာ ရိတ်တင်လည်းမဆိုးသလို ဆုပေးပွဲတွေက ဆုတွေလည်းရရှိခဲ့ပါတယ်။ ဒီကားကလည်း အက်ရှင်ကားတစ်ကားအနေနဲ့ဆို ကြည့်ကောင်းတဲ့ကားပါပဲ။ဇာတ်လမ်းကတော့ အထက်လူကြီးတစ်ယောက်က လူကုန်ကူးတဲ့လူနဲ့ပေါင်း နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး အကျင့်ပျက်ခြစားနေတာကို ဖော်ထုတ်ဖို့ကြိုးစားရာက ဆိုင်းငံ့ခံလိုက်ရတဲ့ အထူးအေးဂျင့်တွေအကြောင်းပါ။ အထက်လူကြီးတွေက သူတို့ဘက်မနေပေမဲ့ မှန်ရာကို မရမကလုပ်ချင်တဲ့ သူတို့တွေ သူတို့ဘော်ဒါခပ်ကြမ်းကြမ်းကောင်တွေနဲ့စုပြီး ဖော်ထုတ်ဖို့ကြိုးစားကြတဲ့ စနိုက်ပါကားအလန်းစားပါ။ မင်းသားဟာဆို ရုပ်ရှင်ထဲက စကားအရတော့ ကမ္ဘာပေါ်မှာ အတော်ဆုံးစနိုက်ပါသမားပါ။ သူတို့အပြင် ဂျပန်မင်းသမီးချောချောလေးကလည်း ခပ်မိုက်မိုက် လုပ်ကြံရေးသမားအဖြစ်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းလေးလည်း ကြည့်ပျော်သလို G.I Joe ...
movie

Sniper: Rogue Mission (2022)

2022
Rise of the Teenage Mutant Ninja Turtles: The Movie(2022) 5.2
Rise of the Teenage Mutant Ninja Turtles: The Movie(2022) Rise of the Teenage Mutant Ninja Turtles:The MovieRotten tomatoes 78%Metacritic 6.2/10 ဒါကတော့ အားလုံးသိကြတဲ့ TMNT ရဲ့နောက်ဆုံးထွက်လာတဲ့Animation ရုပ်ရှင်ပါ။2018 ကထွက်ရှိလာတဲ့ ပြန်ဆန်းသစ်ထားတဲ့ Nickelodeon tv series ရဲ့အဆက်ပါ။ လိပ်နင်ဂျာညီအစ်ကိုလေးဦးတို့ Shredder ကိုနှိမ်နင်းပြီး နှစ်နှစ်အကြာမှာ အနာဂတ်ကပြန်ရောက်လာတဲ့ Casay Jonesနဲ့ပူပေါင်းပြီး အစွမ်းထက်လှတဲ့ ဂြိုလ်သားKrangတွေကို တားဆီးဖို့ကြိုးစားကြပါတယ်။ ဒီ Rise of the Teenage Mutant Ninja Turtles ကတော့ Family dynamicတွေနဲ့တချို့ Character တွေကို ပုံစံတစ်မျိုးနဲ့ပြန်ဖန်တီးထားပါတယ်။ဥပမာ ဒီVersion မှာLeo ကအကြီးဆုံးမဟုတ်တော့ဘဲ Ralph ကအကြီးဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Animation style ကပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းပြီး Action sequence တွေကလည်း တော်တော်မိုက်ပါတယ်။လိပ်နင်ဂျာ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း စိတ်၀င်စားစရာပါပဲ။ File size…1.6GB / 855MB Quality…1080p WEB DL AAC5.1CH ...
movie

Rise of the Teenage Mutant Ninja Turtles: The Movie(2022)

2022
All My Life (2020)
All My Life (2020) IMDb Rating (6.2) ရရှိထားတဲ့ အသစ်စက်စက် အချစ်ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်...ဇာတ်လမ်းကတော့...ဆောလ်မွန်ချောင်နဲ့ ဂျန်နီဖာကာတာတို့ဟာ အမှတ်မထင်တွေ့ဆုံရာကနေ အရမ်းချစ်ကြတဲ့စုံတွဲလေးဖြစ်လာခဲ့ပါတယ်.. ပျော်ပျော်နေတတ်တဲ့သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်း လက်ထပ်ဖို့ထိဆုံးဖြတ်ခဲ့ပါတယ်..ဒါပေမဲ့ သူတို့နှစ်ယောက်ကြား မမြင်ရတဲ့ လောကဒါဏ်တစ်ခု ရောက်ရှိလာတဲ့အခါမှာတော့... သူတို့နှစ်ဦး အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ.. သူတို့ရဲ့ အိမ်မက်တွေနဲ့ စီခြယ်ထားတဲ့ မျှော်လင့်ခြင်း ကောင်းကင်ကြီး တောက်ပနေဦးမလား...စိတ်ဝင်စားစရာပါ...ဒီဇာတ်ကားလေးမှာ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကိုသာမက သူငယ်ချင်းသံယောဇဉ်နဲ့မေတ္တာကိုပါခံစားရမှာဖြစ်တဲ့အပြင် စကားလုံးတွေ စာသားတွေကလည်း အချစ်ကို ကိုးကွယ်လာဖို့ ထိုက်တန်နေခဲ့ပါတယ်...ထူးခြားတာကတော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ပါ...ကျွန်တော်တို့ကိုယ်တိုင်ပါဝင်ခံစားဖို့ လက်တွေ့ဆန်လွန်းနေမှာပါ..။ချစ်ခြင်းကို ယုံကြည်သူများအဖို့ Romantic, Heart-warming ဇာတ်လမ်းလေးကို ကြည့်သင့်တယ်လို့ ညွှန်းဆိုချင်ပါတယ်။  File size…(1.6 GB) and (900 MB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat Now Maung
movie

All My Life (2020)

What Men Want (2019) 5.5
What Men Want (2019) unicode အေလီ ဟာ အားကစား ကြေငြာလုပ်ငန်းတွေကို အားကစား သမားတွေ နဲ့ ချိတ်ဆက်ပေးတဲ့ အေးဂျင့် တစ်ယောက်ဖြစ်ပါတယ်... အလုပ်ထဲမှာ မိန်းမသား ဆိုလို့ သူမ တစ်ယောက်ထဲဖြစ်ပြီး လုပ်ငန်းထဲက အမျိုးသားတွေ နဲ့ မှီအောင် အမြဲရင်ဘောင်တန်းနိုင်သူပါ မိမိကိုယ်ကိုလဲ အမြဲယုံကြည်ချက် ရှိသူတစ်ယောက်ပေါ့... ဒီလိုနဲ့ တစ်ရက်မှာတော့ သူမ ကြံစည်နေတဲ့ ကစားသမားတစ်ယောက်ကို လုပ်ငန်းထဲက အေးဂျင့် တစ်ယောက်က ဖြတ်လုသွားရာကနေ အကြီးအကျယ်တင်းသွားပါတော့တယ် သူဌေးဖြစ်သူကလဲ အေလီ ကို အမျိုးသားများနဲ့ ပူးပေါင်းအလုပ်မလုပ်တက်ကြောင်း ယောင်္ကျားများကို နားမလည်တဲ့ အတွက် ရာထူးတိုးဖို့ ခက်ကြောင်း ခေါ်ပြောပါတယ် အဲ့ဒီညမှာပဲ သူငယ်ချင်းတွေ နဲ့ အေလီ မူးအောင် သောက်ပါတော့တယ် နောက်နေ့ မနက် နိုးလာတဲ့အခါမှာတော့ တစ်ခုခုက မှားယွင်းနေခဲ့ပါတယ် အေလီ ဟာ ယောင်္ကျားတိုင်းရဲ့ စိတ်ကို ဖတ်နိုင်တဲ့ အကြားအမြင်ရတဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်နေတာ သိလိုက်ရပါတော့တယ်... ကဲ ... ဟာသ ကား ကောင်းကောင်းလေး ကြည့်ချင်တဲ့သူတွေအတွက် အေလီ နဲ့ သူမ ရဲ့ အလွဲများကို ရယ်ဖို့ အသင့်ဖြစ်နေပြီလား တစ်ခုသတိပေးချင်တာကတော့ ...
movie

What Men Want (2019)

2019
The Belko Experiment(2016) 6.1
The Belko Experiment(2016) The Belko Experiment ဆိုတဲ့ ဒီကားလေးဟာ ၂ဝ၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လ်ကို အမည်ရှိ ကော်ပိုရေးရှင်းကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းတွေကို လစာကောင်းကောင်းပေးခန့်ထားသလို ဝန်ထမ်းတွေအတွက် လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေအပြည့်အဝပေးထားပါတယ်.......တစ်နေ့တော့ ဝန်ထမ်းတွေဟာ ခမ်းနားတဲ့ရုံးအဆောက်အဦးကြီးထဲမှာ ပိတ်လှောင်ခံလိုက်ရတယ်....ထွက်ဖို့ဝန်ထမ်းအားလုံးကကြိုးစားပေမဲ့ အဆောက်အဦးရဲ့လုံခြုံရေးစနစ်က အရမ်းကိုမြင့်မားနေပြီ ဟာကွက်မရှိသလိုဖြစ်နေတယ်....နောက်ပိုင်းဝန်ထမ်းအားလုံးဟာ အကွက်ချပြီး အချင်းချင်းသတ်ဖြတ်ခိုင်းခြင်း ခံရပါတယ် ......ဒါကြောင့် ဝန်ထမ်းတွေ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြခြင်းများ၊ ကော်ပိုရေးရှင်းမှ ခြိမ်းခြောက်သတ်ဖြတ်မှုများကို သည်းထိတ်ရင်ဖို ခံစားရ မည်ဖြစ်ပါသည်။ ဒီကားက ရိုက်ချက်တွေအတော်လန်းသလို ကြည့်ရတာအတော်လေးမိုက်တယ် သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်း ကြိုက်နှစ်သက်သည့် ပရိသတ်များ လက်လွတ်မခံဘဲ ကြည့်သင့်သည့် ဇာတ်ကားပဲဖြစ်ပါတယ်။IMDB..6.1 ဆိုတော့ကြည့်ရကြိုးနပ်ပါလိမ့်မယ်..... File Size : (826 MB) and (240 MB) Quality :  720p Running Time : 1hr 27min Format : Mp4 Genre :  Action,Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Belko Experiment(2016)

2016