Channel Myanmar

Joshua Cox

Ricky Stanicky (2024) 6.2
Ricky Stanicky (2024)  ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာPeacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ဒါ့အပြင် High School Musical / The Greatest showmanတို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ***************ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာHalloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကိုမတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ်လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီးလုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီးသူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခုရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကိုမိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာမထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ်(John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုးသရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေအစပြုလာခဲ့ပါတော့တယ်။ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက်ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှmဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာအပန်းပြေသွားစေမှာပါလို့ ...
movie

Ricky Stanicky (2024)

The Last House on the Left (2009) 6.5
The Last House on the Left (2009) The Last House on the Left (2009)========================= ဒီကားကတော့ 1972ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ တဖန်ပြန် remake ပြီးရိုက်ကူးထားတဲ့ horror/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဒီကားထဲမှာ လူသတ်သမား ခရုဂ် ဟာ သူနေရမယ့်ထောင်ဆီသွားနေတဲ့လမ်းမှာ သူ့ညီ ဖရန့်စစ်နဲ့သူ့မိန်းမ ဆေဒီတို့က ဖြတ်ကယ်ပြီး ရဲတွေကိုသတ်ပစ်ခဲ့ကြပါတယ်။တစ်နေ့တော့ မေရီ နဲ့ သူ့သူငယ်ချင်းတို့ဟာ ခရုဂ် တို့မရှိချိန်သူတို့နေတဲ့ မိုတယ်ခန်းထဲရောက်နေတုန်း ခရုဂ်တို့ပြန်လာတာနဲ့ကြုံလိုက်ရပြီး သူတို့တည်နေရာကို တခြားသူတွေကိုပြန်မပြောပြနိုင်အောင် ပြန်ပေးဆွဲ၊ အကြမ်းဖက်မုဒိမ်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပါတယ်။ပြီးတဲ့အချိန်မှာ မုန်တိုင်းတိုက်လာတာကြောင့်တွေ့တဲ့အပန်းဖြေအိမ်တစ်အိမ်ထဲ ၀င်ခိုဖို့လုပ်တဲ့အချိန်မှာသူတို့၀င်ခိုဖို့ကြိုးစားခဲ့တဲ့အိမ်က မေရီရဲ့မိဘအိမ်တွေဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မေရီရဲ့မိဘတွေဟာသူတို့ရဲ့လုပ်ရပ်တွေကို သိရှိသွားပြီး လက်စားပြန်ချေဖို့ကြိုးစားတဲ့ ‌သတ်မယ်ဖြတ်မယ် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် thriller ကားကြိုက်သူ‌တွေသွေးသံတရဲရဲမှကြည့်ချင်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။   File size…(3.08GB/(1.13GB) Quality….Blu-Ray 1080p / 720p  Format…mp4 Duration….01:50:00 Genre... Horror , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit ...
movie

The Last House on the Left (2009)