Channel Myanmar

Judd Lormand

American Heist (2014) 5.5
American Heist (2014)  ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ်သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆိုပီပြင်တဲ့ မင်းသားAdrien Brody...နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်းမြင်တွေ့ရဦးမှာပါ...။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်...ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့်ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန်တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်....။ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်းအသုံးမကျနေပါစေ... ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက်တတ်သူပါ...။ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ...။ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့...။သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား...။ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲဘယ်လိုပါသွားမလဲ...ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်...။  File size…1.64GB / 764MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

American Heist (2014)

The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
Jack Reacher 2: Never Go Back (2016) 6.3
Jack Reacher 2: Never Go Back (2016) Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie

Jack Reacher 2: Never Go Back (2016)

2016
4K HEVC
Naked (2017) 5.4
Naked (2017) Naked (2017) ============Marlon Wayans နဲ့ Regina Hall တို့လို နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ comedy ရုပ်ရှင်ပါ။ ဇာတ်ကတော့ ဟာကဇာတ်ပေမဲ့ ထူးထူး ခြားခြား တော်စားတယ်ပြောရမှာပဲ။ Marlon Wayansကလည်း ဒီလိုဇာတ် ကြောင်တွေနဲ့ လိုက်တယ်ဆိုတော့ ဂျင်းစိမ်းနဲ့မိဿလင်လို လိုက်ဖက်နေရော ပေါ့။ ဇာတ်က ရော့အန်ဒါဆန်လို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်။ သူက သူသိပ် ချစ်တဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ အရာရာအသင့်ဖြစ်နေပြီ။ နက်ဖြန် လက် ထပ်မယ်ဆိုတော့ ဒီည သူငယ်ချင်းနဲ့ ပျော်တယ်ပါးတယ်ပေါ့။ဒီလိုနဲ့ နောက်နေ့မနက်မှာတော့ သူနိုးလာတော့ ဓာတ်လှေကားတစ်ခုထဲ ကိုယ် တုံးလုံးကြီးဖြစ်နိုးလာတယ်။ လက်ထပ်ပွဲနဲ့လည်း တော်တော်လှမ်းတယ်။ ဒီလိုနဲ့ သူဓာတ်လှေကားထဲက တုံးလုံးကြီးဘဝကနေ လက်ထပ်ပွဲဆီရောက်ဖို့ကြိုးစား ပေမဲ့ နောက်တစ်နာရီတိုင်းမှာ သူ ဒုံရင်းဓာတ်လှေကားထဲပဲ ကိုယ်လုံးတီးနဲ့ ပြန် ပြန်နိုးလာပါတယ်။ ဒီအခြေအနေကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ထပ်ခါထပ်ခါဇာတ်ဝင်ခန်းတွေကို ပျင်းဖို့မကောင်းဘဲ စိတ်ဝင်စားစရာ ကောင်းအောင်ပြသွားပါတယ်။ father of time loopsရုပ်ရှင်ဖြစ်တဲ့ groundhog dayရဲ့ အငွေ့အသက်ကို နည်းနည်းယူထားတာမို့ time loopsကားကြိုက်တဲ့လူတွေ ရော ...
movie

Naked (2017)

2017
Big George Foreman (2023) 6.5
Big George Foreman (2023) Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie

Big George Foreman (2023)

2023
Grudge Match(2013) 6.4
Grudge Match(2013)  လက်ဝှေ့လောကမှာ ရှုံးပွဲမရှိ နာမည်ကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ရေဇာနဲ့ ကစ် တို့ ယှဉ်ပြိုင်ကြရာ တစ်ယောက်တစ်ပွဲ အနိုင်ရရှိခဲ့ကြပြီးအဆုံးအဖြတ်အဖြစ် နောက်ဆုံးတစ်ပွဲကို မယှဉ်ပြိုင်ခင်မှာ ရေဇာကလက်ဝှေ့လောကကနေ အနားယူသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ် ၃၀ အကြာမှာဒန်တေးဆိုတဲ့သူ ပေါ်လာပြီး သူတို့ကို ဆက်သွယ်လာပါတယ်။ ဒီလိုနဲ့ ရေဇာနဲ့ ကစ်တို့ နှစ်ယောက်သားပြန်ဆုံကြပြီး ဘယ်လိုတွေဖြစ်ကြမလဲ၊ဒန်တေးကလည်း ဘာတွေ စီစဉ်မလဲ၊ ရေဇာ လက်ဝှေ့လောကကအနားယူသွားခဲ့တာကရော ဘယ်လိုပြဿနာတွေကြောင့်ဖြစ်မလဲဆိုတာကို2013 ခုနှစ်မှာ ထွက်ခဲ့တဲ့ Grudge Match ကို ကြည့်ရှုအဖြေရှာလိုက်ကြရအောင်။ File size…2.08GB / 941MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ..... Comedy , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Benni
movie

Grudge Match(2013)

The Call 2020 4.8
The Call 2020 The Callဆိုတဲ့ ဇာတ်ကားကhorror movieတစ်ပုဒ် ဖြစ်ပါတယ်။ သူငယ်ချင်းလေးယောက်အနက် တွန်ရာလို့ခေါ်တဲ့ ကောင်မလေးရဲ့ ညီမလေးက ငယ်ငယ်က ကလေးထိန်းကျောင်းကိုသွားနေကျဖြစ်တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ညီမလေးက အိမ်ကိုပြန်မလာခဲ့‌ဘူး ။ ဘယ်လိုလိုက်ရှာရှာ အစအနပျောက်သွားခဲ့တယ် ။ သူ့ညီမလေးသွားခဲ့တဲ့ ခရစ်စန်ဆိုတဲ့ ကလေးထိန်းကျောင်းပိုင်ရှင်ကတော့ အရေးမယူခံရဘဲ လွတ်မြောက်သွားခဲ့တယ် ။ အဲ့ဒီအချက်ကို မကျေနပ်လို့ တွန်ရာတို့အဖွဲ့က ခရစ်စန်လို့ခေါ်တဲ့ အဘွားကြီးနေတဲ့အိမ်ကို ပုံစံမျိုးစုံ နှောက်ယှက်ဖျက်စီးကြတယ် ။ နှစ်ပေါင်းများစွာ အခုလို ခြိမ်းခြောက်ခံ၊ အပြောခံနေရတာကို မခံနိုင်သည့်အဆုံးမှာ မစ္စစ်ခရစ်ဆန်ဟာ အဆုံးစီရင်သွားခဲ့တယ်။ ဒါကို သူ့အမျိုးသားဖြစ်သူက မကျေနပ်ဘဲ လူငယ်၄ယောက်လုံးကိုခေါ်ပြီး ဂိမ်းပွဲတစ်ခုကို စတင်လိုက်တယ်။ သူတို့နေထိုင်တဲ့ အိမ်အပေါ်ထပ်က စာကြည့်ခန်းထဲမှာရှိတဲ့ ဖုန်းကို ၁မိနစ်ဖြေကြားပေးရင် ဒေါ်လာတစ်သိန်းရမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ပေါ့။ ဒီဂိမ်းကို သူတို့၄ယောက်လုံးက ကစားကြမှာလား....ကစားမိရင်ရော ဘာတွေ ဘယ်လိုကြုံတွေ့ရမလဲဆိုတာ The Callဆိုတဲ့ ...
movie

The Call 2020

Hours (2013) 6.5
Hours (2013) Hours ဆိုတဲ့ ဇာတ်ကားကတော့ Director : Eric Heisserer ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ Drama , Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ IMDb Rating - 6.5/10 RottenTomatoes - 60% ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး PAUL WALKER က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဖခင်ဆိုသည်မှာ သူတစ်ယောက်တည်းဆိုရင် ကြောက်ချင်ကြောက်မယ် ရှောင်ပုန်းရင်ရှောင်ပုန်းမယ် ဒါပေမယ့် သူတို့ချစ်ရတဲ့သားသမီးတွေနဲ့ပတ်သက်လာတဲ့အခါမှာတော့ ဖခင်ဆိုသောသူတွေက လောကကြီးကိုတောင် ရင်ဆိုင်ပြီး ပြောင်းပြန်လှန်ပစ်ကြတတ်သူမျိုးတွေပါ.... ***ဇာတ်လမ်းအညွှန်း***ဇာတ်လမ်းကတော့ Nolan Hayes ဆိုသောအမျိုးသားတစ်ယောက်က သူ့မိန်းမ ကလေးမွေးဖွားခါနီးဖြစ်တာကြောင့် ဆေးရုံသို့အချိန်မှာ ပို့ဆောင်ခဲ့သော်လည်း ကလေးအသက်မှီပေမယ့် သူ့မိန်းမအသက်ကိုတော့ မမှီခဲ့ပေ။ ဒီ့ထက်ဆိုးတာကတော့ သူ့ရဲ့ကလေးဟာ မွေးရာပါ အသည်းပြဿနာကြောင့် ဆေးရုံမှာ အသက်ရှု အဟာရဖြည့်သွင်းစက်နဲ့ အသက်ဆက်နေရပါတယ်။တစ်နေ့မှာတော့ သူ့ကလေးဆေးရုံတင်ထားရာ New Orleansမြို့သို့ လေပြင်းမုန်တိုင်း Hurricane အပြင်းအထန်တိုက် ခတ်ပြီး လေကြီးမိုးကြီးဖြစ်တာကြောင့် လူတိုင်းက လူနာကိုယ်စီခေါ်ပြီး ထိုဆေးရုံရှိရာ New Orleans မြို့မှ ထွက်ခွာကြကုန်ပါတယ်။ဒါပေမယ့် Nolan Hayes တစ်ယောက် သူ့သမီးဖြစ်သူကလည်း ဆေးပိုက်သွင်းတာကို မိနစ်ပိုင်းတောင် ဖြုတ်ထားလို့မရတဲ့ အခါမှာဆိုရင်တော့ Nolan Hayes တစ်ယောက်ရွေးချယ်စရာနှစ်ခုသာရှိပါတော့တယ်... သူ့သမီးကို ထားခဲ့ပြီးထိုမြို့မှထွက်မလား.... သူ့သမီးနဲ့ထိုဆေးရုံမှာပဲနေပြီး သူ့သမီးအသက်ကိုကယ်ဖို့လုပ်မလား.... သူဘယ်လိုပဲရွေးချယ်ပါစေ Hurricane မုန်တိုင်းကတော့ သနားတတ်မည်မဟုတ်ပေ... ဘယ်လိုတွေ ရွေးချယ်ပြီးဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ File ...
movie

Hours (2013)

2013
Pitch Perfect (2012) 7.2
Pitch Perfect (2012) IMDb Rating 7.2/10Rotten Tomatoes 81%Pitch Perfect ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Mucical Comedy ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Barden တက္ကသိုလ်မှ Cappella သီဆိုကြတဲ့ မိန်းကလေးများသာပါဝင်တဲ့ Bella အဖွဲ့ဟာ ၂၀၁၁ခုနှစ် နိုင်ငံအဆင့် Cappella ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Aubrey က စင်ပေါ်မှာ အန်ချမိခဲ့တဲ့အတွက် ပွဲပျက်ပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ထို့နောက် အဖွဲ့တော်တော်များများက ကျောင်းပြီးသွား၍ အဖွဲ့မှာ မပါဝင်နိုင်တော့သဖြင့် အဖွဲ့ဝင်သစ်တွေကို ပြန်လည်ရွေးချယ်ရပါတော့တယ်။ရှေ့က Bella တွေရဲ့ပုံစံကတော့ သေးသေးသွယ်သွယ်၊ အရပ်မြင့်မြင့်နဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ပုံစံမျိုးတွေပဲဖြစ်ပါတယ်။သို့သော် မနှစ်က ဖြစ်ခဲ့တဲ့ အမှားကြောင့် Bella အဖွဲ့ နာမည်ကျဆင်းခဲ့ရသောကြောင့် လူအများက ဝင်ရောက်အရွေးချယ်ခံဖို့စိတ်ဝင်စားမှုနည်းပါးခဲ့ရသောကြောင့် ရှေးက ပုံစံအတိုင်းအဖွဲ့ဝင်တွေကို မရွေးချယ်နိုင်တော့သောကြောင့် အသံကောင်းပြီး သီချင်းဆိုတတ်တဲ့ မိန်းကလေးများကိုသာ ...
movie

Pitch Perfect (2012)

2012
13 Sins (2014) 6.3
13 Sins (2014) 13 Sins (2014) IMDb - 6.3/10_____Rotten - 65%  အဆင့် ၁၃ ခုပါတဲ့ ရက်ရက်စက်စက် ကစားပွဲတစ်ခု .. တစ်ဆင့်နိုင်တိုင်း ငွေတွေ အများကြီးပေးတယ် ။ ၁၃ ဆင့်လုံးနိုင်ရင်တော့ သန်းကြွယ်သူဌေး ဖြစ်ပြီပဲ ။ ခိုင်းသူက ဖုန်းနဲ့ ကြံကြံဖန်ဖန် ခိုင်းတယ် ၊ လုပ်ရသူက ခက်ခက်ခဲခဲ အရူးတစ်ယောက်လို လုပ်ရတယ် ။ အဲလစ် ဘရန်ဒယ် ... အလုပ်ကပြုတ် ၊ ညီဖြစ်သူက ဉာဏ်ရည်မမှီ ၊ မိန်းမက တစ်ဘက်နဲ့ ငွေကြေးမပြေလည်ဘူး ။ ဘရန်ဒယ်က ငွေလိုတော့ ကစားပွဲကို ဝင်ကစားမိတယ် ။ ကစားပွဲကြောင့် တစ်ဆင့်အောင်တိုင်း ပြစ်မှုအကြီးစား ကျုးလွန်မိတာအကြိမ်ကြိမ် ။ ဘရန်ဒယ် ၁၃ ဆင့်လုံး အောင်ပါ့မလား ။ သူနဲ့ အတူ ဘယ်သူတွေ ကစားနေမလဲ ။  (ဘာသာပြန်သူကတော့ ကိုဝေလင်းကျော်ပါ)   File Size : (700 MB)  Quality ...
movie

13 Sins (2014)

2014