Channel Myanmar

Katharine Isabelle

It’s a Wonderful Knife (2023)
It’s a Wonderful Knife (2023)  ဒီတစ်ခါမှာတော့ ခါတိုင်းလိုသမရိုးကျမဟုတ်တဲ့ ခရစ္စမတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက Horror Comedy Mystery အမျိုးအစားလေးပါ။ဇာတ်လမ်းအကျဥ်းလေးကတော့ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေးဟာ ခရစ္စမတ်အကြိုညမှာ သူတို့မြို့က လူသတ်သမားကို သတ်လိုက်နိုင်ပြီး ​တစ်မြို့လုံးကိုကယ်တင်ပေးနိုင်လိုက်ပါတယ် အဲဒီလိုနဲ့တစ်နှစ်ကြာပြီး နောက်နှစ်ရဲ့ခရစ္စမတ်အကြိုည​​ပြန်ကောက်တဲ့အချိန်မှာ ဝင်နီဟာ မိဘတွေနဲ့ ကတောက်ကဆဖြစ် ရည်းစားနဲ့လည်းကွဲ တက္ကသိုလ်ဝင်ခွင့်ကလည်းမရနဲ့ စိတ်တွေရှုပ်ပြီး ''ကျွန်မသာမွေးဖွားမလာရင်ကောင်းမှာ ကျွန်မသာမွေးဖွားမလာခဲ့ရင် လူတွေအားလုံးအတွက် ပိုကောင်းနေမှာပဲဆိုပြီး ဆုတောင်းမိလိုက်တယ်ဒါပေမဲ့ အဲ့ဆုတောင်းကတကယ်ဖြစ်လာပြီး လောကကြီးမှာ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေး ဘယ်တုန်းကမှမရှိခဲ့တဲ့ပုံစံအတိုင်းဆက်ရှင်သန်နေကြပြီး သူမကိုလည်း ဘယ်သူကမှမမှတ်မိတော့ပါ။ သူမ ဘယ်တုန်းကမှမမွေးဖွားလာခဲ့တဲ့ အတွက်သူမသတ်ခဲ့တဲ့လူသတ်သမားကလည်းသေစရာမလိုပဲ ပြန်ရှင်ပြီးလူတွေကိုဆက်သတ်နေတဲ့အခါ ဝင်နီတစ်ယောက် သူတို့မြို့လေးကလူတွေကို ဘယ်လိုကယ်တင်မလဲ သူမရဲ့ဆုတောင်းကရော ဘယ်လိုကြောင့်ပြည့်သွားရတာလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပါ File size…(1.2 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

It’s a Wonderful Knife (2023)

Rampage (2009) 6.2
Rampage (2009) Rampage (2009) ============== IMDb Rating 6.2/10လူကြီးမင်း ရေတစ်ခွက်သောက်လိုက်တာ လူကြီးမင်းအတွက် မထူးဆန်းပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်အတွက် ရေတစ်ခွက်စာ လျှော့သွားတယ်တဲ့။ အ လားတူပါပဲ။ ထမင်းတစ်ပန်းကန် စားလိုက်မယ်၊ ငါးတစ်ကောင် စားလိုက်မယ်၊ ကားထဲကို ဓာတ်ဆီ တစ်ဂါလံထည့်လိုက်မယ်၊ မြေအောက်ရေကို ရေကူးကန်ထဲ စုပ်တင်လိုက်မယ်။ ကဲ လူကြီးမင်း။ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ ခံစား သွားရမှာအမှန်ပဲ။ကမ္ဘာ့လူဦးရေက တစ်နှစ်ကို သန်း ၇၀ နှုန်းနဲ့ တိုးပွားလာသတဲ့။ သမုဒ္ဒရာ ဝမ်းတစ် ထွာဆိုရင် သမုဒ္ဒရာ သန်း ၇၀ ထဲကို စီးဝင်ပြီး ပြန်ထွက်မလာတော့တဲ့ သဘာဝရင်း မြစ်တွေအကြောင်းတွေးကြည့်လိုက်။ ကဲ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ရှင်သန် ကျန်ရစ်ချင်ရင် ဘာလုပ်ရမလဲ။ ကမ္ဘာ့တစ်နေရာက လူတစ်ယောက် အပျင်းပြေစား လိုက်တဲ့ ပေါင်မုန့်တစ်လုံးကြောင့် လူကြီးမင်းမှာ ညစာရှိမလာတော့ရင် လူကြီးမင်း ဘာလုပ်မလဲ။ဒီပြဿနာတွေကို အဖြေရှာချင်တဲ့ လူငယ်တစ်ဦးရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းနည်း ကတော့ ကဗျာဆန်လွန်းပါတယ်။ လူဦးရေများရင် ပြဿနာရှိတယ်။ လူဦးရေနည်းရင် ပြဿနာမရှိတော့ဘူး။ ဒါပဲ။ လူဦးရေနည်းအောင် ...
movie

Rampage (2009)

2009
Ginger Snaps 2: Unleashed (2004) 6.4
Ginger Snaps 2: Unleashed (2004) Ginger Snaps 2: Unleashed (2004) တစ်မှာတုန်းက အဖြစ်အပျက်တွေအပြီးမှာ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မလိုဖြစ်မသွားအောင် တိဝုပင်ကိုပဲ အားကိုးနေရပါပြီ။ဒါပေမဲ့ အဲဒါက ဖြေဆေးမဟုတ်ပဲ အချိန်ဆွဲပေးရုံသက်သက်ဖြစ်တာကြောင့် သူမပြောင်းသွားခင် အချိန်သိပ်မကျန်တော့သလို သူ့နောက်ကိုလိုက်နေတဲ့ သတ္တဝါဆိုးကြီးကလည်း ရှိနေပြန်ပါတယ်။အရေးထဲ သူ့ကို ဆေးစွဲနေတယ်ထင်ပြီး ဆေးဖြတ်စခန်းကို အတင်းခေါ်သွားခံရတဲ့အခါ ...သူ အဲဒီမှာ ဘယ်သူတွေနဲ့ ဘယ်လို စခန်းဆက်သွားမလဲဆိုတာ သည်းထိပ်ရင်ဖို ဆက်ကြည့်ရှုခံစားလိုက်ပါဦး။ ပထမကား ကို မကြည့်ရသေးရင် Ginger Snaps (2000) မှာ ကြည့်လို့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.9GB, 675MB & 335MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 34mins Genre ...
movie

Ginger Snaps 2: Unleashed (2004)

2004
Ginger Snaps (2000) 6.8
Ginger Snaps (2000) Ginger Snaps (2000) Horror ဆို ပေါကားတွေများတဲ့ထဲမှာမှ လုံးဝပေါကားမဟုတ်တဲ့ old but gold, teen horror လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျင်ဂျာနဲ့ ဘရစ်ဂျက်က သိပ်ချစ်တဲ့ ညီအစ်မနှစ်ယောက်ပေါ့။ ဂျင်ဂျာက ၁၆ နှစ် ဘရစ်ဂျက်ကတော့ ၁၅ နှစ်။ အသက်လေးကလည်း မတိမ်းမယိမ်း၊ အကျင့်စရိုက်လည်းတူတော့ ကျောင်းမှာဆိုလည်း နှစ်ယောက် တစ်ကမ္ဘာလို ဖြစ်နေတတ်ပြီး သူတို့နဲ့ မတည့်တဲ့သူတွေလည်း ပေါမှပေါပါပဲ။ နောက်ပြီး ခေါင်းမာပြီး rebellious ဖြစ်တဲ့ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း တစ်ခုခုဆို ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်ပေါ့။ဒီလိုနဲ့ တစ်ရက် ဘရစ်ဂျက်ကို အနိုင်ကျင့်တဲ့ ကျောင်းသူတစ်ဦးကို ကလဲ့စားချေမယ်ဆိုပြီး အိမ်က ခိုးအထွက်မှာ အကြီးမဖြစ်သူ ဂျင်ဂျာတစ်ယောက် အမည်မသိ သတ္တဝါတစ်ကောင် ကိုက်တာ ခံလိုက်ရပါတော့တယ်။ အဲဒီသတ္တဝါကလည်း သူတို့ရပ်ကွက်မှာ သောင်းကျန်းနေတာ ကြာပြီဖြစ်ပြီး အိမ်မွေးခွေးတိုင်းလိုလိုကို ...
movie

Ginger Snaps (2000)

2000
Night of the Animated Dead (2021) 5.0
Night of the Animated Dead (2021) Night of the Animated Dead (2021)=========================ဒီ​နေ့​ခေတ် Zombie apocalypseကား​တွေအ​ကြောင်း ​ပြောလိုက်ရင် Walking dead နဲ့သူရဲ့ Spin-off တစ်သိုက်၊World War Z, Zombieland, Resident Evilsတို့ကို အရင်ဆုံး​ပြေးမြင်မိကြမှာပါ။ဒါ​က​တော့ Walking deadရဲ့ ဘိုး​အေကြီးလို့​ပြောရမယ့် Animationဆိုလည်း မမှားပါဘူး၊ 1968တုန်းက ထွက်ရှိခဲ့တဲ့Director George A.Romeroရဲ့ Night of the Living Deadကို animated versionအဖြစ် 2021မှာ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရရင် Johnnyနဲ့ Barbaraတို့ ​မောင်နှမဟာ Pennsylvaniaပြည်နယ်မှာရှိတဲ့အ​ဖေ့အုတ်ဂူကို လွမ်း​သူပန်း​ခွေချဖို့ သွား​ရောက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံး တစ်ချိန်တည်းနဲ့ Zombie Apocalypseကြီးထဲကိုချက်ချင်း​ရောက်ရှိသွားတဲ့အခါ ... နီးစပ်ရာယာ​တောအိမ်ထဲကို ဝင်ပုန်းရင်း ​ဒေသခံပြည်သူ​လေး​ယောက်နဲ့တူတူ အသားစားzombie​တွေရန်က​နေ လွတ်​မြောက်​အောင် ကြိုးစားရုန်းကန်ရပါတော့တယ်။Zombieကား​တွေရဲ့အနှစ်သာရဖြစ်တဲ့ ​သွေးသံရဲရဲ​တွေ၊ ရက်စက်ကြမ်းကြုတ်မှု၊ ရဲရင့်မှု၊ ...
movie

Night of the Animated Dead (2021)

2021
Where We Disappear (2019) 7.2
Where We Disappear (2019) Where We Disappear ဟာ A Gulag Mouse ဆိုတဲ့စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ရုရှနိုင်ငံရဲ့အလုပ်ကြမ်းအကျဉ်းစခန်းတစ်ခုထဲက အမျိုးသမီးတစ်သိုက်ရဲ့ အကျပ်တည်းကို မြင်ကြရမှာပါ..။ သားငယ်ကိုခေါ်ပြီး မွေးရပ်ကိုပြန်လာတဲ့အမျိုးသမီးတစ်ဦးဟာ စစ်ပွဲတွင်းသေသွားပြီလို့ ထင်မှတ်ထားခဲ့တဲ့ ယောက်ျားဖြစ်သူရဲ့ပြန်အလာကို ဘူတာရုံမှာမြင်လိုက်ရတဲ့အခိုက်ဟာ သူမရဲ့ဘ၀ကို လွတ်လမ်းမဲ့အလုပ်ကြမ်းစခန်းဆီရောက်သွားစေမယ့် ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုဖြစ်လို့နေပါတယ်တဲ့..။ ဒီနေရာမှာ တစ်ပတ်ဆိုတာ တစ်သက်တာနီးပါးပါပဲလို့ဆိုတဲ့ အလုပ်ကြမ်းစခန်းမှာ နှစ်ရှည်အပြစ်ဒဏ်သင့်တဲ့ အမျိုးသမီးရဲ့ ကံဟာ ဘယ်လိုများဆက်ဖြစ်မှာပါလဲ..။ တစ်ဆောင်ထဲကျတဲ့ ဘ၀တူအမျိုးသမီးအကျဉ်းသားတွေနဲ့ အဆင်ပြေအောင်ကြိုးစားရမယ့် ပထမညနဲ့ ရိုးရိုးလေး စတင်ခဲ့ပြီး လုံး၀မထင်မှတ်ထားမယ့်လှည့်ကွက်တစ်ခုနဲ့ လှလှပပဇာတ်သိမ်းပြလိုက်တဲ့ ဒီ Where We Disappear ဆိုတဲ့ဇာတ်ကားဟာဆိုရင်ဖြင့် Director Simon Fink ရဲ့ ရုပ်ရှင်အနေနဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံခဲ့ရတဲလက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်..။   File Size -  790.9 MB Quality - Bluray 1080p Subtitle - Burmese (Hardsub) Translator - Sane Khet Encoder - XCode
movie

Where We Disappear (2019)

Bad Times at the El Royale (2018) 7.1
Bad Times at the El Royale (2018) Bad Times at the El Royale (2018) IMDb - 7.1/10_____Rotten - 75%အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 မှာ ထွက်လာတဲ့ အသစ်စက်စက်ရုံတင်ကား Bad Times At The El Royale ဆိုတဲ့ ဇာတ်ကားလေးပါEl Royale ဆိုတဲ့ ဟိုတယ်ရှေ့မှာ ဖာသာဒန်နီယယ်ဖလင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ အဆိုတော်ပေါက်စခါလင်းဆွိတို့ တွေ့ဆုံတဲ့နေရာကနေ ဇာတ်လမ်းလေးကို စတင်ထားပါတယ်ဒါလင်းကတော့ ကယ်လီဖိုးနီးယားကနေ သီချင်းဆိုဖို့ လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ ငွေကြေးသိပ်မပြည့်စုံလို့ ဒီဟိုတယ်မှာလာတည်းတာပါဖာသာဖလင်းကတော့ သူ့ညီဖြစ်သူ ဖွက်ထားခဲ့တဲ့ ငွေတွေကို ပြန်ယူဖို့ ဟိုတယ်ကို ရောက်လာခဲ့တာပါသူတို့အရင် ဟိုတယ်မှာ ရောက်နေနှင့်တဲ့သူကတော့ ဖုန်စုပ်စက်အရောင်းဝန်ထမ်းဟန်ဆောင်ထားတဲ့ အေးဂျင့်ဘရော့ဘက်ပါ သူ့မှာလည်း လူတွေသိပ်မတည်းကြတော့တဲ့ El Royale ကို လာတည်းရတဲ့ အကြောင်းတစ်ခုရှိနေပါတယ်ဟိုတယ်တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ မိုင်စ်မီလာဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ရှိပါတယ်သူကလဲ ဆေးကြောင်နေတာလိုလို ...
movie

Bad Times at the El Royale (2018)

2018
Insomnia (2002) 7.2
Insomnia (2002) IMdb 7.2 ရထားပြီး ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့သဲထိပ်ရင်ဖို ကားတစ်ကား ကိုတင်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးးကတော့ ခပ်ကြမ်းကြမ်းတော့မဟုတ်ဘူး ဆိုပေမယ့် ဒရာမာ အချိုးလေးတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အလှည့်အပြောင်းလေး တွေက တော့ ပရိတ်သတ်ကြီးကို တကားလုံး မထတန်းကြည့်အောင် ဆွဲဆောင်သွားမှာပါ ဇာတ်လမ်းး အကျဉ်းလေးကတော့ အလက်စကာ မြို့ကို အပို့ခံလိုက်ရတဲ့ စုံထောက်ကြီးဟာ တစ်နေ့မှာ မိန်းကလေး တစ်ယောက်အသတ်ခံရတဲ့ အမှုကိုလိုက်ရင်း မတော်တဆ သူ့ တွဲဖက်ကို သေနတ်နဲ့ ပစ်လိုက်မိပါတယ် ဒါပေမဲ့စုံထောက်ဟာ သူ့အပြစ်ကို ဝန်ခံရမယ် အနေအထားကနေ မထင်မှတ်ထားတဲ့ အလီဘိုင် တစ်ခုကိုပြနိုင်ခဲ့ပြီး အပြစ်ကနေလွတ်သွားပါတယ် ဒါပေမဲ့ သူ့ဟာ သူ့ကို သူတော့ လိပ်ပြာမသန့်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ သူ့ အကြောင်းတွေကို သိထားတဲ့ တစ်ယောက်က သူ့ကို ခြိမ်းခြောက်အကြပ်ကိုင်လာတဲ့ အခါမှာတော့ ကဲ စုံထောက်ကြီး ဘယ်လိုတုံ့ပြန်မလဲ နောက်ကွယ်က သူကကော ဘယ်သူလဲ ဘယ်လို အရှုပ်ထုတ်တွေကြောင့် သမိုင်းရှုပ်နေလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက မထတမ်းကြည့်ကြရမှာပါ ဘာသာာပြန်ကတော့ ပြည့်စုံဇော်ဖြစ်ပါတယ် ဗျာ ------------------------------------------------------------- IMdb 7.2 ရထားျပီး ၂၀၀၂ ...
movie

Insomnia (2002)

2002
Freddy vs. Jason (2003) 5.7
Freddy vs. Jason (2003) Freddy vs. Jason (2003) IMDb - 5.7/10_____Rotten - 41%    အကယ်၍ မင်းဟာ Elm Street လမ်းမတွေထက်မှာ one, two Freddy's Coming For you three, Four Better Lock the Door …… ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကိုကြားလိုက်ပြီ ဆိုရင် သေချာတယ် မင်းရဲ့ အဲ့ဒီအိမ်မက်ဆိုးကနေ မြန်မြန် နိုးထဖို့ လိုနေပါပြီ ဘာ့လို့လဲ ဆိုတော့ မင်း ဆက်ပြီး အိပ်စက်နေဦးမယ်ဆိုရင် Freddy Krueger ဆိုတဲ့ မကောင်းဆိုးဝါးကြီးက မင်းကို ထာဝရ မနိုးသောအိပ်စက်ခြင်းတွေဆီကို ရက်ရက်စက်စက် ပို့ဆောင်ပေးတော့မှာမလို့ပါပဲ အလားတူပဲ Crystal Lake မြို့လေးရဲ့ စခန်းချအနားယူအပန်းဖြေရာ Camp Crystal Lake မှာ ………… Chi Chi Chi Hah Hah Hah Chi Chi Chi Hah Hah Hah ဆိုတဲ့ အသံကြားလိုက်မယ် ဆိုရင်ရော………?? လှည့်ကြည့်မနေပါနဲ့ ပြေးသာ ပြေးပါတော့ Jason ဆိုတဲ့ ...
movie

Freddy vs. Jason (2003)

2003