Channel Myanmar

Kevin Gage

G.I. Jane (1997) 6.0
G.I. Jane (1997)  ယောက်ျားမိန်းမ ခွဲခြားဆက်ဆံခြင်းဆိုတာ ဟိုးအရင်ကတည်းကနေအခုထက်ထိ ဆက်ရှိနေသေးတဲ့ပြဿနာကြီးတစ်ခုပါ။စစ်တပ်တွေထဲမှာလည်း အဲ့လိုခွဲခြားမှုတွေအများအပြားရှိခဲ့ပါတယ်။ယောက်ျားတွေက ဘယ်နေမှာမဆို တာဝန်ထမ်းဆောင်လို့ရပေမဲ့အမျိုးသမီးတွေကိုတော့ ကျန်တဲ့အရာတွေမကြည့်ဘဲ အမျိုးသမီးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာထူးနေရာတွေ လေ့ကျင့်ရေးတွေအများအပြားမှာ ပိတ်ပင်ခံခဲ့ရပါတယ်။အခုတင်ဆက်ပေးမဲ့ G.I Janeဆိုတဲ့ 1997 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားထဲမှာအဲ့လိုခွဲခြားမှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီးIMDb Rating 6.0 ရရှိထားတဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဇာတ်ကားတစ်ကားဖြစ်ပါတယ်။အိုနီးလ်ဆိုတဲ့ထောက်လှမ်းရေးမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်က တစ်နေ့မှာတော့အဲ့လိုခွဲခြား ဆက်ဆံမှုတွေကိုမကြိုက်တဲ့ အမတ်ကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလေ့ကျင့်ရေးက တော်ရုံလေ့ကျင့်ရေးမဟုတ်ဘဲ အမေရိကန်တစ်နိုင်ငံလုံးမှာအပြင်းထန်ဆုံး လေ့ကျင့်ရေးဖြစ်တဲ့အတွက် တော်ရုံယောက်ျားတွေပါလွယ်လွယ်ကူကူမကျော်ဖြတ်နိုင်တဲ့ လေ့ကျင့်ရေးတစ်ခုပဲဖြစ်ပါတယ်။အိုနီးလ်က မိန်းမသားဖြစ်ပေမဲ့ စိတ်ဓာတ်မာတဲ့အတွက် အဲ့ဒီလေ့ကျင့်ခန်းတွေအားလုံးကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့မလဲနောက်ဆုံးမှာရော သူအောင်မြင်ခဲ့မလား သူ့ကိုကူညီပေးခဲ့တဲ့အမတ်ကြီးကရော ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေကြောင့် ဒီလိုလုပ်ပေးခဲ့တာလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.07B / 962MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama , War Subtitle….Myanmar ...
movie

G.I. Jane (1997)

Lights Out (2024) 5.2
Lights Out (2024) Lights Out (2024)Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ...
movie

Lights Out (2024)

2024
Corsicana (2022) 5
Corsicana (2022) Corsicana (2022)~ IMDb - 5/10, Rotten Tomatoes - 79% ~အမေရိကန်တောင်ပိုင်းက အန္တရာယ်အရှိဆုံး ဥပဒေမဲ့လုပ်ရပ်တွေ လူဆိုးတွေကို နှိမ်နင်းဖမ်းဆီးပေးခဲ့တဲ့ လူမည်း Marshal အရာရှိ ဘက်စ်ရိဖ် အကြောင်း ပြောင်မြောက်တဲ့ လက်ရာတစ်ခုပါ။ဘက်စ်ရိဖ်က အသက် 23 နှစ်မှာ ကျွန်သ‌ဘောက်ဘဝကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့ရဲ့ ထူးချွန်မှုနဲ့ သတ္တိကြောင့် အရာရှိအဖြစ်ရာထူးရလာပြီး နှစ်ကာလကြာရှည် အမှုထမ်းခဲ့ပါတယ်။ ရိဖ်က စာတော့မဖတ်တတ်ပါဘူး။ သူ့ကို Legend အဖြစ် တင်စားခဲ့ကြပါတယ်။အခု ဇာတ်အိမ်ကတော့ ကိုစီကန်နာပြည်နယ်က ရေနံထွက်တဲ့ စားကျက်မြေကို ၀ယ်ချင်တဲ့ သူဌေးတစ်ယောက်က ကောင်းဘွိုင်လူဆိုးဂိုဏ်းကို ငွေပေးခိုင်းတာကနေ စပါတယ်။ ရိဖ်ကလည်း ဒီလူဆိုး‌ဂိုဏ်းကို သုတ်သင်ဖို့သူ့အပေါင်းအပါ ၂ယောက်နဲ့ လာမှာပါ။ သူ့အဖွဲ့သားတွေက မိတ်ဆွေဟောင်း ဆမ်နဲ့ သူထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ ကယ်လီဖိုးနီးယားဆိုတဲ့ လက်ဖြောင့် သေနတ်သမား ...
movie

Corsicana (2022)

2022
Crossfire (2023) 6.4
Crossfire (2023) အက်ရှင်မင်းသားကြီး Louis Mandylorရဲ့ ကားသစ်လေးဖြစ်တဲ့ Crossfire movieလေး ထွက်ရှိလာပါပြီ။ ဒီကားလေးထဲမှာတော့ Louisတစ်ယောက်ဟာ နိုင်ငံတော်အတွက် တာဝန်ကျေတဲ့ အေးဂျင့်ကောင်းတစ်ယောက်၊ လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို ကယ်တင်ပေးတဲ့ဟီးရိုးတစ်ယောက်ဖြစ်တဲ့ အေးဂျင့်Mark Patson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းတော်လွန်းတဲ့အေးဂျင့်တစ်ယောက်ကို အဖေတော်ထားရတဲ့ခံစားချက်ကဘယ်လိုဖြစ်မလဲ။ အများအမြင်မှာတော့ သူရဲကောင်းကိုအဖေတော်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လို့မြင်ကြပေမဲ့ လက်တွေ့မှာတော့ ‌သူဖမ်းခဲ့တဲ့လူဆိုးတွေက လက်စားလာချေမှာကို စိုးရိမ်ထိတ်လန့်နေရတာမျိုးပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ဒီရုပ်ရှင်လေးထဲက Alishaလေးရဲ့ဘဝဟာလည်း အလားတူပါပဲ။အမျိုးသမီးငယ်လေး‌တွေကို လူကုန်ကူးနေတဲ့ Godzillaမာဖီးယားဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် Mark Patsonဟာ လူအများပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အေးဂျင့်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီရှင်းလင်းသုတ်သင်မှုရဲ့နောက်ကွယ်က အရင်းအနှီးကတော့ တစ်ဖက်ဂိုဏ်းရဲ့အငြိုးအတေးအောက်မှာ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းပါပဲ။ နဂိုထဲက အဖေဖြစ်သူစွမ်းဆောင်ချက်ကြောင့် နေရာတိုင်းမှာ သတိနဲ့နေနေရတာကို မနှစ်မြို့တဲ့Alishaကတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့နေ့ကတည်းက ဖခင်ဖြစ်သူကိုအမုန်းကြီးမုန်းပါတော့တယ်။ ကျော်ကြားမှုနဲ့မိသားစုကို လဲပစ်တဲ့လူ၊ မိသားစုအတွက်မတွေးဘဲ သူရဲကောင်းကြီးလုပ်ချင်နေတဲ့လူလို့ သူ့ကိုအထင်လွဲသွားတဲ့ Alishaကို ဖြေရှင်းချက်ပေးဖို့ Markတစ်‌ယောက် အလုပ်ထွက်ပြီး ...
movie

Crossfire (2023)

The ‘Burbs (1989) 6.8
The ‘Burbs (1989) ဒါကတော့အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ရဲ့လူသိပ်မသိကြတဲ့ဟာသကားလေးပါ။ ရေးပီတာဆင်ဟာ ဆင်ခြေဖုံးရပ်ကွက်လေးမှာနေသူဖြစ်ပြီး အလုပ်ကနေတပတ်အားလပ်ရက်ရထားပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့ဘေးအိမ်က အိမ်နီးနားချင်းအသစ်တွေဆီက ညဘက်ကျရင်ထူးဆန်းတဲ့အသံတွေထွက်လာတတ်ပါတယ်။ အဲဒီအိမ်ကိုလူအသစ် ပြောင်းလာတာတစ်လရှိပေမယ့် သူတို့ကိုဘယ်သူမှသေချာမမြင်ဖူးပါဘူး။ သူတို့အပြုအမူတွေကလည်း ထူးဆန်းတာကြောင့် ရေးနဲ့နောက်မိတ်ဆွေနှစ်ယောက်တို့က တဖြည်းဖြည်း မသင်္ကာဖြစ်လာပါတယ်။နောက်ဆုံးတော့ ရေးတို့တသိုက် အဲဒီအိမ်ကိုအတင်းစုံစမ်းဖို့ကြိုးစားရင်းရယ်စရာတလွဲတွေဖြစ်လာပုံကို ပြသထားပါတယ်။ Star Warsမင်းသမီး Carrie Fisher နဲ့Bruce Dern,Henry Gibson တို့လည်းပါ၀င်ထားပြီး ဒါရိုက်တာကတော့ JoeDanteဖြစ်ပါတယ်။ Tom Hanksနဲ့အတူရယ်မောရင်းအပန်းဖြေလိုက်ကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The ‘Burbs (1989)

Heat(1995) 8.2
Heat(1995) HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ...ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ..... တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. ..ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်... တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲ့ဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ..... ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ ...
movie

Heat(1995)

1995
Con Air(1997) 6.9
Con Air(1997) Con Air(1997)အညွှန်း*******************Blu-Ray 1080p5.1ch, 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....(unicode)နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ... ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့... ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ် နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေ ပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ....ရသအပြည့်အ၀ခံစားရအောင် BLU-RAY 1080P5.1CH နဲ့ အပြည့်အစုံပြန်လည်တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ဒီဇာတ်လမ်‌လေးကတော့ မင်းသားကြီးနီကိုးလတ်စ်ကေ့စ်ချ်ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် သူ့ခေတ်သူ့အခါမှာတော်တော်အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ် ဇာတ်ကားအကြောင်းကတော့.. စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ် ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့ သူ့အိမ်ပြန်ခရီးလေးဘယ်လိုဖြစ်သွားမလဲ အခက်အခဲတွေအများကြီးနဲ့ကိုဖြတ်ကျော်ပြီးအိမ်ပြန်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ် ရှေ့တန်းပြန်ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပါကွက်ကွက်ကွင်းကွင်းနဲ့တင်ပြထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်.... (zawgyi)နီကိုးလတ်စ်ကေ့စ်ခ်ျ ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ခ်ျ)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ ...
movie

Con Air(1997)

1997
Big Stan (2007) 6.2
Big Stan (2007) Big Stan (2007)_____IMDb - 6.2/10  အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမှီအချိန်အတွင်းကြံမိကြံရာကြံရင်းစတန်တယောက်သူ. ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီဆရာကျေးဇူးနဲ့ပဲထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကိုကူညီတိုက်ခိုက်ပေးရင်းဆရာကြီး တပါးဖြစ်လာပါတယ်။ ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်းထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ အဲတော့စတန်တယောက်ဘယ်လိုေ့ရှဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။   ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)  File Size : 860 MB Quality : Bluray 720P Running Time : 1hr 45minutes Format : Mp4 Genre : Action, Comedy Translator : Fridays Encoder :Thanhtike Zaw
movie

Big Stan (2007)

2007