Channel Myanmar

Kevin Power

Horsemen (2009)
Horsemen (2009)  ဒီဇာတ်ကားကတော့ 2009 ခုနှစ်ထွက် သည်းထိတ်ရင်ဖို ၊ကိုယ်တိုင်လည်းစုံထောက်ဝင်လုပ်လို့ရမယ့်ကားပဲဖြစ်ပါတယ် ဒီကားမှာ စုံထောက်ဘရယ်စလင်းကိုင်ရမယ့်အမှုက လူတစ်စုရဲ့ဗျာဒိတ်ကျမ်းအပေါ်အခြေခံပြီးစတင်ခဲ့ကြတဲ့ နှိပ်စက်သတ်ဖြတ်မှုတွေပါ။ပထမဆုံးနစ်နာသူတစ်ယောက်ဖြစ်တဲ့ မစ္စစပစ်ဟာသူ့နေအိမ်အခန်းထဲမှာတင် ကိုယ်အနှံ့ချိတ်ကောက်တွေနဲ့ စင်တစ်ခုမှာ ချိတ်ထားခံရလျက် သေဆုံးနေတာဖြစ်ပါတယ်။ အခန်းထဲမှာလည်းသဲလွန်စတစ်ချို့တမင်ထားခဲ့ပါသေးတယ်၊ ဒုတိယမြောက်နစ်နာသူလည်းဒီလိုနည်းတူ သေဆုံးနေတာကိုတွေ့လိုက်ရတော့….သဲလွန်စတွေအတိုင်း အမှုကိုရုပ်လုံးဖော်ကြည့်ရမှာတရားခံက ဗျာဒိတ်ကျမ်းကိုပုံဖော်ဖို့ကြိုးစားနေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဗျာဒိတ်ကျမ်း ထဲမှာ ကမ္ဘာပျက်ကိန်းကို ကိုယ်စားပြုထားတဲ့ မြင်းစီးသူရဲ လေးဦးရှိပြီး စစ်ပွဲ၊ ငတ်မွတ်ခြင်း၊ အောင်နိုင်ခြင်း နဲ့ သေဆုံးခြင်းတို့ဖြစ်ပါတယ်။ ဒီထဲကနှစ်ခုတော့သူတွေ့သွားပြီဆိုတော့ နောက်ကျန်တဲ့နှစ်ခုကရောဘယ်မှာဖြစ်နေမလဲ…..တရားခံကရော ဘယ်သူလဲ၊တစ်ယောက်တည်းလား၊ အဖွဲ့နဲ့လား။ တရားခံကဘာရည်ရွယ်ချက်နဲ့လုပ်ရတာလဲ။ နစ်နာသူကဒီလေးယောက်နဲ့တင်ပြီးပါ့မလား စတဲ့ပဟေဠိတွေနဲ့ စုံထောက်လုပ်ရင်းရှုစားကြည့်ကြည့်ပါ… File size…(1.7 GB)/(811 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Crime, Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Horsemen (2009)

Incident in a Ghostland (2018) 6.4
Incident in a Ghostland (2018) Incident in a Ghostland (2018) IMDb - 6.4/10_____Rotten - 56%       Psychopath ကားမျိုးကိုမှ ကြည့်ချင်တဲ့သူအတွက် Ghostland ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းနဲ့မိတ်ဆက်ပေးပါရစေ။ Ghostland ဆိုလို့ သရဲက ဟိုခြောက်လိုက်ဒီခြောက်လိုက်နဲ့ ဟိုအော်ဒီအော်နဲ့ပြီးသွားမယ့် ကားလို့မထင်လိုက်ပါနဲ့။ Elizabeth Keller ဆိုတဲ့ နာမည်ကြီး သရဲဝတ္တုစာရေးဆရာမကြီးရှိတာပေါ့။ သူက Incident in Ghostland ဆိုတဲ့ ဖြစ်ရပ်မှန်သရဲဝတ္တုစာအုပ်နဲ့ ရောင်းအားအကောင်းဆုံးမှာ ရှိနေတာပေါ့။ သူ့ကို interview တွေလည်းမေးကြတယ် ဒီစာအုပ်နဲ့ ပတ်သက်ပြီးတော့ပေါ့။ Beth မှာ အမေရယ် Vera ဆိုတဲ့ အစ်မတစ်ယောက်ရှိပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က သူရယ် သူ့အစ်မရယ် သူ့အမေ ရယ်က အိမ်ကြီးတစ်အိမ်ပြောင်းသွားတော့ Psychopath နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုခံရတဲ့ အကြောင်းကို Beth ကရေးထားတာလေ။ အဲ့တော့ လူတိုင်းက စိတ်ဝင်စားနေကြတာပေါ့။ တစ်ရက်တော့ အဲ့ဒီကို အိမ်ကို သူူပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ သူပြန်ရောက်တော့ သူ့အစ်မ ...
movie

Incident in a Ghostland (2018)

2018