Channel Myanmar

Kim Eui-sung

1987: When the Day Comes (2017) 8.2
1987: When the Day Comes (2017) ဒီဇာတ်ကားကို လွန်ခဲ့တဲ့နှစ်သုံးဆယ်ကာလက တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားပဲဖြစ်တယ်။ အဲဒီအချိန်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ အခုလို ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးဘူး။ စစ်အစိုးရနဲ့ အာဏာပိုင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြည်သူတွေလည်စင်းခံနေရတဲ့အချိန်၊ အဲဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ ကျောင်းသားတစ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတော့တယ်။ အင်အားကြီးသူနိုင်စတမ်းဆိုသလို အဲဒီဆန္ဒပြမှုမှာအနိုင်ရရှိသွားသူကတော့အာဏာပိုင်တွေပါ။ ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ဆိုးလ်တက္ကသိုလ်ကကျောင်းသား ပက်ဂျွန်ချောအပါအ၀င်ဆန္ဒပြသူအချို့ကို အာဏာပိုင်တွေလက်ဝယ်ဖမ်းဆီးရခဲ့တယ်။ ကျုပင်ခုတ်ကျုငုတ်ပါမကျန်အောင်ရှင်းမယ်ဆိုတဲ့အကြံနဲ့အာဏာပိုင်တွေဟာ အဖမ်းဆီးခံကျောင်းသားပက်ဂျွန်ချောကို နှိပ်စက်နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စစ်ကြောမေးမြန်းခဲ့တယ်။ ပက်ဂျွန်ချောတစ်ယောက်လည်းနှိပ်စက်မှုပေါင်းစုံကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ပါဆုံးရှုံးသွားတော့တယ်။ သူ့ရဲ့သေဆုံးမှုဟာ 1987 ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းဝင်ဆန္ဒပြမှုကြီးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဖိနှိပ်ခံရပုံတွေ မတူညီကြပေမယ့် ပြည်သူတွေအားလုံးရဲ့ တစ်ခုတည်းသောဦးတည်ချက်ကတော့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဲဒီလို ပြည်သူတွေအားလုံးညီညီညွတ်ညွတ် သွေးတွေချွေးတွေနဲ့ပေးဆပ်ခဲ့တာကြောင့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ရပ်တည်နေနိုင်တာဖြစ်ကြောင်းကိုဒီဇာတ်ကားက ကောင်းကောင်းကြီးမီးမောင်းထိုးပြနေတယ်။ ဒီဇာတ်ကားဟာ ဝေဖန်ရေးတွေအကြားမှာ အောင်မြင်ရုံသာမက ငွေကြေးပိုင်းအရလည်း တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ကားပါ။ $14 သန်းရင်းထားတဲ့ဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ $54 သန်းကျော်ရရှိခဲ့တာဟာ တော်တော်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးပါ။ IMDB rating 8 နဲ့ RT rating 88% ...
8.2
IMDB: 8.2/10 485 votes
movie

1987: When the Day Comes (2017)

2017
The Face Reader (2013) 6.8
The Face Reader (2013) အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကိုပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကိုအကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Saw Wuua ပါ)   File Size : (1.1 GB) and (500 MB) Quality : Blu-Ray 720p Running Time : 2hr 22min Format : Mp4 Genre : Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : LIMITED 720p BluRay x264 GiMCHi Translated by Saw Wunna Encoded by Thanhtike Zaw
6.8
IMDB: 6.8/10 1,476 votes
movie

The Face Reader (2013)

2013
Blu-Ray 720p
Steel Rain (2017) 7.1
Steel Rain (2017) ဒီဇာတ်လမ်းက တောင်ကိုရီးယားနဲ့မြောက်ကိုရီးယား အကြောင်းကိုအခြေပြုရိုက်ထားတာပါ ဒီဇာတ်ကားလေးမှာ နိုင်ငံရေးလှည့်ကွက်တွေ၊ ကွန်မြူနစ်နဲ့အရင်းရှင်ကွာခြားမှုတွေ၊ လူသားဆန်မှုတွေ စတာတွေကို အချိတ်အဆက်မိမိ ရိုက်ပြထားပါတယ် တောင်နဲ့မြောက်ဆိုပြီး တိုင်းပြည်ကွဲနေပေမယ့် ကံအကြောင်းတိုက်ဆိုင်ပြီး သက်ဆိုင်ရာအစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နာမည်တူလူနှစ်ယောက်ကွက်ချိုလ်ယူနဲ့ အွမ်ချိုလ်ယူမြောက်ကိုရီးယားမှာ သုတ်သင်ရှင်းလင်းရေးဖြစ်ပြီး နံပါတ်တစ်ခေါင်းဆောင် လုပ်ကြံခံရပါတယ် ဒါပေမယ့် အွမ်ချိုလ်ယူတစ်ယောက် ကယ်တင်ပြီး တောင်ကိုရီးယားဖက်ထွက်ပြေးသွားပါတယ် နံပါတ်တစ်ခေါင်းဆောင်တစ်ယောက် အသက်ရှင်နိုင်ပါ့မလား....... အွမ်ချိုလ်ယူတစ်ယောက် သူနဲ့နာမည်တူတဲ့လူနဲ့ ဘယ်လိုများသွားဆုံမလဲ....... သုတ်သင်ရှင်းလင်းရေးကရော တောင်နဲ့မြောက်ဆက်ဆံရေးကြား ဘယ်လိုရှုပ်ထွေးလာစေမလဲ မဟာမိတ်နိုင်ငံတွေကရော ဘယ်လိုပါဝင်ပက်သက်ကြမလဲ တောင်နဲ့မြောက် ချစ်ကြည်ရေးပြန်လည်တည်ဆောက်နိုင်မလား ပိုဆိုးရွားသွားမလား ဒီဇာတ်ကားက နိုင်ငံရေးဇာတ်ကားဆိုပေမယ့် ကိုရီးယားကားပီပီ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး ပျင်းစရာမကောင်းပါဘူး IMDB Rating ကလဲ 7.2/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းဖြစ်တယ်ဆိုတာ ငြင်းစရာမလိုတော့ပါဘူးနော်   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)   File Size : (0.99 GB) and (410 MB) Quality : WEBRip 720p Running Time : 2hr 19min Format : Mp4 Genre :Action, Drama Subtitle : Myanmar ...
7.1
IMDB: 7.1/10 265 votes
movie

Steel Rain (2017)

2017
WEBRIP 720P
The King(2017) 7.0
The King(2017) IMDb ...7 ,,,,,Rotten 83 ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ'' မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး.....ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ် သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဥာဏ် တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ..... ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများ သိကြမှာပါ..... File Size…(900MB) and (350MB) Quality…WEBDL 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe vs Phyo Pyae
7.0
IMDB: 7.0/10 687 votes
movie

The King(2017)

2017
The Truth Beneath (2016) 6.8
The Truth Beneath (2016) ​တောင်​ကိုရီးယားနိုင်​ငံရဲ့ ၂၁ရာစု အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီးအတွက်​ အပြိုင်​အဆိုင်​ဒိတ်​ဒိတ်​ကြဲဖြစ်​​နေတဲ့ အမတ်​​လောင်း ကင်​ဂျုံချန်​နဲ့ အမတ်​​လောင်း နိုဂျယ်​ဆွန်းတို့နှစ်​​ယောက်​။ ပထမဦးဆုံးမဲဆွယ်​စည်းရုံးတဲ့​နေ့မှာဘဲ အမတ်​​လောင်းကင်​ဂျုံချန်​ရဲ့ သမီး​လေးကင်​မင်​ဂျင်​​ပျောက်​ဆုံးသွားခဲ့တယ်​။ သမီး​လေးကင်​မင်​ဂျင်​​ပျောက်​ဆုံးသွားတာနဲ့ပက်​သက်​ပြီး ​သောက​ရောက်​​နေတဲ့မိခင်​ မစ္စကင်​နဲ့ သမီး​ပျောက်​တာကိုသိပ်​အ​ရေးမစိုက်​ဘဲ မဲဆွယ်​စည်းရုံးတဲ့အလုပ်​ကိုဆက်​လုပ်​​နေတဲ့ ဖခင်​ကင်​ဂျုံချန်​တို့ရဲ့အိမ်​​ထောင်​​ရေးအ​ခြေအ​နေက​တော့ သမီး​ဖြစ်​သူ​သေဆုံးသွားသည်​ကိုသိပြီး​နောက်​ပိုင်း ပိုဆိုးဝါးလာခဲ့တယ်​။ အရမ်းကိုပူ​ဆွေး​သောက​ရောက်​ပြီးရူးမတတ်​ဖြစ်​​နေတဲ့မိခင်​မစ္စကင်​က​တော့ သမီးနဲ့ပက်​သက်​သမျှအချက်​အလက်​​တွေကို ပိုက်​စိပ်​တိုက်​နည်းအမျိုးမျိုးဖြင့်​လိုက်​ရှာကာ သမီးဖြစ်​သူ၏အချစ်​ဆုံးသူငယ်​ချင်းချွဲမီအို့ကို မသင်္ကာသူလို့ထင်​​ပြီးစစ်​​ဆေးမှု​တွေလုပ်​ခဲ့တယ်​။ သမီး​လေးရဲ့အခန်းမှာခိုးပြီးတပ်​ထားတဲ့အသံဖမ်းစက်​​တွေက သူတို့ရဲ့ပြိုင်​ဖက်​နိုဂျယ်​ဆွန်းတို့နဲ့ပက်​သက်​​နေတယ်​လို့လဲသိထားခဲ့တယ်​။ ဒါဆိုရင်​ ဒီသမီးဖြစ်​သူကင်​မင်​ဂျင် အသတ်​ခံရတဲ့အ​ကြောင်းအရင်းနဲ့ သတ်​ခဲ့တဲ့အဓိကတရားခံဟာ သူ့အချစ်​ဆုံးသူငယ်​ချင်းလား? ဒါမှမဟုတ်​ အမတ်​​လောင်းနိုဂျယ်​ဆွန်းတို့ဘက်​ကလား ဆိုတာက​တော့....   (ဘာသာပြန်သူကတော့ Htet Thin Zar Maung ပါ)   File Size : (850 MB) and (360 MB) Quality : WEB-DL 720p Running Time : 1hr 42min Format : Mp4 Genre :Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
6.8
IMDB: 6.8/10 398 votes
movie

The Truth Beneath (2016)

2016

Genres

Like Us!