Channel Myanmar

Kim Hyun-Sook

Gong Jja: Gong Gi Ta Jja (2022) 5
Gong Jja: Gong Gi Ta Jja (2022) Gong Jja: Gong Gi Ta Jja (2022)ငယ်ငယ်တုန်းက ကျောက်တုံးအချောလေးတွေ ရွေးကောက်ပြီး လူတိုင်း ဇယ်ကစားကြဖူးပါလိမ့်မယ်အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကလည်း ဇယ်ကောက်တဲ့ ကစားနည်းကိုမှ ပရော်ဖယ်ရှင်နယ်ကစားသမားတွေရဲ့ ကစားပုံကို ရိုက်ကူးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ သာမန်တက္ကသိုလ်ကျောင်းသားလေး ရှင်းဂျယ်ဂူက သူစိတ်ဝင်စားတဲ့ကောင်မလေးရှိတဲ့ ကလပ်ထဲဘုမသိဘမသိ ဝင်သွားလိုက်မှ အဲကလပ်က ဇယ်ကစားတဲ့ကလပ်မှန်းသိသွားရပါတယ်အဲဒီကနေမှ ကောင်မလေးနဲ့ ရင်းနှီးသွားပြီး ဇယ်ကောက်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဦးလေးကြီးဘယ်ချန်းဆူဆီကိုသွားပြီး တပည့်အဖြစ်လက်ခံပေးဖို့ကြိုးစားရင်းကနေ တပည့်ဖြစ်သွားမလား ဘယ်လိုလေ့ကျင့်မှုတွေလုပ်ရမလဲ ဘယ်လိုပညာတွေရလိုက်မလဲ....ဇယ်ကစားတာကိုမှ ထူးထူးခြားခြား ကာစီနိုလိုမျိုး ကစားပွဲအကြီးကြီးတွေပုံစံကစားပြသွားတာပါပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဟာသကားစစ်စစ်ပါပဲရှင်းဂျယ်ဂူတစ်ယောက် ဇယ်ဝိဇ္ဇာဖြစ်သွားမလားဆိုတာကိုလည်း ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama Quality….WEB-DL 1080p and 720p File size…1.5GB and 799MB and 294MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Joyz Encoder .....August
movie

Gong Jja: Gong Gi Ta Jja (2022)

Tough as Iron (2013) 6.3
Tough as Iron (2013)   Tough as iron (2013)'ပျော့ရင်ဖယောင်း၊ မာရင်သံချောင်း' ...ဒီကားလေးကတော့ ဘူဆန်မြို့က Kang Chul ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။Kang Chul အဖြစ် Yoo Ah In က သရုပ်ဆောင်ထားပြီး Kim Hae Sook, Jung Yumi တို့အပြင် အခြားသောနာမည်ကြီး သရုပ်ဆောင်များလည်း အားဖြည့်ပါဝင်ထားကြပါတယ်။Kang Chul ဆိုတဲ့ကောင်လေးဟာ ဘူဆန်မြို့ရဲ့ ဆိပ်ကမ်းမှာ ရေခဲလုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ အခြေခံလုပ်သားလေးတစ်ဦးပဲ ဖြစ်ပါတယ်။အထက်တန်းကျောင်းမှာတုန်းက ဖိုက်တာတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရင်းနဲ့ အယ်ဇိုင်းမားရောဂါသည် မိခင်ကို ပြုစုစောင့်ရှောက်ရင်း နေထိုင်နေခဲ့ပါတယ်။သာယာနေတဲ့ ဘဝလေးထဲကို တစ်နေ့မှာတော့ အမေဖြစ်သူရဲ့ ရောဂါအ‌ခြေအနေဆိုးရွားလာမှုကြောင့် ခွဲစိတ်ဖို့ ငွေအရေးပေါ်လိုအပ်လာခဲ့ပြီး သူငယ်ချင်းဖြစ်သူရဲ့ အချိတ်အဆက်နဲ့ ဘူဆန်ရဲ့မြေအောက်လောက ဂိုဏ်းကဏ္ဍတွေမှာ ပါဝင်ပတ်သတ်မိသွားတဲ့အချိန်မှာတော့ ပြန်ရုန်းထွက်နိုင်ဖို့ လွယ်ကူပါဦးမလား၊ မိခင်ကိုရော ကယ်တင်နိုင်ပြီး လွတ်မြောက်သွားနိုင်မလားဆိုတာကို ...
movie

Tough as Iron (2013)

Love, Again(2019) 6.0
Love, Again(2019) Love, Again(2019)လက်ထပ်ထားတဲ့ မိန်းကလေးရဲ့ ရူးကြောင်ကြောင် အပြုအမူတွေကို စိတ်ပျက်ပြီး ခင်ပွန်းဖြစ်သူ ဟျွန်းအူတစ်ယောက်ကွာရှင်းချင်လာတယ်.... ဘယ်အပြုအမူဖြစ် နားရင်းကြီးပိတ်အုပ်ချင်စရာက ကြာလေဖြစ်လာလေပဲ....နှုတ်ခမ်းပါးပါး ထွက်တဲ့စကားတိုင်းက အရင်ကချိုမြနေပေမယ့် နောက်ပိုင်းတော့ ပါးစပ်ကိုတိပ်ကပ်ပေးထားချင်လာတယ်..သို့ပေမယ့်လည်း ဇနီးဖြစ်သူကတော့ ကွာရှင်းမပေးချင်ဘူး...နောက်ပိုငး်တော့ ကွာရှင်းပေးဖို့ဖြစ်လာတော့တယ်...ဒီလိုကွာရှင်းပြီးမှပဲ ဇာတ်လမ်းစပါတော့တယ်..ဒီကားက နာမည်ကြီးမင်းသားမင်းသမီးတွေသရုပ်ဆောင်ထားပြီးတော့ ရယ်လည်းရယ်ရသလိုသဘောကျစရာလည်းကောင်းပါတယ်...ခံစားကြည့်ကြပါဉီး...File Size :(889 MB) and (320 MB) Quality : FHDRip 720p Format…mp4 Duration…01:54:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie

Love, Again(2019)

On Your Wedding Day (2018) 6.9
On Your Wedding Day (2018) On Your Wedding Day (2018) IMDb - 6.9/10_____Rotten - 92%   "On your wedding day" ဆိုတဲ့ဇာတ်ကားလေးကိုတော့အထူးတလည်မိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး။Main lead တွေအနေနဲ့ မင်းသား Kim Young Kwan နဲ့ Strong Woman ရဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေး ဘုံဘုံ Park Bo Young တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။Rating အနေနဲ့ IMDb 6.9/10 နဲ့ MyDramaList 8.0/10 အထိရရှိထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ Romantic ဇာတ်ကားကောင်းလေးတစ်ကောင်းပါ။"First love will never die" ဆိုသလိုပဲ လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာရှိခဲ့ပြီး အကြောင်းမတိုက်ဆိုင်ပဲ လမ်းခွဲခဲ့ရရင်တောင် နှလုံးသားထဲမှာ အမြဲရှင်သန်နေတတ်တာ အချစ်ဦးပါ။ငယ်ရွယ်စဉ်ကျောင်းသားဘဝရင်ခုန်တတ်စအရွယ်ကအချစ်ဦးလေးကိုပြန်လည်လွမ်းဆွတ်သတိရသွားစေမယ့်ကားလေးပါ။ဆွတ်ပျံ့ကြည်နူးဖွယ်ချစ်ခြင်းတရားကိုခံစားရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပြီးဘဝရဲ့အချိုးအကွေ့ ကံတရားတွေကိုပါ ပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။  ဟန်ဝူယောင်းဟာ စာညံ့ပြီး အမြဲရန်ဖြစ်ဆိုးသွမ်းနေတဲ့ကျောင်းသားတစ်ယောက်ပါ။သူတို့ကျောင်းကိုကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်လေး ဟွမ်ဆွန်ဟီးကိုမတွေ့ခင်အထိပေါ့။သူတို့တွေ့ဆုံပြီးသူငယ်ချင်းသံယောဇဉ် ကနေ ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့ပြီးမမျှော်လင့်ဘဲ ဆွန်ဟီးတစ်ယောက် ...
movie

On Your Wedding Day (2018)

2018
Friend (2001) 7.4
Friend (2001) ဂျွန်ဆုတ် ,ဒုန်ဆု ,ဂျန်ဟို နဲ့ ဆန်တစ် တို့ ဟာ ငယ်စဉ်ကတည်းက အတူဆော့ကစားခဲ့တဲ့ ငယ်သူငယ်ချင်းတွေပါ...သူတို့ထဲမှာမှ ဂျွန်ဆုတ်နဲ့ ဒုန်ဆုတို့ ဟာ ကျောင်းမှာ ကလန်ကဆန်လူဆိုးလေးတွေဖြစ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပါတယ်...နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ကျန်တဲ့သူငယ်ချင်း နှစ်ယောက်ဟာ တက္ကသိုလ်အသီးသီးဆက်တက်ခဲ့ကြပေမယ့်....ဂျွန်ဆုတ်ကတော့ အိမ်ထောင်ကျသွားပြီး ဒုန်ဆုကတော့ လူဆိုးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်....ကျန်တဲ့သူငယ်ချင်းနှစ်ဦးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပေမယ့် ဒုန်ဆုနဲ့ သိပ်အစေးမကပ်တော့ပါဘူး...ဒါကြောင့် ကျန်သူငယ်ချင်းသုံးဦးသာ အတူတွဲနေမိကြတာပေါ့..ဖြစ်ချင်တော့ ဒုန်ဆု ဦးစီးတဲ့ ဂိုဏ်းဟာ ဂျွန်ဆုတ်အဖေတို့ ဂိုဏ်းနဲ့ ရန်ဘက်ဂိုဏ်းဖြစ်တာမို့ သူငယ်ချင်းနှစ်ဦးကြား အထင်လွဲမှားမှုတွေစတင်လာခဲ့ပါတယ်....ဂျွန်ဆုတ်ကလည်း သူတို့ ဂိုဏ်းခေါင်းဆောင်ကို ဒုန်ဆုက လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့ သံသယဝင်ခဲ့ပြီး...ကျန်တဲ့ဂိုဏ်းသားတွေကလည်း ဒုန်ဆုကို ပြန်လည်လုပ်ကြံဖို့ ကြိုးစားလာတဲ့ အခါမှာတော့....CMကမကြာခင်တင်ဆက်ထားတဲ့ Friend 2 ရဲ့ ရှေ့ကားဖြစ်ပါတယ်....ဂိုဏ်းစတားကားတွေထဲမှာ အတော်လန်းတဲ့ ဇာတ်ကားလေးဖြစ်တဲ့ အပြင် ဒုန်ဆုအဖြစ် ဒါရိုက်တာရင်က သရုပ်ဆောင်ထားတာကြောင့် လက်လွတ်မခံဘဲကြည့်သင့်ပါကြောင်း File Size : (950 ...
movie

Friend (2001)

2001
Miss Granny (2014) 7.4
Miss Granny (2014) CM ပရိတ်သတ်တွေထဲမှာ ကိုးရီးယားဇာတ်လမ်းကိုမှ နှစ်ခြိုက်ပြီး စွဲစွဲမြဲမြဲအားပေးနေတဲ့သူတွေရှိလား...ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ကိုးရီးယားဇာတ်လမ်းကတော့ ပျင်းလဲမပျင်းရဘူး ရယ်နေရမယ် ငိုရမယ့်ဇာတ်ဝင်ခန်းလဲပါမယ်..စိတ်ဝင်စားဖို့လဲကောင်းမယ်ဒီဇာတ်လမ်းကို Chinese က Remake ပြန်လုပ်ထားတဲ့ version တောင်ရှိပါတယ်...ကဲ စိတ်ဝင်စားသွားကြပြီထင်ပါတယ်..ဇာတ်လမ်းနာမည်ကတော့ "Miss Granny"တဲ့..အညွှန်းလေးကို ဖတ်ကြည့်ပါဦး..အသက် ၇၄ နှစ်အရွယ် အဖွား အိုမယ်ဆွန်းဟာ တစ်ကိုယ်တည်း ရပ်တည်ပြီးသားဖြစ်သူကို ပြုစုပျိုးထောင်ခဲ့သူပါ..သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်ကံဆိုးချင်တော့ သူချစ်ရတဲ့ ခင်ပွန်းဟာလဲ စစ်တိုက်ရင်း စစ်ပွဲကျကာ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်သွားပါတော့တယ်...ကလေးတစ်ယောက်နဲ့ အားကိုးမယ့်သူမရှိ ငွေကြေးကလဲအဆင်မပြေ အသက်ကလဲငယ်သေးတော့ မယ်ဆွန်းအတွက် ဘဝဟာခက်ခဲပင်ပန်းခဲ့ပါတယ်..သူ့ရဲ့ ငယ်ရွယ်မှုတွေ ဝါသနာတွေကို သားလေးအတွက် မြှုပ်နှံပေးဆပ်ခဲ့ပါတယ်...သူ့ရဲ့ သားလေးအပေါ်သွန်သင်ဆုံးမမှုတွေက အချည်းနှီးမဖြစ်ခဲ့ပါဘူး..သားဖြစ်သူဟာ ပါမောက္ခတစ်ယောက်ဖြစ်ခဲ့ပြီး အိမ်ထောင်ကျကာ သမီးတစ်ယောက် သားတစ်ယောက်ပိုင်ဆိုင်ခဲ့ပါတယ်..မယ်ဆွန်းဟာ အဖိုးကြီးအဖွားကြီးထုံးစံအတိုင်း ချွေးမဖြစ်သူကို နေ့စဉ်ပွစိပွစိ ပြောတတ်ပါတယ်..ချွေးမဖြစ်သူဟာ ကျန်းမာရေးကောင်းမွန်သူတော့မဟုတ်ပါဘူးယောက္ခမ ပူညံသံကတစ်မျိုး ...
movie

Miss Granny (2014)

2014
200 Pounds Beauty (2006) 6.8
200 Pounds Beauty (2006) 200 Pounds Beauty (2006)_____IMDb - 6.8/10    ဒီနေ့လဲ IMDb Rating (6.8) ထိ ရရှိထားတဲ့ ကိုရီးယား ဇာတ်ကားကောင်းတစ်ကားနဲ့ထပ်မံမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက တချို့လဲကြည့်ဖူးလောက်ပြီ တချို့လဲမေ့နေလောက်ပြီ တချို့လဲသတိရဆဲဖြစ်နေမယ့် တစ်ခေတ်တစ်ခါက နာမည်ကြီးဇာတ်ကားပါ။ ကျွန်တော်တော့ အခုပြန်ကြည့်တာ ထပ်ပြီး Heart ထိအောင် ခံစားရပါတယ်။ ကိုးရီးယားမှာ တအားကို ဟော့ဖြစ်ခဲ့ပြီး "ပြရက် ၂၀ နဲ့ လက်မှတ် ၄ သန်း ရောင်း ရပြီး" လို့ ဖေါ်ပြခံခဲ့ရတဲ့ဇာတ်ကားပါ။ ၄၂ ရက်မှာ လက်မှတ် ၅.၈၃ သန်း ရောင်းခဲ့ရပြီး၊ ကိုးရီးယား တစ်နိုင်ငံလုံး ရုံပေါင်း ၂၅၀ မှာ တပြိုင်နက်တည်းပြသခဲ့တာပါ။ စံချိန်တွေချိုးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ကုန်ကျစရိတ် US$ 4 Million ပဲရှိခဲ့ပေမယ့် Box Office ဝင်ငွေ US$ 42 Million ပြန်ရခဲ့အထိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Kim Yong-hwa ကို ...
movie

200 Pounds Beauty (2006)

2006