Channel Myanmar

Kim Jong-su

Extreme Job ( 2019 ) 7.6
Extreme Job ( 2019 ) Extreme Job (2019)  IMDb 7.3 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် အမှုလိုက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်ပြီးရာထူးမတိုးပဲ အဖွဲ့ခေါင်းဆောင်သာ ဖြစ်နေတဲ့စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ဖြစ်လာတဲ့အခါမှာ..တော့ တလွဲတွေဆက်ဖြစ်ကြပြန်တာပါပဲ လီမွန်ဘယ်ကို အနီးကပ်စောင့်ကြည့်ဖို့ ကြက်ကြော်ဆိုင်မှာစောင့်ကြည့်ရင်းနဲ့ကြက်ကြော်ဆိုင်ကလည်းရောင်းထုတ်ရမယ့်အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…တလွဲတွေလုပ်တတ်တဲ့ စုံထောက်ဂိုတစ်ယောက် လီမွန်ဘယ်ကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ 2019 အသစ်ထွက် ကိုရီးယားစုံထောက်ကားလေးပဲဖြစ်ပါတယ်  This Movie is Brought To You By Channel MyanmarReview By Ei PyaeGenre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size…1.77GB | 792MB | 366MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Zoey Encoder ..... August
movie

Extreme Job ( 2019 )

2019
1987: When the Day Comes (2017) 8.2
1987: When the Day Comes (2017) 1987 : When the day comes (2017)Zawgyiဒီဇာတ်ကားကို လွန်ခဲ့တဲ့နှစ်သုံးဆယ်ကာလက တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားပဲဖြစ်တယ်။အဲဒီအချိန်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ အခုလို ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးဘူး။စစ်အစိုးရနဲ့ အာဏာပိုင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြည်သူတွေလည်စင်းခံနေရတဲ့အချိန်၊ အဲဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ ကျောင်းသားတစ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတော့တယ်။အင်အားကြီးသူနိုင်စတမ်းဆိုသလို အဲဒီဆန္ဒပြမှုမှာအနိုင်ရရှိသွားသူကတော့အာဏာပိုင်တွေပါ။ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ဆိုးလ်တက္ကသိုလ်ကကျောင်းသား ပက်ဂျွန်ချောအပါအ၀င်ဆန္ဒပြသူအချို့ကို အာဏာပိုင်တွေလက်ဝယ်ဖမ်းဆီးရခဲ့တယ်။ကျုပင်ခုတ်ကျုငုတ်ပါမကျန်အောင်ရှင်းမယ်ဆိုတဲ့အကြံနဲ့အာဏာပိုင်တွေဟာ အဖမ်းဆီးခံကျောင်းသားပက်ဂျွန်ချောကို နှိပ်စက်နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စစ်ကြောမေးမြန်းခဲ့တယ်။ပက်ဂျွန်ချောတစ်ယောက်လည်းနှိပ်စက်မှုပေါင်းစုံကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ပါဆုံးရှုံးသွားတော့တယ်။သူ့ရဲ့သေဆုံးမှုဟာ 1987 ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းဝင်ဆန္ဒပြမှုကြီးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ဖိနှိပ်ခံရပုံတွေ မတူညီကြပေမယ့် ပြည်သူတွေအားလုံးရဲ့ တစ်ခုတည်းသောဦးတည်ချက်ကတော့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဲဒီလို ပြည်သူတွေအားလုံးညီညီညွတ်ညွတ် သွေးတွေချွေးတွေနဲ့ပေးဆပ်ခဲ့တာကြောင့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ရပ်တည်နေနိုင်တာဖြစ်ကြောင်းကိုဒီဇာတ်ကားက ကောင်းကောင်းကြီးမီးမောင်းထိုးပြနေတယ်။ဒီဇာတ်ကားဟာ ဝေဖန်ရေးတွေအကြားမှာ အောင်မြင်ရုံသာမက ငွေကြေးပိုင်းအရလည်း တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ကားပါ။$14 သန်းရင်းထားတဲ့ဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ $54 သန်းကျော်ရရှိခဲ့တာဟာ တော်တော်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးပါ။IMDB ...
movie


2017
Start-Up 2019 6.3
Start-Up 2019 Start Up (2019) အညွှန်း ******************** imdb 6.3 မင်းသားကြီး Ma Dong Seok ပါဝင်သရုပ်​ဆောင်ထားတဲ့ comedy-drama ကား​လေးတစ်ခုကိုတင်ဆက်​ပေးချင်ပါတယ် ဇာတ်လမ်းထဲမှာ ထယ်အီဆိုတဲ့​​ကောင်​လေးဟာ အထက်တန်း​ကျောင်းကထွက်ပြီး က​​လေက​ချေဖြစ်​နေတဲ့​ ဆယ်​ကျော်သက်အရွယ်​ကောင်​လေးတစ်​ယောက်ပါ ဒီအရွယ်မှာ ဖြစ်တတ်တဲ့သ​ဘာဝအတိုင်း မိခင်ဖြစ်သူနဲ့အဆင်မ​ပြေဖြစ်ကာ အိမ်ကသွားထွက်သွားခဲ့ပါတယ် နောက်​တော့ နေထိုင်စား​သောက်ဖို့အတွက် စား​သောက်ဆိုင်တစ်ဆိုင်မှာဝင်လုပ်ခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ ထယ်အီ ရဲ့ မိုက်​ဖော်မိုက်ဖက်သူငယ်ချင်း ဆန်းပယ်ကလည်း အ​ကြွေးရှင်လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ် သူတို့နှစ်​ယောက် အလုပ်ခွင်မှာကြုံ​တွေ့ရမယ့် အဖြစ်အပျက်​တွေက သူတို့ရဲ့ဘဝကို ဘယ်လိုတည့်မတ်​ပေးသွားမလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ် ဒီကားမှာလူငယ်​တွေဖြစ်တတ်တဲ့သ​ဘာဝ​တွေကို​သေချာချပြသွားပြီး တစ်ချို့​ရိုက်ကွက်​လေး​တွေဆို တော်​တော်ကိုမှတ်သားစရာ​လေး​တွေရှိတာကို​တွေ့ရပါတယ် ဒီကားမှာ မင်းသားကြီးရဲ့​မြင်​နေကျဇာတ် ရုပ်​တွေနဲ့မတူညီတဲ့ သရုပ်​ဆောင်မှူ​တွေကို မြင်​တွေ့ရမှာဖြစ်ပြီးတော့ ရီရီ​မော​မောနဲ့ကြည့်ရှုရမှာမို့ သူ့ရဲ့ပရိသတ်​တွေဆိုရင်လက်လွှတ်ခံလို့မဖြစ်ပါဘူး​​နော် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက​တော့- Thet Hnin Hsu ပါ   Translator  - Thet Hnin Hsu Encoder - Thit San Khant File Size -1GB and 500MB Quality - 1080p and 720p
movie

Start-Up 2019

2019
Bring Me Home(2019) 6.5
Bring Me Home(2019) Bring Me Home(2019)တစ်ဉီးထဲသောသားလေးမို့ ရင်နင့်အောင်ချစ်ခဲ့ပါတယ်ဆိုမှာ ရုတ်တရက်ပျောက်ဆုံးသွားတယ်...မိဘ(၂)ပါးအတွက် ဘဝတွေဟာ ခါးသီးလွန်းတယ်.... လင်မယား(၂)ယောက် တစ်ယောက်ကိုတစ်ယောက်ဟန်ဆောင်ပြုံးတွေနဲ့ နှစ်သိမ့်ပေးရင်း သားလေးကိုရှာခဲ့တာ အခုဆို(၆)နှစ်တောင်ရှိခဲ့ပြီ.....ခုချိန်ထိအစအနတောင်ရှာမရသေး...ယောကျ်ားဖြစ်သူဟာ သားလေးတွေ့တဲဆိုတဲ့ စာတစ်စောင်ကြောင့်အပြေးအလွှားသွားရှာတုန်းမှာကားမှောက်ဆုံးသွားတယ်...မိခင်အတွက်တော့ တစ်ပူပေါ်တစ်ပူဆင့်ပါပဲ...ဒီလိုနဲ့တစ်နေ့မှာတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ သူ့သားရှိတယ်ဆိုတဲ့ အခိုင်အမာ သတင်းရပြီးတဲ့နောက်မှာတော့....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...တော်တော်ကောင်းတဲ့ Drama ကားလေးပါ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (950 MB) and (472MB) Quality :WEB-DL 720p Format…mp4 Duration…01:48:00 Genre :  Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie

Bring Me Home(2019)

The Sheriff In Town(2017) 6.0
The Sheriff In Town(2017) The Sheriff In Town(2017)(Zawgyi)စုံထောက်ချွဲဒယ်ဟိုတစ်ယောက် မူးယဇ်ရာဇာ Popeye ရဲ့ မူးယဇ်ဆေးတွေ အရောင်းအဝယ်လုပ်တဲ့ ရှင်းအီရှစ်ကို မဆင်မခြင် ဝင်ရောက်ဖမ်းဆီးရာမှ သူ့တွဲဖက် သေဆုံးသွားခဲ့ပြီး ရှင်းအီရှစ်လည်း လွတ်သွားတာကြောင့် တာဝန်ရပ်စဲခံလိုက်ရပါတယ်....စုံထောက်အလုပ်ဟာ သူ့ဘ၀မို့ ဆုံးရှုံးမှုဟာ ချဲဒယ်ဟိုအတွက် တကယ်ကြီးမားပါတယ်... တွဲဖက်ဖြစ်သူ သေဆုံးပြီး အလုပ်အကိုင်လည်း ဆုံးရှုံးရတဲ့အတွက် စုံထောက်ချွဲတစ်ယောက် အရပ်သားဘ၀နဲ့ သူ့ဘ၀ကိုပျက်စီးစေတဲ့ မူးယစ်ဂိုဏ်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်... သူဘယ်လိုတွေကြိုးစားဖော်ထုတ်မလဲ ဘယ်လိုအခက်တွေရင်ဆိုင်ရမလဲ.... ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ချဲဒယ်ဟို တစ်ယောက် ရဲဟန်ဆောင်ပြီး ရုပ်တည်ကြီးနဲ့ ပတ်သောင်းကျန်းနေတဲ့အတွက် အခန်းတော်တော်များများ ရယ်လည်းရယ်ရသလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...(unicode)စုံထောက်ချွဲဒယ်ဟိုတစ်ယောက် မူးယဇ်ရာဇာ Popeye ရဲ့ မူးယဇ်ဆေးတွေ အရောင်းအဝယ်လုပ်တဲ့ ရှင်းအီရှစ်ကို မဆင်မခြင် ဝင်ရောက်ဖမ်းဆီးရာမှ သူ့တွဲဖက် သေဆုံးသွားခဲ့ပြီး ရှင်းအီရှစ်လည်း လွတ်သွားတာကြောင့် တာဝန်ရပ်စဲခံလိုက်ရပါတယ်....စုံထောက်အလုပ်ဟာ သူ့ဘဝမို့ ဆုံးရှုံးမှုဟာ ချဲဒယ်ဟိုအတွက် တကယ်ကြီးမားပါတယ်... တွဲဖက်ဖြစ်သူ သေဆုံးပြီး အလုပ်အကိုင်လည်း ဆုံးရှုံးရတဲ့အတွက် စုံထောက်ချွဲတစ်ယောက် အရပ်သားဘဝနဲ့ သူ့ဘဝကိုပျက်စီးစေတဲ့ မူးယစ်ဂိုဏ်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်... သူဘယ်လိုတွေကြိုးစားဖော်ထုတ်မလဲ ဘယ်လိုအခက်တွေရင်ဆိုင်ရမလဲ.... ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ချဲဒယ်ဟို တစ်ယောက် ရဲဟန်ဆောင်ပြီး ရုပ်တည်ကြီးနဲ့ ပတ်သောင်းကျန်းနေတဲ့အတွက် အခန်းတော်တော်များများ ရယ်လည်းရယ်ရသလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie

The Sheriff In Town(2017)

2017
Money (2019) 5.8
Money (2019) Zawgyi=====၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten Tomatoes မှာ 67% အထိရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ရုံဝင်ငွေအနေနဲ့လည်း 25.1 million USD ရထားတာပါ။Cast တွေမှာလည်းလူသိများတဲ့ သရုပ်ဆောင်တွေချည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တောနယ်တစ်ခုကကြိုးစားပြီးတက်လာတဲ့ စတော့ခ်ရှယ်ယာပွဲစားပေါက်စလေးတစ်ယောက်မှာရည်မှန်းချက်တစ်ခုပဲရှိပါတယ်။သူချမ်းသာချင်တာပဲဖြစ်ပါတယ်။ဆင်းဆင်းရဲရဲနေခဲ့ရတဲ့သူတစ်ယောက်အတွက် ချမ်းသာချင်ကြတာချည်းပါပဲ။မိဘတွေရုန်းကန်နေရတာကိုကြည့်ပြီးသူချမ်းသာချင်လာတယ်။အဲတော့စတော့ခ်ရှယ်ယာရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်ရပြီး စတော့ခ်ရှယ်ယာပွဲစားပေါက်စအဖြစ်အားကြိုးမာန်တက်အလုပ်ကြိုးစားမယ်ဆိုပြီး တက်လာပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ ထင်သလောက်မလွယ်သလိုသူများတွေကော်မရှင်ကပြွတ်သိပ်နေချိန်မှာ သူ့ခဏသုညဖြစ်နေရတာပါပဲ။ဒီလိုနဲ့တစ်နှစ်လောက်လုံးချာလည်လိုက်နေရင်းကနေ ချမ်းသာဖို့ဖြတ်လမ်းနည်းတစ်ခု သူရလာခဲ့ပါတယ်။ဘယ်သူ့ကြောင့်ရသွားတာလဲ။အဲဒီဖြတ်လမ်းနည်းကရော ရေရှည်အဆင်ပြေရဲ့လားဆိုတာတော့သူတို့စတော့ခ်ရှယ်ယာဈေးကွက်တွင်းကအရှုပ်အရှင်းတွေကြားဝင်ကြည့်ရင်းခံစားကြည့်ကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) Unicode======၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten ...
movie

Money (2019)

2019
Asura: The City of Madness(2016) 6.6
Asura: The City of Madness(2016) Asura: The City of Madness(2016)IMDb...6.6,,,Rotten..80%" ကျုပ်ရဲအဖြစ်အလုပ်လုပ်တဲ့ အန်နမ်မြို့က အကျင့်ပျက်တဲ့သူတွေနဲ့ပြည့်နှက်နေပြီ..ဒီနောက်ပိုင်းပြန်လည်ဖွံ့ဖြိုးခြင်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ခြိ်မ်းခြောက်လာကြတယ်..အန်နမ်ရဲ့မြို့တော်ဝန် ပါ့ခ်ဆွမ်ဘဲဆိုတာရှိတယ်..သူက တစ်မြို့လုံးကို၀ါးမြိုချင်နေတာ...သူ့ပြိုင်ဘက်ကလည်း ဘယ်ငြိမ်နေပါ့မလဲ...နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်လို့...ကျုပ်ကတော့ အနိုင်ရတဲ့သူနဲ့ပဲပူးပေါင်းတယ်..."ဒါကတော့ ရဲတစ်ဦးဖြစ်တဲ့ ဟွမ်ဒိုဂျောင်ရဲ့အယူအဆပါပဲ....သူက ငွေရဖို့ဆိုဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းပြီး ခွေးတစ်ကောင်လိုအလုပ်လုပ်မယ့်သူ....ဒီကားကတော့ အန်နမ်မြို့တော်ဝန်နဲ့ အတိုက်အခံပါတီတွေကြားမှာ လူမိုက်ဂန်းစတားတွေ..စုံထောက်တွေနဲ့ရှေ့နေတွေကြားကို ကောင်းကောင်းကြီးရိုက်ပြထားတာ..သူတော်စင်တွေ ယုန်ကလေးလိုကောင်တွေတစ်ယောက်မှ မပါဘူး..ယုံပုံစံဖြစ်နေရင်တောင် ယုန်ယောင်ဆောင်ထားတဲ့ ကျားတွေ မြေခွေးတွေပဲဖြစ်တယ်...သွေးထွက်သံယိုခန်းပေါင်းများစွာပါသလို နိုင်ငံရေးရဲ့  ပဋိပက္ခပေါင်းစုံကို အလွှာစုံ နယ်ရုပ်စုံရဲ့ ရွှေ့ကွက်ပေါင်းများစွာကိုတွေ့မြင်ရမယ်..နောက်ပြီးဒီကားက ဇာတ်လမ်းအစမှ အဆုံး Tempo ကျသွားတယ်လို့ရယ်မရှိဘူး...ကြည့်ရင်းကျော်ထဲစိမ့်အောင်လန့်လာသလို ဆက်လည်းမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတယ်..သရုပ်ဆောင်တွေကလည်း ကိုရီးယားတကယ့်အထင်ကရ လူတွေကြီးပဲ...The king,The Divine Moveနဲ့ Cold eye  တို့မှာ ကြမ်းခဲ့ ရမ်းခဲ့တဲ့မင်းသားကြီးWoo-sung Jungကိုတော့ထွေထွေထူးထူးထပ်မိတ်မဆက်တော့ဘူး..စပွိုင်လာမပါလေ..ဘာဇာတ်လမ်းအကြောင်းမှမပြောလေကြည့်လို့ကောင်းတဲ့ဇာတ်ကားမို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (2.13GB),(1.03GB) and ...
movie

Asura: The City of Madness(2016)

2016