Channel Myanmar

Kiowa Gordon

Blood Quantum (2019) 5.6
Blood Quantum (2019) Rotten Tomatoes 90% ရရှိထားတဲ့ ဒီရှပ်ရှင်ဟာဇွန်ဘီအပေါ်ကလေ့ပ်စ်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။အမေရိကားမှာရှိတဲ့ လူနီရိုင်းအပိုင်ဒေသကဖုတ်ကောင်တွေနဲ့ကမ္ဘာပျက်တဲ့အကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာထူးဆန်းစွာနဲ့ပဲလူနီရိုင်း(နေးတစ်အမေရိကန်)တွေဟာ ဇွန်ဘီပိုးကို Immune ဖြစ်နေကြပါတယ်။လူဖြူတွေကသာအကိုက်ခံရရင် ပိုးကူးစပ်ပြီး ဇွန်ဘီတွေအဖြစ်ပြောင်းလဲကြပါတယ်။ဇွန်ဘီရုပ်ရှင်တွေထဲမှာ လူနီရိုင်းဇွန်ဘီကားဆိုတော့ကြည့်ရတာ ထူးထူးခြားခြားလေးဖြစ်နေပါတယ်။လူမှုရေးအရှုပ်ထွေးတွေနဲ့ သေရေးရှင်ရေးကိစ္စတွေဖြစ်နေတာတောင် လူတွေရဲ့အတ္တ၊ မာန၊ဒေါသတွေဟာ ခဝါချနိုင်ဖို့မလွယ်တဲ့အကြောင်းရှင်သန်ဖို့အတွက်ဆိုဘာမဆိုလုပ်မဲ့ သူတွေအကြောင်းစတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းက ကျီးနီ(Red Crow)ကိုယ်ပိုင်ဒေသမှာငါးအသေတစ်ကောင်အသက်ပြန်ရှင်လာတာ၊ခွေးအသေအသက်ပြန်ရှင်လာတာကနေ စပါတယ်။နောက်ပိုင်း လူတွေပါ ပိုးကူးစပ်ပြီးဇယားတွေကပ်ကုန်ကြပါတော့တယ်။ရဲမှူး ထရေဗာတစ်ယောက်ပြဿနာတွေကိုဦးဆောင်ဖြေရှင်းဖို့ဖြစ်လာပြီးခံတပ်တွေ စခန်းတွေဆောက်ကာ အစုဖွဲ့နှင့်ရှင်သန်နေရာမှအပြင်ဘက်မှာ ပိုးထိထားတဲ့ လူဖြူဒုက္ခသည်တွေကိုစခန်းသို့ချွေးမဖြစ်သူ လူဖြူမချာလီခေါ်ဆောင်လာရာမှာဒုက္ခလှလှတွေ့ကြပါတော့တယ်။ဘယ်လိုရှေ့ဆက်ပြီး သတ်ဖြတ်ရှင်သန်ကြမလဲ၊ဘယ်သူတွေက ဘယ်လိုထဖောက်ကြမလဲဆိုတာဇာတ်လမ်းအဆုံးထိကြည့်ရှုခံစားကြည့်ရမှဖြစ်ပါတယ်။ File size…  1.46 GB /  709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Action , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Paing
movie

Blood Quantum (2019)

2019