Channel Myanmar

Kristen Bell

Zootopia (2016) 8.0
Zootopia (2016) Zootopia (2016) ကို ရုံတင်တုန်းက သွားကြည့်ရတဲ့ ဖီလင်က ယခင် ကားသစ်တွေ ရုံမှာသွားကြည့်ရတဲ့ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူး ပိုက်ဆံပေးကြည့်ရတာထက် ပိုတန်တယ်... ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲ ချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ် ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေ လိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ၀တ်စားပုံနဲ့ပါ လိုက်ဖက်နေတယ် ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတား ရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုး tongue emoticon ပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီး သုံးထားတာကိုပေါ့... မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူး ကျန်တဲ့ သတ္တ၀ါလေးတွေက တစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်... ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ iPhone ပုံစံ ဆင်တူတဲ့ မုံလာဥ တံဆိပ် ဖုန်းကို ဒီဇာတ်ကားထဲမှာ မြင်မိတာနဲ့ သင်ပြုံးမယ်ဆိုတာ အာမခံပါတယ် ဇတ်ဝင်သီချင်းတွေကလဲ အလန်းတွေကြီးပါပဲ ...
8.0
IMDB: 8.0/10 346,045 votes
movie

Zootopia (2016)

2016
Blu-Ray 1080p
Frozen (2013) 7.5
Frozen (2013) Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ ...
7.5
IMDB: 7.5/10 478,434 votes
movie

Frozen (2013)

2013
BlueRay-Rip 720p
The Disaster Artist (2017) 7.8
The Disaster Artist (2017) နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။ သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇ၀င် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။ သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ..... သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။ အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရုပ်ရှင်တစ်ကားရိုက်ဖို့ပါတဲ့။ ပိုက်ဆံနဲ့လုပ်ချင်စိတ်ကလွဲပြီး ဘာဆို ဘာမှမသိနားမလည်ပေမယ့် Tommy Wiseau နဲ့ ...
7.8
IMDB: 7.8/10 45,796 votes
movie

The Disaster Artist (2017)

2017
A Bad Moms Christmas (2017) 5.7
A Bad Moms Christmas (2017) ပြီးခဲ့တဲ့ခရစ္စမတ်ကိုပြန်လည်တမ်းတလိုပြီး ဇာတ်လမ်းမြူးမြူးလေးတွေကို နှစ်သက်ကြည့်ရှူလိုကြတဲ့ပရိတ်သတ်တွေအတွက် A Bad Moms Christmas ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၇ နိုဝင်ဘာလမှာ ထွက်ထားတာဖြစ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတာဖြစ်ပြီး ခရစ္စမတ်အချိန်တွေကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ် သမီးသုံးယောက်နဲ့ အမေသုံးယောက်ကြားထဲက သားအမိဆက်ဆံရေးတွေကိုဟာသဆန်ဆန် ရိုက်ကူးပုံဖော်ထားတဲ့အတွက် မိန်းကလေးပရိတ်သတ်အများစု နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ် သူငယ်ချင်းသုံးယောက်ဖြစ်ကြတဲ့ အေမီ ကိကိ နဲ့ ကာလာတို့ဟာ ခရစ္စမတ်ကို ကိုယ်ပိုင်အစီအစဉ်တွေနဲ့ဖြတ်သန်းဖို့ စီစဉ်ထားကြပြီးမကြာခင်မှာပဲ သူတို့သုံးယောက်ရဲ့ အမေတွေ ကိုယ်စီကိုယ်စီ ရောက်လာကြပြီး သူတို့အစီအစဉ်တွေပျက်ပြားသွားခဲ့တယ်… ဒီလိုနဲ့ခရစ္စမတ်မှာသူတို့ဖြတ်သန်းချင်တဲ့အတိုင်းဖြတ်သန်းဖို့ကြိုးစားရင်း သူတို့အမေတွေနဲ့ စခန်းသွားကြပုံကို ပရိတ်သတ်ကြီးကိုယ်တိုင်ကြည့်ရှူ ရယ်မောတော်မူကြပါဦး.. သရုပ်ဆောင်ထားသူတွေကတော့ အားလံုးသိကြတဲ့ Mila Kunis, Christine Baranski, Kristen Bell, Cheryl Hines, Susan Sarandon, Kathryn Hahn တို့အပြင် အမေရိကန် ဆက်ဆိုဖုန်း ဂီတပညာရှင် Kenny G လည်းပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်   File Size : (950 MB) ...
5.7
IMDB: 5.7/10 9,251 votes
movie

A Bad Moms Christmas (2017)

2017
CHiPS (2017) 6.0
CHiPS (2017) ကဲအခုနှစ်2017 ကမှထွက်ထားတဲ့Comedy/Actionကားလေးပါဗျာ။ မင်းသားကိုတချက်ကြည့်လိုက်တာနဲ့သိလောက်မှာပါ။ ဂျွန်ဘိတ်ကာနဲ့ပေါ့ခ်ျရီလိုဆိုတဲ့သူနှစ်ယောက်ဟာကာလီဖိုးနီးယားအမြန်လမ်းရဲတပ်ဖွဲ့ကိုတူတူအသစ်ဝင်လာကြတဲ့သူတွေပါ။ ဒါပေမယ့်ဝင်လာရတဲ့အကြောင်းအရင်းတွေကတော့မတူကြပါဘူး။ ဂျွန်ဘိတ်ကာကအရင်ကဆိုင်ကယ်ပြိုင်ပွဲမောင်းတဲ့သူပါ။ အတိတ်ကရွှေရောင်နေ့ရက်တွေမှေးမှိန်သွားပြီးတဲ့နောက်အိမ်ထောင်ရေးပြန်လည်အဆင်ပြေစေဖို့ရဲဝင်လုပ်တာပါ။ ပေါ့ခ်ျရီကတော့FBIအထူးစုံထောက်ဖြစ်ပြီးအဲဒီအမြန်လမ်းရဲတပ်ဖွဲ့ရဲ့အမှုတခုကိုဖြေရှင်းဖို့အသွင်ယူပြီးရောက်လာခဲ့တာပါ။ နှစ်ယောက်လုံးတူတူရောက်လာကြပြီးပူးတွဲတာဝန်ပေးခံလိုက်ရတဲ့အခါမှာတော့ ပေါ့ခ်ျရဲ့ကြောင်တောင်တောင်အကျင့်တွေဘိတ်ကာရဲ့အူအူပုံစံတွေအတွေးအခေါ် တွေကြောင့်ဘယ်လိုတွေပေါက်ကရဖြစ်ကြမလဲ။ တယောက်ကအခုမှရဲလုပ်မယ့်သူ၊တယောက်ကအတွေ့အကြုံရှိတဲ့သူဘယ်လိုတွေအဆီအငေါ်မတည့်ဖြစ်ကြမလဲ။ သူတို့နှစ်ယောက်ဘယ်လိုကတောက်ကဆတ်တွေဖြစ်ပြီးရယ်စရာတွေလုပ်ပြမလဲ။ အမှုကရောဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ဗျာ။ အားလပ်ချိန်ကိုအားရပါးရရယ်လိုက်မောလိုက်အပန်းဖြေလိုက်ကြရအောင်ဗျာ။ [မင်းသားကတော့ပေါက်ကရလုပ်မယ့်မင်းသားဆိုတာသိမှာပါ:P]။ ပြောတာလေးတွေကနည်းနည်းတော့ဆဲတာလေး18+တွေပါပါမယ်။မိသားစုနဲ့မကြည့်သင့်ပါဘူး။ (ဘာသာပြန်သူကတော့ The Fridays ဖြစ်ပါတယ်) File Size : 750 MB/400 MB Quality : Bluray 720p Running Time : 1hr 40minutes Format : Mp4 Genre : Action, Comedy, Crime Translator : The Fridays Encoder :Thanhtike Zaw
6.0
IMDB: 6.0/10 11,905 votes
movie

CHiPS (2017)

2017
BlueRay 720p

Genres

Like Us!