Channel Myanmar
Kwon Hae-hyo
The Unfair (a.k.a) Minority Opinion (2015) 6.4
The Unfair (a.k.a) Minority Opinion (2015) The Unfair (a.k.a) Minority Opinion (2015)တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ 'YONGSAN TRAGEDY' ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ 'SoSooUiGyeong' ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ...မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ ...
movie
The Unfair (a.k.a) Minority Opinion (2015)
2015
The Novelist’s Film (2022) 7
The Novelist’s Film (2022) The Novelist's Film (2022) ~ IMDb - 7/10, Rotten Tomatoes - 100% ~Directed by Hong Sang-sooဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist's Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ ...
movie
The Novelist’s Film (2022)
2022
Chun Tae-il: A Flame That Lives On (2021) 8.8
Chun Tae-il: A Flame That Lives On (2021) ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူးဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ်၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ်အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon ...
movie
Chun Tae-il: A Flame That Lives On (2021)
2021
In Front of Your Face (2021) 7.1
In Front of Your Face (2021) In Front of Your Face (2021) ------------------------------ Directed By HONG Sang-soo IMDb Rating - 7.1တောင်ကိုရီးယားရဲ့ အကျော်ကြားဆုံး Art House Director တွေထဲက တစ်ယောက်ဖြစ်တဲ့ HONG Sang-sooဟာ Lee Chang Dong, Kim Ki Duk တို့နဲ့ တန်းတူကျော်ကြားတဲ့သူပါပဲ။သူ့ရဲ့ရုပ်ရှင်အသစ်ဖြစ်တဲ့ In Front of Your Face ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး ဝေဖန်ရေးသမားတွေဆီက မှတ်ချက်ကောင်းတွေရထားတဲ့အပြင် တော်တန်ရုံ ရုပ်ရှင်တွေ ရခဲလှတဲ့ Metacritic Rating 93%ကို ရရှိထားခဲ့တယ်။ ကောင်းလှပါတယ် ပြောကြတဲ့ ကားအများစုရဲ့ metaဟာ 80 ကျော်ခဲလှတော့ တော်တော်ကိုများတဲ့ ratingလို့ပြောလို့ရပါတယ်။သို့ပေမဲ့ ဒီရုပ်ရှင်ဟာ ဆက်တင်အပြင်အဆင်တွေ မခမ်းနားသလို လက်ရှိနာမည်ကြီး သရုပ်ဆောင်တွေလည်းမပါပါဘူး။ ...
movie
In Front of Your Face (2021)
2021
The Cursed: Dead Man’s Prey(2021) 7.0
The Cursed: Dead Man’s Prey(2021) The Cursed: Dead Man’s Prey(2021) အညွှန်း****************************************တိတ်ဆိတ်တဲ့ညတစ်ညမှာ လူသတ်မှုတစ်ခုဖြစ်သွားတယ်...လူသတ်မှု အခင်းဖြစ်ပွားရာနေရာတစ်ခုမှာ သံသယရှိသူနဲ့ နစ်နာသူရဲ့ အလောင်းနှစ်ခုကို တွေ့ရှိတယ် ...ထူးဆန်းတာက တရားခံအဖြစ် သံသယရှိသူရဲ့ အလောင်းက လွန်ခဲ့တဲ့ သုံးလလောက်ထဲက သေဆုံးပြီးသားအလောင်းဖြစ်နေခဲ့တယ်....ရဲတွေအတော်ခေါင်းကိုက်ရတဲ့ကိစ္စဖြစ်နေတယ်..အဲ့ဒီနောက်မရှေးမနှောင်းမှာပဲ ရုပ်သံတိုက်ရိုက်လွှင့်အစီအစဉ်တစ်ခုမှာ အချိန်ဖုန်းအဝင်တစ်ခုကအင်တာဗျူးဖြေချင်တယ်..ဒီလူသတ်မှုကို သူပဲကျူးလွန်ထားတယ်လို့ဆိုတယ်...ဒါ့ကြောင့် ရဲတွေရော ရုပ်သံဌာနကလူတွေကိုရော အမည်မသိသူစိမ်းကိုစောင့်နေကြတယ်..အဲ့ဒီနောက်ဒီလူဟာ ကိုရီးယားတစ်နိုင်ငံလုံးနဲ့ ရဲဌာနတစ်ခုလုံးစောင့်ကြည့်နေတဲ့အချိန်မှာပဲဒီလူသတ်မှုကို သူကျူးလွန်တယ်ဆိုတာရယ်...လုပ်နည်းကတော့ လူသေကောင်တွေကိုအောက်လမ်းနည်းနဲ့ထိန်းချုပ်ပြီး သတ်တယ်ဆိုတာရယ်..နောက်သတ်မဲ့သူတွေရဲ့အမည်တွေကိုပါ ပြောပြသွားတယ်....ဘယ်သူတွေက အလောင်းကောင်တွေကိုထိန်းချုပ်ထားတာလဲ...ဒီလိုမျိုးကြီးပြောပြီး လူသတ်မှုကျူးလွန်မှာကို ရဲတွေကရောတားဆီးနိုင်ပါ့မလား..ဘာ့ကြောင့်ရန်ငြိုးတစ်ကြီး ဒီလိုမျိုးကြီး လုပ်တာလဲ...ဒီကားက စလာလာချင်းကိုကြမ်းပါတယ်...သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဇာတ်အိမ်ကိုဖွဲ့စည်းထားပြီးအစမှ အဆုံးထိကို စိတ်ဝင်စားစရာကောင်းပါတယ်...Fight Scene တွေလည်း တော်တော်မိုက်ပါတယ်...File Size :(2GB) (1GB) and (418 MB) Quality : WEB-DL 720p Format…mp4 Duration…01:50:00 Genre : Horror,Mystery , Fantasy Subtitle : Myanmar Subtitle (Hard ...
movie
The Cursed: Dead Man’s Prey(2021)
Whispering Corridors 6: The Humming (2021) 6.2
Whispering Corridors 6: The Humming (2021) Whispering Corridors6 : The HummingMine ထဲမှာ လူကြိုက်များခဲ့တဲ့ Kim Seo Young နဲ့ Penthouse ထဲက ဘယ်ရိုနာလို့ အများက သိထားကြတဲ့ အားလုံးရဲ့အချစ်တော် မင်းသမီးလေး Kim Hyun Soo တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ Whispering Corridors 6 : The Humming ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။Whispering Corridors ဇာတ်လမ်းတွေကတော့ အစဉ်အဆက် နာမည်ကြီးခဲ့ပြီးသားဆိုတော့ အများကြီး ညွှန်းစရာ မလိုလောက်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။Eun Hee က သူ့ရဲ့ မွေးရပ်မြေက မိန်းကလေးအထက်တန်းကျောင်းကို ဒုကျောင်းအုပ် အနေနဲ့ ပြောင်းရွေ့လာခဲ့ပါတယ်. ဒီကျောင်းက သူငယ်စဥ်ကတက်ခဲ့တဲ့ ကျောင်းလည်းဖြစ်ပြီးတော့ ကျောင်းသူတွေကြားထဲမှာလည်း ကျောင်းရဲ့ တတိယထပ်က ဂိုထောင်က သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးပါတယ်.....HaYoung နဲ့ SoYeon က အဲဂိုထောင်ထဲကနေအသံတွေကြားနေခဲ့ရတာပါ။ HaYoung က Eun Hee ...
movie
Whispering Corridors 6: The Humming (2021)
Tazza 3 : One Eyed Jack (2019) 5.7
Tazza 3 : One Eyed Jack (2019) [Unicode]လောင်းကစားသမားတွေရဲ့ ဘဝကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားတဲ့ Tazza ရုပ်ရှင်ကားရဲ့ တတိယမြောက်ဇာတ်ကား Tazza 3: One Eyed Jackကို တင်ဆက်ပေးလိုက်ပါတယ် ။ကျွန်တော်တို့ သင်္ကြန်မိုးရုပ်ရှင်ကားထဲက မမေ့နိုင်စရာ Dialogueတွေထဲကတစ်ခုဖြစ်တဲဇာတ်ကောင်သက်ထွေးရဲ့ "အရက်သမားသား အရက်သမားဖြစ်ရတာ မဆန်းပါဘူးအဖေရာ" ဆိုတဲ့စကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ။အခုလည်း လောင်းကစားသမားရဲ့သား လောင်းကစားသမားဖြစ်ရတာမဆန်းဘူးဆိုပြီး နေ့ခင်းမှာ အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ကျောင်းတက်ရင်း၊ ညဘက်မှာ လောင်းကစားဝိုင်းထဲကို ရောက်နေတဲ့ Do Il-chulဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့လောင်းကစားဝိုင်းထဲမှာပဲ ကြီးပြင်းလာတဲ့ Madonnaဆိုတဲ့မိန်းက‌လေးတို့ရဲ့ ဆုံတွေ့မှုနဲ့ပဲ ဒီဇာတ်လမ်းကိုစထားပါတယ်...ကံကြမ္မာအလှည့်အပြောင်းကြောင့် Do Il-chulနဲ့ တကယ့်လောင်းကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ တစ်ဖက်လပ်ကြီး Aekkuနဲ့ ပူးပေါင်းမိသွားပြီး ‌လူရှုပ်လူပွေကြာကူလီလောင်းကစားသမား Kkachi၊ သရုပ်ဆောင်သင်တန်းတွေတက်ပြီး သရုပ်ဆောင်ဖြစ်မလာပဲ ကာစီနိုရုံမှာ Lucky Girlလုပ်နေရတဲ့ Young-mi နဲ့ လူလိမ်ကြီး ဒါရိုက်တာKwonတို့ ‌၅ယောက် ပေါင်းမိသွားပြီးကတုံးပေါ်ထိပ်ကွက်ဖို့ ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ကားထဲမှာပဲ စောင့်ကြည့်လိုက်ပါ...။"ကျွန်တော်ဘာလို့ ...
movie
Tazza 3 : One Eyed Jack (2019)
Hotel by the River (2018) 6.7
Hotel by the River (2018) [Unicode]လူတွေဟာ အသက်ကြီးလာတဲ့ အခါမှာ အားငယ်စိတ်တွေက အလိုလို ဝင်တတ်ကြတယ်တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ကိုယ် သေတော့မယ်လို့လည်း ထင်တတ်ကြပါတယ်ဒါဟာ ဘဝရဲ့နောက်ဆုံးအချိန်ပဲလို့ သတ်မှတ်လိုက်တဲ့လူတွေက အဲ့အချိန်လေးမှာ ဘာတွေလုပ်ကြမှာလဲ..... ဇာတ်လမ်းအကျဉ်းယောင်းဟွမ်က ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်ဟန်မြစ်ဘေးက ဟိုတယ်တစ်ခုမှာ တည်းခိုရင်း ကဗျာလေးတွေရေးလေ့ရှိတယ်ယောင်းဟွမ်က အိမ်ထောင်ကွဲဖြစ်ပြီး သား ၂ ယောက်ကလည်း မိန်းမဖြစ်သူနဲ့အတူ ပါသွားခဲ့ပါတယ်ဟိုတယ်မှာ တည်းခိုနေရင်းနဲ့ နေ့တိုင်းလိုလိုမှာ ငါမကြာခင်သေတော့မယ်လို့ ခံစားလာရတယ်ဒါကြောင့်မို့လို့ သား ၂ ယောက်ကို သူ့ဆီလာခဲ့ဖို့ ဖုန်းဆက်ခေါ်ခဲ့ပါတယ်ယောင်းဟွမ်တစ်ယောက်ကရော သူ့ဘဝနဲ့ နောက်ဆုံးလို့ သတ်မှတ်ထားတဲ့အချိန်တွေမှာဘာတွေလုပ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၆ ခု ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ပါ )Quality__B&W_720p IMDb Rating__6.7/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt
movie
Hotel by the River (2018)
Maggie (2018) 6.2
Maggie (2018) Maggie 2018 ============လူတွေရဲ့ ယုံကြည်မှုဟာ ဘယ်လောက်ထိ အရေးပါလဲတစ်ခုခု ယုံကြည်ချက်ရှိတယ်ဆို ကိုယ့်ယုံကြည်မှုအတိုင်းဆက်လုပ်မလားယုံကြည်မှုဟာ ဘာတွေနဲ့ သက်ဆိုင်လဲဘာတွေအပေါ်မှာ မူတည်နေလဲဒီဇာတ်လမ်းလေးမှာတော့ Itaewon class က စားဖိုမှူးမလေးကိုသူနာပြု ဆရာမလေး ယောယွန်ယောင်းအဖြစ် တွေ့ရမှာဖြစ်ပါတယ်ဒီဇာတ်ကားဟာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၆ ဆု ရရှိထားတာဖြစ်ပါတယ်ဇတ်လမ်းအကျဉ်း"မာရီယာရဲ့ အချစ်"လို့ အမည်ရတဲ့ ဆေးရုံတစ်ရုံရဲ့ ဓာတ်မှန်ခန်းထဲက.....လူ၂ယောက် လိင်ဆက်ဆံတာကို ရိုက်ထားတဲ့ ဓာတ်မှန်ပုံကြီး ထွက်လာခဲ့ပါတယ်အဲ့့ပုံထွက်လာပြီးနောက်နေ့မှာပဲ ဆေးရုံမှာရှိသမျှ ၀န်ထမ်းတွေအကြောင်းအမျိုးမျိုးပြပြီး ခွင့်ယူသွားခဲ့တယ်ဒုဆေးရုံအုပ်နဲ့ သူနာပြုယောယွန်ယောင်းပဲ အလုပ်မှာရှိနေခဲ့ပါတယ်လူတွေကို သံသယ၀င်တတ်လွန်းတဲ့ ဒုဆေးရုံအုပ်နဲ့ ယုံကြည်တတ်လွန်းသူ ယောယွန်ယောင်း.....သူတို့တွေဟာ လူတွေအပေါ်မှာထားတဲ့ သူတို့ယုံကြည်မှုတွေမှန်ကန်ရဲ့လား စစ်ဆေးခဲ့တယ်အဲ့ထဲမှာ သူနာပြုယောယွန်ယောင်းရဲ့ ချစ်သူလည်းပါ၀င်ခဲ့ပါတယ်သူတို့ရဲ့ယုံကြည်မှုဟာ မှန်ကန်ရဲ့လားဘယ်သူတွေကို ယုံကြည်ဖို့ ရွေးချယ်လိုက်မလဲဆိုတာဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် File Size – 1.4 GB Quality – 1080p FHDRip File Type – mp4 Duration – 1h ...
movie
Maggie (2018)
2019
The Woman Who Ran (2020) 6.7
movie
The Woman Who Ran (2020)
2020
Vanishing Time: A Boy Who Returned (2016) 7.8
Vanishing Time: A Boy Who Returned (2016) နာရီတွေကို ရပ်ထားရင် ဘာတွေ ဖြစ်သွားမယ်ဆိုတာကို တွေးမိပါသလား? တောင်တွေပေါ်ကို ခရီးထွက်ခဲ့ကြတဲ့ ကလေးတစ်စု သွားခဲ့ရာက မတော်တဆ ပျောက်ဆုံးသွားခဲ့ကြပါတယ်။ ကောင်မလေးတစ်ယောက်ကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ ၁၃ နှစ်သား ကောင်လေးက အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်အနေနဲ့ ပြန်ပေါ်လာခဲ့တဲ့အခါမှာ ...... ကောင်မလေးကရော သူ့သူငယ်ချင်းကို မှတ်မိနိုင်ပါ့မလား? ကောင်လေးက အချိန်တွေကို ရပ်တန့်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ ကလေးတွေကို သတ်တဲ့လူဟာလည်း အဲဒီအမျိုးသားလို့ သံသယဝင်ခံရတဲ့အချိန်မှာတော့ ..... ဇာတ်လမ်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မင်းသားကတော့ Too Beauty to Lie ထဲက Gand Dong Won ပဲ ဖြစ်ပါတယ်။ IMDb - 7.3/10 ရထားတဲ့ ဇာတ်လမ်းကောင်း ဖြစ်တာမို့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။File Size - 1.4 gb Quality - bluray 1080p Subtitle -  burmese Translator - Bommy Chan Encoder - Thit San ...
movie
Vanishing Time: A Boy Who Returned (2016)
2016
Inseparable Bros(2019) 7.0
Inseparable Bros(2019) Inseparable Bros(2019)IMDb...7.0((ကားအလန်းမို့ WEB-DL 1080P,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...)) Running Man က လီဂွမ်ဆူ ပါ၀င်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ပဲ 2020 (56th) BaekSang Arts Awards မှာBest Supporting Actor ဆုကို ရရှိသွားခဲ့ပါတယ် ..ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..ဘတ်ဒုံဂူ နဲ့ ဂန်ဆယ်ဟာ တို့ဟာ မသန်စွမ်းကလေး စောင့်ရှောက်ရေး ဂေဟာ တစ်ခုမှာ အတူနေထို်င်ကြတာပါ ..ဂေဟာကို တာ၀န်ယူတဲ့ ဘုန်းတော်ကြီး ဆုံးပါးသွားတဲ့အခါ တာ၀န်ယူမယ့်လူမရှိတဲ့ ဂေဟာကို ဖျက်သိမ်းပြီး ကလေးတွေကိုလည်း အခြားဂေဟာတွေဆီပိုဖို့ လုပ်ခဲ့ပါတယ် ...ဒါပေမယ့် ဘတ်ဒုံဂူနဲ့ ဂင်ဆယ်ဟာတို့ကတော့ အမီခိုကင်းလွတ်ခွင့်တင်ပြီး ညီအစ်ကို ၂ ယောက် မခွဲရဖို့ ဂေဟာ မဖျက်သိမ်းရဖု့ိ ကြိုးစားခဲ့ပါတယ်..သူတို့ညီအကို (၂)အဲ့ဒီလိုကြိုးစားစဉ်မှာပဲ သူတို့လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်လာပါတော့တယ်....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File ...
movie
Inseparable Bros(2019)
2019
Peninsula – Train to Busan 2 (2020) 6.0
movie
2020
The Vanished ( 2018 ) 6.6
The Vanished ( 2018 ) အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီးဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်ကခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီးရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်းစုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက်သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာသည်းထိတ်ရင်ဖိုကားလေးတစ်ကားကိုလက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married coupleဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-aeပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-wooစုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။  Translated ...
movie
The Vanished ( 2018 )
The Juror (2019) 7.1
The Juror (2019) အရင် ဟိုးရှေးရှေးတုန်းကလိုပဲ ပြောရမလားရှေးမြန်မာတွေရဲ့ တရားစီရင်တဲ့နည်းလမ်းက အပြစ်ရှိသူကို သမာသမတ်ရှိတဲ့ လူကြီးတွေကို သူကြီးကခေါ်ပြီးတရားခံအပြစ်ရှိမရှိ ဝိုင်းပြီး စီရင်ဆုံးဖြတ်စေပါတယ်တဲ့။အဲဒါကို သဘောကျလို့ဖြစ်မယ်။အနောက်တိုင်း တရားစီရင်ရေးမှာ ဂျူရီလို့ခေါ်တဲ့ အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့ကို တရားသူကြီးက စီရင်ချက်ချရာမှာ အကူအညီဖြစ်အောင် ခေါ်ထားပါသတဲ့။ဒီ Juror 8 (2019) ဆိုတဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပထမဆုံး ဂျူရီပါတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာပါ။တကယ်ဖြစ်ရပ်မှန်ကိုရိုက်ထားတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ ဂျူရီတွေရဲ့ အခန်းကဏ္ဍကို ပေါ်လွင်အောင် ပြသပေးခဲ့ပါတယ်။စီရင်ချက်ချမယ့် တရားသူကြီးရှိရဲ့သားနဲ့ ဘာလို့ ဂျူရီတွေခေါ်နေရလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက ဒီဇာတ်ကားထဲမှာပါပါတယ်။Drama ဇာတ်ကားဆိုပေမဲ့ ပျင်းစရာမရှိပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ သူ့ရဲ့မိခင်ကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ ကန်ဒူဆစ် ကိုစီရင်ချက်ချရမယ့် တရားခွင်က ဂျူရီပါဝင်တဲ့ ပထမဆုံးတရားခွင်ပါ။ဂျူရာ ...
movie
The Juror (2019)
2019
The Day After ( 2017 ) 7.0
The Day After ( 2017 ) IMDb 7.0 ရရှိထားတဲ့ကိုရီးယားDrama ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်မနက်တိုင်းမိုးမလင်းခင်မှာပဲအလုပ်ကိုသွားလေ့ရှိတဲ့ပုံနှိပ်ထုတ်ဝေရေးတိုက်သူဌေးကင်ဘွန်ဝမ်တစ်ယောက်ကိုဇနီးဖြစ်သူကပွေရှုပ်နေလားဆိုတာသံသယဝင်လာပါတော့တယ်....တကယ်လည်းကင်ဘွန်ဆုတ်က ဇနီးဖြစ်သူနောက်ကွယ်မှာရုံးကဝန်ထမ်းတစ်ယောက်နဲ့ပွေရှုပ်နေခဲ့ပါတယ်...တနေ့ကင်ဘွန်ဆုတ်နဲ့ပွေရှုပ်နေတဲ့ဝန်ထမ်းကောင်မလေးကအလုပ်ထွက်သွားပြီး သူ့နေရာကိုကင်ဘွန်ဆုတ်ကဆုန်အာရီရန်ဆိုတဲ့မိန်းကလေးကိုခန့်လိုက်ပါတယ်....ယောက်ျားဖြစ်သူအလုပ်မှာဖောက်ပြန်နေတာသိပေမဲ့သက်သေမရှိတဲ့သူမက တစ်နေ့တော့ယောက်ျားအလုပ်ကိုခိုးလိုက်လာခဲ့ပါတယ်...အဲ့ဒီမှာ ဒီနေ့မှအလုပ်စဝင်တဲ့အာရီရန်ကိုတွေ့သွားပြီးယောက်ျားနဲ့ပွေရှုပ်နေတဲ့မိန်းကလေးလို့အထင်မှားပြီး ရိုက်နှက်ခဲ့ပါတယ်...ဘယ်လိုပဲရှင်းပြရှင်းပြလက်မခံတော့ပဲဆက်တိုက်အထင်လွဲနေခဲ့ပြီးဒီလိုရှုပ်ထွေးတဲ့အရှုပ်တော်ပုံကိုဘယ်လိုဖြေရှင်းမလဲဆိုတာဒီကားလေးထဲမှာကြည့်ရှုလိုက်ကြပါစို့နော် Translated & Review By XiaoEncoded By LK
movie
The Day After ( 2017 )
2017
Default (2018) 8.7
Default (2018) ဒီရုပ်ရှင်ကား ဟာ ကိုရီးယား နိုင်ငံရဲ့ စီးပွားရေးပျက်ကပ် ကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ် ကိုရီးယား နိုင်ငံဟာ အာရှမှာ ဦးမော့ထားတဲ့အချိန်တွေ ရှိခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ နဲ့ နိုင်ငံဟာ အဆမတန် တိုးတက်ခဲ့ပါတယ် ဒါပေမဲ့ အစိုးရပိုင်း ရဲ့ အသုံးမကျမှုကြောင့် နိုင်ငံတကာ အဖွဲ့တွေက တစ်ဖြေးဖြေး နိုင်ငံတွင်းကနေ ထွက်ခွာခဲ့သလို နိုင်ငံအတွင်း က စီးပွားရေး လုပ်ငန်းငယ်လေးတွေဟာ နိုင်ငံတော် ဗဟိုဘဏ်က ချေးငွေကို အားကိုးနေရတဲ့အချိန် စွန့်ဦးတီထွင်သူတို့ရဲ့ လုပ်ငန်းတွေ စတင်နေချိန်လဲ ဖြစ်ခဲ့တယ်... ဒါပေမဲ့ ဗဟိုဘဏ် ရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်တွေကြောင့် ငွေကြေးကြပ်တည်းမှုတွေ များပြားလာပြီး နိုင်ငံတော် အဆင့် ဒေ၀ါလီ ခံရမယ့် ကိစ္စတွေ ဖြစ်ပေါ်လာခဲ့သော အခါ...   ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Myo Nyunt ဖြစ်ပါတယ် (စီးပွားရေးအသုံးအနှုန်းများကို ဆီလျော်အောင် ဘာသာပြန်ပေးထားပြီး မှားယွင်းမှုရှိပါက ဘာသာပြန် အခက်အခဲကို နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတင်တောင်းပန်ပါရစေ)
movie
Default (2018)
2018
Split (2016) 7.1
Split (2016) ကိုရီးယား sport/drama ကားတွေကိုမှနှစ်သက်ပါတယ်ဆိုရင်တော့ ဒီ IMDB 5.4 ရရှိထားတဲ့ ဒီဇာတ်လမ်းလေးကိုညွှန်းချင်ပါတယ်ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ နိုင်ငံ့ချန်ပီယံဘိုးလင်းအားကစားသမားတစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကားအက်ဆီးဒန့်တစ်ခု...သုံးမရတော့တဲ့ ခြေထောက်တစ်ဖက်ကြောင့် မြတ်နိုးရတဲ့နိုင်ငံ့အားကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီးအရက်သမားဘဝကို လုံးလုံးရောက်ခဲ့ရကာ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရပါတယ်နောက်တစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့အမွေ အပေါင်ခံထားရတဲ့ ဘိုးလင်းအားကစားရုံကို ကာကွယ်ချင်တဲ့ မိန်းကလေးတစ်ဦးပေါ့သူတို့နှစ်ယောက်ပေါင်းပြီး အော်တစ်ဇင်ဖြစ်နေပေမယ့် ဘိုးလင်းအားကစားကို တစ်ဖက်ကမ်းတော်တဲ့ကောင်လေးတစ်ယောက်ကိုရှာတွေ့သွားတဲ့အခါမှာတော့...ထုံးစံအတိုင်း လူမိုက်တွေ ဒုစရိုက်သမားတွေရဲ့ရက်စက်မှုတွေလူ့ပတ်ဝန်းကျင်ရဲ့ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားစရိုက်တွေနဲ့အတူမေတ္တာတရားကိုပါ ပိုင်ပိုင်နိုင်နိုင်ရိုက်ပြထားတာဖို့ အားပေးကြပါဥိး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ)  File Size : (900 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2hr 3min Format : Mp4 Genre : Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p ...
movie
Split (2016)
2016
Killer Toon ( 2013 ) 6.4
Killer Toon ( 2013 ) Horror ကားတွေ သရဲကားကောင်းကောင်းကြိုက်နှစ်သက်သူတွေအတွက်ကောင်းကောင်းလေးကြောက်ရအောင် Bluray720p 5.1CH နဲ့ တင်ဆက်ပေးလိုက်ပြီးအသံကွာလတီကောင်းမွန်စွာနဲ့ခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်..နှလုံးရောဂါ ရှိသူများနှင့် ကလေးသူငယ်များမကြည့်သင့်ပါကဲ..အညွှန်းလေးဖတ်ကြည့်လိုက်ရအောင်Daum အွန်လိုင်းကာတွန်းရဲ့ အယ်ဒီတာချုပ်ရဲ့ လူသိမခံနိုင်တဲ့ သိသူ ၂ယောက်မရှိနိုင်တဲ့ လျို့ဝှက်ချက်ဟာ ဂန်ဆိုတဲ့ အွန်လိုင်းကာတွန်းရေးဆရာမရဲ့အွန်လိုင်းကာတွန်းစာမူပေါ်ရောက်နေပြီး စာမူထဲကအတိုင်း အယ်ဒီတာချုပ်ဟာဆိုးရွားစွာနဲ့သေဆုံးခဲ့ရတယ်..သိပ္ပံနည်းပညာဖြေရှင်းချက်အရမိမိကိုယ်ကိုယ်သတ်သေမှုလို့ကောက်ချက်ချလို့ရပေမယ့် စုံစမ်းရေးမှူးကလူသတ်မှုလို့ယုံကြည်ပြီးစုံစမ်းခဲ့ရာမှ..ထူးခြားဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းတဲ့ နောက်ကွယ်က အမှန်တရားတချို့ကို ဖေါ်ထုတ်သိလာတဲ့အခါမှာ ......... Translated & Review By Nu MonEncoded By LK  
movie
Killer Toon ( 2013 )
2013