Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kyle Gallner
6.1
Red State (2011)
Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာရေးအစွန်းရောက်မှုကို အခြေတည်ထားတဲ့ indie ရုပ်ရှင်ကားပါ။ ၂၀၁၁ ကထွက်ရှိခဲ့ပြီး Horror/Thriller နဲ့ Action အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီးတစ်ဦးက အွန်လိုင်းကနေ လိင်ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်သုံးယောက်ကနေ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုးဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်တော့ အဲဒီအမျိုးသမီးက Abin Cooper လို့ခေါ်တဲ့အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး ခေါင်းဆောင်တဲ့ Five Points Trinity Church အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေးအစွန်းရောက်အဖွဲ့ ဖြစ်ပြီး လိင်တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်သုံးယောက်တို့ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့မလား ဒီဂိုဏ်းရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက Horror/Thriller ဆိုပေမဲ့ သွေးထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန် indie ရုပ်ရှင်ဖြစ်ပြီး Stiges Film Festival မှာ Best ...
movie
Red State (2011)
5.1
What Comes Around (2023)
What Comes Around (2023) ====================အန်နာဟာ အမေနဲ့အတူနေတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဖြစ်တယ်။ သစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တဲ့အရွယ်မှာ အွန်လိုင်းကနေ အချစ်နဲ့ထိတွေ့မိတယ်။ အရူးအမူးပါပဲ။ သူ့မွေးနေ့မှာ အွန်လိုင်းပေါ်က ကောင်လေးဟာ မိုင်၉၀၀ဆိုတဲ့ အကွာအဝေးကို ဖြတ်ပြီး သူ့ဆီလာတွေ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကြည်နူးစရာ ကောင်းတဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးပါပေါ့။ဒါပေမဲ့ ကောင်လေးဟာ သူ့ကိုတွေ့ချင်လို့လာတယ်ဆိုတာ အကြောင်း ပြချက်တစ်ခုသာသာပါပဲ။ အပြင်မှာ တွေ့ရတော့ ထိုလူဟာ အသက် လိမ်ထားမှန်းသိလိုက်ရတယ်။ တကယ်တမ်းက ၂၈နှစ်အရွယ်အမျိုး သားတစ်ဦးဖြစ်တယ်။ အဲဒီအမျိုးသားရဲ့အချစ်ဦးဟာ အန်နာ့အမေ ပါတဲ့။ ဇာတ်လမ်းတွေကရှုပ်ကုန်ရပြီပေါ့ . ကျန်တာကိုတော့ ဇာတ်ကား ထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါကုန်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.62 GB) / (504 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator......Ngwe Zin Encoder..........SWM
movie
What Comes Around (2023)
2023
5.5
Mother, May I? (2023)
၅၂၈ မေတ္တာဆိုတာက ကမ္ဘာပေါ်မှာအကြီးမားဆုံးချစ်ခြင်းမေတ္တာတရားပဲဖြစ်ပါတယ်။ ဘယ်လိုပဲကိုယ်ဆိုးဆိုး ကိုယ့်မိဘတွေကတော့ကိုယ့်ကိုအချစ်စစ်နဲ့ မစွန့်ပစ်သွားပဲချစ်နေတုန်းပါ။ဒါပေမယ့်ဒီကားထဲက အမ်မက်ဆိုတဲ့သူကတော့ အဲ့ဒီ ၅၂၈ မေတ္တာကိုအပြည့်အဝမခံစားခဲ့ရပါဘူး။သူငယ်စဉ်ကသူ့အမေက သူ့ကိုစွန့်ပစ်သွားခဲ့ပြီးသေဆုံးတဲ့အချိန်အထိ သူ့ကိုအဆက်အသွယ်မလုပ်ခဲ့ပါဘူး။သေတမ်းစာထဲမှာသူ့အတွက်အိမ်တစ်လုံးပဲချန်ထားပေးခဲ့ပါတယ်။ ဒီလိုနဲ့ အမ်မက်လဲ သူ့ရဲ့ဇနီးလောင်းဖြစ်သူနဲ့အဲ့ဒီအိမ်ကိုသွားကြည့်ပြီးရောင်းဖို့အတွက် စီစဉ်ရင်းနဲ့အဲ့ဒီအိမ်မှာခဏတာနေခဲ့ကြပါတယ်။အဲ့ဒီအိမ်မှာကသူ့အမေရဲ့အငွေ့အသက်တွေပြည့်နှက်နေပြီး ခြောက်ခြားစရာလဲကောင်းလှပါတယ်။အဆိုးဆုံးကတော့ သူ့ဇနီးလောင်းအန်ညာက အိမ်ပြင်မှာမေ့လဲသွားပြီးနောက်ပိုင်းသူ့အမေလိုမျိုးစတင်ပြုမူလာတာပါပဲ။လုပ်ပုံကိုင်ပုံပြောပုံဆိုပုံတွေက အစသူ့အမေနဲ့တစ်ထပ်တည်းတူနေပြီးတော့ ရေမကူးတတ်ရာကနေ ချက်ချင်းတွေရေကူးတတ်သွားလို့ အမ်မက်တစ်ယောက်လဲရူးချင်သလို ဖြစ်လာပါတော့တယ်။အဲ့ထက်ပိုဆိုးတာကအဲ့လိုဖြစ်ပြီး သိပ်မကြာခင်မှာပဲချက်ချင်းကြီး အန်ညာတစ်ယောက်အရင်ပုံစံပြန်ဖြစ်သွားတာပါပဲ။ဒီလိုနဲ့အမ်မက်နဲ့အန်ညာနှစ်ယောက်အဲ့ဒီအိမ်ကြီးထဲမှာဘာတွေဆက်ဖြစ်ကြမလဲ။အဲ့ဒီအိမ်ကြီးထဲမှာရောဘယ်လိုအရာတွေရှိနေတာလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်သည်းထိပ်ရင်ဖိုဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.09GB/ 460MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Mother, May I? (2023)
5.9
The Passenger (2023)
The Passenger (2023)~ IMDb - 5.9/10, Rotten Tomatoes - 76% ~နာမည်ကျော် Horror ဇာတ်ကားတွေကို ထုတ်ထုတ်ပေးနေကျ Blumhouse ရဲ့ နောက်ဆုံးထွက်ကားပါ။ခုဇာတ်ကားကတော့ ငယ်ငယ်ကတည်းက Introvert ဖြစ်ပြီးတော့ Neurodevelopmental Disorder ဆိုတဲ့ စိတ်ရောဂါရနေတဲ့ ဘရက်ဒ်လေဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတပါ။ ဘရက်ဒ်လေက သူငယ်ငယ်တုန်းက ကျောင်းမှာမတော်တဆမှု တစ်ခုဖြစ်ပြီးကတည်းက ဘယ်အရာမှာမဆို ဆုံးဖြတ်ချက်ချဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး ကိုယ့်ပေါ်ကိုယ် ရပ်တည်ရမယ့်အစား သူများပြောတာမှန်သမျှကို ခေါင်းညိတ်ပြီး အောက်ကျခံတဲ့လူစားမျိုးပေါ့။ တစ်နေ့ သူ့အလုပ်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရန်ဖြစ်ရင်း လူသတ်မှုဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ ဘန်ဆန်ဆိုတဲ့ ဘရက်ဒ်လေ့ လုပ်ဖော်ကိုင်ဖက်ဟာ ဘရက်ဒ်လေ့ရဲ့ စိတ်ဒဏ်ရာ(ရောဂါ) ကိုကုဖို့ဆိုပြီး ရှာပုံတော်ထွက်ပါတော့တယ်။ဒီဇာတ်ကားဟာ Semi-Thriller နဲ့ Horror ဇာတ်ကားဖြစ်လို့ မိုးအေးအေးလေးမှာ Chill ချင်တဲ့ ...
movie
The Passenger (2023)
2023
7.3
American Sniper (2014)
American Sniper ( 2014 )IMDb Rating (7.3) / Rotten Tomatoes (72%)အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။Chris Kyle ဟာ အစကတော့ ...
movie
American Sniper (2014)
2014
4K HEVC
6.7
Cherry(2010)
Cherry (2010)=============IMDb 6.7 / Rotten Tomatoes 64%စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦးဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ AmericanComedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်းလို့တော့ မထင်လိုက်ပါနဲ့ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန်တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့်တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကိုယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါလက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာတစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီသင်တန်းကို သွားတက်ပါတော့တယ်သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအားမြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါတော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ်သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာအယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ်တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကိုတစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက်သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာဗျာများရင်း...ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ...စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre .....Comedy ...
movie
Cherry(2010)
6.9
Smile (2022)
Smile (2022) ========== IMDb Rating - 6.9/10ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM
movie
Smile (2022)
2022
Scream (2022)
Scream ရုပ်ရှင်တွေဟာ ကမ္ဘာကျော် ဖရန်ချိုက်စ် ရုပ်ရှင်တွဲတွေပဲမို့ အများစု သိပြီးသားဖြစ်မှာပါ။ အခုနောက်ဆုံးထွက်တဲ့ ရုပ်ရှင်က Scream-5 တော့ rating 7 အထိ ရထားတာပြီး အတော်ကြည့်လို့ကောင်းပါတယ်။ ခုနောက်ပိုင်း ရုပ်ရှင်တွဲပေါင်းစုံရဲ့ နောက်ဆက်တွဲတွေက ကြည့်ရတာ စိတ်ပျက်ရတာ များနေတဲ့အချိန်မှာ Scream ကတော့ တမူထူးခြားအောင်ပြသွားပါတယ်။ ဒီကားက လူသတ်ဟော်ရာကားဖြစ်သလို စုံထောက်လို လျို့ဝှက်ဆန်းကျယ်လိုလို ဟာသလိုလိုလေးတွေလည်းပါပါသေးတယ်။ ဟောလိဝုရဲ့ ရုပ်ရှင်အတွဲလိုက်ကြီးတွေကိုတောင် လှောင်သွားပါသေးတယ်. Scream-1 ဟာ အရမ်းကောင်းခဲ့ပေမဲ့ Scream 2,3,4 က သိပ်ခြေရာမနင်းနိုင်တာကိုလည်း ပြန်လှောင်ထားသလိုပါပဲ။ အရင်ရုပ်ရှင်တွေရဲ့ မူလဒါရိုက်တာက ဆုံးပါးသွားပြီဖြစ်လို့ ဒီကားကတော့ ဒါရိုက်တာအသစ်ရဲ့လက်ရာအသစ်ပါပဲ။ ဒါ့အပြင် သရုပ်ဆောင် လူငယ်အသစ်ကောင်းကောင်းတွေကို မူလရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ သေချာပေါင်းစပ်ထားပြီး ဇာတ်လမ်းကိုလည်း ဆန်းသစ်ထားတာမို့ rating ကောင်းရနေတာဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ဘူး စပရိုက်များများဖြစ်အောင်လို့ပါ။ ကြည့်ကြည့်လိုက်ပါ ...
movie
Scream (2022)
5.8
The Catch (2020)
The Catch (2020)=============IMDb Rating - 5.8/10ဒီတစ်ခါတော့ ဘ၀အခက်အခဲတွေ ဆိုးဝါးတဲ့ အတိတ်တွေနဲ့ ရှင်သန်နေရတဲ့ မိန်းမတစ်ယောက်အကြောင်း drama လေးပါ။ဇာတ်လမ်းအကျဉ်းရာသီဥတ အေးစက်ငြိမ်သက်နေတဲ့ တစ်နေ့မှာ ဘက်သ်ဆိုတဲ့ အမျိုးသမီးဟာအိမ်ဆိုတဲ့ အရပ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ငါးနှစ်တာ ဘာအကြောင်းမှ မကြားဘဲ ပျောက်သွားခဲ့လေတော့ဖခင်ဖြစ်သူကလည်း နွေးထွေးစွာ မကြိုဆိုခဲ့ပါဘူး။သူ ဇာတိမြေကို ပြန်လာခဲ့ရခြင်းကလည်း အကြောင်းရင်းတစ်ရပ်ရှိနေပါတယ်။ သို့ပေမဲ့ ဇာတိမြေရောက်တော့လည်း အဆင်မပြေမှုတွေကြောင့် သူ့ရဲ့အဖြစ်က ဒုက္ခပေါ် ဒုက္ခဆင့်သလိုပါပဲ၊ဒီတော့ သူဟာ အရင်ရည်းစားဟောင်းဖြစ်သူ ဒစ်ကီနဲ့ ပြန်တွဲပြီး . ဒီ ဒုက္ခတွေကို မသမာတဲ့နည်းနဲ့ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ ဒီလိုအဖြစ်တွေ ကြုံလာချိန်မှာ တစ်ဖက်က ကိုယ့်ဆန္ဒ၊ တစ်ဖက်ကမိသားစုဖြစ်နေလေတော့ ဘက်သ်တစ်ယောက် အကြပ်ရိုက်စရာတွေ ကြုံလာတဲ့အခါ . . . သူ ဘယ်လိုဆုံးဖြတ် ဖြေရှင်းမလဲ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဘက်သ်တစ်ယောက် ဒီဒုက္ခတွင်းကြီးထဲက ...
movie
The Catch (2020)
2020
5.3
Jennifer’s Body (2009)
ဒီဇာတ်ကားကတော့ မင်းသမီး မီဂန်ဖောက်ရဲ့ နာမည်ကြီး Horror ဇာတ်ကားပါ...Megan Fox အပြင် Amanda Seyfried လဲပါပါသေးတယ်...Horror ကားကောင်းလေးတစ်ကားဖြစ်တာနဲ့အညီ ကြည့်ရတာလည်း တော်တော့်ကိုကောင်းတဲ့ကားလေးကားလေးတစ်ကားလို့ဆိုထိုက်တယ်ဗျ။ ၂၀၀၉ ခုနှစ်ရဲ့ အချောလေးနှစ်ယောက် သူပြိုင်ကိုယ်ပြိုင်ဇာတ်ကောင်စရိုက်ယှဉ်ပြိုင်မှုတွေကလည်း နင်လား ငါလားနဲ့ကိုကြည့်ရတာအရသာတွေ့လှသလို မျက်စိပသာဒလည်းတော်တော်ဖြစ်တယ်ပေါ့လေ။ဂျနီဖာဟာတစ်ကျောင်းလုံးရဲ့အချစ်တော်အချောလေးဗျ။ အချောလေးဆိုတဲ့အတိုင်း အထက်တန်းကျောင်းပထမနှစ်လောက်တည်းကစပြီး ဘာညာကိစ္စနဲ့ပက်သက်လို့အတွေ့အကြုံရှိဖူးတယ်ပေါ့လေ။ပင်တိုင်ရည်းစားလေးရှိပေမဲ့ တစ်ခါတလေသဘောကျတဲ့ကောင်ချောလေးတွေတွေ့ရင် ကောက်ကောက်စားတတ်တဲ့ကောင်မလေးပေါ့။နိဒီကတော့ ဂျနီဖာရဲ့အချစ်ဆုံးသူငယ်ချင်းမလေးပေါ့ဗျာ။ ငယ်ငယ်တည်းကခင်လာကြတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့စရိုက်တွေကတော့ ဆန့်ကျင်ဖက်တွေပါ.. တစ်ယောက်က တစ်ကျောင်းလုံးရဲ့အလှပဂေးဖြစ်သလို ခေတ်ရှေ့ကိုနှစ်ဆလောက်ပြေးနေတဲ့သူ ၊ တစ်ယောက်ကတော့စာကြမ်းပိုးဗိုင်းကောင်းကျောက်ဖိ လူမသိသူမသိလေးဆိုတော့ ဇာတ်ကောင်ပိုင်းအရဆို ဆန့်ကျင်ဖက်နှစ်ယောက်ကသူငယ်ချင်းတွေဖြစ်နေတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းစတာကတော့ သူတို့ရဲ့နယ်မြို့လေးဆီကိုမြို့ကြီးပြကြီးကရော့ခ်ဂီတတီးဝိုင်းအဖွဲ့ရောက်လာတဲ့အခါ ခေါင်းဆောင်အဆိုတော် ကောင်ချောလေးပါမှန်း သိလိုက်တဲ့ဂျနီဖာက တစ်စခန်းထရာက စပါတယ်...သူစခန်းထတာမှာ အဖော်ပါဖို့ နိဒီကိုပါခေါ်ပြီး ရှိုးပွဲသွားကြရင်း ဘယ်လိုကြောက်မက်ဖွယ်အဖြစ်အပျက်တွေကြုံကြရမလဲဆိုတာ.....။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်နဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားပါတယ်။) File size…(1.8 GB) / (999 MB)/ (500 MB) Quality…BluRay Unrated 1080p/720p/480p Format…mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Jennifer’s Body (2009)
5.9
The Cleansing Hour (2019)
The Cleansing Hour (2019)====================IMDb Rating - 5.9/10 The Cleansing Hour ဆိုတဲ့ ရှိုးလေးဟာ 'မက်စ်' နှင့် 'ဒရူး' အတူတစ်ကွတည်ထောင်ခဲ့တဲ့ရှိုးလေးပါ။မက်စ်ကတော့ ဖာသာ 'မက်စ်' အဖြစ်နဲ့ လူတိုင်းက သူ့ကိုဖာသာတစ်ယောက်လို့သိထားပြီး 'ဒရူး' ကတော့မကြာခင် 'လိန်း' ဆိုတဲ့ သူချစ်သူနဲ့လက်ထပ်တော့မယ် ထုတ်လုပ်သူတစ်ယောက်ပါ။ သူတို့ဟာ ရှိုးကိုတိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ ပရိတ်ရေတို့ ပရိတ်ရွတ်ဖတ်ထားတဲ့အဝတ်စတို့ကို ရောင်းချပြီးစီးပွားရှာကြပါတယ်။ဒီလိုလုပ်ကြပေမယ့်လည်း နိုင်ငံအဝှမ်းက ပရိသတ်များကတော့ ဒီရှိုးကိုအခိုင်အမာအားပေးလျှက်ရှိနေပါတယ်။အမြဲတမ်း အဆင်ပြေချောချောမွေ့မွေ့နဲ့တင်ဆက်နိုင်ခဲ့တဲ့ရှိုးဟာ တစ်နေ့မှာတော့ အစွဲချွတ်ခံရမယ့်သရုပ်ဆောင်မလာတာကြောင့် 'ဒရူး' ဟာ 'လိန်း' ကို အစားထိုး သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။ 'လိန်း' ကလည်း တစ်ကိုယ်ကောင်းဆန်တဲ့ 'မက်စ်' ကိုကြည့်မရပေမယ့် ချစ်သူ 'ဒရူး' ကြောင့် ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့တိုက်ရိုက်ထုတ်လွှင်တဲ့အချိန်မှာ 'လိန်း' ကို တကယ့်မကောင်းဆိုးဝါးက ဝင်ပူးသွားသောအခါ...တကယ့်ဖာသာအစစ်မဟုတ်ဘဲ စီးပွားရေးအရရှိုးလုပ်ထားတဲ့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ထိတ်လန့်ဖွယ်ကြည့်ရမှာပါ။ဒီဇာတ်ကားလေးက ...
movie
The Cleansing Hour (2019)
2019
Ghosts of War 2019
Word War II ရဲ့အမှောင်ဆုံးသောညတွေမှာ စစ်သားငါးယောက်ဟာ နာဇီလူမျိုးရာထူးမြင့်သမားတွေ သိမ်းပိုက်ခဲ့တဲ့ နန်းတော်ကိုစောင့်ကြပ်ဖို့ အမိန့်ပေးခြင်းခံခဲ့ရပါတယ် သူတို့ရဲ့တာဝန်ကတော့ ထိုအိမ်ကြီးကိုစောင့်ကြပ်ရုံပဲဖြစ်ပေမယ့် စရောက်လာတဲ့နေ့ညရောက်တည်းက ထူးဆန်းတဲ့ကိစ္စရပ်တွေနဲ့ကြုံတွေ့ခဲ့ပါတော့တယ် အဲ့ဒီထူးဆန်းတဲ့အိမ်မက်ဆိုးကြီးလိုအရာကနေ ရုန်းထွက်ဖို့ကြိုးစားကြရင်း နောက်ထပ်ထူးဆန်းတဲ့ မထင်မှတ်ထားတဲ့အရာတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ကြမလဲ ထူးဆန်းတဲ့အရာတွေက ဘာတွေများလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ရှုစားလိုက်ကြပါဦးFile Size : 650 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:34:00 Genre : Horror, Thriller, War Subtitle : Myanmar Subtitle (Hard Sub) Translated by Thi Ha Encoded by Littleneo
movie
Ghosts of War 2019
5.2
A Nightmare on Elm Street 2010
Horror ကားကြိုက်သူတွေအတွက် အိပ်မက်ထဲက လူသတ်သမားကြီးဖရက်ဒီဆိုရင် လူသိများကြမယ်ထင်ပါတယ် ဖရက်ဒီအကြောင်းပြောရမယ်ဆိုရင်တော့ သူဟာသူသတ်ချင်တဲ့သူကို အိပ်မက်ထဲမှာသတ်လိုက်ဆိုရင် အပြင်မှာ တကယ်သေသွားရတယ်…. သူသည်ဘာလို့ အဲ့ဒီလိုမျိုးဘာလို့လိုက်သတ်ရသလဲ…. အဲ့ဒီမြုပ်ကွက်ကိုက စိတ်ဝင်စားစရာကောင်းပါတယ် သူသည် အလကားသက်သက် ဖရက်ဒီဆိုတဲ့ နာမည်ကြီး လူသတ်သမားတယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူးဇာတ်လမ်းအကျဉ်း : ဇာတ်လမ်းအစကတည်းက အိမ်မက်တခုနဲ့အစပျိုးထားပြီး ကော်ဖီဆိုင်တခုထဲမှာအိမ်မက်မက်နေတဲ့ ဒင်းန် တယောက် လန့်နိုးသွားပါတယ်..သူ့သူငယ်ချင်းရောက်လာတော့ ဒီအိမ်မက်တွေအကြောင်းကိုပြောပြဖြစ်တယ်.. တကယ်လိုခံစားနေရတဲ့အကြောင်း လုံးဝမအိပ်ရဲတော့တဲ့အကြောင်းကိုပြောပြပေမယ့် သူ့သူငယ်ချင်းခရစ်က ဒါတွေဟာ အိမ်မက်သက်သက်သာဖြစ်ပြီး စိတ်မပူဖို့ပြောပြီး သန့်စင် ခန်းထသွားခဲ့တယ် တချက်ပြန်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့ ဒင်းန်တစ်ယောက်အသက်ပါပေးလိုက်ရပါတော့တယ် နောက်ပိုင်းမှာ ခရစ်ကလည်း ထိုအိမ်မက်တွေမြင်မက်.. တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီးတော့ ဘာကြောင့်ဒီလိုအိမ်မက်တွေသူတို့မှလာဖြစ်ရတာလဲ.. ဆိုပြီး ကြားထဲက ဆက်နွယ်မှုတစ်ခုကို နောက်ဆုံးကျန်နေတဲ့ ကွမ်တင် နဲ့ နန်စီ တို့ စုံစမ်းရင်းနဲ့ကနေပြီးတော့ ရလာတဲ့ရလဒ်ကတော့ ဆက်လက်ကြည့်ရှုခံစားကြပါ Download Here ( 800 MB ) - Google Drive | Openload | MegaUp
movie
2010
5.9
The Cleanse (2016)
CM ပရိတ်သတ်တွေထဲမှာ အသည်းကွဲတဲ့သူတွေရှိလားမသိဘူး။ဒီကားက အသည်းကွဲတဲ့ ကျွန်တော့်ဘော်ဒါတွေအတွက်ပါ။IMDB Rating 5.3 ရရှိထားပြီး Comedy,Drama,Fantasy လို့ရေးထားပေမယ့် မရယ်ရပါဘူးလို့ပြောချင်ပါတယ်။မရယ်ရပါဘူး။တကယ်ကို အေးအေးဆေးဆေးကြည့်ပြီးတော့ လေးလေးနက်နက် တွေးရမယ့်ဇာတ်ကားပါ။ခက်ခက်ခဲခဲ တခြားအကြောင်းအရာတွေမဟုတ်ပဲ ကိုယ်ကိုယ်တိုင်ရဲ့ အကြောင်းတွေကိုပြန်စဉ်းစားဖို့သင့်ပါပြီ။ဝမ်းနည်းမှုတွေ၊ နာကျင်မှုတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။အဓိက ဇာတ်ကောင်ဖြစ်တဲ့ Paul တစ်ယောက်သူ့ရဲ့အသည်းကွဲဝေဒနာကို ရင်ဆိုင်ဖို့ သန့်စင်ခြင်းဆိုတဲ့ ကုစားခြင်းသင်တန်းတစ်ခုကို သွားပြီးတော့ ကုစားတာကိုကြည့်ရင်းနဲ့ ကျွန်တော်တို့ရဲ့ဝမ်းနည်းမှုတွေ နာကျင်မှုတွေကို ကုစားနိုင်မလားဆိုတာကြည့်ရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)File Size : (655 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 21min Format : Mp4 Genre : Comedy, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEB-DL DD5.1 H264-CMRG Translated by d3mon Encoded by ...
movie
The Cleanse (2016)
2016
5.9
The Haunting in Connecticut (2009)
The Haunting in Connecticut (2009)_____IMDb - 5.9/10 ဒီနေ့ အတွက်တော့ ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ကြည့်ရှုရတာ ပိုပြီး အရသာရှိစေမှာပါ... မတ် ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကင်ဆာ ရောဂါ ကို ရင်ဆိုင်နေရပါတယ် အမြဲလိုလို မြို့ပေါ် တက်ပြီး ဆေးရုံပြရလို့ မတ် ရဲ့ အမေ ဟာ အဲ့ဒီ မြို့ပေါ်က ဆေးရုံနားမှာ အိမ်ငှားပြီး မတ်ရဲ့ ရောဂါ ကို ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူမ တို့မှာ အိမ်ငှားဖို့ ပိုက်ဆံ မလုံလောက်တဲ့အတွက် ဈေးသင့်မယ့် အိမ်ကို ရှာဖွေရင်း ဆေးရုံနားမှာပဲ အိမ်အကြီးကြီး တစ်ခုကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ရရှိခဲ့ပါတယ်.. အိမ်ငှားပြီးနောက် မိသားစု အားလုံးပါ ပြောင်းရွှေ့လာပါတယ် အိမ်မှာ အခန်းတွေ အများကြီး ရှိတဲ့ အနက် မတ် ကတော့ သူနေပျော်မယ်ထင်တဲ့ မြေအောက်ခန်းကို ရွေးချယ်ပြီးနေခဲ့ပါတယ် ဒီအိမ်က ဘာကြောင့်ဈေးပေါနေလဲဆိုတော့ အိမ်ကြီးရဲ့ ဟိုးအရင်ပိုင်ရှင်တွေဟာ ဒီအိမ်ကို အသုဘ ပြင်တဲ့ လုပ်ငန်းအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပြီး အိမ်ရဲ့ ဇတ်ကြောင်းဟာလဲ ...
movie
The Haunting in Connecticut (2009)
2009
6.8
The Finest Hours (2016)
The Finest Hours (2016) IMDb - 6.8/10______Rotten - 64%အသက်အန္တရာယ်ကြားကနေ ရုန်းကန်လွတ်မြောက်ဖို့ကြိုးစား ရတဲ့အခက်ခဲဆုံး အချိန်တွေဟာ ကြုံတွေ့နေရတုန်းကတော့ သေမလောက်ထိတ်လန့်စရာကောင်းပေမယ့် ကျော်ဖြတ်လွန်မြောက်ပြီးတဲ့အခါ မှာပြန်ပြောပြစရာဇာတ်လမ်းလေး တစ်ခုအဖြစ် ဘာနဲ့မှမလဲနိုင်တဲ့ ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်နေတက်ပါတယ်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးရဲ့ဇာတ်အိမ်ကို မုန်တိုင်းထန်တဲ့နေ့တစ်နေ့ရဲ့ ညတစ်ညမှာ ဆီတင်သဘောၤတွဲကြီး နှစ်စင်းဟာ ပင်လယ်ထဲမှာထက်ပိုင်းကျိုးထွက်သွားတာနဲ့ ဇာတ်အိမ်တည်ထားပါတယ် ဒီသတင်းကိုကြားလိုက်ရတဲ့ မြို့လူထုရော ကမ်းခြေစောင့်ကယ်ဆယ်ရေးတပ်ဖွဲ့တွေရောဗျာများကုန်ကြပြီး ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုလွှတ်ကြရပါတော့တယ် ဒီမှာပဲ မင်းသား ဘာနီဝက်ပါဆိုတဲ့ လူငယ်လေးခေါင်းဆောင်တဲ့ လူလေးယောက်အဖွဲ့ဟာ မုန်တိုင်းထန်နေတဲ့ပင်လယ်ပြင်မှာကယ်ဆယ်ရေးခရီးစဉ်ကို ထွက်လာရပါတော့တယ် တစ်ဖက်မှာလဲ ထက်ပိုင်းကျိုးနေတဲ့သဘောၤပေါ ်က သဘောၤသားတွေရဲ့ အသက် ရှင်သန်ဖို့ကြိုးစားအားထုတ်ကြရပုံ တွေကိုတင်ဆက်ထားပြန် ပါတယ် ဆဲလ်ဘက်လို့ခေါ ်တဲ့သဘောၤသားရဲ့ခေါင်းဆောင် ှုမှုအောက်မှာသဘောၤသားတွေ ရှင်သန်ဖို့ဘယ်လိုကြိုးစားကြ ရမလဲ ကယ်ဆယ်ရေးအဖွဲ့က ဘာနီဝက်ပါရဲ့အားထုတ်ကြိုးပမ်းမှုကရော သဘောၤသားတွေကို ကယ်ထုတ်လာနိုင်ပါ့မလား ကိုယ်တိုင်လဲ ချစ်သူ မီရီယန် ဆိုတဲ့မိန်းမပျိုလေးနဲ့ လက်ထပ်တော့မယ့် ဘာနီဟာ မိမိချစ်သူဆီကိုပြန်နိုင်ပါ့မလား လူများစွာရဲ့မိသားစုတွေကိုရောပြန်လည်ပေါင်းစည်းပေးနိုင်ပါ့ မလားဆိုတာကိုတော့……………………ဇာတ်ကားအစအဆုံး ရင်တမမကြည့်ရမယ့် ဒီဇာတ်ကားလေးဟာ IMDb rating 6.8/10ရရှိထားပြီး Action,Thriller အမျိုးအစားဖြစ်ပါတယ် Actionကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။ ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Translator Han Htoo Zaw ကရေးသားပေးခဲ့တာပါ။File Size :799 MB Quality :720 Blu-Ray Format :MP4 Substitle :Myanmar Substitle(hardsub) Encoder ...
movie
The Finest Hours (2016)