Channel Myanmar

Lauren Graham

Bad Santa (2002) 7.1
Bad Santa (2002)  ဒီတစ်ခါမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဇာတ်ကားလေးတွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Bad Santaဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုဒါရိုက်တာTerry Zwigoffကပုံဖော်ရိုက်ကူးထားပြီး မင်းသား Billy BobThornton ,Tony Coxနဲ့မင်းသမီးLauren Grahamတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးrating 7.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားဟာ Artios Award ဆုကိုရရှိထားပြီးဝီလီအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Billy Bob Thoronက အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ အမြဲတမ်းမူးရူးသောက်စားနေတဲ့ဝီလီတစ်ယောက် ဘဝကိုစိတ်ပျက်လက်ပျက်လက်မှိုင်ချနေပုံတဲ့ စတင်ထားပါတယ်အဲ့နောက် သူငယ်ချင်းဖြစ်သူ မားကတ်နဲ့တွေ့ဆုံမိပြီး ခရစ်စမတ်ကိုငယ်ငယ်ကတည်းကမဆင်နွှဲခဲ့ရတဲ့ ဝီလီကဆန်တာကလော့စ်အဖြစ် သူငယ်ချင်းဖြစ်သူ မားကတ်ကနတ်သူငယ်လေးအဖြစ် ဟန်ဆောင်ပြီး ခရစ်စမတ်အကြိုနေ့ညရောက်တိုင်းမှာ ကုန်တိုက်က မီးခံသေတ္တာတွေကိုလိုက်ဖောက်လေ့ရှိကြပါတယ် နောက်ဆုံးရဲကမသင်ကာလို့လိုက်ဖမ်းရာကနေ ဝီလီကအဖွားနဲ့အတူတူနေတဲ့ အမေးအမြန်းထူတဲ့ မိတဆိုးကောင်လေးတစ်ယောက်နဲ့ ဆုံမိပါတယ်ဇာတ်လမ်းက မိတဆိုးကောင်လေးရဲ့ အမေးအမြန်းထူမှုတွေ သူငယ်ချင်းနှစ်ယောက်ကြားကပြောစကားတွေကြောင့် ကြည့်ရှသူပရိတ်သတ်ကို ဝါးလုံးကွဲအောင် ရယ်ရစေမှာ အမှန်ပါပဲအဲ့ဒီနောက်ကလေးတွေဆိုရင်သဘောမကျတတ်တဲ့ ဝီလီတစ်ယောက်ဘယ်လိုမျိုးပြောင်းလဲသွားမလဲဝီလီတို့သူငယ်ချင်းနှစ်ယောက် ကရော ရဲလက်ကနေ လွတ်အောင်ဘယ်လိုမျိုးရှောင်ပြေးကြမှာလဲခရစ်စမတ်နဲ့ပတ်သက်တဲ့ ဝီလီရဲ့သဘောထားကရော ဘယ်လိုရှိမလဲနောက်ဆုံးမှာဝီလီတစ်ယောက်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲ ဆိုတာဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက ...
movie

Bad Santa (2002)

Cloudy with a Chance of Meatballs (2009) 6.9
Cloudy with a Chance of Meatballs (2009) ကာတွန်းဆိုတဲ့ ရုပ်ရှင်အမျိုးအစားက ကလေး လူငယ်လူကြီးမရွေး နှစ်သက်ကြတဲ့၊ ကြည့်ရှုဖြစ်ကြတဲ့ ရုပ်ရှင်အမျိုးအစားတစ်မျိုးပါ။ဟိုးအရင်က ထွက်ခဲ့တဲ့ ကာတွန်းကားတွေထဲကမှ စားစရာတွေမိုးပေါ်ကကျလာတဲ့ ကာတွန်းကားလေလို့ ပြောလိုက်ရင် မသိတဲ့သူမရှိသလောက်ဖြစ်ခဲ့ဖူးတာကို သိကြမှာပါ။အဲဒီ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားကိုCM ကနေ quality ကောင်းကောင်းနဲ့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ဒီကာတွန်းကားလေးက ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီးတော့Columbia Pictures နဲ့ Sony Pictures တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၃ သန်းအထိ ရရှိခဲ့ပါတယ်။ မသိတဲ့သူတွေရော သိတဲ့သူတွေပါ ထပ်သိသွားရအောင်လို့ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ ဒီဇာတ်ကားလေးထဲမှာအဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီးပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။ဒါပေမဲ့ သာမန်ကလေးတွေကြားမှာသူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။သူနေတဲ့ မြို့လေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြို့လေး။ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင်တစ်မြို့လုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။တစ်မြို့လုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။တစ်နေ့မှာတော့ ဖလင့်က ...
movie

Cloudy with a Chance of Meatballs (2009)

2009
It’s Kind of a Funny Story (2010) 7.1
It’s Kind of a Funny Story (2010)  2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း ...
movie

It’s Kind of a Funny Story (2010)

The Pacifier (2005) 5.6
The Pacifier (2005) The Pacifier (2005)ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက "ချိုလိမ်" ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ ...
movie

The Pacifier (2005)

2005
Evan Almighty (2007) 5.4
Evan Almighty (2007) Evan Almighty (2007) =============ကမ္ဘာဦးအစမှာ အဖြစ်အပျက်တစ်ခု ဘုရားသခင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ခရစ်ယာန် သမ္မာကျမ်းကဆိုပါတယ်။ အကျင့်ပျက် အကုသိုလ်တွေနဲ့ ဆိုးသွမ်းလာတဲ့ လူသားတွေအပေါ် ဘုရားသခင်က ကြီးမားတဲ့အပြစ်ပေးခဲ့တယ်။ လူသားတွေဟာ ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးအောက်မှာ သေကြေပျက်ဆီးသွားပြီး လူသားမျိုးနွယ် ချုပ်ငြိမ်းရမယ့်အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပေါ့။ဒါပေမယ့် နောဧဆိုတဲ့ လူသားတစ်ယောက်ကိုတော့ ဘုရားသခင်က အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ကမ္ဘာကြီးကို restart ချတဲ့ပုံစံနဲ့ ရွေးချယ်ခံရတဲ့ လူသားတွေ တိရိစ္ဆာန်မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ကြီးမားတဲ့ အာ့ခ် လှေကြီးတစ်စင်း တည်ဆောက်ရန်အတွက် နောဧကို ဘုရားသခင်က သတိပေးခဲ့တယ်။ နောဧက ဇနီးတစ်ယောက် သားသုံးယောက်နဲ့ လှေကြီးကိုတည်ဆောက်ပြီး လူသားများနဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုမှာ အဖိုအမ တစ်စုံစီကို ရေလွှမ်းမိုးမှုကြီးကနေ ကယ်တင်နိုင်ခဲ့တယ်။အဲဒီလိုအဖြစ်မျိုး ယနေ့ကာလမှာ ထပ်မံပေါ်ပေါက်လာဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရေလွှမ်းမိုးမှုကြီးက ဘုရားသခင်ရဲ့ အမျက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူသားတွေရဲ့ အမှားကြောင့်ဖြစ်ပေါ်လာတာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ...
movie

Evan Almighty (2007)

2007
Sweet November (2001) 6.7
Sweet November (2001) Sweet November (2001)===================IMDb Rating - 6.7/10#Unicodeဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နိုဝင်ဘာလရဲ့ အချစ်ဇာတ်လမ်း Drama လေးပဲဖြစ်ပါတယ်။ ခွေးလေးတွေကို ချစ်တဲ့သူ၊ မိသားစုတွေနဲ့ အဆင်မပြေပြီး တစ်ယောက်ထဲဘဝကို ရူးရူးမိုက်မိုက်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကင်ဆာရောဂါသည်မလေး ဆာရာ....ဘဝကို ပြေးလမ်းတစ်ခုလို သဘောထားပြီး ဘဝကို အလုပ်ထဲမှာပဲ အချိန်ပြည့်နစ်မြှုပ်ထားတဲ့ နယ်လ်ဆင်......သူ့ဘဝထဲ ဆာရာဆိုတဲ့ ရူးမိုက်မိုက်ကောင်မလေးဝင်ရောက်လာချိန်မှာတော့ ဘဝရဲ့အဓိပ္ပါယ်၊ ပျော်ရွှင်မှုတွေကိုဆာရာကြောင့် သိရှိခဲ့ရတယ်။ နယ်လ်ဆင်တစ်ယောက် အချစ်ကိုခံစားမိချိန် ဆာရာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နယ်လ်ဆင့်အချစ်ကို ဆာရာတစ်ယောက် လက်ခံပါ့မလား။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုရမှာဖြစ်ပါတယ်။Sweet November ဝတ္ထုကို 1968 ခုနှစ်က ဇာတ်ကားပြန်လည်ရိုက်ကူးထားပြီး Sweet November နာမည်နဲ့မင်းသားက Anthony Newley နဲ့ မင်းသမီးက Sandy Dennis တို့ သရုပ်ဆောင်ခဲ့ပါတယ်။2001 ခုနှစ်မှာတော့ ထိုဇာတ်ကားကို Sweet November ...
movie

Sweet November (2001)

2001
Middle School: The Worst Years of My Life (2016) 6.1
Middle School: The Worst Years of My Life (2016) ဒီဇာတ်ကားလေးကတော့ 2016 မှာထွက်ရှိထားတဲ့ အလယ်တန်းကျောင်းသားဟာသကားလေးပဲ ဖြစ်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ 'ရေးဖ်'ဆိုတဲ့ကောင်လေးဟာ စိတ်ကူးယဉ်ဆန်တတ်ပြီး အမွှေဇယားတွေဖန်တီးတတ်တဲ့ ကောင်လေးတစ်ယောက်ပါအရင်ကျောင်းတွေကနေ ကျောင်းထုတ်ခံရပြီးနောက် စည်းကမ်းတင်းကျပ်တဲ့ ကျောင်းတစ်ကျောင်းကို'ရေးဖ်'တစ်ယောက် ရောက်ရှိသွားရာမှစပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူ့ရမှာပဲဖြစ်ပါတယ်ဟာသအမျိုးအစားလေးဖြစ်ပေမဲ့ မိသားစုပြဿနာများ ညီအစ်ကိုမောင်နှမသံယောဇဉ်များကို ရိုက်ကူးဖော်ပြထားသဖြင့် လက်မလွှတ်တမ်းကြည့်ရှူ့ရမည့် ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ပါ)File Size : (700 MB) and (434 MB) Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Lyric Lynn Khant Encoded by Thanhtike Zaw
movie

Middle School: The Worst Years of My Life (2016)

2016