Channel Myanmar

Lee Kang-Sheng

Everything Is Unknown ( 2023 ) 5.9
Everything Is Unknown ( 2023 ) Everything is unknown ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဘဝကြီးကို ပြီးဆုံးပြီလို့ ထင်ထားတဲ့ လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာ ကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်... ဒီမတော်တဆနောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့ အဆုံးသတ်နေရာကနေ တစ်နေ့မှာ သူ့အဖေ သေဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့ စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်...ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ ၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်... လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့...ကံကောင်းစွာနဲ့ ကလေးကလည်း သူ့အပေါ် တွယ်တာတာ မြင်ရတာမို့ ခဏလေးနဲ့ ရင်းနှီးခဲ့တယ်... ဒါပေမယ့် ကလေးက ရောဂါသည်လေးမို့ ခွဲစိတ်ဖို့ သိန်း ၂၀ လိုတယ်ဆိုပြီး လင်းယွဲ့က ပြောပြတာမို့ ဖန်ယိမင်တစ်ယောက် လို နေတဲ့ ပိုက်ဆံကို အမွေထဲက ပေးဖို့ ...
movie

Everything Is Unknown ( 2023 )

I Don’t Want to Sleep Alone (2006) 6.9
I Don’t Want to Sleep Alone (2006) I Don't Want to Sleep Alone (2006)~ IMDb - 6.9/10, Rotten Tomatoes - 88% ~" Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် "ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော...။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား...။မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ ...
movie

I Don’t Want to Sleep Alone (2006)

2006
Help Me, Eros (2007) 6
Help Me, Eros (2007) (18+) Help me Eros (2007)လွင့်နေတဲ့ဇာတ်လမ်းကြည့်ချင်ပါတယ်ဆို ဒီကားကိုသာ​ ပြေးကြည့်လိုက်တော့။ အလွင့်ကိုမှ အငြိမ်ဇယားလေးလွင့်တာ။လောကမှာ အသက်ရှင်ချင်တဲ့သူတွေက စောစောစီးစီး ဘဝကထွက်သွားကြရပြီး ဆက်ရှင်သန်လိုစိတ်မရှိတဲ့သူတွေကို ဒုက္ခတွေ တစ်လှေကြီးနဲ့ အသက်ရှည်အောင် ပစ်ထားတာမျိုး။အဲ့လိုလောကမှာ​ ခက်ခဲပင်ပန်းပြီးကုန်းကောက်စရာမရှိအောင်မွဲတေ​နေပေမယ့် လူဆိုတာအချစ်ကိုမျှော်လင့်တတ်ကြတုန်းပဲ။ ကျန်တာ မရှိချင်နေ "အချစ်" ဆိုသော ထိုအရာက လူတစ်ယောက် ရှင်သန်ဖို့လုံလောက်တဲ့အကြောင်းပြချက်ပဲ။ကိုယ်ကချစ်နေပေမယ့် ကိုယ့်အချစ်ကို တန်ဖိုးမထားတော့တဲ့အခိုက်အတန့် ၊ သူထွက်သွားပြီးမှ သူ့အချစ်ကိုနားလည်တဲ့အခိုက်အတန့်၊ အချစ် ဆိုတာ မရှိတော့တဲ့အခိုက်အတန့်ဟာ နောက်ဆုံးကောက်ရိုးမျှင်ပါ နှစ်မြုပ်သွားသလိုပါပဲ။မှတ်ချက်- အချစ်ဇာတ်လမ်းဆိုပေမယ့် 18+ တော့ ပါတာမို့ မိသားစုနဲ့ ကြည့်ဖို့ကတော့ မသင့်တော်ပါကြောင်း။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Adult, Drama Quality…. 720p | 480p File size… 1.1GB | 510MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... ...
movie

Help Me, Eros (2007)

2007
[18+] The Wayward Cloud (2005) 6.5
[18+] The Wayward Cloud (2005) The Wayward Cloud (2005)~ IMDb - 6.5/10, Rotten Tomatoes - 78% ~ (ဒီလိုခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲကြည်အောင် 720p ထိချဲ့ကုတ်ပေးလိုက်ပါတယ်ခင်ဗျာ) ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ရဲ့ အမှတ်သညာလိုဖြစ်နေတဲ့ကားလို့ ပြောရမှာပဲ။ နောက်ဒီကားအမျိုးအစားက မြူဇစ်ကယ်ဒရာမာ။ မြူဇစ်ကယ်ဒရာမာအရေအတွက်က တရုတ်ရဲ့ ရုပ်ရှင်တွေထုတ်လုပ်နှုန်းနဲ့ ယှဉ်ရင် ၀.၀၀၁ ရာခိုင်နှုန်းတောင် ရှိပါ့မလားပဲ။ တရုတ်မြူဇစ်ကယ် ဒရာမာစစ်ကလည်း ပိုရှားတယ်။ ကြည့်ဖူးသလောက်ထဲတော့ ဟောင်ကောင်မှာဆို Perhaps Love, နောက်ထိုင်ဝမ်က ဒီကား၊။ ဒီလောက်ပဲ တွေ့ဖူးတယ်။ ဒီကားက မြူဇစ်ကယ်ဒရာမာဖြစ်နေရုံတင်မဟုတ်ဘဲ တကယ့်ငစားကားလည်း ဟုတ်တယ်။ ဘယ်လိုစားလဲတော့ ခင်ဗျားကိုယ်တိုင်ကြည့်မှ သိမှာပဲ။ အပြမှာတင်စားတာမဟုတ်ဘဲ သူ့သီချင်းတွေကလည်း စားတယ်။ မသိတဲ့လူသွားပြရင်တော့ အောကားလားလို့တော့ အမေးခံရမှာပဲ။ Tsai Ming-liang အနေနဲ့ဆိုရင်တောင် တော်တော်စားတဲ့ကားလို့ပြောရမှာပါပဲ။ ဒီရုပ်ရှင်က ...
movie

[18+] The Wayward Cloud (2005)

2005
[18+] Hotel Iris (2021) 5.4
[18+] Hotel Iris (2021) Hotel Iris (2021)အိုဆာကာ အာရှရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဟိုတယ် အိုင်းရစ်လို့ခေါ်တဲ့ Hiroshi Okuhara ရဲ့ ရုပ်ရှင်အသစ်ဟာ တော်တော်ကို ဆန်းဆန်းပြားပြားနဲ့ Adult ကားဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ Mystery ကားတစ်ကားရဲ့ လျှို့ဝှက်မှုတွေ အသားစိုင်တွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်လို့ ပြောလည်းမမှားပါဘူး။ဒီကားက တစ်နေ့ကတင် ကျွန်တော်ကြည့်ခဲ့တဲ့ A Quiet Family လို့ခေါ်တဲ့ ရယ်လည်းမရယ်ရ ဘာပြလို့ပြချင်မှန်းမသိတဲ့ ကိုရီးယားကားနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ သို့ပေမဲ့ ဒီကားကတော့ သူ့ဘာသာ Mystery လိုင်းကို အပြည့်အဝသွားထားတဲ့၊ အများကြီးပိုကောင်းတဲ့ကားပါ။ သရုပ်ဆောင်တွေကလည်း တော်တော်လေး မိုက်တယ်လို့ပြောလို့ရပါတယ်။ ကားကောင်းသိပ်မရှိတဲ့ ဂျပန်ကထုတ်တဲ့ကားအနေနဲ့ဆို တော်တော်ကောင်းတဲ့ ရှားပါးကားလေးပါပဲ။ ဒီလို လျှို့ဝှက်ဆန်းကြယ်ပြီး အသားစိုင်တွေရဲ့ လှပခြင်းနဲ့ ဝင်းဝါတောက်ပနေတဲ့ကားမျိုးကို တစ်ကိုယ်ရေအနေနဲ့ပဲ ကြည့်ကြစေချင်ပါတယ်။ သိကြမယ်မို့လား... ဒီကားဟာ ကိုယ်မြင်ချင်ပေမဲ့ ကိုယ်မြင်ချင်တာ သူများမမြင်စေချင်တဲ့ ...
movie

[18+] Hotel Iris (2021)

2021
Goodbye, Dragon Inn (2003) 7.1
Goodbye, Dragon Inn (2003) Goodbye, Dragon Inn ( 2003 ) ---------------------------- Directed by Tsai Ming LiangBreathless ရုပ်ရှင်ထဲက Godard ရဲ့ ဒိုင်ယာလော့တစ်ကြောင်းရှိတယ်။ ဘဝရဲ့အကြီးကျယ်ဆုံးပန်းတိုင်က immortal ဖြစ်လာပြီးမှ သေဖို့ပဲတဲ့။ ဒီလိုမသေမျိုးဖြစ်လာပြီးမှ သေသွားတဲ့လူတွေ ရှိတော့ရှိပါတယ်။ ဗန်ဂိုး , မိုးဇက် , ဟိုးမား , မိုက်ကယ်အိန်ဂျလို , တာကော့စကီး...။ လွယ်တော့မလွယ်လှဘူးပေါ့။ အခက်ဆုံးအရာလို့ ပြောရင်တောင်ရမလားပဲ။ဂွတ်ဘိုင်ဒရာဂွန်အင်း တစ်ကားလုံးက ရုပ်ရှင်ရုံဟောင်းတစ်ခုမှာ တစ်ချိန်က legenကြီး ကင်းဟူရဲ့ ဒရာဂွန်အင်းကားပြနေတဲ့ အချိန်တစ်ခုကို ရိုက်ထားရုံသက်သက်ပဲ။ ဒီလိုရိုက်တာ Tsai Ming Liangပထမဆုံးတော့ မဟုတ်ဘူးပေါ့။ ရုပ်ရှင်ကို ရုပ်ရှင်ပိုဆန်စေခဲ့တဲ့ အင်ဂမာဘတ်မန်းတို့ အီရန်ရုပ်ရှင်က ဆရာတစ်ဆူဖြစ်တဲ့Abbas Kiraostami တို့လည်း ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ Tsai Ming Liangကလည်း Tsai Ming ...
movie

Goodbye, Dragon Inn (2003)

Vive L’Amour (1994) 7.4
Vive L’Amour (1994) Vive L'Amour (1994)~ IMDb - 7.4/10, Rotten Tomatoes - 86% ~Directed by "Tsai Ming-liang"ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ ...
movie

Vive L’Amour (1994)

1994
[18+]Sashimi (2015) 5
[18+]Sashimi (2015)  Sashimi (2015)ဇာတ်လမ်းအစမှာတော့ အပြာမင်းသမီးတစ်ယောက် နာဆုမိနဲ့ ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ မင်းသားတစ်ယောက် HIV ပိုးကူးစက်ခံရပြီး မင်းသားက သူ့ကိုယ်သူအဆုံးစီရင်သွားတဲ့ သတင်းက ပျံ့နှံ့လို့နေပါတယ်။နာဆုမိတစ်ယောက် အပြာကားတွေရိုက်နေစဥ်ကာလတစ်လျှောက်လုံး ရုပ်ရှင်တစ်ကားထွက်တိုင်း ထိုင်ဝမ်ကနေ သူ့ဆီ ပို့စ်ကဒ်တစ်ကဒ် အမြဲရောက်လာခဲ့ပါတယ်။ HIV ပိုးရောဂါရှိမှန်းသိလိုက်ရတဲ့ အချိန်ကစပြီး အပြာကားတွေဆက်မရိုက်တော့ဘဲ နာဆုမိက သူ့ဆီအမြဲစာပို့နေတဲ့ သူနောက်ကို ခရီးဆက်ခဲ့ပါတယ်။ နာဆုမိကို ပိုစ့်ကဒ်တွေ ပို့ပေးနေသူဟာ ဘယ်သူဖြစ်မလဲ... ဘာကြောင့် နာဆုမိဆီ ပိုစ့်ကဒ်တွေပို့ပေးနေရတာလဲ... နာဆုမိနဲ့ သူ့ဆီစာအမြဲပို့နေတဲ့သူက ဘယ်လိုဆက်စပ်မှုရှိမလဲ ဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး ။File Size__(1.6GB) / (750MB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:24:00 Type__Adult, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Dark Devil
movie

[18+]Sashimi (2015)

Rebels of the Neon God(1992) 7.6
Rebels of the Neon God(1992) ခေါင်းစဉ်အတိုင်းပါပဲ... ရုပ်ရှင်ဟာ..... ထိုင်ပေမြို့က လူငယ်တွေအကြောင်းပဲ။နီယွန်မီးတွေ စုန်းမီးတောက်သလိုထနေတဲ့ တိုင်ပေရဲ့ညဟာ နီယွန်နတ်ဘုရားပေါ့။ ဟိုမောင်ဖီလာကဗျာထဲက စာသားလို "လူငယ်ဆိုတာ သူပုန်စိတ်ကလေး နည်းနည်းတော့ရှိတာပဲ"မဟုတ်လား။ထိုင်ပေညရဲ့ သူပုန်တွေဟာ စီးကရက်ကို လက်ကမချပါဘဲ တယ်လီဖုန်းရုံထဲက ငါးပြားစေ့လေးတွေ ခိုးကြတယ်။ ထိုင်ပေညရဲ့ သူပုန်တွေဟာ ခေါင်းမရှိတောင် ခုနှစ်ရက်အသက်ဆက်ရှင်နိုင်တယ်ဆိုတဲ့ ပိုးဟပ်ကို သံချွန်နဲ့စိုက် မသေမရှင်ဘ၀ကို ကြည့်ရက်ကြတဲ့ ကောင်တွေပဲ။ အာသာတစ်ခါဖြေမယ်။ ဟော်တယ်တစ်ခါသွားမယ်။ ဒါ နေ့အိပ်ညသွားတဲ့ ထိုင်ပေသူပုန်များပဲ။မစားရက်တာတွေကို ကျွေးခြင်းမျိုးနဲ့တောင် အဖေက ကျွန်တော့်ကို ကောင်းစေချင်ခဲ့တယ်။ သူပုန်စိတ်ပျောက်အောင်လို့တဲ့ မန္တန်စာရွက်ကိုပြာချ ၀မ်းထဲ၀င်အောင် အမေက ကျွန်တော့်ကို တိုက်တယ်။ ကျွန်တော့်ရဲ့ လူမမယ်စရိတ်တွေဟာ အဖေ့ရဲ့ ရုပ်ရှင်ရုံမရောက်တဲ့နှစ်လတွေကို ရှည်ကြာစေခဲ့ပေမဲ့လည်း အဖေ့ရဲ့ အိမ်အပြန်နောက်ကျတဲ့ညတွေဟာ ကျွန်တော့်အတွက် စိတ်ပူစရာ ဘယ် တုန်း က မှ မဟုတ်ခဲ့ဘူး။   စကတ်တိုကြပ်ကြပ်နဲ့ ညထွက်ဖို့ ၀န်မလေးတဲ့ သူပုန်မကလေးပေါ့။ ဒီအခန်းထဲက အနမ်းတွေ ဘယ်ရွေ့ဘယ်တိုင် အာသာပြင်းလဲ...... ကဲ ကြမ်းစမ်းပါ။ သုံးယောက်တွဲ စက်တော်ခေါ်ရမှာကိုလည်း သူ ‌တွေးမကြောက်ခဲ့ဘူး။နဖူးကွဲဒူးပြဲလည်း သူတို့ရဲ့ဆေးဟာ စီးကရက်တစ်လိပ်ပဲတဲ့။ သူပုန်မကလေးရဲ့ တစ်ရေးနိုးတဲ့ညရဲ့ ...
movie

Rebels of the Neon God(1992)

1992
The Rope Curse 2 ( 2020 ) 5.1
The Rope Curse 2 ( 2020 ) စိတ်တုန်လှုပ်ခြောက်ခြားစရာ စိတ်ခံစားချက်လေးရချင် တယ်ဆိုတဲ့ယူတို့အတွက် ထိုင်ဝမ်တရုတ်သရဲကားလေးလာပါပြီနော် ဒီကားလေးကကြောက်ဖို့ကောင်းမကောင်းတော့မပြောနဲ့ ဆုသုံးဆုတောင်nomination ဝင်ထားတာပါ အသံတွေရော မိတ်ကပ်ပိုင်းရောအရမ်းနိုင်နင်းတာမို့လို့ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သရဲကားလေးပါနော်ဇာတ်လမ်းအကြောင်းအရာကတော့...ထိုင်းမိစ္ဆာရဲ့ ကြိုးကျိန်စာအကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါဒီ ထိုင်းမိစ္ဆာဟာဆိုရင် အရမ်းစွမ်းအားကြီးပြီး ကြိုးကျိန်စာဆိုတဲ့အတိုင်းသူနဲ့ဆုံတဲ့ ကံနိမ့်တဲ့လူတိုင်းကို ကိုယ့်ဘာသာကိုယ် ကြိုးဆွဲချပြီးသတ်သေစေတာပါရန်ဟော်ဆိုတဲ့ သရဲနှိမ်နှင်းတဲ့ ကောင်လေးဟာဆိုရင် သရဲတွေမြင်နိုင်တဲ့အစွမ်း ကောင်းကင်ဘုံ လုပ်ပိုင်ခွင့်ကို ပိုင်ဆိုင်ထားတာပါတစ်နေ့ ရန်ဟော်တို့ ဆရာတပည့်တတွေ ထိုင်းမိစ္ဆာကို သွားနှိမ်နှင်းကြရာမှာ မိစ္ဆာက စွမ်းအားကြီးလွန်းကြောင့် မနှိမ်နှင်းနိုင်ဘဲ သူ့ဆရာသေဆုံးသွားခဲ့ပါတယ် အဲ့ဒီကတည်းကစပြီး သူက သရဲနှိမ်နှင်းတဲ့လူဆက်မလုပ်တော့တာဖြစ်ပြီး နောက်ငါးနှစ်ကြာတဲ့အချိန်မှာထိုင်းမိစ္ဆာရဲ့ ကြိုးကျိန်စာ တစ်ဖန်ပြန်ထွက်ပေါ်လာတဲ့အခါမှာတော့ဘာတွေ ဆက်ဖြစ်ကြမှာလဲဆိုတာ သည်းထိပ်ရင်ဖို ဆက်လက်ကြည့်လိုက်ကြရအောင်Quality : Bluray 1080p 5.1 CHFormat : mp4During : 1h 44 minSubtitle : Myanmar Subtitle ( Hardsub )Translator ...
movie

The Rope Curse 2 ( 2020 )

Abyssal Spider ( 2020 ) 5.4
Abyssal Spider ( 2020 ) ကဲ... စွန့်စားခန်းပါမှ ကြည့်ချင်တယ်ဆိုသူတို့ရေ ဒီကားလေးကတော့ အကြိုက်တွေ့မှာပါဇာတ်လမ်းလေးက အားကျယ်ဆိုသူကို အစပျိုးတည်ထားတယ်ဆိုရမယ်။သူက တံငှါရွာက ကယ်ဆယ်ရေးအဖွဲ့ ဝင်တစ်ယောက်ပေါ့။အလုပ်ကို ဘယ်လောက် ချစ်လဲဆိုရင် မိန်းမက မွေးခါနီး ဖွားခါနီး သေမလိုဖြစ်နေတာတောင်သူက လူသွားကယ်တာနော်။ ဘယ်လို ကယ်နိုင်ခဲ့လဲဆိုရင် သွားကယ်တဲ့ခေါင်းဆောင် ပါ သေသွားလောက်အောင် အကယ်ကျွမ်းသူကြီးပါ။ဘယ်လိုဖြစ်တယ်ကတော့ မပြောပြတော့ပါဘူး..spoil ဖြစ်မှာဆိုးလို့ပါဒီလိုနဲ့ သူ့မိန်းမနဲ့ ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ကသူ့ကြောင့်သေတယ်ပဲဆိုရမယ်ပေါ့။ ဒီတော့ အားကျယ်တစ်ယောက်ကအရက်လေးသောက်လိုက် လောင်းကစားမှာသာယာ မိန်းမကိစ္စလိုက်စားရင်း သမီးလေးကို စောင့်ရှောက်လေရဲ့။ ရုတ်တရက်ကြီး သင်္ဘောပြန်တက်ပြီးငါးဖမ်းပိုက်ဆံ ရှာချင်တယ်ဆိုပဲ... အဲ့မှာ စပြီ တကယ့် ဇာတ်လမ်းက...သင်္ဘောပေါ်မှာ ရှုပ်လိုက်တဲ့ ဇာတ်ဆိုတာ ပြောပြလို့မကုန်ဘူး။အတိုပြောရရင်တော့ ကံဆိုးကောင် အားကျယ်သွားရာ ပြဿနာလိုက်လို့ပါဆိုသလို အဏ္ဏဝါ ပင့်ကူတွေနဲ့ကြုံရော... အဲ့လိုနဲ့ ပင့်ကူကြီးနဲ့ ပင်လယ်ပျော်ငါးဖမ်းသမားတွေ ဖိုက်ကြတာကို စိတ်လှုပ်ရှားရမှာမို့ ဆက်လက်ကြည့်လိုက်ပါတော့Translated & Review By Chu ChuEncoded By ...
movie

Abyssal Spider ( 2020 )

[18+] The Tenants Downstairs (2016) 5.6
[18+] The Tenants Downstairs (2016) Dark Side Production မှ တင်ဆက်သည်။     ပရိတ်သတ်တွေအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာက" The Tenants Downstairs "ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ "အောက်ထပ်မှအိမ်ငှားများ"ဆိုပြီး မြန်မာမှုပြုရင် နီးစပ်မယ်လို့ထင်ပါတယ်။ ထိုင်ဝမ်မင်းသမီးချော "Sophia Li Xing" က Ms.Chenအဖြစ်သရုပ်ဆောင်ထားပြီး လိင်စိတ်ရမ္မက်ပြင်းထန်တဲ့ အဆောင်ငှားနေသူရုံးဝန်ထမ်းအမျိုးသမီး တစ်ယောက်အနေနဲ့ တွေ့ရမှာပါ အလုပ်က အိမ်ပြန်လာတိုင်း ယောက်ျားအဖော်တွေတစ်နေ့တစ်ယောက် မရိုးရအောင် အိမ်ခေါ်လာတတ်ပြီးတော့ချစ်တင်းနှောတတ်တဲ့သူတစ်ယောက်ပါ..... အခန်းချင်းကပ်ရက်ဖြစ်တဲ့ အိမ်ထောင်ကွဲခါစ လူလွတ်တစ်ယောက်ဖြစ်တဲ့အားကစားနည်းပြဖြစ်တဲ့ Mr.Chang တစ်ယောက်မှာတော့ Ms.Chen ရဲ့အခန်းထဲကချစ်တင်းနှောကြတဲ့အသံတွေကို နားကြပ်ပင်နဲ့ထောက်ထောက်ပြီး အသံခိုးနားထောင်သူတစ်ယောက်ပါ အားကစားနည်းပြMr.Changရဲ့ အဖြစ်ကို မကြည့်ရက်နိုင်သူတစ်ယောက်ရှိပါတယ် ဒါနဲ့ပဲ...Mr.Chang လက်ထဲကို Ms.Chen ရဲ့အခန်းသော့အပိုတစ်စုံရောက်လာခဲ့ပါတယ်....... တစ်နေ့.......Ms.Chen ရဲ့အခန်းထဲကိုဝင်ကြည့်နေတုန်းမှာ Ms.Chen တစ်ယောက်အိမ်စောစောပြန်လာတာနဲ့ ပက်ပင်းတိုးပါတော့တယ် ဘာတွေဆက်ဖြစ်လာမယ် ထင်ပါသလဲ........ သေချာတာကတော့........... Zzz (မင်းသမီးလေးတွေကတော့ မှုံနေအောင်ချောလွန်းပါတယ် :P)   File Size : (900 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Adult, Crime, ...
movie

[18+] The Tenants Downstairs (2016)

2016