Channel Myanmar

Leon Dai

Bad Education ( 2023 ) 6.1
Bad Education ( 2023 ) အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက်လုပ်ချင်တဲ့သူတွေများပါတယ်။ အထက်တန်းကျောင်းသားလေး(၃)ယောက်ဟာ သူတို့ရဲ့ အထက်တန်းကျောင်းဘွဲ့ရတဲ့ညကို ရူးရူးမိုက်မိုက်ဖြတ်သန်းခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ယုံကြည်ရတဲ့ညီကိုတွေဖြစ်ဖို့ လျှို့ဝှက်ချက်တွေဖလှယ်ကြမယ်ဆိုပြီး ကိုယ်လုပ်ဖူးခဲ့တဲ့အဆိုးဆုံးမကောင်းမှုတွေကိုတစ်ယောက်နဲ့တစ်ယောက် ပြောပြကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက်လူမဆန်တဲ့ လျှို့ဝှက်ချက်တွေကိုထုတ်ပြောကြတယ်။ နောက်ဆုံးကျောင်းသားလေးအလှည့်ရောက်တော့ သူလိမ်ပြောနေတာကိုသိသွားပြီး လူမိုက်တစ်ယောက်ကိုအိမ်သုတ်ဆေးတွေနဲ့ သွားပက်ခိုင်းကြတယ်။အဲဒီလိုနဲ့ (၃)ယောက်သား တစ်ညလုံး လူမိုက်တွေလိုက်တာခံကြရပါတော့တယ်။ ဒီကားလေးမှာ လူကောင်းလူဆိုးဆိုတာတွေဟာ ခွဲခြားမရနိုင်မကြောင်း မကောင်းတဲ့သူနဲ့နေပါများရင် မကောင်းတဲ့လုပ်ရပ်တွေကို လုပ်နိုင်သွားကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။ တစ်ချို့အခန်းတွေမှာဆင်ဆာမဖြတ်ထားတာမို့ သွေးစိမ်းရှင်ရှင်ထွက်တာတွေကို ကြောက်တဲ့သူတွေအနေနဲ့ ကြည့်ဖို့မသင့်တော်တာလေးကိုတော့ သတိပေးချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Bad Education ( 2023 )

Silk(2006) 6.4
Silk(2006)  IMDb - 6.4 / Rotten Tomatoes 40 %ခင်ဗျားတို့တစ္ဆေသရဲတွေရှိတယ်ဆိုတာယုံလား အကယ်၍ရှိခဲ့တယ်ဆိုရင် ဘယ်လိုဘယ်ပုံဖြစ်မယ်ထင်လဲ ၂၀၀၆ခုနှစ်မှာထွက်ရှိခဲ့တဲ့ Silk ဆိုတဲ့ထိုင်ဝမ်သိပ္ပံသရဲရုပ်ရှင်ဟာ ပရလောကကို ရှုထောင့်တစ်ခုကနေရိုက်ပြထားပါတယ်။ ကမ္ဘာ့ဆန့်ကျင်ဆွဲငင်အားကိုတီထွင်နိုင်ဖို့သုတေသနပြုနေတဲ့ ဂျပန်သိပ္ပံပညာရှင်ဟရှိမိုတို တစ်ယောက် မထင်မှတ်ထားဘဲ တစ္ဆေတစ်ကောင်ကိုဖမ်းမိခဲ့ရာက ဇာတ်လမ်းအစပြုပါတယ်။ဟရှိမိုတိုတီထွင်ထားတဲ့ မန်ဂျာတုံး(Manger Sponge)ဟာလျှပ်စစ်သံလိုက်လှိုင်းအလျားများစွာကိုဖမ်းယူနိုင်ပြီး ၃၁ဘုံမှ မမြင်အပ်သော ပြိတ္တာဘုံမှတစ္ဆေများကိုပါထိုးထွင်းမြင်နိုင်တယ်။ ဟရှိမိုတို၏အလိုအရတော့တစ္ဆေဆိုသည်မှာစွမ်းအင်ပုံစံတစ်မျိုးဖြစ်တယ်။ အမှုန်အမွှားအရွယ်အစားမန်ဂျာတုံးလေးများကိုစပရေးဖြန်း သလိုမျက်လုံးကိုဖြန်းလိုက်လျှင်သရဲတစ္ဆေများမြင်နိုင်သောတာတေ၏မျက်ကွင်းဆေးကဲ့သို့အလုပ်လုပ်ပါတယ်။ဟရှိမိုတို၏အဖွဲ့သည်နိုင်ငံတကာမှသိပ္ပံပညာရှင်များဖြင့်ဖွဲ့စည်းထားသည်။ ဖွဲ့စည်းပြီး ၄နှစ်အကြာ တစ္ဆေတစ်ကောင်အားဖမ်းမိသောအချိန်၌ သဘောထားကွဲလွဲမှုများဖြစ်ကြသည်။ ပရလောကကိုသိပ္ပံ၏ကျိုးကြောင်းဆက်သွယ်မှုအမြင်ဖြင့် လက်ခံရှုမြင်ကြည့်သော၊ ခေါင်းမာသော ဟရှိမိုတိုသည်အဆိုပါတစ္ဆေ၏အဆုံးမရှိသောစွမ်းအင်ရင်းမြစ်ကို ရှာချင်သည်။ အခြားအဖွဲ့ဝင်များမှာအဆိုပါသဘောထားကိုသိပ်လက်မခံချင်ကြပေ။ ဖမ်းမိထားသော တစ္ဆေ၏ နောက်ကြောင်းရာဇဝင်များကိုဖော်ထုတ်ရင်း အမှတ်မထင်သောအလှည့်ပြောင်းများ ဖြစ်ကာ အဖွဲ့ဝင်များ၏အသက်အန္တရာယ်များကိုပါ ထိပါးလာခဲ့တယ်။ဇာတ်ခုံကန့်လန့်ကာကို ဆွဲလှန်ကြည့်ရင်း မထင်မှတ်ထားသည်များကိုတွေ့ရှိ၊မရည်ရွယ်သည်များဖြစ်ပွားကာ၊ ဝှက်သယ်ဖက်မိုးမန့်များအား ခံစားနိုင်ကြပါစေခင်ဗျာ။ File size…1.43 GB / 569.5 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre .....  Horror ...
movie

Silk(2006)

Where’s the Dragon? (2015) 5.7
Where’s the Dragon? (2015) Where's the Dragon (2015)တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ ရာသီခွင်၁၂ကောင်အကြောင်းကို နည်းအမျိုးမျိုးနဲ့ရုပ်ရှင်ရိုက်ကြပေမယ့် အခုကာတွန်းကားလေးကတော့ ထူးထူးဆန်းဆန်းလေး ရိုက်ကူးထားပါတယ်။ရာသီခွင်နတ်မင်း ၁၂ ပါး ရှိတဲ့အထဲကမှ ဩဇာအကြီးဆုံးဖြစ်တဲ့ နဂါးမင်းကပျောက်သွားပါတယ်။ နဂါးမင်းပျောက်နေတဲ့ နှစ် ၅၀၀ လောက်အတွင်း လူ့လောကကြီးမှာလည်း ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ဖြစ်လာရပါတယ်။နဂါးနဲ့ဇာမဏီဆိုတာ အချင်းချင်းခရက်ရှ်နေကြတဲ့စုံတွဲလေးပေါ့.. အမှန်က ဇာမဏီပျောက်လို့နဂါးက လိုက်ရှာရင်း နဂါးပါပျောက်သွားတာပါ။ ပြီးတော့ နဂါးပျောက်လို့ ဇာမဏီရှာရင်းနဲ့ သူလည်းထပ်ပျောက်သွားပြန်ပါတယ်။ အစွမ်းအရမ်းထက်ပြီး အားအင်အကြီးဆုံးနှစ်ကောင်ကို ပျောက်အောင်ဖျောက်ပစ်လိုက်တာ ပိုးဟပ်ပါတဲ့..အဲ့ဒီမှာဇာတ်လမ်းကစတာပါပဲ ရာသီခွင်နတ်မင်း ၁၂ ပါးကို အာရုံနောက်အောင်လုပ်နိုင်ပြီး နေရာအပြောင်းအလဲလုပ်ချင်နေတဲ့ ပိုးဟပ်ကြီးက ဘယ်လိုမျိုးဉာဏ်ဆင်ခဲ့လဲ? ချစ်စရာတိရစ္ဆာန် ၁၂ ကောင်လေးတွေကရော ဘယ်လိုကာကွယ်ပေးကြမလဲ? ရယ်စရာဟာသလေးတွေအပြင် ပညာပေးဗဟုသုတလေးတွေပါထည့်ထားပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေမို့လို့ ကလေးကြီးတွေ အကြိုက်တွေ့ဦးမှာအမှန်ပါပဲဗျာ ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Animation Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | ...
movie

Where’s the Dragon? (2015)

2015
The Cabbie (2000) 7.0
The Cabbie (2000) IMDb Rating (7/10)ဖီးလ်ရတဲ့ ထိုင်ဝမ် အချစ်ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်...မင်းသားက Taxi မောင်းတဲ့ လူပျိုကြီး...မိန်းမ မယူတာက မရတာမဟုတ်ဘူး...သူချစ်ရတဲ့သူကိုပဲ လက်ထပ်မယ်စိတ်ကူးထားတာမို့ အိမ်ကစေ့စပ်သမျှကို အံတုလာတဲ့ အာဂလူပျိုကြီးအချစ်ဆိုတာ ပထမဆုံးအကြည့်တစ်ချက်မှာတင် ငြိတွယ်ရမယ်လို့ သူကလက်ခံထားတာ...ငြိမှငြိတွယ်သွားတော့လဲ Taxi သမားနဲ့ မလိုက်မဖက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ရဲမေမလေး...အကြည့်တစ်ချက်မှာတင် သူ့အိမ်သူသက်ထားပဲလို့ လူပျိုကြီးက သတ်မှတ်လိုက်ပြီးယာဉ်ထိန်းရဲမေလေးမျက်နှာကို မြင်ရဖို့အရေး ယာဉ်စည်းကမ်းတွေကို နေ့တိုင်းဖောက်ဖျက် ကျူးလွန်နေပါတော့တယ်...ယာဉ်စည်းကမ်းဖောက်လိုက် ချစ်ရသူရဲမေဆီက ခံဝန်ထိုး ဒဏ်ကြေးစာရွက်လေး ယူလိုက်နဲ့ သာယာနေပါတော့တယ်...ဆိုတော့ကာ ဇာတ်လမ်းက ဘယ်လိုဖီးလ်ရမလဲပေါ့နော်...ဆက်လက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ဒီဇာတ်ကားက ဒီလိုအကြောင်းချည်းသက်သက်တော့ မဟုတ်ပြန်ဘူး...မိသားစုတစ်ခုမှာ ရှိတတ်တဲ့ ဝိဝါဒတွေ...ရယ်စရာ မောစရာတွေနဲ့ ရောယှက်ထားတာမျိုး....ရိုက်ချက်အေးအေးကြီးတွေကြား ရင်ထဲ Deep ဖြစ်စေတဲ့ ခံစားချက်တွေ အုံလိုက်ဆင်းချလာမှာမျိုး။ File size…(1.1 GB) / (700 MB) / (300 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle ...
movie

The Cabbie (2000)

Your Name Engraved Herein (2020) 7.0
Your Name Engraved Herein (2020) [Unicode]BLကားလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ( Dec 23 ) မနေ့ကမှ ထွက်ထားတဲ့ အရမ်းရိုဆန်တဲ့ ကားလေး လာပါပြီနော် ဒီကားလေးကတော့ ၁၉၈၇ခုနှစ် ထိုင်ဝမ်မှာ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ခါစ ခေါတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဒီဇာတ်ကား ဇာတ်အိမ်တည်တဲ့ ၁၉၈၇ခုနှစ်မှာဆိုရင် လက်ရှိကာလလို ပွင့်ပွင့်လင်းလင်း ရှိတဲ့အချိန်အခါမဟုတ်တာကြောင့် လိင်တူကြိုက်နှစ်သက်တာကို ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြပါတယ် ။အဲဒီတုန်းက လိင်တူကြိုက်တဲ့လူကို အထင်သေးစက်ဆုပ်စရာလို့ မြင်ခဲ့ကြပြီး သူတို့ဟာ အဖိနှိပ်ခံ အနိုင်ကျင့်ခံတွေ ဖြစ်ခဲ့ကြတာပါ ။ဇာတ်ကြောင်းလေးကတော့....စည်းကမ်းကြီးလှတဲ့ ယောကျာ်းလေး ခရစ်ယာန်ကျောင်းမှာ ဘတ်ဒီလို့ အများကခေါ်ကြတဲ့ကောင်လေးဟာ မကြာခဏဆိုသလို ကျောင်းစည်းကမ်း ဖောက်ဖျက်လေ့ရှိပါတယ်အဲ့ဒီလူဆိုးလေး ဘတ်ဒီ ကို ချန်ကျားဟန်ဆိုတဲ့ကောင်လေးက ဂရုစိုက်ပေးရင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းသံယောဇဉ်ထက်ပိုပြီးချစ်မိသွားကြတယ်အချစ်စစ်ဆိုတာ ဖြောင်းဖြူးရိုးထုံးစံမရှိဆိုသလိုမျိုးပဲလိင်တူချစ်သူတွေကို လက်မခံနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်လာရတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်က ဒီလိုအခက်အခဲတွေကို သတ္တိရှိရှိနဲ့ ...
movie

Your Name Engraved Herein (2020)

2020
Reign of Assassins (2010) 6.9
Reign of Assassins (2010) ရုပ်ရှင်ဝါသနာရှင်အချင်းချင်း ကျွန်တော့်ကို ဘယ်သိုင်းကားအကြိုက်ဆုံးလဲလို့ မေးရင် အမြဲတမ်း စပြောမိတာက အခုတင်ပေးထားတဲ့ Reign of Assassins ပါပဲ။အခုနောက်ပိုင်း ထွက်နေတဲ့ အထူးကွန်ပြူတာဖန်တီးမှုလှိုင်လှိုင်နဲ့ ကနွဲ့ကလျ သိုင်းသမားကားတွေနဲ့ တခြားစီပါပဲ။ ဇာတ်လမ်း ဒိုင်ယာလော့ တိုက်ခိုက်ခန်းတွ အားလုံးပြည့်စုံပါတယ်။အချိန်တိုအတွင်းမှာ ထူးခြားတဲ့ ဇာတ်ကောင်တွေနဲ့ မတူညီတဲ့ သိုင်းတွေကို လှလှပပ ရိုက်ပြသွားတာပါ။ ကျွန်တော်ကိုယ်တိုင် အနည်းဆုံး ၅ ခေါက်လောက်တော့ ပြန်ကြည့်မိပါသေးတယ်။ဇာတ်လမ်းအကျဉ်း ပြောပြပါ့မယ်။သိုင်းလောကမှာ သတင်းတစ်ခုရှိပါတယ်။ ဗောဓိဆရာတော်ရဲ့ ရုပ်အလောင်းကို ရရင် သိုင်းလောကတစ်ခုလုံးကို အုပ်စိုးနိုင်မယ် ရောဂါအားလုံးလည်း ပျောက်ကင်းနိုင်မယ်ပေါ့။ အဲဒီအလောင်းကိုရဖို့ အားလုံးတိုက်ခိုက်နေကြချိန်မှာ အလွန်အစွမ်းထက်တဲ့ လျို့ဝှက် လူသတ်သမားအဖွဲ့ ကျောက်မည်းဂိုဏ်းပါ ပါဝင်လာပါတယ်။အဲဒီဂိုဏ်းရဲ့ နာမည်ကြီး လူသတ်သမား မိုးဖွဲ(မစ်ချဲယို) ဟာ အလောင်းတစ်ဝက်ကို ရသွားပြီး အကြောင်းတစ်ခုနဲ့ ဇာတ်မြှပ်သွားပါတယ်၊ ...
movie


2010
At Cafe 6 (2016) 6.3
At Cafe 6 (2016) လူတိုင်းမှာ ဘဝရဲ့တမ်းတမက်မောစရာ ဇာတ်လမ်းလေးတွေရှိကြမယ်....တခြားလူတွေအတွက်တော့ ပုံပြင်လေးတွေပေါ့...ဒီဇာတ်လမ်းက ပုံပြင်တချို့ကိုပြောပြနေလိမ့်မယ်...တိုက်ဆိုင်ရင်တော့ ကိုယ့်ရင်တစ်ခုလုံး ပျော်ဝင်သွားနိုင်တယ်...အချစ်ကိုအပ်ဖျားမှာတပ်ပြီး မျှားနေတယ်လို့ ကျွန်တော်တို့ ပေါ့ပေါ့တန်တန်တွေးမိလိမ့်မယ်.....တကယ်က အချစ်က ကျွန်တော်တို့ကို အပ်ဖျားမှာတပ်ပြီး မျှားနေတာ။လွမ်းမောဖွယ် ကြမ်းရှရှတချို့နဲ့ ဒီဇာတ်လမ်းလေးဟာ IMDb (6.1) ရရှိထားတဲ့ ထိုင်ဝမ်ဇာတ်ကားလေးပါ။နူးညံ့လိုက်ဖို့ စိတ်မရှိဘူးဆိုရင် ကြည့်ရှုခံစားသင့်ပါတယ်။ File size…(1.2 GB) and (430MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Phyu Khin
movie

At Cafe 6 (2016)

2016