Channel Myanmar

Leon Lamar

The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
They Cloned Tyrone (2023) 6.7
They Cloned Tyrone (2023) They Cloned Tyrone (2023)ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။ They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။ တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာ သူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။ သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။ အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့း ဘာသာပြန်ထားတာကတော့ Rashida နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Mystery, Action, Comedy, Sci-fi Quality…. 1080p | 720p File size… 3.8GB | 1.1GB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Mary Christ Encoder ..... Aaron
movie

They Cloned Tyrone (2023)