Channel Myanmar

Leonardo DiCaprio

J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

Body of Lies (2008) 7.0
Body of Lies (2008)   IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့  Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson 
movie

Body of Lies (2008)

Killers of the Flower Moon (2023) 8.0
Killers of the Flower Moon (2023) Killers of the Flower Moon (2023) ========================= IMDb Rating - 8.0/10အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။သမိုင်းအကျဉ်း ------------------ 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ...
movie

Killers of the Flower Moon (2023)

2023
4K HEVCHDR
Blood Diamond (2006) 8.0
Blood Diamond (2006) Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ ...
movie

Blood Diamond (2006)

2006
4K HEVC
The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie

The Wolf of Wall Street (2013)

2013
4K HEVCHDR
Marvin’s Room(1996) 7.0
Marvin’s Room(1996) Marvin's Room(1996)*******************အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကိုပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကိုတစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးကဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ...
movie

Marvin’s Room(1996)

Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002
The Lost Leonardo (2021) 7.5
The Lost Leonardo (2021) The Lost Leonardo (2021)~ IMDb - 7.5/10, Rotten Tomatoes - 97% ~ကမ္ဘာကျော် မိုနာလီဇာရဲ့ အပြုံးကို အသက်သွင်းခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီကို မသိတဲ့သူမရှိဘူးပေါ့။ လီယိုနာဒို ဒါဗင်ချီဟာ ရီနေးဆန့်ခေတ်ရဲ့ နာမည်ကျော် အနုပညာသည်ကြီးတွေထဲက တစ်ယောက်ဖြစ်ပြီး မိုက်ကယ်အိန်ဂျလိုနဲ့ ခေတ်ပြိုင်လည်း ဟုတ်သလို ပန်းချီတင်မက သိပ္ပံ မက္ကင်းနစ်အပါအဝင် တခြားလိုင်းပေါင်းများစွာမှာ ထူးချွန်တဲ့ ဂျီးနီးယပ်တစ်ယောက်ပါပဲ။လိုင်းပေါင်းများစွာထူးချွန်ပေမဲ့လည်း သူလုပ်သမျှတွေက ခပ်ပေါပေါတွေတော့မဟုတ်ခဲ့ပါဘူး။ မိုနာလီဇာက သက်သေတစ်ခုပဲမို့လား။ ဒီရုပ်ရှင်ကတော့ မိုနာလီဇာအထီးလို့ခေါ်တဲ့ မိုနာလီဇာနဲ့ ဒီဇိုင်းခပ်ဆင်ဆင် ယောက်ျားပုံတစ်ပုံကို တွေ့ရှိတဲ့အကြောင်းပါ။ အဲဒီပန်းချီကားကို Salvator Mundi လို့ခေါ်ပြီး လီယီုနာဒိုလက်မှတ်မထိုးထားတဲ့ ဟန်ကိုကြည့်ပြီး ဆုံးဖြတ်ရတဲ့ ပန်းချီကားလည်းဖြစ်ပါတယ်။ထူးတာက ဒီကားက လီယီုနာဒိုရဲ့ ကားဟုတ်မဟုတ် အငြင်းပွားမှုတွေအတော်များခဲ့ပြီး အခုထိလည်း မသဲကွဲကြသေးပါဘူး။ ၁၅ရာစုကပန်းချီဟာ ၂၀၀၅လောက်မှာပေါ်လာခဲ့ပြီး လီယိုနာဒိုရဲ့ ပျောက်ဆုံးနေတဲ့ကား ...
movie

The Lost Leonardo (2021)

2021
This Boy’s Life (1993) 7.3
This Boy’s Life (1993) This Boy's Life (1993)~ IMDb - 7.3/10, Rotten Tomatoes - 76% ~မျှော်လင့်ခြင်း ရွှေအတောင်ပံတွေ ဒဏ်ရာဗရပွနဲ့ မပျံနိုင်တော့တဲ့အခါ ပုန်ကန်စိတ်တွေ၊ မိုက်ရူးရဲခြင်းတွေနဲ့ ရွှေအတောင်ပံ တဖျတ်ဖျတ်ခတ်ခဲ့ဖူးကြတဲ့ လူငယ်ဘ၀တွေကို ပြန်မက်မောမိခဲ့ကြတာပေါ့။ လူငယ်ဘ၀တွေမှာတော့ ဒဏ်ရာတွေ ဘယ်လောက်ပဲများခဲ့ကြပါစေ အနာဂတ်ဆီ မျှော်လင့်ချက်အပြည့်နဲ့ ရှေ့ဆက်ပြီး ရွှေအတောင်ပံတွေ တဖျတ်ဖျတ်ခတ်နိုင်ခဲ့ကြတာပဲမလား။ ဒီရုပ်ရှင်ဟာ ပျိုမျစ်ခဲ့တဲ့တစ်ချိန်တစ်ခါဆီကို မျှော်ရည်ရင်း အားလုံးရဲ့ ရွှေအတောင်ပံတွေက ဒဏ်ရာတွေကို ပြန်ကောင်းလာဖို့ အထောက်အကူဖြစ်စေမယ့် ရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ လူငယ်လေးတစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်တွေ၊ မပြေမလည်မိသားစုထဲ ရခဲ့ဖူးတဲ့ ဒဏ်ရာတွေအကြောင်း၊ သူ့အိပ်မက်ကို သူမက်ခဲ့တဲ့အကြောင်းတွေပေါ့။ စာရေးဆရာရဲ့ငယ်ဘ၀မှတ်တမ်းကိုရေးထားတာကနေ ပြန်ရိုက်ထားတဲ့ကားဆိုတော့ လက်တွေ့ကျကျပါပဲ။မင်းသားတွေက ရောဘတ်ဒီနဲရိုးနဲ့ လီယိုနာဒိုပါ။ လီယိုနာဒိုဟာ ကလေးဘ၀ကတည်းက ပြောင်မြောက်ခဲ့တာကို သက်သေပြနေမယ့် ရုပ်ရှင်ဖြစ်သလို သူ့ပထွေးအဖြစ်သရုပ်ဆောင်တဲ့ ဒီနဲရိုးဟာ လူဆိုးဇာတ်ရုပ်မှာလည်း မညံ့တာ မြင်ရမှာပါ။ ...
movie

This Boy’s Life (1993)

1993
The Great Gatsby (2013) 7.2
The Great Gatsby (2013) The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie

The Great Gatsby (2013)

2013
Don’t Look Up (2021) 7.4
Don’t Look Up (2021) Don't look up (2021)ဇာတ်လမ်းက အရမ်းကောင်းတယ်ဗျာ။သရုပ်ဆောင်ကတော့ All Stars လို့ ပြောရမှာပဲ။လီယိုနာဒို၊ ဂျနီဖာလောရန့်၊ မရဲ စထရိ၊ ကိတ် ဘလန့်ချက်၊ တင်မိုးသီး၊ မာ့ရိုင်လန့်၊ အာရီရာနာ ဂရန်ဒေ၊ ဘန်နီဒစ် ဒရက်စ် စသဖြင့် အများကြီးပဲ။ဇာတ်လမ်းအကျဉ်း။ပါမောက္ခ မင်ဒီ နဲ့ ပါရဂူကျောင်းသူ ကိတ်တို့ မတော်တဆ ဥက္ကာခဲကြီးတစ်ခုကို တွေ့သွားတယ်။ အရွယ်အစားက ၁၀ ကီလိုမီတာလောက်ရှိပြီး ကမ္ဘာကြီးဆီကို တည့်တည့်ကြီး ပျံလာနေတာ။ ဝင်တိုက်မိရင် ကမ္ဘာပျက်ပြီ။ အဲဒါကို နာဆာကိုအကြောင်းကြား သမ္မတကိုလည်း သွားတွေ့တယ်။ ခက်တာက သမ္မတက စောင်ပေါ။ နာဆာညွှန်ချုပ်က သမ္မတရဲ့ စပွန်ဆာ မေ့ဆေးဆရာဝန်ဆိုတော့ ဘာမှနားမလည်ဘူး။ သမ္မတ လက်ထောက်က သမ္မတရဲ့ သားကို ပြန်ခန့်ထားတာ။ အဲဒီမှာ သူပြောတာကို မယုံကြတော့ ဒေါက်တာ မင်ဒီလည်း ...
movie

Don’t Look Up (2021)

2021
Titanic (1997) 7.8
Titanic (1997) Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations.  ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie

Titanic (1997)

1997
4K HEVC
Poison Ivy (1992) 5.4
Poison Ivy (1992) ဒီကားထဲက Drew Barrymore ရဲ့ စတိုင်နဲ့ ရဲတင်းတဲ့အလှအပတွေဟာ လူပြောများခဲ့ပါတယ်...နွယ်ပင်ဆိုတာ ရစ်ပတ်နွယ်တတ်တဲ့အမျိုးပဲ...ဒါပေမယ့်အဆိပ်နွယ်ပင်ဆိုရင်တော့ တင်းကြပ်စွာရစ်ပတ်နှောင်ဖွဲ့မှုတွေကြားမှာ ရုန်းထွက်မရဘဲအဆိပ်သင့်သွားနိုင်ပါတယ်...ဒီလိုအဆိပ်နွယ်ပင်အကြောင်းဆိုရင်တော့ Poison Ivy (1992) ဇာတ်ကားလေးက သံဝေဂရစရာပါ...ဇာတ်လမ်းလေးကတော့...Ivy ဆိုတဲ့မိဘမဲ့မိန်းကလေးတစ်ယောက်က ချမ်းသာတဲ့သူငယ်ချင်းရဲ့အဖေကိုချဉ်းကပ်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ချဉ်းကပ်တဲ့နေရာမှာ နာမည်နဲ့လိုက်အောင် အဆိပ်ပြင်းတဲ့ "Ivy" နွယ်ပင်ဆိုတဲ့အတိုင်း သေသေချာချာအကွက်ချစီစဉ်ပြီးသူငယ်ချင်းမိသားစုကို ပြိုကွဲအောင်ကြံစည်တာမျိုးပါ။Ivy ရဲ့ ညှို့ဓာတ်အပြည့်နဲ့ ဘယ်လိုရစ်ပတ် အဆိပ်သင့်သွားသလဲဆိုတာ......။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်ခန်းတချို့ကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။  File size…(1.6 GB)/ (999 MB) Quality…BluRay Unrated 1080p /720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie

Poison Ivy (1992)

The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ...
movie

The Revenant (2015)

2015
Gangs of New York(2002) 7.5
Gangs of New York(2002) Gangs of New York(2002) ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာပါတယ်...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်... ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ... ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူး ထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတ ယ်။ ပြဿနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ...
movie

Gangs of New York(2002)

2002
The Quick and the Dead (1995) 6.4
The Quick and the Dead (1995) (Unicode)ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက်၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် …အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ …သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူကြပါIMDb – 6.4/10 ရရှိထားပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Sharon Stone , Russell Crowe တို့အပြင်Leonardo DiCaprio လည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ...
movie

The Quick and the Dead (1995)

Django Unchained ( 2012 ) 8.4
Django Unchained ( 2012 ) Unicode*******2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲလူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ...
movie

Django Unchained ( 2012 )

2012
The Basketball Diaries (1995) 7.3
The Basketball Diaries (1995) IMDb (7.3/10)လီယိုနာဒိုကို ခေါင်းဆောင်မင်းသားအဖြစ် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားဟာ Jim Carroll ဆိုတဲ့ အမေရိကန် နာမည်ကျော် ကဗျာဆရာ စာရေးဆရာ ဂီတပညာရှင် တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။သူ့အသက် ၁၃ နှစ် မြီးကောင်ပေါက်အရွယ်က ဘတ်စကတ်ဘောကစားခြင်း လူပျိုရည်ပျက်သုန်းခြင်း မူးယစ်ဆေးစွဲခြင်း နေ့စဉ်မှတ်တမ်းတွေအကြောင်းပေါ့။လူငယ်ဆိုတာ အဖြူထည်...လောကကြီးက နိုင်ရာစား...အရသာဆို ခါး..ဘဝက ဓါးသွား။လီယိုနာဒိုရဲ့ မြီးကောင်ပေါက်သရုပ်ဆောင်မှုတွေက Jim Carroll ဝိညာဉ်ပူးကပ်နိုင်မလား...မင်းသား Mark Wahlberg ကိုလဲ မအောင်မြင်ခင်က ဒီဇိုင်းနဲ့ ဒီဇာတ်ကားမှာ တွေ့မြင်ရမှာပါ။  File size…(999 MB) and (600 MB) Quality….Blu-ray Rip 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hein Htet Aung
movie


1995