Channel Myanmar

Lily Tomlin

Moving On(2022) 6.5
Moving On(2022) Moving On(2022)****************ကလဲရာ၊ အက်ဗ်လင်းနဲ့ ဂျွိုက်စ်တို့ဟာ ကောလိပ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပြီးအိမ်ထောင်ကိုယ်စီကျသွားလို့ ဝေးသွားကြသူတွေပါ။ အဘွားအရွယ်ကိုရောက် မြေးတွေရလို့ရနဲ့ ဘဝရဲ့သက်တမ်းအတော်များများကိုဖြတ်သန်းပြီးခဲ့ကြပါပြီ။ ဒီလိုနဲ့ ဂျွိုက်စ် ကွယ်လွန်သွားတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့အသုဘကိုလာရင်း လေဒီကြီးနှစ်ယောက်ပြန်ဆုံစည်းမိကြပါလေရော။ ဇာတ်လမ်းကခုမှစမှာပါ။ သူတို့ဒီအသုဘကို လာခဲ့တာက အခြားရည်ရွယ်ချက်တွေ ကိုယ်စီကိုယ်စီနဲ့ပါ။ ပြောရရင် ကလဲရာဟာ ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူနဲ့က ရန်ကြွေးတွေရှိလို့ အသေသတ်ဖို့ကြံနေတာပါ။ အက်ဗ်လင်းကလည်း ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူကိုမကြည်တဲ့အကြောင်းရှိလို့ ကလဲရာကိုကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့တဲ့ သူတို့ကြားက ရန်ငြိုးကဘာဖြစ်မလဲ၊လေဒီကြီးနှစ်ယောက်ကရော ဘယ်လိုအတူတကွပူပေါင်းလုပ်ကြံမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comdedyဇာတ်ကားလေးဖြစ်ပါတယ်။File Size :(1.4GB) and (521MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Moving On(2022)

80 for Brady (2023)
80 for Brady (2023) 80 for Brady (2023)ဒီကားမှာတော့ 12 Angry Men ထဲက ဂန္ထဝင်မင်းသားကြီး ဟင်နရီဖွန်ဒါရဲ့သမီး ဂျိန်းဖွန်ဒါ၊ ရီတာမော်ရီနို၊ ဆယ်လီဖီးဒ်၊ လီလီတွမ်လင် စသဖြင့် ၇၀တန်းမင်းသမီးကြီးလေးယောက် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ထူးတာက ဒီလေးယောက်လုံးက တကယ့် ဂန္ထဝင်တွေပါ။ ဂျိန်းဖွန်ဒါဆို အော်စကာ၂ဆု၊ BAFTA ၂ဆု၊ Golden Globe ၇ဆု၊ Emmy ဆု၊ ရွှေခြင်္သေ့ဆုအပြင် ကိန်းကပါ Honorary Award တွေရထားတာပါ။ မော်ရီနိုကတော့ ဟောလိဝုဒ်ရွှေခေတ်လက်ကျန်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး Triple Crown of Acting လို့ ခေါ်တဲ့ ဂရမ်မီ၊ အော်စကာနဲ့ တိုနီဆု သုံးခုလုံးရထားတဲ့ မင်းသမီးအနည်းအကျဉ်းထဲက တစ်ယောက်ပါ။ တော်တော်နည်းပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှ ၁၀ယောက်မပြည့်ပါဘူး။ Sally Field ကတော့ ဖောရပ်ဂန့်ရဲ့အမေနေရာကသိကြမှာပါ။ သူလည်း အကယ်ဒမီ ၂ဆု၊ ရွှေကမ္ဘာလုံး ...
movie

80 for Brady (2023)

2023
The Ant Bully(2006) 6.7
The Ant Bully(2006) The Ant Bully(2006)******************တစ်ခါက လူးကတ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်..သူကလူကောင်သေးသေးလေးဆိုတော့ ခဏခဏ အနိုင်ကျင့်ခံရတယ်...သူအနိုင်ကျင့်ခံရတိုင်း သူ့အိမ်က မြက်ပင်တွေနားမှာရှိတဲ့ ပုရွက်ဆိတ်အုံလေးကိုပဲသူ့ဒေါသတွေပုံချတတ်တယ် ...ပုရွက်ဆိတ်အုံ ကိုရေလောင်းလိုက် ကညှော့လိုက်နဲ့ နည်းမျိုးစုံဒုက္ခပေးတာပေါ့...ဒါကို မကျေနပ်တဲ့ပုရွက်ဆိတ်တွေဟာ တစ်ရက်မှာ လူးကတ်စ်လေးကိုပုရွက်ဆိတ်အရွယ်ဖြစ်အောင်ပြောင်းလိုက်တဲ့ အခါမှာတော့....ပုရွက်ဆိတ်တွေတွေ့ရင် အနိုင်ကျင့်တတ်တဲ့ လူးကတ်စ်နဲ့ လူတွေမြင်ရင်ကြောက်နေ လန့်နေရွံမုန်းနေတဲ့ပုရွက်ဆိတ်တွေ ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ story ကတကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်ပေးချင်တဲ့ message လည်းထိမိတယ် ကြည့်ရတာကာတွန်းကားဆိုပေမယ့်တော်တော်လေးမိုက်တဲ့ story မို့ တစ်ဖန်ပြန်တင်ဆက်ပေးလိုက်ပါတယ်...File Size : (1.5GB) and (776MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:28:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae
movie

The Ant Bully(2006)

The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)