Channel Myanmar

Lito Pimentel

Rewind (2023) 7
Rewind (2023) Rewind (2023)ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီး သူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာ ဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။ ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း‌ နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့ စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကို ဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။ မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်း လော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီး ကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ ....... ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ ..... အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား.... ဆိုတာတွေကို ကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ...
movie

Rewind (2023)

2023
Can’t Help Falling in Love (2017) 6.9
Can’t Help Falling in Love (2017) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်...အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can't Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ...
movie

Can’t Help Falling in Love (2017)

2017
Hello, Love Goodbye (2019) 7.9
Hello, Love Goodbye (2019) (Unicode)ဖိလစ်ပိုင်ဇာတ်ကားလေးတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးရဲ့ အချစ်တော် မင်းသမီးလေး Kathryn Bernardo ရဲ့ အချစ်ဇာတ်ကားသစ်လေးပါKathryn ရဲ့ဇာတ်ကားလေးတွေက အကုန်ကောင်းတာတွေချည်းပဲမို့ ဒီကားကိုလဲ ကြည့်ဖို့သိပ်မညွှန်းတော့ဘူးနော် ?ဟောင်ကောင်မှာ အလုပ်လုပ်ရင်း ကနေဒါကိုသွားဖို့ကြိုးစားနေတဲ့ Joy နဲ့ဟောင်ကောင်ကနေ ထွက်သွားလို့မရတဲ့ Ethan တို့ ရဲ့ အချစ်ဇာတ်လမ်းလေးပါဘယ်လိုတွေရိုသလဲဆိုတာတော့ ဆက်သာကြည့်လိုက်ပါတော့ကြိုပြောထားပါရစေ ရိုလဲ ရိုသလို ငိုလဲ ငိုရမယ်နော် ?(ဘာသာပြန်ပေးထားသူကတော့ Khin Pyae Sone Kyaw ပါ) (Zawgyi)ဖိလစ်ပိုင်ဇာတ်ကားလေးတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးရဲ့ အချစ်တော် မင်းသမီးလေး Kathryn Bernardo ရဲ့ အချစ်ဇာတ်ကားသစ်လေးပါKathryn ရဲ့ဇာတ်ကားလေးတွေက အကုန်ကောင်းတာတွေချည်းပဲမို့ ဒီကားကိုလဲ ကြည့်ဖို့သိပ်မညွှန်းတော့ဘူးနော် ?ဟောင်ကောင်မှာ အလုပ်လုပ်ရင်း ကနေဒါကိုသွားဖို့ကြိုးစားနေတဲ့ Joy နဲ့ဟောင်ကောင်ကနေ ထွက်သွားလို့မရတဲ့ Ethan တို့ ရဲ့ အချစ်ဇာတ်လမ်းလေးပါဘယ်လိုတွေရိုသလဲဆိုတာတော့ ဆက်သာကြည့်လိုက်ပါတော့ကြိုပြောထားပါရစေ ...
movie


2019