Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lubna Azabal
7.0
Body of Lies (2008)
IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson
movie
Body of Lies (2008)
8.3
Incendies (2010)
Unnamed Middle East Countryတစ်ခုမှာဖြစ်တဲ့ ဘာသာရေးပြည်တွင်းစစ်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့် နာဝယ်မာဝန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် စစ်ပွဲဆိုတာက လူတွေအပေါ် အသက်ဆုံးရှုံးစေတာထက်ပိုပြီး ပြင်းထန်နာကျင်စရာကောင်းတဲ့ ခါးသီးမှုဒုက္ခတွေပေးနိုင်ကြောင်းကို ဒီကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာ နာဝယ်မာဝန်က သူမရဲ့သားသမီးတွေဖြစ်တဲ့ ဂျန်းမာဝန်နဲ့ဆီမွန်မာဝန် အမွှာနှစ်ယောက်လက်ထဲကို သူမရဲ့သေတမ်းစာကနေတစ်ဆင့် စာနှစ်စောင်ထားရှိခဲ့တယ်။ တစ်စောင်က စစ်ပွဲမှာသေဆုံးသွားပြီလို့ အမွှာနှစ်ယောက်သိထားတဲ့ သူတို့ရဲ့အဖေက သက်ရှိထင်ရှားရှိနေတာကိုသိရပြီး အဖေကိုလိုက်ရှာပြီး ပို့ပေးရမယ့်စာဖြစ်နေတယ်။ နောက်တစ်စောင်ကတော့ တစ်ခါမှမသိခဲ့ဖူးတဲ့ သူတို့ရဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်ကို လိုက်ရှာပြီးပို့ပေးရမယ့်စာပေါ့။ ဒီလိုနဲ့ အမွှာနှစ်ယောက်က သူတို့အမေရဲ့အတိတ်ကိုတူးဖော်ရင်း တဖြည်းဖြည်းနဲ့သိလာခဲ့ရတာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲမှာလေးနေမှာတော့ သေချာပါတယ်။ ဇာတ်ကားထဲက နာဝယ်မာဝန်က လူတစ်ယောက်ဆီမှာ ကြုံရနိုင်တဲ့ဒုက္ခကိုမှ အပြင်းထန်ဆုံးlimitအထိရရှိသွားတဲ့ သူတစ်ဦးမို့လို့ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲတော်တော်လေးနေပါလိမ့်မယ်။ ခါးသီးမှုတွေနဲ့ကျင့်သားမရဖူးသေးတဲ့သူဆိုရင် ကြည့်မိရင် စိတ်ဒဏ်ရာရသွားနိုင်တဲ့ကားမို့လို့ ကြိုချင့်ချိန်ပြီးမှကြည့်ဖို့ ကြိုမှာချင်ပါတယ်နော်။File size…(2 GB)/(1 ...
movie
Incendies (2010)
6.1
Coriolanus (2011)
War/Drama အမျိုးအစား IMDB 6.1/10, RT 92 % ရရှိထားတဲ့ ဒီဇာတ်ကားမှာ Ralph Fiennes (Harry Potter ထဲက နှာခေါင်းမပါတဲ့ Lord Voldemort, The Menu ထဲက Chef Slowik,The Grand Budapest Hotel ထဲက M. Gustave) က ဒါရိုက်တာအဖြစ်ရိုက်ကူးကာ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး Gerard Butler (300 ဘုရင်, Plane လေယာဉ်မှူး, London Has Fallen/ Olympus Has Fallen စတဲ့ ဘာ Fallen ညာ Fallen တွေထဲက အေးဂျင့် Mike Banning) က အပြိုင်ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရှိတ်စပီးယားရဲ့ နာမည်တူမူရင်းပြဇာတ်ကို ဆီလျော်အောင် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ...
movie
Coriolanus (2011)
7.5
Rebel (2022)
Rebel (2022)~ IMDb - 7.5/10, Rotten Tomatoes - 93% ~2013 နဲ့ 2016 အတွင်း ဆီးရီးယားမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးစစ်ပွဲအတွင်းက ဖြစ်ရပ်မှန်တွေပေါ်အခြေခံထားတဲ့ ကြေကွဲဖွယ် ရုပ်ရှင်တစ်ကားပါ။ကာမယ်ဟာ ညီလေး နာဆင်၊ မိခင် လေလာတို့နဲ့ ဘယ်ဂျီယံမှာနေပြီး ကာမယ်က ရက်ပါလူဆိုး ဆေးမှုတွေဖြစ်တဲ့အတွက် မိခင်နဲ့ အဆင်မပြေပါဘူး။ တစ်ခါမှ ဒီကိစ္စတွေနဲ့ပဲ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး သူ ကောင်းတာလုပ်တာသက်သေပြဖို့ ဆီးရီးယားကို ထွက်သွားခဲ့ပါတယ်။အစက စစ်ကြောင့်နစ်နာသူတွေကို ကူညီဖို့လာတာပေမဲ့ ရောက်တဲ့အချိန်မှာ စစ်ထဲ အတင်းအကြပ် အသွင်းခံရပါတယ်။ ဆီးရီးယားက ပုန်ကန်သူအကြမ်းဖက်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ အယူမှားတွေ မိန်းကလေးတွေကို ကျွန်ပြုတာတွေ အမှန်တိုင်းသိလာပြီး ထွက်ပြေးဖို့ကြံခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ပြန်မိသွားတဲ့အခါ...ကျန်ခဲ့တဲ့ ညီလေး နာဆင်ကလည်း စစ်သားစုဆောင်းသူတွေရဲ့ သားကောင်ဖြစ်သွားပြီး သူတို့ ဝါဒဖြန့်တာ၊ Brainwash ...
movie
Rebel (2022)
2022
7.7
The Blue Caftan (2023)
ဒီနေ့မှာတော့ Morocco နိုင်ငံမှာ အခြေတည်ထားပြီး ဆုတွေလည်း အများကြီးရထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ Halim နဲ့ Mina တို့ ဇနီးမောင်နှံဟာ စျေးထဲမှာ Caftan လို့ ခေါ်တဲ့ရိုးရာဝတ်စုံတွေချုပ်တဲ့ အပ်ချုပ်ဆိုင် တစ်ဆိုင်ဖွင့်ထားပါတယ်။ Caftan ဆိုတာ ပိုးစ၊ ဖဲစတွေကို ရွှေချည်တွေ အနုစိတ်ထိုးပြီး အမျိုးသမီးတွေ မင်္ဂလာပွဲလို ထူးခြားတဲ့ အခမ်းအနားမျိုးမှာ ဝတ်ဆင်ကြတဲ့ ဝတ်ရုံတစ်မျိုးပါ။ရွှေချည်ထိုးတွေ အနားကွပ်တွေကို တစ်ထည်လုံး လက်နဲ့ အနုစိတ်လုပ်ရတာမလို့ လက်ဝင်ပြီး အချိန်လည်း ကုန်ပါတယ်။ စက်နဲ့ချုပ်တာတွေလည်း ရှိလာပေမဲ့ Mina ရဲ့ ခင်ပွန်း Halim ကတော့ လက်မှုပညာကို တန်ိဖုးထားပြီး လက်နဲ့ အသေးစိတ်ချုပ်တတ်တာကြောင့် သူတို့ဆိုင်က သူများထက် အချိန်ကြာပြီး နောက်ကျလေ့ရှိပါတယ်။ အပ်ထည်တွေကို အချိန်မီပေးနိုင်ဖို့ တပည့်တွေ မွေးပြီးသင်ပေးပေမဲ့ ရောက်လာလိုက် ထွက်သွားလိုက် ဖြစ်နေရာက ...
movie
The Blue Caftan (2023)
7.4
Paradise Now (2005)
Paradise Now (2005)~ IMDb - 7.4/10, Rotten Tomatoes - 89% ~"တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်" တဲ့။ဟုတ်ပါတယ်။ အသေခံဗုံးဖောက်ခွဲဖို့ ကြံရွယ်နေသူတစ်ဦးရဲ့ စကားပါ။ ဘာလို့ ဒါကိုပြောလဲဆိုတော့ Paradise Now ဟာ အသေခံဖောက်ခွဲရေးသမား ၂ယောက်ရဲ့ အမြင်ကတစ်ဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်မို့လို့ပဲဖြစ်ပါတယ်။အစ္စရေး-ပါလက်စတိုင်းအရေးကိုတော့ တော်တော်များများသိကြမှာပါ။ ၂၀ရာစုလယ်လောက်ကတည်းက စခဲ့ပြီး ဒီနေ့ထိတိုင် အဖြေမတွေ့ မပြီးနိုင်သေးတဲ့ ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံကြီးတွေ ကြားဝင်ညှိနှိုင်းပေးတာတောင် မအောင်မြင်သေးတဲ့ အရေးကိစ္စပါ။ ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ကပ်နေရုံထက်ပိုပြီး နိုင်ငံအဖြစ်အသိအမှတ်ပြုခံရတာမျိုး မရှိသေးပါဘူး။ ဒီကားထဲမှာတော့ ပါလက်စတိုင်းတွေက အစ္စရေးတွေကို ‘အခြေချနေထိုင်သူတွေ’လို့ သုံးနှုန်းလေ့ရှိပါတယ်။Paradise Now ဟာ တဲလ်အာဗစ်လို့ခေါ်တဲ့ အစ္စရေးရဲ့ လူထူထပ်တဲ့မြို့တစ်မြို့မှာ အသေခံဗုံးခွဲဖို့ အစည်းရုံးခံခဲ့ရတဲ့ ငယ်သူငယ်ချင်း၂ယောက်ရဲ့ ၂ရက်တာအကြောင်းပါ။ တစ်သက်လုံး ...
movie
Paradise Now (2005)
2005
6.1
A Bluebird in My Heart(2018)
A Bluebird in My Heart(2018)(unicode)ဒန်နီတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက် ပုံမှန်ရိုးရှင်းတဲ့ဘဝကို ပြန်လည်တည်ဆောက် ပြီး ငြိမ်းချမ်းတဲ့ ဘဝလေး ဖန်တီးဖို့ကြိုးစားပါတယ်.... အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့သမီးဖြစ်သူ ကလယ်ရာတို့ပိုင်ဆိုင်တဲ့ မိုတယ်တစ်ခုမှာ အခြေချပြီး အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်...အလုပ်မှာသူပျော်သလို ကလယ်ရာဆိုတဲ့ကောင်မလေးကိုလည်း သမီးလေးတစ်ယောက်လိုခင်တွယ်မိသွားတယ်... သံယော်ဇဉ်တွေတွယ်မိတဲ့ သမီးလိုချစ်ရတဲ့ ဒီကောင်မလေးဟာ ကံဆိုးလွန်းတယ်... လူမဆန်စွာ မုဒိန်းကျင့်ခံလိုက်ရပါတယ်...ဒီအဖြစ်အပျက်ကိုသိသွားတဲ့ ဒန်နီတစ်ယောက် သူ့ရဲ့ခက်ထန်ကြမ်းတမ်းတဲ့ စိတ်တွေပြန်ပေါ်ပေါက်လာပြီး ဒီကောင်မလေးအတွက် ဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်....(zawgyi)ဒန်နီတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက် ပုံမှန်ရိုးရှင်းတဲ့ဘဝကို ပြန်လည်တည်ဆောက် ပြီး ငြိမ်းချမ်းတဲ့ ဘဝလေး ဖန်တီးဖို့ကြိုးစားပါတယ်.... အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့သမီးဖြစ်သူ ကလယ်ရာတို့ပိုင်ဆိုင်တဲ့ မိုတယ်တစ်ခုမှာ အခြေချပြီး အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်...အလုပ်မှာသူပျော်သလို ကလယ်ရာဆိုတဲ့ကောင်မလေးကိုလည်း သမီးလေးတစ်ယောက်လိုခင်တွယ်မိသွားတယ်... သံယော်ဇဉ်တွေတွယ်မိတဲ့ သမီးလိုချစ်ရတဲ့ ဒီကောင်မလေးဟာ ကံဆိုးလွန်းတယ်... လူမဆန်စွာ မုဒိန်းကျင့်ခံလိုက်ရပါတယ်...ဒီအဖြစ်အပျက်ကိုသိသွားတဲ့ ဒန်နီတစ်ယောက် သူ့ရဲ့ခက်ထန်ကြမ်းတမ်းတဲ့ စိတ်တွေပြန်ပေါ်ပေါက်လာပြီး ဒီကောင်မလေးအတွက် ဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်....File Size ...
movie
8.2
Incendies (2011)
နော်ဝယ်မာဝမ်ဆိုတဲ့အရှေ့အလယ်ပိုင်းသူ က သူမသေဆုံးခင် သေတမ်းစာရေးခဲ့ပါတယ်သူ့သေတမ်းစာကို သူ့အလုပ်ရှင်ရှေ့နေကြီးဆီမှာပဲယုံကြည်စွာအပ်နှံခဲ့ပါတယ် သူမသေဆုံးသွားပြီးတဲ့နောက်မှာတော့ ရှေ့နေကြီးက သူရဲ့ သားသမီးဖြစ်တဲ့ အမွှာမောင်နှမ၂ယောက်ရှေ့မှာပဲဖွင့်ဖတ်ပြခဲ့ပါတယ် သူရေးခဲ့တဲ့သေတမ်းစာကသူများတွေသေတမ်းစာနဲ့မတူ တမူထူးခြား နေပါတယ် ထူးခြားတဲ့တောင်းဆိုချက်တွေထဲမှာမှ သမီးဖြစ်သူဂျန်မာဝမ်အတွက် စာအိတ်တစ်အိတ်ပေးပြီး အဖေဖြစ်သူကိုရှာပြီး အဲ့စာအိတ်လေးပေးပေးဖို့တောင်းဆိုခဲ့သလို သားဖြစ်သူ စီမွန်မာဝမ်ကိုတော့ သူ့ရဲ့နောက်ထပ်အစ်ကိုဖြစ်သူကိုရှာပြီး ပေးဖို့ စာအိတ်တစ်အိတ်ပေးခဲ့ပါတယ် သားအမိ၃ယောက်ထဲနေခဲ့ပြီးမှ အဖေနဲ့နောက်ထပ်အစ်ကိုလုပ်သူကို ရှာရတော့မယ်ဆိုတော့အကုန်လုံးကလက်မခံနိုင်စရာတွေဖြစ်ခဲ့ပါတယ် သို့သော်လဲ သင်္ချာပညာရှင် ဂျန်မာဝမ်ကပုစ္ဆာတစ်ခုကိုအရှင်းဆုံးပုံစံထိ အဖြေရှာတတ်တဲ့သူဖြစ်တာကြောင့်မောင်လုပ်သူတားနေတဲ့ ကြားက သူ့တာဝန်ဖြစ်တဲ့ အဖေဖြစ်သူကိုရှာပြီးစာအိတ်ပေးဖို့ ခရီးစထွက်ပါတော့တယ် အဖေဖြစ်သူကိုရှာဖို့က အမေရဲ့အတိတ်ကို မလွှဲအသေပြန် တူးဖော်ရတော့မှာဖြစ်ပြီး သူ့အမေရဲ့အတိတ်တွေကို သူတို့မောင်နှမတွေ သိလာရတဲ့အခါမှာတော့.. IMDb 8.2/10ရထားတဲ့ ဒီကားလေးက အေးအေးဆေးဆေးဇာတ်လမ်းကိုကြည့်ချင်တဲ့သူတွေ အကြိုက်ဖြစ်မှာပါ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီးတဲ့ အခါရင်ထဲစို့နင့်သလိုလို ခံစားရပါတယ် အင်္ဂလိပ် ပြင်သစ်နဲ့ အာရေဗီဘာသာစကားသုံးထားတဲ့ဒီကားလေးက အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံး ဇာတ်ကားအနေနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ CM Translator Wai Zin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie
Incendies (2011)
2010
6.0
Mary Magdalene(2018)
Mary Magdalene(2018) Mary ဟာ သူရဲ့ မိသားစုနဲ့ တံငါရွာလေးကို ကျောခိုင်းပြီး Jesusရဲ့နောက်ကို လိုက်ခဲ့ပြီး ရှင်သန်ခြင်းရဲ့အခြားနည်းလမ်းကိုရှာဖွေခဲ့ပါတယ်... အဲ့လိုလိုက်ခဲ့တာက အခြားသူတွေ၊Saint Peter အပါအဝင်အခြားတမန်တော်တွေ ပဋိပက္ခတွေဖြစ်စေခဲ့ပါတယ်... နောက်ပိုင်းမှာတော့ Mary ဟာ Jesus လိုပဲ လက်ဝါးကပ်တိုင်မှာပဲ အဆုံးစီရင်စေခဲ့ပါတယ်.... ဒီကားလေးကတော့ Jesusရဲ့ တမန်တော်တွေထဲက တစ်ပါးဖြစ်တဲ့ Mary အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ခရစ်ယာန် ဘာသာရေးကားလေးတစ်ကားပဲဖြစ်ပါတယ်... Garth Davis က ရိုက်ကူးထားပြီး Rooney Mara, Joaquin Phoenix အစရှိတဲ့ သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tinnilar Lwin Encoded by Phyo ...
movie
Mary Magdalene(2018)
2018