Channel Myanmar

Lucas Black

All the Pretty Horses (2000) 5.8
All the Pretty Horses (2000) All the Pretty Horses (2000)ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး "Best Seller" စာအုပ်တစ်အုပ်ဖြစ်တဲ့ "All the Pretty Horses" ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့... တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါ‌သေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

All the Pretty Horses (2000)

2000
Birthright: Outlaw (2023) 5.8
Birthright: Outlaw (2023)  ဇာတ်လမ်းနာမည်က "ရာဇဝတ်သားအမွေခံ"...။ဆိုလိုချင်တာက တစ်ခါရာဇဝတ်သားဖြစ်ဖူးရင်၊ ရာဇဝတ်မျိုးရိုးပါရင်အမြဲပဲ ရာဇဝတ်သားဖြစ်နေမှာ...အတိတ်ကို မေ့ထားလို့သာရမယ် ဖျောက်ဖျက်ငြင်းပယ်မရတဲ့အမွေအနှစ်ကြီးပေါ့....။ဒီလိုအဓိပ္ပာယ်လေးနဲ့ ဇာတ်အိမ်တည်ထားတဲ့ Western Dramaလေးပါ...။ဇာတ်လမ်းအကျဥ်းက‌တော့ သင်းအုပ်ဆရာဖခင်တစ်ယောက်၊ အိမ်ရှင်မဇနီးသည်နဲ့သမီးလေးတို့ မိသားစုသုံးယောက်သား အမေရိကန်အနောက်တိုင်းဘဝအတိုင်းအေးအေးချမ်းချမ်းနေကြတယ်ပေါ့...။တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျပြီး သမီးဖြစ်သူကို လူတစ်စုကပြန်ပေးဆွဲဖမ်းခေါ်သွားပါတယ်...။ကြံရမရတဲ့ သင်းအုပ်ဆရာနဲ့ ဇနီးသည်ဟာ ဒီအမှုကို တိုင်တန်းရင်းနဲ့မှအဖုံးဖုံးအဖိဖိ ထားခဲ့တဲ့ အတိတ်တွေက ပြန်ပေါ်လာပါတယ်...။ဒီရာဇဝတ်အမွေခံအတိတ်ကိုရော အသစ်ပြန်စလို့ရနိုင်မလား...၊သူတို့ရင်ဆိုင်ရမယ့် လျှို့ဝှက်ဂိုဏ်းကဘာဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ....။  File size…1.39GB / 654MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 41m Genre ….. Drama , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Birthright: Outlaw (2023)

42 (2013) 7.5
42 (2013) ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.82 GB /  894 ...
movie

42 (2013)

2013
Legacy Peak (2022)
Legacy Peak (2022) တောတွင်းစွန့်စားခန်းဖွင့်တဲ့ဇာတ်ကားမျိုးကိုမှ exaggerated ဖြစ်နေတဲ့ scene တွေမပါဘဲ ကိုယ်ကိုယ်တိုင်တောတွင်းရောက်သွားတဲ့အခါ တကယ်တမ်းကြုံတွေ့လာရနိုင်တာတွေကိုပဲ ရိုက်ပြထားတဲ့ သဘာဝအဆန်ဆုံး adventure movie မျိုးကို သဘောကျတယ်ဆိုရင် Legacy Peak ဆိုတဲ့ ဒီဇာတ်ကားလေးကိုကြည့်ဖို့ ကျွန်တော်ညွှန်းချင်ပါတယ်ဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဆန်ဆိုတဲ့ သက်လတ်ပိုင်းဘဲတစ်ပွေက သူလက်ထပ်လုဆဲဆဲအမျိုးသမီးရဲ့ သားနဲ့သမီးဆီမှာ မျက်နှာကောင်းရဖို့အတွက် သူ့အမျိုးသမီးရဲ့မိသားစု ခရစ်စမတ်ကိုအတူတူနွှဲကြမဲ့အပန်းဖြေအိမ်လေးဆီ ကလေးနှစ်ယောက်ကိုခေါ်ပြီး ဘိုးရင်းဂျက်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း စီစဉ်တဲ့အတိုင်းဖြစ်မလာခဲ့ဘဲ လေယာဉ်ပျက်ပြီး လီဂေဆီတောင်ထိပ်နားကတောနက်ကြီးထဲကို သုံးယောက်သားရောက်ရှိသွားပါတော့တယ်။ လူတွေဟာ အခက်အခဲတွေကြုံလာရချိန် ကိုယ်နဲ့အတူရင်ဆိုင်မဲ့ရဲဘော်ရဲဘက်တွေနဲ့ ရင်ဘတ်ချင်းနီးတတ်ကြသလိုပဲ ဒီသုံးယောက်သားဟာလည်း အခက်အခဲတွေကြားမှာမှ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာ၊ တစ်ယောက်စိတ်ရင်းအမှန်ကိုတစ်ယောက် မြင်ခွင့်ရလာပါတော့တယ်။ ဒီဇာတ်လမ်းမှာက အဓိကအနေနဲ့ တောတွင်းစွန့်စားခန်းတွေထက် သူတို့သုံးဦးသားကြားက မေတ္တာတွေ၊ အခက်အခဲတွေကို အတူရင်ဆိုင်ကြပုံတွေကို ရိုက်ပြထားတာမို့ ကြည့်ပြီးတဲ့အချိန်မှာလည်း တစ်ခုခုတော့ကျန်ခဲ့မှာ အသေအချာပါပဲဗျာ။File size…(1.6 GB)/(966 MB)/(466 Mb) Quality….Webrip 1080p / ...
movie

Legacy Peak (2022)

Sling Blade (1996) 8.0
Sling Blade (1996) 1996မှာထွက်ရှိခဲ့တဲ့ sling bladeဟာ imdb 8/10 ရရှိထားတဲ့အပြင် rotten tomatoes မှာ 97%အထိရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Billy bob Thornton ဟာ ကိုယ်တိုင် သရုပ်ဆောင်ပြီး ကိုယ်တိုင်ဒါရိုက်တာ လုပ်ခဲ့တဲ့အပြင် ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကားနဲ့ပဲ 1997 Academy awards မှာ အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်လမ်း ကတော့ ကားလ် ချိူင်းလ်ဒါဆိုတဲ့လူတစ်ယောက်ဟာ ငယ်ကလေးဘဝကတည်း သူ့အမေနဲ့ သူ့အမေရဲ့ချစ်သူကိုသတ်ခဲ့လို့ ဆေးရုံတင်ထားခဲ့ရတယ်။သူဟာဆေးရုံကနေလွတ်လာပြီး သူမွေးဖွားခဲ့တဲ့ မြို့ငယ်လေးမှာ ပဲနောက်ဘဝအသစ်ကို စဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် သိပ်မကြာခဲ့ဘူး သူဟာ သူရဲ့အတိတ်ကဖြစ်ရပ်ပုံစံမျိုး တစ်ဖန် ထပ်မံပြန်ရောက်လာတဲ့ အဖြစ်အပျက်ကို သူဘယ်လိုရင်ဆိုင်လဲဆိုတဲ့ အကြောင်း ဇာတ်ညွန်းကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ Drama indie ကားလေးတစ်ကားဖြစ်ပါတယ်။File size…(3.5GB)  / (1.38GB) / (599.43MB) Quality…. ...
movie

Sling Blade (1996)

F9 (2021) Fast and Furious 9 5.5
F9 (2021) Fast and Furious 9  (function(f,b,n,j,x,e){})();  F9: The Fast Saga(2021) အညွှန်း****************************ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ.....အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်းထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်....ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်....လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ....ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ.....ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား...ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ပိုမြိုင်လာတယ်လို့ပြောရမှာပဲ...Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့....F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ် ..ဘရိုင်ယန်မပါတဲ့နောက်ပိုင်းပေါ့သွားတယ်ဘာညာပေါ့လေ..သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေအက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး....ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ.. File Size :(2.7GB) / (2.6GB)/(1.4GB)/586MB Quality :WEB-DL HEVC / 1080p / 720p / 480p Format…mp4 Duration…02:23:00 Genre : Action, Crime , Adventure Subtitle ...
movie

F9 (2021) Fast and Furious 9

HEVC 1080p 5.1
Furious 7 (2015) Fast and Furious 7 7.2
Furious 7 (2015) Fast and Furious 7       Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie

Furious 7 (2015) Fast and Furious 7

2015
The Fast and the Furious: Tokyo Drift (2006)Fast and Furious 3 6.0
The Fast and the Furious: Tokyo Drift (2006)Fast and Furious 3       ရှောင်ဆိုတဲ့လူငယ်လေးဟာ တကယ်ပြဿနာအိုးကောင်..ကျောင်းတက်ရင်လည်း ပြဿနာမျိုးစုံတက်သလိုရန်ပွဲတွေလည်းခဏ ခဏဆင်နွှဲလေ့ရှိတယ်...ဒီလို ဂျစ်ကန်ကန်ကောင်လေးကြောင့်အမေဖြစ်သူဟာ ခဏ ခဏနေရပ်ပြောင်းရလေ့ရှိတယ်....နောက်ဆုံးအဆင်မပြေတဲ့အဆုံးအမေဖြစ်သူဟာ ရှောင်ကို အဖေဖြစ်သူနေထိုင်တဲ့ ဂျပန်နိုင်ငံတိုကျိုမြို့ကိုလွှတ်လိုက်တယ်...အဖေနဲ့အတူနေပြီး နိုင်ငံခြားကျောင်းမှာ ခြေငြိမ်မယ်အထင်နဲ့ပေါ့...သို့ပေမဲ့ ဂျပန်ရောက်မှာ ပိုဆိုးပါတော့တယ်....File Size :(1.95GB) (0.99 GB) Quality : Blu-Ray1080P5.1CH, 720p Running Time : 1hr 44min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw  
movie

The Fast and the Furious: Tokyo Drift (2006)Fast and Furious 3

2006
Cold Mountain 2003 7.2
Cold Mountain 2003 Cold Mountain(2003) ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Old but Gold အနေနဲ့ အရမ်းကောင်းတဲ့ ကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။နာမည်ကျော်သရုပ်ဆောင် Jude Lewနဲ့ Nicole Kidman တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ Cold Mountain ဆိုတဲ့ ဒီကားလေးဟာ Imdb Rating 7.2/10 Rotten Tomatoes 71% တောင်ရရှိထားတဲ့ကားလေးပါ။ ဇာတ်ကားလေးကတော့ ကိုး‌မောင်တိန်လို့ ခေါ်တဲ့မြို့လေးကနေ အခြေတည်ထားတာပါ။ကျွန်စနစ်ဖျက်သိမ်းရေးပေါ် အငြင်းပွားပြီးမြောက်ပိုင်းနဲ့တောင်ပိုင်း ပြည်တွင်းစစ်အတွက် တိုက်ခိုက်ဖို့မြို့ထဲမှာရှိတဲ့ ယောကျာ်းသားတွေ အရမ်းစိတ်အားတက်ကြွနေတဲ့အချိန်လေးပေါ့။အဲဒီကိုးမောင်တိန်မြို့လေးကို ဘုန်းတော်ကြီးတစ်ပါးနဲ့သူ့သမီးလေးဖြစ်သူ အေဒါက ပြောင်းလာခဲ့ပါတယ်။ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ စစ်ပွဲတွေက စတင်ကာအင်းမန်းတို့ စစ်တိုက်ထွက်ရပါတော့တယ်။အင်းမန်းနဲ့ အေဒါတို့မှာအတူတူရှိချိန်နည်းပါးခဲ့ပေမယ့် ကျွန်မစောင့်နေမယ်ဆိုတဲ့ ကတိလေးကတစ်ဘ၀လုံးစာအတွက်လုံလောက်သွားခဲ့သလိုပါပဲ။အေဒါကအခက်အခဲတွေကြားက အင်းမန်းပြန်အလာကိုစောင့်နေခဲ့ပါတယ်။ဒါပေမယ့် စစ်ပွဲကထင်သလိုဖြစ်မလာခဲ့ပဲ နှစ်များစွာကြာလာခဲ့ပါပြီ။စစ်ပွဲကနေ ထွက်ပြေးတဲ့သူတွေကိုလည်း မြို့စောင့်တပ်တွေက ခွေးတစ်ကောင်လို သတ်ဖြတ်ပစ်နေတဲ့အချိန်ဖြစ်လာပါတယ်။ချစ်ရတဲ့သူတစ်ယောက်တည်း စောင့်မျှော်နေတာကိုသိနေရတဲ့ အင်းမန်းတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? မိုင်ပေါင်းထောင်ချီ‌ေ၀းကွာနေတဲ့ ကိုးမောင်တိန်ကိုပြန်ရောက်နိုင်မှာလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။လွမ်းမောဖွယ် ချစ်ခြင်းမေတ္တာနဲ့ စစ်အတွင်းအခြေအနေတွေကို ...
movie

Cold Mountain 2003

Promised Land(2012) 7.0
Promised Land(2012) Promised Land(2012)မင်းသားကြီး မက်ဒါမွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်...လတ်တလော ရေပန်းစားနေတဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖို့ကိစ္စအတွက် ကုမ္ပဏီကမက်လုံးတွေပေးတာကို နယ်ခံတွေရဲ့  မြေဝယ်ဖို့ကြိုးစားကြတယ်....ဒီလိုအနေအထားမှာ ဘိုးစဉ်ဘောင်စဉ်မြေမို့ ဘယ်လောက်ပေးပေး မြူတစ်မှုန့်စာတောင်ရောင်းဖို့ဆန္ဒမရှိတဲ့ သူတွေ ရှိကြသလို များပျားလွန်းတဲ့ ငွေကြေးကြောင့် ရောင်းပြီးပိုမိုကောင်းမွန်တဲ့ဘဝကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြသူတွေလည်းရှိတယ်..တစ်ချို့တွေကလည်း သဘာဝဓာတ်ငွေ့ကုမ္ပဏီကြောင့် မိမိတို့လူနေမှုဘဝကိုပါများစွာထိခိုက်မယ်လို့လည်း ယူဆနေကြတဲ့သူတွေရှိတယ်...ဘယ်သူတွေက အနိုင်ရသွားမလဲ...အနိုင်ရဖို့ကြိုးစားတဲ့နေရာမှာ ဘယ်လိုမြှုတ်ကွက်တွေရှိမလဲ...ဘယ်သူတွေကရော မှန်နေကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....File Size :(900 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Phyo Pyae
movie

Promised Land(2012)

Legion (2010) 5.2
Legion (2010) Legion (2010)______IMDb - 5.2/10  ဘုရားသခင်ကလူသားတွေအတွက် ပထမတစ်ခေါက်မျှော်လင့်ချက်ကုန်ဆုံးပြီး ယုံကြည်မှု့ကင်းမဲ့သွားတဲ့အချိန်မှာ တစ်ကမ္ဘာလုံးကိုရေလွှမ်းမိုးမှု့ဖြစ်စေပြီးတော့ လူသားတွေကိုရှင်းလင်းခဲ့တယ် ပြီးတော့ နောဧကနေမှတစ်ဆင့် လူသားမျိုးနွယ်တွေကိုတစ်ဖန်ပြန်စတင်စေခဲ့တယ်။အခုဒီဇာတ်ကားထဲမှာလည်း ဘုရားသခင်ကလူသားတွေကို စိတ်ကုန်လာပြီးတော့ ယုံကြည်မှု့ပျောက်ဆုံးနေတဲ့အချိန်ကာလကနေစတင်ခဲ့ပါတယ်။ သူကပျက်ကပ်တစ်ခုကို စတင်ဖို့အတွက်အမိန့်ပေးထားပြီးနေပါပြီ။ အဲ့လိုအချိန်မှာပဲကန္တာရတစ်ခုကစားသောက်ဆိုင်လေးတစ်ဆိုင်မှာတော့ စားသောက်ဆိုင်ပိုင်ရှင် ဘော့ဘ်တစ်ယောက်တီဗွီတွေကအလုပ်မလုပ်လို့စိတ်ပျက်နေပါတယ်။ သူ့ဆိုင်မှာကလည်း ကားပျက်လို့သူ့သားဖြစ်သူ ဂျီပ်ကိုသူပြင်ခိုင်းထားရတဲ့ စုံတွဲတစ်တွဲကလည်းရှိနေသေးပါတယ်။သူတို့ကလည်း ကားအမြန်ပြီးဖို့ တဂျီဂျီနဲ့ဆိုပါတော့။ သူ့ဆိုင်မှာကတော့ သူရယ် သူ့သားဖြစ်သူရယ် ပြီးတော့ ချာလီဆိုတဲ့ကိုယ်ဝန်သည်ရယ် ပါစီဆိုတဲ့စားဖိုမှူးကြီးရယ်နဲ့လည်ပတ်နေတာပေါ့။ ဒီလိုနဲ့သူတို့တွေဟာဆိုရင် ဖုန်းလိုင်းတွေကော ရေဒီယိုလှိုင်းတွေကောဘာတစ်ခုမှအလုပ်မလုပ်ကြောင် းသတိထားမိလာခဲ့ရာကနေ အဘွားကြီးတစ်ယောက်ရောက်လာတဲ့အချိန်မှာ အကုန်ဗြောင်းဆန်ကုန်ပါတော့တယ်။ ဆက်လက်ခံစားကြည့်ရှုပါFile Size - 755 MB Quality - BrRip 720p Translated & Review By Mark Miller Encoded By LK
movie

Legion (2010)

2010
Jarhead(2005) 7.0
Jarhead(2005) Jarhead(2015) IMDB....7 ဒီစစ်ကားက တခြားစစ်ကားရဲ့ထူးခြားချက်က ရဲဘော်တစ်ယောက်စစ်ထဲစ၀င်တဲ့ အခန်းကနေစပြထားတယ် စစ်မြေပြင်အတွက်သင်တန်းတွေ ရဲဘော်သစ်ကိုကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကို အသေးစိတ် ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် သရုပ်ဆောင်တွေကလည်း နာမည်ကြီးမင်းသား Jake Gyllenhaal,Jamie Foxx,Peter Sarsgaard,Lucas Black စတဲ့သူတွေမို့ ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာသရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို့ချီးကျူးခံထားရတယ်... စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖို့မဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့မယ် လေ့လာပြီး သိနားလည်ပေးလို့ရတယ်တဲ့ စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူးတံတားတွေအဖြစ်တည်ရှိနေသတဲ့ .ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင် အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကို လှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ File Size…(879MB) and (348MB) Quality…BluRay 720p Format…mp4 Duration…02:05:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Zuel Khant Thwin
movie

Jarhead(2005)

2005