Channel Myanmar

Lynn Redgrave

Shine(1996) 7.6
Shine(1996)  မိုးရေထဲဆေးပေါ့လိပ်တိုလေးကိုက်ပြီးပြေးလွှားနေတဲ့လူတစ်ယောက်၊ ပြောတဲ့စကားတွေကလည်း ဗလုံးဗထွေးနဲ့ရယ် တစ်ခွန်းကိုထပ်ခါတလှဲလှဲလည်းပြောသေးတယ်။ စကားပြောနေရင်း ထပြီးရယ်တတ်တဲ့သူ့ပုံစံက ခင်ဖို့ကောင်းမယ့်ပုံ။ လူအများရှေ့မှာဖျော်ဖြေဖို့ စန္ဒရားခုံရှေ့ထိုင်လိုက်တာနဲ့ ပြဿနာတတ်နေပုံပေါက်ပြီး စပြီးတီးလို့ ဆုံးတာနဲ့ လက်ခုပ်ဩဘာပေးသံတွေနဲ့ ဩချရလောက်တဲ့ အဆိုပါပုဂ္ဂိုလ်ဟာ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဂီတမှာတစ်ဖက်ကမ်းခပ်ထူးချွန်ခဲ့တဲ့ ဒေးဗစ်ဟာ အဖေဖြစ်သူရဲ့အဆမတန်ဖိအားပေးမှုတွေကြားမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်။ ဂီတကျောင်းကိုရောက်ပြန်တော့လည်း ဂီတကလွဲလို့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာလေးဟာ သူ့အတွက်ခက်ခဲနေခဲ့တယ်။ ဒေးဗစ်မှာ သူ့ခံစားချက်တွေကိုဖော်ပြဖို့ စကားလုံးတွေမရှိပါဘူး ဂီတသာလျှင်တစ်ခုတည်းသောအဖော်မွန်ဖြစ်ပါတယ်။ သူ့အဖေရဲ့ဖိအားပေးစကားတွေ၊ သူ့ဆရာပါမောက္ခကြီးရဲ့မောင်းနှင်မှုတွေ၊ အပြင်းထန်လေ့ကျင့်မှုတွေ၊ အောင်မြင်မှုဒဏ်တွေအကြားမှာ ဒေးဗစ်ရဲ့စိတ်ဓာတ်ဟာဗုန်းဗုန်းလဲကျပါတော့တယ်။ အဆိုပါ ရုပ်ရှင်ဟာ ဩစတေးလျနိုင်ငံသား ဂျူးလူမျိုး စန္ဒရားပါရမီရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး Geoffrey Rush မှ ဒေးဗစ်ဟပ်ဖ်ဂေါ့အဖြစ် ပြီပြင်စွာရုပ်လုံးထုသရုပ်ဆောင်ထားပြီး ၁၉၉၆ တွင် အကောင်းဆုံးဇာတ်ဆောင်အော်စကာဆုအား ဆွပ်ခူးရရှိခဲ့ပါတယ်။ Box Office တွင်လည်း ကန်ဒေါ်လာ ၃၆သန်းထိ ဝင်ငွေရရှိခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂန္ဒဝင်ဂီတသံများအကြားပျောက်ဆုံးနေတဲ့ ဒေးဗစ်တစ်ယောက် ...
movie

Shine(1996)

Peter Pan (2003) 6.8
Peter Pan (2003)   အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။ 2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။ Rotten tomatoes -77% File size…(2.17GB)/(1.2GB)/(875MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...adventure / Family / fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Peter Pan (2003)

Gods and Monsters (1998) 7.4
Gods and Monsters (1998) (Unicode)Gods And Mosnsters (1998) ဆိုတဲ့ Biography, Drama ဇာတ်ကားက အကျော်ကြားဆုံး Horror ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ဖရန်ကင်စတိန်းရဲ့ မကောင်းဆိုးရွားကြီးကို စာအုပ်ထဲကနေဆွဲထုတ်ပြီး ပိတ်ကားပေါ်ကို တင်ပေးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာ ဂျိမ်းစ်ဝေးလ်နောက်ဆုံးနေ့ရက်တွေအကြောင်းကို စိတ်ကူးယဉ် ရိုက်ကူူးထားတာဖြစ်ပါတယ်။သူက လိင်တူချစ်သူတစ်ယောက်ဖြစ်တဲ့အတွက် ရုပ်ရှင်အသိုင်းအဝိုင်းကနေ တွန်းထုတ်ခံရလို့ စောစောစီးစီး အနားယူခဲ့ရသူပါ။အသက်အရွယ်ရလာတဲ့အချိန်မှာ ဖြစ်တတ်တဲ့ နှလုံးဖောက်တာမျိုးဖြစ်ပြီးတဲ့နောက်မှာ သူ့ခေါင်းထဲကအတွေးတွေကို ရပ်လို့မရဘဲ ဆက်တိုက်ဖြစ်နေပြီး အတိတ်နဲ့ပစ္စုပ္ပန်မခွဲခြားနိုင်ဖြစ်လာပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့ ခြံအလုပ်သမား ကလေးဘွန်းရဲ့ ပုံတူကိုဆွဲပြီး စိတ်ငြိမ်အောင် ထိန်းဖို့လုပ်ပေမဲ့သူ့ရဲ့အတိတ်ကမကောင်းဆိုးရွားတွေက ဆက်တိုက်ခြောက်လှန့်နေခဲ့ပါတယ်။မကောင်းဆိုးရွားဇာတ်ကောင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး သူ့ခေါင်းထဲကမကောင်းဆိုးရွားတွေကို အနိုင်ယူပြီး အေးအေးချမ်းချမ်း အနားယူသွားတာကို ပြထားပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်…(Zawgyi)Gods And Mosnsters (1998) ...
movie

Gods and Monsters (1998)

Confessions of a Shopaholic (2009) 5.9
Confessions of a Shopaholic (2009) အခုမိတ်​ဆက်​​ပေမယ့်​ ဇာတ်​လမ်းက​တော့ ၂၀၀၉ ခုနှစ်​က ထွက်​ခဲ့ပြီး P.J.Hogan ရိုက်​ကူးထားတဲ့ Confessions of A Shopaholic ဆိုတဲ့ ဇာတ်​မြူး​လေးပါနယူး​ရော့ခ်​မြို့ရဲ့ ​ပျော်​ရွှင်​စရာ ကမ္ဘာ​လေးထဲမှာ Rebecca Bloomwood ဟာ shopping ထွက်​တဲ့​နေရာမှာ တကယ်​ကို​တော်​တဲ့ ချစ်​ဖို့​ကောင်းတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ပါ​တော်​တယ်​ဆိုတဲ့​နေရာမှာ နည်းနည်း​လေး​တော့ ​တော်​လွန်း​နေသလို​ပေါ့​နော်​ သူဟာ သူ့ရဲ့အကြိုက်​ဆုံး ဖက်​ရှင်​မဂ္ဂဇင်းမှာ အလုပ်​လုပ်​ဖို့ အိပ်​မက်​တစ်​ခုလည်းရှိပါတယ်​ဒါ​ပေမယ့်​ အဲ့ဒီ company ကဘဲ ထုတ်​​ဝေတဲ့ စီးပွား​ရေး မဂ္ဂဇင်း အတွက်​ အကြံ ​ပေးအဖြစ်​ အလုပ်​မလုပ်​ခင်​အထိ သူ့အိပ်​မက်​နားကို ​​ခြေဦး​တောင်​မလှည့်​နိုင်​ခဲ့ပါဘူး​နောက်​ဆုံး​တော့ သူ့အိပ်​မက်​​တွေ တကယ်​ဖြစ်​လာခဲ့ချိန်​မှာ သူ့အတိတ်​​တွေက သူ့ရဲ့လှပတဲ့အနာဂတ်​ကိုဖျက်​ဆီးမယ့်​ ရန်​က​နေ ကာကွယ်​ဖို့အတွက်​ ခါတိုင်းထက်​ပိုရယ်​စရာ​ကောင်းပီး ပြင်းထန်​တဲ့အားထုတ်​မှုေ​တွကို သူကြိုးစားရပါ​တော့တယ်​ဟာသဆန်​ဆန်​ မြူးမြူးကြွကြွ ဇာတ်​ကွက်​​လေး​တွေနဲ့ မအီရ​အောင်​ ရိုက်​ကူးထားတဲ့ ...
movie


2009