Channel Myanmar

Marcia Jean Kurtz

Dog Day Afternoon (1975) 8.0
Dog Day Afternoon (1975)  Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက်အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင်တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကိုဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်ကသူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံအခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ ...
movie

Dog Day Afternoon (1975)

Before the Devil Knows You’re Dead (2007) 7.3
Before the Devil Knows You’re Dead (2007) Imdb rating - 7.3/10ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ...
movie

Before the Devil Knows You’re Dead (2007)

Armageddon Time (2022) 6.9
Armageddon Time (2022)  ဒီဇာတ်ကားကို Universal ကုမ္ပဏီက ရိုက်ကူးထားတာဖြစ်ပြီး Anthony Hopkins, Anne Hathawayတို့လို နာမည်ကြီးတဲ့ Cast​တွေအပြင် Succession series မှ Jeremy Strongနဲ့ The Black Phoneနဲ့ The Devil All The Timeမှာပါဝင်ခဲ့တဲ့ က​လေးသရုပ်​ဆောင် Banks Repeta လည်း ပါဝင်ပါတယ်။ ဥ​ရောပမှ ​အ​မေရိကန်ကို​ရွေ့​ပြောင်းလာတဲ့ မိသားစုအ​ကြောင်း ဖြစ်ရပ်မှန် Dramaဇာတ်လမ်းဖြစ်ပြီး RT 75%နဲ့ Metacritic 75% ရထားပါတယ်။Paul Graff ဆိုတဲ့ ကျောင်းသား​လေးတစ်​ယောက် ​​ကျောင်းနဲ့ မိသားစုကြားမှာကြုံ​တွေ့ရတဲ့ အခက်အခဲ​တွေ၊ လူငယ်ဘဝမှာ ဖြစ်တတ်တဲ့ ဆုံးဖြတ်ချက်အမှား​တွေအ​ကြောင်း အသား​ပေး ရိုက်ကူးထားတာဖြစ်ပါတယ်။ ၆တန်း​ကျောင်းသား​လေးဖြစ်တဲ့ Paulဟာ ​ကျောင်းစာကို စိတ်မပါဘဲ စိတ်ထင်ရာ​လျှောက်လုပ် ​တတ်တဲ့ က​လေးတစ်​ယောက်ပါ။ ပန်းချီပညာကို​တော့ ဝါသနာ ထုံပြီး အား​နေရင် ပန်းချီပဲဆွဲချင်​နေသူ​လေးပါ။ ဒီလိုနဲ့ တစ်​​နေ့ အတန်းထဲက ​ကျောင်းလူမိုက် ဂျိုနသန်​ဒေးဗစ်ဆိုတဲ့ ​က​လေးနဲ့ အဖွဲ့ကျပြီး မ​ကောင်းတဲ့လမ်းမှားထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ​ရောက်လုနီးပါးဖြစ်လာလို့ သူ့ရဲ့မိဘ​တွေ အဘိုးအဘွား​တွေက Paul လမ်းမှန်ပြန်​ရောက်​ဖို့အ​ရေး ကြိုးစားရပါ​တော့တယ်။ File size…(1.35GB)  ...
movie

Armageddon Time (2022)

The Good Nurse (2022) 6.9
The Good Nurse (2022) IMDb 6.9/10 Rotten Tomatoes 8.1ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး Netflix ကထုတ်လွှင့်တဲ့ ဒီကားကတော့ Must Watch စာရင်းထဲပါတဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးရှင်တစ်နေ့..ပါ့ခ်ဖီးဆေးရုံကြီးကိုချာလီဆိုတဲ့ Male Nurse တစ်ယောက်အလုပ်လာလုပ်ခဲ့တယ် အေမီဆိုတာကတော့ ဆေးရုံမှာမသိတဲ့လူမရှိ လူချစ်လူခင်ပေါတဲ့သူနာပြုတစ်ယောက် ဒီလိုနဲ့ လူသစ်ချာလီကို ကူညီပေးရင်းသူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ကြတယ် ချာလီကသူမထင်ထားတာထက် ဖော်ရွေသဘောကောင်းပြီး ကျန်းမာရေးမကောင်းတဲ့သူမကို အရမ်းဂရုစိုက်ပေးခဲ့တော့ တွဲဖက်ကောင်းတွေဖြစ်သွားခဲ့ကြတာပေါ့ဒါပေမယ့်မကြာခင်မှာပဲ ဆေးရုံကလူနာတွေရုတ်တရက်ကြီးသေဆုံးသွားကြပါတယ် ဆုံးပါးတဲ့လူနာတိုင်းကိုစစ်ကြည့်တော့လည်း အင်ဆူလင်ဆေးကြောင့်ဆိုတာထွက်ပေါ်လာတော့ ဆေးရုံဘုတ်အဖွဲ့ကမသင်္ကာလို့ရဲတွေအကြောင်းကြားပြီး ဒီအမှုကိုစုံစမ်းခိုင်းပါတော့တယ်ဒီလိုနဲ့ ICU မှာတာဝန်ကျသူနာပြုတွေကိုစုံစမ်းရင်း လူသစ်ချာလီက ထူးဆန်းစွာဆေးရုံပေါင်း၉ခုမှာအလုပ်လုပ်ခဲ့ကြောင်းတွေ့ရှိလာခဲ့တဲ့နောက်မှာတော့....တကယ်ပဲချာလီကဒီလူတွေသေတာနဲ့ပတ်သက်နေတာလား လူသတ်သမားကဘယ်သူဖြစ်နိုင်မလဲဆိုတာဆက်လက်ခံစားကြည့်ရှုလိုက်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(2GB) / (750MB) Quality__WEB-DL_1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__02:01:00 Type__Biography, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

The Good Nurse (2022)

Requiem for a Dream (2000) 8.3
Requiem for a Dream (2000) Requiem for a Dream (2000)IMDb - 8.3/10, RT - 79%တစ်ချို့က Requiem For A Dream ကို ကြည့်ရအခက်ဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြတယ်။ တခြားတော့မဟုတ်ပါဘူး။ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်ပါပဲ။ နာမည်ကျော်ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကတော့ ဒီလိုပြောထားတယ်။" Requiem for a Dream ဟာ အတော်လေးလက်တွေ့ကျတဲ့ စိတ်ဓာတ်ကျစရာအတော်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Requiem for a Dream နဲ့ ပတ်သက်ပြီး စွဲမက်စရာကောင်းတဲ့အချက်က... ဒါရိုက်တာက ဆေးစွဲနေတဲ့ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားတဲ့အချက်ပါပဲ။ ဆေးသုံးနေတဲ့အချိန်မှာ... ဆေးဟာ ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုထဲကို ပြတင်းတံခါးခဏဖွင့်ပြပေးပြီး... အဲဒီတံခါးပိတ်ကျသွားတဲ့အခါမှာ... ဘဝက အဲဒီပြတင်းတံခါးကိုပြန်ဖွင့်ဖို့ ငွေနဲ့ဆေးကိုရှာဖို့ ကြံမိကြံရာရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တယ်" တဲ့။ဒီရုပ်ရှင်ဟာ ဆေးစွဲနေတဲ့သူရဲ့ စိတ္တဗေဒကို အစစ်အမှန်ပြသထားတဲ့ ...
movie

Requiem for a Dream (2000)

2000
Tower Heist(2011) 7.0
Tower Heist(2011) Tower Heist(2011) အညွှန်း ************************ IMDb...7.0 နာမည်ရင်းတွေသာမသိရင်နေမယ် ..ဟာသလေးတွေနဲ့ပရိတ်သတ်ကို ရင်ထဲ တစ်ခုခုချန်ချန်သွားတတ်တဲ့ ဒီသရုပ်ဆောင်ကြီး (၂)ဉီး Eddie Murphy ,Ben Stiller ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ဒီကားက ဓားပြတိုက်တဲ့ကားစာရင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သလို ဝင်ငွေလည်းစံချိန်တင်ခဲ့ပါတယ်... ဂျော့ရှ် ကိုဗက်ခ်စ် ဆိုတဲ့ လူတစ်ယောက်ဟာ နယူးယောက်မြို့ရဲ့ နာမည်အကြီးဆုံး "The Tower" ဆိုတဲ့ အဆောက်အဦမှာ အလုပ်လုပ်တဲ့ အရည်အချင်းရှိ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီ တာဝါ မှာရှိတဲ့ တိုက်ခန်းတွေက New York မှာဈေးအကြီးဆုံးဖြစ်ပြီးတော့ တကယ့်ကျိကျိတက် သူဌေးတွေပဲ နေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဂျော့်ရှ်ဟာ စပ်စပ်တယ်...ထက်မြက်တယ်....သနားကြင်နာတတ်တဲ့စိတ်လည်းရှိတယ်.... ဒါ့ကြောင့် တာဝါမှာရှိတဲ့အလုပ်သမားတွေကလည်း သူ့ကို အားကိုးကြတယ်... တစ်နေ့တော့ ဒီတာဝါမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့  အာသာရှောကို ငွေကြေးမသာမှုနဲ့ FBI ကဖမ်းဆီးသွားပါတယ်.... အဲ့ဒီနောက် ဂျော့ရှ်မထင်မှတ်ထားတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့သလို့ သူလုံးဝမမျှော်လင့်ထားတဲ့ဟာတွေလည်းသိလာခဲ့တယ်... အာသာရှောဟာ ပင်စင်လစာတွေပါ အလွဲသုံးစားလုပ်သွားတဲ့အပြင်  အောက်ခြေအလုပ်သမားတွေရဲ့ ရင်းနှီးမြှုတ်နှံငွေတွေပါ ဖျောင်သွားတာမျိုးပေါ့... တစ်ချို့အလုပ်သမားတွေဆို ကွကိုယ်သတ်သေတဲ့အထိဖြစ်သွားတယ်... အဲ့ဒီနောက် ဂျော့ရှ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီးတော့ အာသာရှော ပိုင်တဲ့ penthouse ကို သူကိုယ်တိုင်ဉီးဆောင်ပြီး ဓားပြတိုက်ဖို့ကြံကြပါတော့တယ် ...
movie

Tower Heist(2011)

Once Upon a Time in America (1984) 8.4
Once Upon a Time in America (1984)  Once Upon A Time In America (1984) ========================သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအ‌ကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်‌တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ ...
movie

Once Upon a Time in America (1984)

Inside Man(2006) 7.6
Inside Man(2006) Inside Man(2006) IMDb.....7.6,,,,,,,Rotten....86 ခရစ်စမတ်ကာလမှာ လူ ၄ယောက်ဟာ နယူးယောက်မြို့လယ်ကောင်ရဲ့ဘဏ်တစ်ခု ကိုဓားပြဝင်တိုက်တယ် ...ဒါကြောင့် ရဲတွေလည်း ဘေးပတ်လည်မှာ ဝိုင်းထားတယ်.... တီဗွီသတင်းတွေ သတင်းစာတွေအတွက်ဏ်ဓားပြမှုအကြောင်းဟာ ခေါင်းစဉ်ကြီးဖြစ်သွားတယ် ...ဓားပြ ၄ယောက်ဟာ ဘဏ်အတွင်းမှာရှိတဲ့ ဝန်ထမ်းနဲ့ ငွေကိစ္စဖြင့်လာရောက်သူတိုင်းရဲ့ဖုန်းတွေကို ပိတ်တယ်.... ကားသော့တွေသိမ်းတယ်... ပြီးတော့ သူတို့အားလုံးရဲ့အဝတ်တွေလဲခိုင်းတယ်..ဘဏ်ဓားပြတွေဟာ အသင့်ချုပ်ထားတဲ့ ဝတ်စုံကို ဓားစာခံတွေကို ပေးဝတ်လိုက်တယ်...ဒီတော့ ဓားပြတိုက်သူနဲ့ ဓားစာခံက သေနတ်ကိုင်ထားတာနဲ့မကိုင်တာပဲကွာတော့တယ်.... ရဲတွေက cctv ကနေစလိုက်တယ် ...ဒါပေမဲ့ ဓားပြ မတိုက်ခင်၂မိနစ်လောက်အလိုထိပဲ ကြည့်လို့ရတယ် infard bulbက စီစီတီဗွီကင်မရာကို ပိတ်လိုက်နိုင်တယ်...ဓားစာခံတွေကို အခန်းထဲထည့်အလုံပိတ်ထားတယ် သူတို့ကအပြင်မှာနေတယ် ဓားပြတွေဟာ စကားဝှက်အနေနဲ့ Steve Q လို့သုံးတာရှိသလို Steve 0လို့လည်းသုံးတယ် ....ဒီဓားပြမှုကို ကိုင်တွယ်တဲ့ စုံထောက်ရဲ့ လုပ်ကွက်တွေကလည်း ပညာရှင်ဆန်တယ်....သို့ပေမယ့်လည်........ဒီကားက အဓိကမင်းသားကြီး (၂)လက်ဖြစ်တဲ့  Denzel Washingtonနဲ့ Clive Owen ကိုတော့ တော်တော်များများသိကြမယ်ထင်တယ်....၂၀၀၆ ခုနှစ်ကား ဆိုပေမယ့် ...
movie

Inside Man(2006)

2006
The Wrestler(2008) 7.9
The Wrestler(2008) The Wrestler(2008) IMDb...7.9,,,,,Rotten....98% ခင်ဗျားတို့ ကျွန်တော်တို့အားလုံး WWE channel က ပြသတဲ့ smack down ပွဲတွေကို ကြည့်ဘူးကြမှာပါ.... ပြောရရင် ကြိုတင်ပြဆင်ထားတဲ့အစီအစဉ်တစ်ခုကို လာကြည့်တဲ့ပရိတ်သတွေကို ရသ အပြည့်အ၀ပေးနိုင်မယ့် သတ်ပုတ်မှုမျိုးတွေကို  ချပြရပါတယ်... ကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်ဆိုပေမယ့် ထိုးသတ်တဲ့နေရာမှာ ပရိတ်သတ်ထောင်ပေါင်းများစွာသော မျက်လုံးတွေ့ရှေ့မှောက်မှာတော့ တကယ့်ပျင်းထန်တဲ့ရိုက်ချက်တွေနဲ့ သတ်ပုတ်ပြရပါတယ်.. ဒါ့ကြောင့်လည်း ဒီပြိုင်ပွဲတွေဟာ အတုအယောင်လို့ဆိုရပေမယ့် ကမ္ဘာကျော်နေရတာပဲဖြစ်ပါတယ်.... ၂၀၀၈ ခုနှစ်မှာ ဒါရိုက်တာ Aronofsky ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင် နပမ်းသမား Randy the Ram (Mickey Rourke)အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီကားက သူ့ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျကို  ရိုက်ပြထားပြီး သူတို့ဘ၀ရဲ့ခက်ထန်ကြမ်းတမ်းပုံတွေကိုအကောင်းမွန်ဆုံးပုံဖော်ထားပါတယ်... ကြမ်းတမ်းခက်ထန်လွန်းတဲ့ လူ့ဘီးလူးကြီးတွေရဲ့ နောက်ကွယ်က နူးညံတဲ့နှလုံးသားကိုလည်းတွေ့နိုင်ပါလိမ့်မယ်... ဒါ့ကြောင့်လည်း ဒီကားဟာ ချီးကျူးမှုပေါင်းများစွာရရှိထားသလို အော်စကာဆန်ကာတင် (၂)ဆုနဲ့ အခြားဆုပေါင်း (၅၈)ဆု ရရှိထားပါတယ်.... ပြီးတော့ ဒီကားဟာ သတ်ပွဲပေါင်းများစွာပါသလို သွေးထွက်သံယိုခန်းတွေလည်းပါတာမို့ သတိထားကြည့်စေလိုပါတယ်.... ရုပ်ရှင်ရဲ့ Rating က R ဖြစ်တာကြောင့် အဖော်အချွတ်ခန်းတွေ ပါတဲ့အတွက် မိသားစုနဲ့ အတူကြည့်ဖို့မသင့်တဲ့ ကားတကားလို့ ပြောပါရစေ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Chan Myae Thu ...
movie

The Wrestler(2008)

2008
If Beale Street Could Talk (2018) 7.6
If Beale Street Could Talk (2018) Rating 7.4 ရရှိထားတဲ့ ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ လူမည်းရပ်ကွက်တစ်ခုမှာနေထိုင်ကြတဲ့လက်လုပ်လက်စားလူမည်းမိသား စုတစ်စုမှာကြုံတွေ့ရတဲ့အဖြစ်အပျက်တစ်ခုကို အခြေခံပြီးဇာတ်လမ်းတစ်ပုဒ်အဖြစ်တင်ဆက်ထားတဲ့ အမေရိ ကန်ရဲ့ ယနေ့ခေတ်လူမည်းတွေရဲ့ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ။အသားအရောင်ခွဲခြားမှု အဆင့်အတန်းခွဲခြားမှုတွေဟာအမေရိကန်မှာ ယနေ့တိုင်ရှိနေသေးတဲ့အကြောင်း ဖော်ညွှန်းတင်ပြထားပါတယ်။တရားကို နတ်စောင့်တာလား လူစောင့်တာလားဆိုတာကွဲကွဲပြားပြပြားသိအောင် ရိုက်ပြထားပါတယ်။လူလူချင်း မဟုတ်တာလုပ်ကြပြီဆိုရင်ဖန်ဆင်းရှင်တောင်မတတ်နိုင်ဘူးဆိုတာ တွေ့ကြရမှာပါ။တရားခြင်း မတရားခြင်းဆို တာ စနစ်နဲ့ဆိုင်တာလား၊ဥပဒေတွေနဲ့ဆိုင်တာလား၊ လူတွေနဲ့ဆိုင်တာလား ကြည့်ပြီးတော့တွေးတောနိုင်ဖို့မီးမောင်းထိုးပြထားတဲ့ကားတစ်​ကားမို့ အာ​ပေးကြပါဦး​နော်​ File Size : (1 GB) & ( 205 MB)Quality : WEB-DL 720pRunning Time : 1 hr 59minFormat : Mp4Genre : ...
movie

If Beale Street Could Talk (2018)

2018
Black Swan (2010) 8.0
Black Swan (2010) UnicodeIMDb (8/10)Rotten Tomatoes (86%)Black Swan ....ဒီကားနဲ့ ပက်သက်ပြီး ရေးမယ် လုပ်တော့ ကျွန်တော့်ခေါင်းထဲ ဝင်လာတာ စကားလုံးတစ်လုံးပဲရှိတယ်။" အနုပညာ မှော်ဝင်စားမှု"... ဘဲလေးအကပညာထဲပဲ စိတ်ကို စုံလုံးနှစ်ထားတဲ့ Nina ဆိုတဲ့ကချေသည်မလေးတစ်ယောက် Swan Lake ပြဇာတ်ကို ကဖို့ လူဝင် အရွေးခံရာက ဒီဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်...။Swan Lake ပြဇာတ်ရဲ့ ငန်းဖြူ နေရာနဲ့ အသင့််တော်ဆုံး သူ ဖြစ်ပေမဲ့...ငန်းနက်နေရာအတွက်တော့ သူ့ စရိုက်နဲ့ ကွဲပြားလွန်းနေခဲ့တယ်....။ငန်းနက်ရဲ့ တဏှာများ ကြမ်းတမ်းတဲ့စရိုက်နဲ့ သူမရဲ့ ပျော့ညံ့တဲ့ စိတ်နဲ့ကြား..သူ့ အသက် သူ့ဘဝ ဖြစ်တဲ့ အက အနုပညာရဲ့ မှော်ဝင်စားမှုနဲ့..သူ့ ရဲ့ အမှောင်ဘက်အခြမ်း ထွက်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါ။က ကွက်တွေ....တေးဂီတတွေနဲ့ ဒီ ဇာတ်လမ်းလေးမှာ တာရာမင်းဝေ ရဲ့ အရှေ့မြို့ရိုးက မိုးရေစက်များ ...
movie

Black Swan (2010)

2010
Mother! (2017) 7.0
Mother! (2017) "Public Health Warning:This movie is insane" ပါ…   ကဲ Motherပါတဲ့…   Motherဆိုလို့လည်း မာတာမိခင် ကျေးဇူးရှင်အကြောင်းကို ချစ်ခင်နှစ်သက်ဖွယ်…ကြည်နူးအောက်မေ့ဖွယ် အလွမ်းအဆွေးလေးနဲ့ (Burmese filmsတွေပုံစံ)ဖွဲ့နွဲ့ထားတယ်ထင်ရင်… မှားမှာပါ…   အဲ့ဒီလို့မှားတဲ့အပြင်ကို လူကြီးမင်းတို့မှာ စိတ်သိပ်မခိုင်တဲ့ ခံစားချက်ပြင်းပြင်းမခံစားသင့်တဲ့ရောဂါ မျိုး ကင်းလွတ်မှသာ ဒီ Motherကို ကြည့်သင့်တာပါ…   ဘာကြောင့်ဆို ဒီMotherဟာ ပရိသတ်တွေအပေါ် ဆယ်စုနှစ်တစ်ခုလုံးမှာ Mindblowing အလုပ်နိုင်ဆုံး ဇာတ်ကားအဖြစ် ဝေဖန်မှုများစွာလက်ခံရရှိခဲ့တာကြောင့်ဖြစ်ပါတယ်……   ဇာတ်လမ်းအကျဉ်းချုပ်ပြောရင်တော့… နာမည်ကြီးစာရေးဆရာ တစ်ယောက်နဲ့ သူရဲ့ဇနီးချောလေးတို့ဟာ မြို့နဲ့ဝေးကွာပြီး လူသူ တိတ်ဆိတ်လှတဲ့အရပ်မှာ ထီးထီးကြီး ခန့်ထည်နေတဲ့အိမ်ကြီးတစ်အိမ်မှာ အတူနေထိုင်ကြတာပါ…   စာရေးဆရာဟာ လတ်တလောမယ် စာရေးဖို့ကုန်ကြမ်းတွေးမရတဲ့ ပြဿနာမျိုးကြုံနေရတဲ့ အချိန်……   အိမ်ကို ဖိတ်ခေါ်မထားတဲ့ ဧည့်သည်တွေ ရောက်ရှိလာခဲ့ပါတယ်……   အဲ့ဒီအချိန်ကစလို့ သူတို့ဇနီးမောင်နှံရဲ့ဘဝ ဗြောင်းဆန်ခဲ့ရတော့တာပါပဲ……   ဒီဇာတ်လမ်းကြည့်နေစဉ်မှာ မထင်မှတ်တဲ့ဇာတ်လမ်း အကွေ့အချိုး တွေများလွန်းတဲ့အတွက် ပရိသတ်တွေခမျာ ကြည့်နေရင်းနဲ့ကို ရင်မောနေရပြီး စိတ်ဝင်တစားကို တောက်လျှောက်ကြည့်ဖြစ်ကြမှာ မြင်ယောင်မိပါတယ်……   Ratingကလည်း 7.1/10 ဆိုတော့ သိပ်ညွှန်းမနေတော့ပါဘူးနော်   အဲ ...
movie

Mother! (2017)

2017