Channel Myanmar

Maria Howell

The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
The Blind Side (2009) 7.7
The Blind Side (2009) The Blind Side (2009)IMDb Rating (7.7) / Rotten Tomatoes (66%)မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့်အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့်မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:08:33 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by HaDes
movie

The Blind Side (2009)

2009
1080p HEVC
The Good Lie (2014) 7.4
The Good Lie (2014) ဆူဒန်ပြည်တွင်းစစ်တုန်းအတွင်းမှာ Mamere တို့ရွာလေးဟာမီးရှို့ဖျက်ဆီးခံရပြီး မိဘတွေလည်းအသတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် Mamere တို့ညီအစ်ကိုမောင်နှမတစ်သိုက်ဟာ အားမလျော့ဘဲ ဘေးကင်းရာကိုထွက်ပြေးခဲ့ရပါတယ်။ လမ်းခရီးမှာလည်း ဒုက္ခတွေကြုံခဲ့ရအပြီးမှာတော့ နောက်ဆုံးမှာကင်ညာနိုင်ငံဒုက္ခသည်စခန်းကိုရောက်ခဲ့ပါတယ်။ စခန်းမှာနှစ်အတန်ကြာနေခဲ့ပြီးနောက်မှာ Mamere တို့မောင်နှမတွေ အမေရိကမှာခိုလှုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လူနေမှုအဆင့်အတန်းနဲ့ ယဉ်ကျေးမှုကွာခြားလှတဲ့ တိုင်းပြည်မှာ အခြေချနိုင်ဖို့ Mamere တို့အတွက်မလွယ်ကူခဲ့ပါဘူး။ မိသားစုစိတ်ဓာတ်၊စွန့်လွှတ်အနစ်နာခံမှုတွေကိုဖော်ကျုးထားတဲ့ ဇာတ်ကားလေးပါ။File size…(1.9GB)/(944MB)/(657 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Good Lie (2014)

What to Expect When You’re Expecting(2012) 5.7
What to Expect When You’re Expecting(2012)  ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ်ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ်ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါနောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူးနောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ်နောက်စုံတွဲကတော့ ...
movie

What to Expect When You’re Expecting(2012)

[18+]Addicted(2014) 6.7
[18+]Addicted(2014) [18+]Addicted(2014)*******************ဇိုဝီရဲ့ဘဝမှာ အများအမြင်မှာတော့ တကယ့်ကို ပြီးပြည့်စုံနေလွန်းလှပါတယ်။ကိုယ်တိုင်က အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင်ဖြစ်သလို ဗိသုကာပညာရှင် ခင်ပွန်းဖြစ်သူနဲ့ကလည်း သိပ်ကိုချစ်ကြတဲ့ ငယ်လင်ငယ်မယားတွေပါ။ ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ဒါပေမဲ့ ဇိုဝီ့မှာ sex ကို စွဲလန်းလွန်းနေတဲ့စိတ်ရောဂါရှိနေပြီး ခင်ပွန်းဖြစ်သူနဲ့တင် သူ့လိုအင်ဆန္ဒတွေ မပြည့်ဝဘဲအပြင်မှာ အပျော်ရှာမိရာက သူ့မိသားစုဘဝကိုပါ ထိခိုက်လာတဲ့အခါမှာတော့…သူ့ရဲ့ dark side ကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာ…မိသားစုနဲ့အတူမကြည့်သင့်သောအခန်းများပါဝင်ပါကြောင်း သတိပေးပါရစေ.. File Size :(2GB)(743MB) and (170 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:46:00 Genre : Drama, Romance,Adult, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by DS Encoded by SD
movie

[18+]Addicted(2014)