Channel Myanmar

Maria Ozawa

[18+] Invitation Only (2009)
[18+] Invitation Only (2009) မာရီယာအိုဇာဝါတို့လို ခပ်ဟော့ဟော့သရုပ်ဆောင်တွေနဲ့ ဒီဇာတ်ကားက ထိုင်ဝမ် Horror ဇာတ်ကားပါ။ဓနရှင်လူတန်းစားနဲ့နင်းပြားလူတန်းစားကြားက ကွာဟချက်ကို မီးမောင်းထိုးရိုက်ပြသွားတာမျိုး။ ဒါပေမဲ့တကယ်တမ်းပြောရရင်တော့ ဓနရှင်တွေ စိတ္တဇဖြစ်တယ်လို့ပဲဆိုရမှာမျိုး... In time ကားကလိုပေါ့ဗျာ။ ဓနရှင်လူတန်းစားတွေရဲ့ချမ်းသာမှုဟာ ဆင်းရဲသားနင်းပြားတွေဆီကတစ်ဖက်လှည့်နဲ့ယူထားတာမျိုးပဲလို့ သွယ်ဝိုက်ပြောထားသလိုမျိုးပေါ့။ဇာတ်လမ်းထဲမှာ ရက်ရက်စက်စက်ပက်ပက်စက်စက်သတ်လွန်းလို့ တော်ရုံမကြည့်ရဲရင် ကြည့်ဖို့မလွယ်ဘူး။ ထမင်းစားနေရင်းကြည့်ဖို့လုံးဝ/လုံးဝမသင့်တော်ဘူး။ ဇာတ်လမ်းသဘောတရားကတော့ မနုဿမုဆိုး ဓနရှင်တွေက ဆင်းရဲသားနင်းပြားတွေကိုရက်ရက်စက်စက်မညှာမတာသတ်တဲ့ကား။ သူတို့ကစိတ္တဇဖြစ်နေတာဆိုပေမဲ့ အကြောင်းအရင်းတွေတော့ရှိတယ်လေ။ ဒါမျိုးအင်္ဂလိပ်ကားတွေရှိပေမဲ့ ဒါကအာရှဖက်ကပုံစံမျိုးမလို့ အာရှစတိုင်သွားတယ်။ zombie ကားတောင် အနောက်တိုင်းကတစ်မျိုး အာရှကတစ်မျိုးဆိုတာသိလောက်မယ်ထင်ပါတယ်။ဇာတ်ကားထဲက ဆင်းရဲသားနင်းပြားတွေက ဘယ်လိုသားကောင်ဖြစ်သွားမယ်၊ ဘယ်သူတွေက အမဲလိုက်မယ်၊ ဘယ်လိုပယ်ပယ်နယ်နယ်သတ်မယ်ဆိုတာကတော့ တကယ်ကျောချမ်းဖို့ကောင်းတာမို့ လုံးဝကို horror ကားရှယ်ကြိုက်တဲ့သူတွေလက်လွတ်မခံသင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(3 GB)/(500 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

[18+] Invitation Only (2009)

Nilalang (2015) Geisha of Death
Nilalang (2015) Geisha of Death အခုတင်ဆက်ပေးမှာတော့ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ မာရီယာအိုဇာဝါရဲ့ဖိလစ်ပိုင် Action/Horror ဇာတ်ကြမ်းကားလေးပါ... နည်းနည်းတွေဝေသွားတယ်မလား... ဒီနာမည်က ငါသိတဲ့နာမည်လားဆိုရင်တော့ ဟုတ်ပါတယ် ... ဂျပန်အပြာရုပ်ရှင်လောကရဲ့‌နာမည်ကြီးမင်းသမီးချော မာရီယာအိုဇာဝါကိုယ်တိုင်ပါပဲ... သူနဲ့ ဖိလစ်ပိုင်ကသရုပ်ဆောင်တွေနဲ့တွဲရိုက်ထားတဲ့ ဇာတ်ကားပါ...။အမှုထမ်းစရာ သခင်ရှိတဲ့အခါ ဆာမူရိုင်းလို့ခေါ်ပြီးတော့ အမှုထမ်းစရာ သခင်မရှိတော့တဲ့အခါ ရိုနင်လို့ခေါ်တာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ဆာမူရိုင်းတွေဟာ အမြဲလိုလိုဓားတိုတစ်လက် အရှည်တစ်လက်ဆောင်ရပြီးတော့ အမြဲဝတ်စုံပြည့်နဲ့နေရလေ့ရှိပေမဲ့ ရိုနင်တွေကတော့ အမှုထမ်းစရာ သခင်မရှိ‌တော့တဲ့အတွက် ဓားရှည်တစ်ချောင်းနဲ့လွတ်လွတ်လပ်လပ် အရပ်သားအသွင်ယူပြီးလှုပ်ရှားသွားလာလေ့ရှိတယ်‌ပေါ့ဗျာ။အဲဒီဆာမူရိုင်းတွေရော ရိုနင်တွေရော ခေတ်အဆက်ဆက်လက်ဆင့်ကမ်းပြီးစောင့်ရှောက်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ရှိတယ်... မမြင်နိုင်တဲ့စွမ်းအားတချို့နဲ့လဲ ဆက်နွယ်နေသေးတယ်.. အဲ့ဒီစာအုပ်နဲ့ ဖိလစ်ပိုင်က စုံထောက်ကြီးနဲ့ ဘယ်လိုပက်သက်သွားမှာလဲ၊ အဘိုးဖြစ်သူရဲ့ဂိုဏ်းကိုဦးစီးနေတဲ့ မီရူကိတစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့မာရီယာအိုဇာဝါကြီးကရော ဘယ်လိုနေရာကနေပါဝင်လာမလဲဆိုတာ...။ထူးဆန်းတဲ့ပရလောကအကြောင်းကို ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ တင်ဆက်ထားတာမို့ ကြည့်လို့မိုက်နေမယ်ဆိုတာ ညွှန်းဆိုလိုပါတယ်။  File size…(1.4 GB)/ (870 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Nilalang (2015) Geisha of Death