Channel Myanmar

Maria Zambrana

Alvin and the Chipmunks (2007)
Alvin and the Chipmunks (2007) ငယ်ဘဝတုန်းက တိရစ္ဆာန်​လေး​တွေနဲ့ လူ​တွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ရုပ်ရှင်​တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။အဲဒီတုန်းက​ 3D effectဘာညာလည်းမသိနားမလည်​သေးတဲ့ အရွယ်ဆို​တော့ တိရစ္ဆာန်အစစ်​လေး​​တွေကို သေချာသင်​ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့အကြိမ်​ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကား​​တွေထဲမှာ Alvinတို့ရှဉ့်​လေးသုံး​ကောင်ရဲ့ ဇာတ်ကား​တွေလည်း အပါအဝင်ပါပဲ။သူတို့ရဲ့ င​မွှေထိုးလုပ်ပုံ​၊ ဗရုတ်ကျပုံ​တွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့သီချင်း​တွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို ​နောက်ပိုင်းမှာနာမည်ကြီးသီချင်းအ​များစုကို Chipmunks versionလို့ ပြန်ပြီးဖန်တီးလာတဲ့အထိ ဒီရှဉ့်​လေး​တွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံးအတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunkရှဉ့်​လေးသုံး​ကောင်ကို စတင်မိတ်ဆက်​ပေးခဲ့တဲ့ ဇာတ်ကားပါ။မ​အောင်မြင်တဲ့ ​တေး​ရေးဆရာ ​​ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်​လေးသုံး​​ကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ဖိအားများ​နေတဲ့ ​ဒေ့ဗ်တစ်​ယောက် ရှဉ့်​လေး​တွေနဲ့ စ​တွေ့ချိန် သူတို့ရဲ့​သောင်းကျန်းမှုကို မခံနိုင်လို့ ​မောင်းထုတ်ခဲ့​ပေမဲ့ မထင်မှတ်ဘဲသူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီး​နောက်Chipmunkတွေအတွက် ပင်တိုင်သီချင်း​ရေး​​ပေးသူ ဖြစ်လာပြီး​အောင်မြင်မှု​တွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ ​တေးသံသွင်းပိုင်ရှင်က ​ဒေ့ဗ်ဆီက​နေ ရှဉ့်​တွေကိုလုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့​ရဲ့ကိုယ်ကျိုးအတွက်ပဲကြည့်ကာ ရှဉ့်​လေး​တွေကို အသုံးချဖို့ ...
movie

Alvin and the Chipmunks (2007)

2007
Indiana Jones and the Kingdom of the Crystal Skull (2008) 6.2
Indiana Jones and the Kingdom of the Crystal Skull (2008) Indiana Jones and the Kingdom of the Crystal Skull (2008)IMDb Rating (6.2) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ ...
movie

Indiana Jones and the Kingdom of the Crystal Skull (2008)

2008
4K HEVC
You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
Iron Man 2 (2010) MCU 7.0
Iron Man 2 (2010) MCU Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie

Iron Man 2 (2010) MCU

2010
Cloverfield (2008) 7.0
Cloverfield (2008) Cloverfield (2008) IMDb - 7.0/10_______Rotten - 77%Cloverfield (2008) အညွှန်းကိုတော့ ဒီကားကိုကြည့်ဖြစ်စေခဲ့တဲ့ Datshin Page မှ အညွှန်းနှင့်မိတ်ဆက်ပေးပါရစေNew York မြို့ရဲ့ ညတစ်ညမှာသူငယ်ချင်းတွေစုပြီး Party လုပ်နေတုန်း အကောင်ကြီးတစ်ကောင် ဘယ်က ဘယ်လိုမှန်းမသိ မြို့ပေါ်ကျလာပါတယ်။ အဲကောင်ကြီးက မြို့ မှာမြင်မြင်သမျှသောင်းကျန်းပြီး မြို့တစ်မြို့လုံးလည်း ဘာတွေဖြစ်နေမှန်းမသိရလို့ အဲသူငယ်ချင်းတစ်စုလည်း တခြားလူတွေနည်းတူ မြို့က ထွက်ပြေးဖို့လုပ်ကြရာမှာ အထဲကတစ်ယောက်က Party မှာ Video နဲ့ မှတ်တမ်းတင်ရင်း သူတို့အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ပါတော့တယ်။— Review —ဒီဇာတ်ကားကိုစကြည့်တုန်းက သယ်ရင်းတစ်ယောက်က ညွှန်းလို့ စကြည့်ဖြစ်တာပါ။ Found Footage Film အမျိုးအစားပါ။ ဒီနေ့ခေတ်မှာ အဲလိုကားတွေခေတ်စားလာတာ ဒီကားကြောင့်ဆိုတာ အသေအချာပါပဲ။ (သူ့လောက်တော့ ကြည့်ကောင်းတဲ့ကားရှားပါတယ်)။ စကြည့်လိုက်ကတည်းက သတိထားမိတဲ့အချက်ကတော့ Perspective တွေပါပဲ။ ဒီဇာတ်ကားတစ်ကားလုံးကို လူတစ်ယောက်ထဲကကင်မရာကိုင်ပြီး ...
movie

Cloverfield (2008)

2008