Channel Myanmar

Marie Iitoyo

Rohan at the Louvre (2023) 6.7
Rohan at the Louvre (2023) Rohan at the Louvre (2023)ဒီဇာတ်ကားလေးကတော့ ပန်းချီအနုပညာကို နောက်ခံထားပြီး Mystery ဆန်ဆန် ရိုက်ထားတဲ့ ဂျပန်ဇာတ်ကားပဲဖြစ်ပါတယ်။ Rohan ဟာ ဂျပန်မှာသာမက နိုင်ငံရပ်ခြားမှာပါ နာမည်ကျော်ကြားတဲ့ မန်ဂါရုပ်ပြရေးဆဲွသူတစ်ယောက်ပါ။ သူဟာ အရောင်တွေကို လေ့လာလိုက်စားတဲ့နေရာမှာ အားသန်ပြီး သူ့ဆီမှာ သဘာ၀လွန်စွမ်းအားတစ်ခုလဲ ရှိပါတယ်။ တရက်မှာ သူ လေ့လာနေတဲ့ အရောင်ကို ဆဲွထားတဲ့ ပန်းချီတစ်ချပ်ကို လေလံပဲွမှာ လေလံဆဲွရာကနေမှ ဒီပန်းချီကားကို တခြားလိုချင်သူတွေလဲရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ ဒီပန်းချီကားကို ရေးဆဲွသူနောက်ကို ခြေရာခံရာကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော် လုဗ်ပြတိုက်ဆီကို ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။ ရိုဟန်တစ်ယောက် သူရှာဖွေနေတဲ့ ပန်းချီကားကိုတွေ့သွားမလား? Adventure, Fantasy, Mystery genre ကြိုက်နှစ်သက်သူတွေအဖို့ ရုပ်ပြကာတွန်းကနေ Live Action အနေနဲ့ ပြန်လည်ရိုက်ထားတဲ့ ဒီဇာတ်ကားက အာသာပြေစေမှာပါ။Genre..... Adventure,Drama , Mystery Quality…. 1080p | 720p File size… 1.6GB | 640MB Format… mp4 Duration…. 1h ...
movie

Rohan at the Louvre (2023)

2023
The Tunnel to Summer, the Exit of Goodbyes (2022) 6.8
The Tunnel to Summer, the Exit of Goodbyes (2022) The Tunnel to Summer, the Exit of Goodbyes (2022)~ IMDb - 6.8/10, Rotten Tomatoes - 100% ~  " နွေရာသီလိုဏ်ခေါင်း ခွဲခွာခြင်းထွက်ပေါက် " တစ်ခါတလေလည်း ရဲရဲတင်းတင်း ပြုတ်ကျလိုက်၊ တစ်ခါတလေလည်း ရဲရဲတင်းတင်း ထိုးဆင်းလိုက်၊ ငါတို့တကယ်မရှိခဲ့ဘူးလို့ ငါတို့သိလိုက်ရတဲ့နှစ်တွေမှာ နွေရာသီ အမြဲစိမ်းလှပနေတဲ့ လှိုဏ်ခေါင်းလေးထဲ ငါ ပြေးဆင်းကြည့်မိတယ်... အချိန်တွေ ဘယ်လောက်ထိဟောင်းသွားခဲ့လည်း... ငါတို့ကမ္ဘာရဲ့အပြင်ဘက်မှာ နေဘယ်နှစင်းဝင်သွားလဲ လူတွေ ဘယ်လောက်ထိ ခရီးပေါက်သွားလဲ လူတွေ ဘယ်လောက်ထိ ခရီးရောက်သွားလဲ အပြင်မှာ ဘယ်လောက်ထိ ပြောင်းသွားကြလဲ အပြင်မှာ ဘယ်လောက်ထိ ဟောင်းသွားကြလဲ ဘယ်တော့မှမဟောင်းတဲ့ ထီးကလေးတစ်ချောင်းဟာ ငါဘာမှမသိရတော့တဲ့ ဘူတာရုံကလေးကို ဖြတ်သန်း ဒီကမ္ဘာဝန်းထဲ တို့ထပ်ရောက်ခဲ့ကြပြန်တယ် အချစ်ရယ်... ထွက်ပေါက်မှာ ခွဲခွာခြင်းများမရှိဘူးလို့ စုံလုံးမှိတ်ယုံလိုက်ကြတာပေါ့ နွေရာသီတွေလည်း လင်းဦးမယ်...  (ဒီဇာတ်ကားနဲ့အညွှန်းကဗျာကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 720MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration ...
movie

The Tunnel to Summer, the Exit of Goodbyes (2022)

2022
Black Clover: Sword of the Wizard King (2023) 7.7
Black Clover: Sword of the Wizard King (2023) Black Clover: Sword of the Wizard King (2023) ================================== IMDb Rating - 7.7/10Black Clover ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။ Manga ကနေ Anime Adaptation လုပ်ထားတဲ့ Shounen type anime series ပါ။ Season 4ခုထိ ထွက်ရှိထားပြီး Manga ရော Anime ရော အတန်အသင့်အောင်မြင်မှုရရှိထားပါတယ်။ ယခု Sword of the Wizard King ဆိုတဲ့ Movie တစ်ခုထွက်ရှိလာ ပါတယ်။ ပါဆင်နယ်အမြင်အရ အစောပိုင်းထက် Animation ကပိုမို ကောင်းမွန်လာတယ်လို့ မြင်မိပါတယ်။Shounen တို့ထုံးစံအတိုင်း အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတစ် ယောက်အကြောင်းပေါ့။ ကြည့်ဖူးပြီးသား Black Clover fan တွေ အတွက်တော့ အထူးတလည် ညွှန်းစရာတောင်လိုမယ်မထင်ပါဘူး။ ကြည့်ရတာတန်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် စစ္စတာရဲ့အငြင်း ခံ‌လေး အာပြဲအက်စ်တာတစ်ယောက် ဒီ Movie ထိရောက်တာတောင် အရပ်မရှည်လာ‌သေးပါဘူး။ ...
movie

Black Clover: Sword of the Wizard King (2023)

2023
Remain In Twilight (2021) 6.0
Remain In Twilight (2021) Remain in twilight (2021)J drama ပရိသတ်တွေနဲ့မစိမ်းတဲ့ main leadတွေ အများကြီးပါဝင်ရိုက်ကူးထားတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းထဲမှာတော့ အထက်တန်းကျောင်းတည်းက အတူတူပေါင်းပြီး ဗရုတ်ကျလာခဲ့တဲ့ သူငယ်ချင်း၆ယောက်ရှိပါတယ်။သူတို့က ကျောင်းကပွဲနေ့မှာ လန်ကွတ်တီအနီတွေဝတ်ပြီး ကြယ်မိုးရွာတာကိုတားတဲ့အကကိုတက်ကကြတဲ့အထိ ဗရုတ်သုတ်ခနိုင်တဲ့ ငချွတ်တွေပါ။ ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့သူတို့၆ယောက်ရဲ့သံယောဇဉ်က ဘယ်တော့မှမပျက်နိုင်ကြဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ကျောင်းပြီးတဲ့နောက် ၅နှစ်အကြာမှာ သူတို့သူငယ်ချင်းရဲ့မင်္ဂလာပွဲအတွက်ပြန်ဆုံဖို့ဖြစ်လာပါတယ်။ ဒီပွဲမှာလည်း အရင်လိုလန်ကွတ်တီဝတ်ပြိီးကကြဖို့စီစဉ်ထားတာပါ။ အဖွဲ့တောင့်ခဲ့တဲ့သူငယ်ချင်းတစ်စုဟာ အရင်နှစ်များလိုပဲ ဆက်လက်ရှိနေမယ်လို့ယုံကြည်ခဲ့ကြတာကြောင့် အရှိတရားကိုပါလက်မခံနိုင်ကြတဲ့အထိပါပဲ။ တချို့သောလူတွေက ဘေးမှာမရှိတော့ပေမဲ့ သူတို့နဲ့အတူရှိခဲ့ဖူးတဲ့ ဆည်းဆာချိန်တွေကတော့ အရင်အတိုင်းဆက်ရှိပြီး လှပနေကြ သတိရနေရဦးမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:36:00 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
movie

Remain In Twilight (2021)

Closest Love to Heaven (2017) 7.7
Closest Love to Heaven (2017) ဒီတစ်ခါတော့rating မြင့်ဂျပန်ကားလေးတစ်ကားနဲ့cmပရိတ်သတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်rating မြင့်သလိုဇတ်လမ်းကလည်းအလွန်ပင်ကောင်းမွန်လှပါတယ်လူငယ်ဖန်စီအချစ်ဇတ်လမ်းတွေကိုနှစ်သက်တဲ့cm ပရိတ်သတ်တွေအတွက်ကတော့လက်မလွတ်သင့်တဲ့ဇတ်ကားတစ်ကားပါပဲလောကကြီးမှာတစ်နှစ်သက်တမ်းသာနေဖို့ကျန်တော့သည့်ကောင်ချောလေးခိရကျောင်းတွင်သူတစ်ပါးအမြဲအနှိမ်ခံကောင်မလေးအိုကမူရစရိုက်မတူညီတဲ့သူတို့နှစ်ယောက်ဘယ်လိုခင်မင်ပြီးသူငယ်ချင်းဖြစ်သွားမလဲသူငယ်ချင်းကနေတဆင့်တက်ပြီးအရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်သွားတဲ့အချိ်န်မှာကောတစ်နှစ်လောက်သာအသက်ရှင်နေရတော့မည့်ခိရနဲ့အိုကမူရကိုအိုကမူရမိဘတွေကသဘောတူကြည်ဖြူကြမှာလားမဖြောင့်ဖြူးတဲ့ချစ်သူနှစ်ဦးရဲ့ဘဝခရီးလမ်းကိုဘယ်လိုကျော်ဖြတ်ကြမှာလဲတကယ်ဆိုရင်အချစ်ပဲလိုတယ်ဆိုတဲ့ချမ်းချမ်းရဲ့သီချင်းထဲကလိုနေသွားကြမှာလားစိတ်ဝင်တစားကြည့်ရမှာပါဂျပန်နိုင်ငံရဲ့အလှအပကျောင်းသူကျောင်းသားတွေရဲ့ဓလေ့စရိုက်ချစ်ခြင်းမေတ္တာတွေကိုဒီဇတ်ကားမှာမြင်တွေ့ကြရမှာပါimb rating အလွန်ပင်မြင့်မားတဲ့ဒီကားလေးကကောcm ပရိတ်သတ်တွေရဲ့အကြိုက်နဲ့ကိုက်ညီမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။အားပေးကြပါဦးလို့ပြောကြားရင်းကောင်းမကောင်းကိုယ်တိုင်သာကြည့်လိုက်ကြပါလို့(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ကိုစိုးထွေးပါ) File Size : (800 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 49min Format : Mp4 Genre :Comedy,Drama,Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Soe Htwe Encode by Thanhtike Zaw
movie

Closest Love to Heaven (2017)

2017