Channel Myanmar

Martin Sheen

Wall Street (1987 ) 7.3
Wall Street (1987 )  IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie

Wall Street (1987 )

Imagine That (2009) 5.6
Imagine That (2009)  Imagine That ဆိုတာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော်သရုပ်ဆောင် Eddie Murphy ရဲ့ မိသားစု ဟာသဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်ဟာသဆိုပေမဲ့ ရယ်ရဖို့သက်သက်လည်း မဟုတ်ဘဲ မိသားစုတွေကြားမှာဖြစ်ပျက်တတ်တာလေးတွေကိုပါ ထည့်ရိုက်ထားတာမို့ရော ပုံမှန်မဟုတ်တဲ့fantasy စိတ်ကူးလေးတွေ နည်းနည်းပါတာရောကြောင့် စိတ်ဝင်စားပြီးကြည့်လို့ကောင်းမှာ အသေအချာပါပဲ.ဇာတ်လမ်းကိုကို အမြည်းကျွေးရမယ်ဆိုရင်ရင် Evan လို့ခေါ်တဲ့ Eddie Murphyသရုပ်ဆောင်တဲ့ character ဟာ သူတို့ အမေရိကန်နိုင်ငံမှာ ထူးချွန်တဲ့စတော့ရှယ်ယာဝယ်ရောင်းသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့မိန်းမနဲ့ကွဲနေပြီ Olivia လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ဖခင်ဖြစ်ချင်ပေမဲ့ဖခင်မဖြစ်တတ်တဲ့ Evan တစ်ယောက် သူ့ရဲ့အလုပ်ဘဝနဲ့ ဖခင်ဘဝကြားဘယ်လိုချိန်ခွင်လျှာ ညှိမလဲ ပြီးတော့ သူ့သမီးရဲ့ ကလေးသဘာဝအဖော်စောင်ကလေးက သူ့သမီးပြောသလို အနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိနေမလားရှိနေရင်ရော Evan ဘယ်လိုအသုံးချမှာလဲ အသုံးသတ်မှာ သူ့အနေနဲ့ဖခင်ကောင်းတစ်ယောက် ဖြစ်သွားနိုင်ပါ့မလား စတာတွေကို ဒီရုပ်ရှင်ဇာတ်ကားတစ်လျှောက်လုံး စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ပြထားတာမို့ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...  File size…1.72 ...
movie

Imagine That (2009)

The American President (1995) 6.8
The American President (1995) The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie

The American President (1995)

1995
Echelon Conspiracy (2009)
Echelon Conspiracy (2009)  ၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်​အမျိုးသား​လုံခြုံရေး​အေဂျင်စီ​ (NSA)​ရဲ့ လျှို့ဝှက်​ဖိုင်​တွေနဲ့ သူလျှို​အရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်​လှမ်း​မှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်​အော်​သောင်း​တင်း​ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုး​ဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုး​အစားဖြစ်​ပြီး​ နောက်​လေးနှစ်အကြာမှာ စနိုး​ဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့​ထောက်လှမ်း​မှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူး​ယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ မက်စ်ပီတာဆန်က ကွန်​ပျူ​တာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်​မှာ အလုပ်​ကိစ္စ​နဲ့ ခေတ္တ​နေထိုင်​စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင်​ အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်​နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်​ထပ် message ဝင်လာပါတယ်။ စတော့ရှယ်​ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာ​ခင် 300% ကျော်​အထိ​ထိုးတက်သွားပါတယ်။ထို့နောက်​မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို​ ချက်​နိုင်ငံ​ ပရဂ်မြို့ကိုသွားပြီး လောင်း​ကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလို​နဲ့ မက်စ်​တစ်ယောက်​ အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြား​ချက်​အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ ...
movie

Echelon Conspiracy (2009)

Selma (2014) 7.5
Selma (2014) ၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်း​ခွဲခြား​မှုနဲ့ ဖိနှိပ်​ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်​ခဲ့ရပါတယ်။ အထူးသဖြင့်​တောင်​ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်​ရပ်ကွက်​တွေ လူမည်းမဝင်ရတဲ့ စားသောက်​ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူး​ကန် စာသင်​ကျောင်း​နဲ့ ဘတ်စ်ကားတွေအထိ လူဖြူ​တွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်​ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကား​ပေါ်က​လူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်​ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ​ လူဖြူ​သီးသန့်​ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကား​ရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကား​ဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa​ Park​ က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲက​ဖမ်းဆီး​ခဲ့ရာမှ Montogomery​ ဘတ်စ်ကား​သပိတ်​ကြီးပေါ်ပေါက်လာပြီး သမိုင်း​ဝင် အရပ်​ဘက်အခွင့်အရေး​လှုပ်ရှား​မှုကြီး (Civil Rights​ Movement) ပေါ်ပေါက်​လာပါတော့တယ်။ ဒီလှုပ်ရှားမှု​ကြီးရဲ့ အဓိက​ခေါင်း​ဆောင်​ကတော့ ဒေါက်တာ​မာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်​က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်း​ဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစကို ဒေါက်တာ​မာတင်​လူသာကင်း ...
movie

Selma (2014)

Firestarter (1984) 6
Firestarter (1984) Firestarter (1984)King of Horror လို့တင်စားခံထားရတဲ့ စာရေးဆရာကြီး Stephen King ရဲ့ နာမည်တူ Firestarter (1980) ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ပထမဇာတ်ကားပေါ့။အန်တီ Drew Barrymore ကလေးပေါက်စဘဝက ရိုက်ကူးထားတာဖြစ်ပြီး Cast တွေကလည်း ကြမ်းသလို ဒီဇာတ်ကားက စူပါဟီးရိုးကားဆန်ဆန် ရိုက်ထားတဲ့ Firestarter (2022) ထက်စာရင် စာအုပ်ရဲ့ အနှစ်သာရနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ ဇာတ်ကားနှစ်ခုလုံးက သူ့အတိုင်းအတာနဲ့သူ အထိုက်အလျှောက်အောင်မြင်မှုတွေ ရခဲ့တာကတော့ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရူးမက်ဂီးနဲ့ ဗစ်ကီ (ခေါ်) ဗစ်တိုးရီးယားတို့ The Shop လို့ခေါ်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုမှာ လုပ်အားပေးအနေနဲ့ ငွေရှာရင်းတွေ့ကြပါတယ်။ ဆေးကအစွမ်းပြလာတဲ့အချိန် တစ်ယောက်ရဲ့အတွေးကို တစ်ယောက်က ကြားရပြီး စိတ်စွမ်းအင်တွေရလာပါတယ်။ ပြီးတော့ ရှေးရေစက်ကြောင့် နှစ်ယောက်သား နီးစပ်သွားတယ်ပေါ့ဗျာ။သူတို့နှစ်ယောက် အိမ်ထောင်ကျပြီး ...
movie

Firestarter (1984)

1984
The Double (2011) 5.9
The Double (2011)  Hachi A dog's tale, Unfaithful, Pretty WomanRunaway Brideစသဖြင့်ကားတွေအပြင် 90s bornတို့ရဲ့အသည်းစွဲဖြစ်တဲ့ မင်းသားကြီး Richard Gereရဲ့actionဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ပေါလ် ရှာပတ်ဆန်ဆိုတာကတော့ CIAကအငြိမ်းစားယူထားတဲ့အေးဂျင့်တယောက်ပါ။ အမေရိကန်နဲ့ရုရှားတို့အကြားဆက်ဆံရေးတင်းမာလာချိန်မှာပဲ ရုရှားနဲ့မကင်းတဲ့အမေရိကန်လွှတ်တော်အမတ်တစ်ယောက်ကို ရုရှားလုပ်ကြံသတ်ဖြတ်ရေးသမားကသတ်ဖြတ်တာကိုခံခဲ့ရပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုက ပေါလ် လွန်ခဲ့တဲ့နှစ်၂၀ကဖမ်းဆီးလို့မရနိုင်ခဲ့တဲ့ဆိုဗီယက် လူသတ်သမား ကက်ရှီးယပ်စ်ဆိုသူရဲ့လက်ချက်နဲ့ဆင်တူနေတဲ့အတွက် ကက်ရှီးယပ်စ်အမှုကိုအထူးလေ့လာသူဖြစ်တဲ့ FBIအေးဂျင့် ဘန် ဂီရီနဲ့လက်တွဲပြီးအဖြေရှာဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူတို့ဒီလိုရှာဖွေနေရင်းမှာပဲတွေ့ရှိလာရတဲ့လျှို့ဝှက်ချက်တွေက တယောက်နဲ့တယောက်သံသဃတွေ၀င်လာစေခဲ့ပါတယ်။ ပေါလ်ရဲ့ကက်ရှီးယပ်စ်နဲ့အတိတ်နောက်ကြောင်းတွေကဘာတွေလဲ။ဘန်ကလည်း ဘာ့ကြောင့် ကက်ရှီးယပ်စ်အကြောင်းကိုဒီလောက်စွဲလမ်းနေရတာလဲ။သူတို့နှစ်‌ယောက်စလုံးရဲ့ လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။အဆုံးမှာတရားခံအစစ်ကဘယ်သူဖြစ်မလဲဆိုတာကိုThe Double ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျ။  File size…2.11GB / 712MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Double (2011)

The Dead Zone (1983)
The Dead Zone (1983) The Dead Zone 1983 Imdb 7.2/10 rotten tomatoes 88% 1979 ခုနှစ်က ထွက်ရှိခဲ့တဲ့ Stephen King ရဲ့  လက်ရာတစ်ခုဖြစ်တဲ့ The Dead Zoneကိုအခြေပြုပြီးရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားက‌တော့ ဂျွန်နီစမစ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ယာဥ်မတော်တဆမှုကြောင့် ၅နှစ်ကြာ ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုမာကနေ ပြန်လည်သတိရလာတဲ့အခါမှာ သူ့မှ ာ လူတွေကို ထိလိုက်တာနဲ့ အဲ့လူရဲ့အနာဂတ်ကိုမြင်နိုင်တယ်ဆိုတာကိုသိခဲ့ရတယ် သူဟာသူ့ကိုယ်သူစစချင်းမယုံကြည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ‌‌တော့လူတွေကိုကူညီဖို့ပြုလုပ်လာခဲ့တယ် သူဟာ ဂရက်ဂ်စတေးလ်ဆန်လို့ခေါ်တဲ့ မဲရွေးဝင်ခံနေတဲ့ အမတ်တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာပဲ ဂျွန်နီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ‌တော့ Johnny Smithအဖြစ် အော်စကာဆုရှင် Christopher Walkenက သရုပ်ဆောင်ထားပြီးတော့  Johnny Smithရဲ့ ရည်းစားအဖြစ်အဖြစ်Brooke Adamsမှပါဝင်သရုပ်ဆောင်ထားသလို အမတ် Greg Stillsonအဖြစ် Martin Sheenမှပါဝင်သရုပ်ဆောင်ထားပါတယ်တယ်File size…(2 GB)/(1.3 GB)/(600 Mb) Quality….Webrip ...
movie

The Dead Zone (1983)

Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002
The Devil Has a Name (2019) 5.4

The Devil Has a Name (2019)

The Amazing Spider-Man 2 (2014) 6.7
The Amazing Spider-Man 2 (2014) ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie

The Amazing Spider-Man 2 (2014)

2014
4K HEVC
The Amazing Spider-Man (2012) 7.0
The Amazing Spider-Man (2012) ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

The Amazing Spider-Man (2012)

2012
4K HEVC
Bordertown (2006) 6.1
Bordertown (2006) Bordertown (2006)Bordertown ဆိုတဲ့ကားလေးက JLo ရဲ့ နာမည်ကျော်ကားလေးတစ်ကားဖြစ်သလို တကယ့်အဖြစ်မှန်တွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။အကျင့်ပျက်ချစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မက္ကဆီကိုနိုင်ငံက Juarez ဆိုတဲ့နယ်စပ်မြို့လေးမှာ မိန်းကလေးတွေကို မုဒိန်းကျင့် လူသတ်မှုတွေက ထောင်နဲ့ချီပြီးရှိလို့နေတယ်။ တစ်ရက်တော့ အဲဒီလို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ မိန်းကလေးတစ်ယောက်က မသေပဲ ပြန်ရှင်လာခဲ့တယ်။ JLo ကတော့ အမေရိကန်က သတင်းထောက်တစ်ယောက်​ပေါ့... သတင်းထောက်ဆိုတဲ့အတိုင်း စပ်စပ်စုစုနိုင်ပြီး ဒီကိစ္စကို အတော်လေးလိုက်ရတယ်။ ကြားထဲမှာလည်း အရင်က သူနဲ့ ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ နယ်ခံသတင်းထောက်တစ်ယောက်နဲ့ ပေါင်းပြီး ကောင်မလေးကိုလည်း ကာကွယ်ရင်း အသက်နဲ့စတေးပြီး ဒီသတင်းကို လိုက်ခဲ့ရတဲ့အကြောင်းတွေကို စိတ်ဝင်တစားကြည့်ရမှာပါ။ မ​​ကောင်းတဲ့ အစိုးရရဲ့ လက်​အောက်မှာ အမျိုးသမီး​တွေ ​ ခေါင်းပုံဖြတ်ခံရမှု အကာအကွယ်မဲ့မှု​အသက်​တွေ တန်ဖိုးမဲ့မှုတွေကို CM ပရိသတ်တို့ စာနာမိမှာပါ...Jennifer Lopez နဲ့ Antonio Banderas ...
movie

Bordertown (2006)

2006
JFK(1991) 8.0
JFK(1991) JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း  ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone  ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie

JFK(1991)

12 Mighty Orphans(2021)
12 Mighty Orphans(2021) မိဘမဲ့ကလေးတွေကို ဘောင်အပြင်ကလူတွေလို အပယ်ခံတွေအဖြစ်နဲ့ တစ်ဆင့်နှိမ့်ပြီး သတ်မှတ်တတ်ကြပါတယ်။သနားစရာကောင်းရင်ကောင်း၊ မကောင်းရင် ကြောက်စရာကောင်းတယ်လို့ မြင်တတ်ကြပါတယ်။Youtube မှာတွေ့လိုက်တဲ့ အပြေးပြိုင်ပွဲလေးတစ်ခုအကြောင်းကို သွားပြီးသတိရပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံးကို တညီတည်းရပ်စေပါတယ်။ မိဘရှိသူကို ခြေတစ်လှမ်းတိုးခိုင်းတယ်။ နေစရာရှိသူကို တစ်လှမ်းတိုးခိုင်းတယ်။ အလုပ်ရှိသူ၊ ဘွဲ့ရသူ စတဲ့ အားသာချက်တစ်ခုတိုင်းအတွက် ခြေလှမ်းတစ်လှမ်းစီရှေ့ကိုခိုင်းပါတယ်။နောက်ဆုံး အားလုံးအတွက် နေရာသတ်မှတ်ပြီးတဲ့ အချိန်မှာ အနောက်ဆုံးက လူတွေဟာ သနားစရာအကောင်းဆုံး (သို့) ကြောက်စရာအကောင်းဆုံးလိုလူတွေပဲ ကျန်ခဲ့ပါတယ်။ဒါပေမဲ့ ဒီပြိုင်ပွဲမှာတော့ သူတို့က တခြားသူတွေလိုပဲပြိုင်ပွဲဝင်ပါပဲ။ အနောက်ဆုံးမှာဆိုပေမဲ့ သူတို့မှာ ဝင်ရောက်ပြိုင်ဆိုင်ခွင့်၊ ပန်းတိုင်ကို အောင်မြင်စွာရောက်နိုင်ခွင့်ရှိနေပါတယ်။တခြားသူတွေက သူတို့ကို အထင်သေးအမြင်သေးဖြစ်နေပေမဲ့ သူတို့ကိုယ်သူတို့ "ငါသည်လည်း ပြိုင်ပွဲဝင်တစ်ယောက်ပဲ" ဆိုတဲ့ လေးစားသမှုလေးဝင်ပြီး ပထမရဖို့ကို အားကုန်ပြေးခဲ့ကြပါတယ်။ လူ့လောကကို အပြေးပြိုင်ပွဲလေးတစ်ခုနဲ့ ဥပမာပြသွားတာ အရမ်းကိုသေသပ်ပါတယ်။ နောက်ဆုံးကနေတာထွက်ရတဲ့သူက ပထမမရဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။နောက်ဆုံးကနေတာထွက်ရတောင် လောကအလည်မှာ ပထမနေရာဆိုတာကို ရနိုင်တဲ့အကြောင်းကို စွမ်းပကားကြီးတဲ့ မိဘမဲ့ကလေး ၁၂ ယောက်က ဒီဇာတ်ကားမှာ သက်သေပြသွားကြမှာပါ။မိဘမဲ့ဂေဟာမှာရှိတဲ့ ကလေးတွေကို အနှိမ်ခံအပယ်ခံဘဝကနေ ...
movie

12 Mighty Orphans(2021)

2021
Judas and the Black Messiah(2021) 7.8
Judas and the Black Messiah(2021) Judas and the Black Messiah(2021)အညွှန်း*************************************IMDb...7.8"ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး...မီးကိုရေနဲ့ငြိမ်းမှာ...ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကိုလူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး....ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ...အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ"ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်...သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့မျက်စိစပါးမွှေးစူးစရာပဲ...ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလိုသူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ကြိုးစားပါတယ်...ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကိုသူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်...ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်..အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ဒီကားက Biography  ဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်...ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size : (2.5 GB) and (1 GB) Quality : HEVC ...
movie

Judas and the Black Messiah(2021)

HEVC 1080p 5.1
Apocalypse Now (1979) 8.4
Apocalypse Now (1979) Apocalypse Now (1979)=================IMDb Rating - 8.4/10#Unicodeပြောကြတာတော့ Apocalypse Nowဟာ အကောင်းဆုံးစစ်ကားတဲ့။ ကျွန်တော်တော့ စစ်ကား တစ်ကားလို့ကိုမမြင်မိဘူး။သမိုင်းလည်းမှန်လှတယ်မဟုတ်ဘူး။ သမိုင်းဆိုတာ စစ်နိုင်တဲ့ဘက်က ရေးကြတာဆိုတော့ ရေးထားတဲ့သမိုင်းလည်း မှန်ချင်မှမှန်မှာဖြစ်တဲ့အတွက် ဒါကလည်းအရေးမပါလှဘူး။စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။ လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့ အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့ တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။ အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့ အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော်Great ကြီး‌တွေမဟုတ်ဘူး။ စစ်သားတွေရဲ့ ကြောက်စိတ်နဲ့ စစ်မှုထမ်းတွေရဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။ မတော်လို့ကျွန်တော်တို့စစ်ထဲ၀င်ကြရင် ဖြစ်‌နေမယ့်ပုံစံမျိုး‌ပေါ့။ အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့သူပုန်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး ပြသွားတယ်။လူသားဆန်မှု စစ်ပွဲမှာ ...
movie

Apocalypse Now (1979)

1979
Seeking a Friend for the End of the World(2012) 6.7
Seeking a Friend for the End of the World(2012) Seeking a Friend for the End of the World(2012)IMDb....6.7၃ပတ်အတွင်းမှာကမ္ဘာကြီးကဂြိုလ်ဆိုင်တစ်ခုနဲ့တိုက်မိပြီး ကမ္ဘာပျက်တော့မယ်တဲ့ နောက်ဆုံးအချိန်လိုဖြစ်နေတဲ့ (၃)ပတ်မှာ ခင်ဗျားဆိုရင်ရောဘာတွေဆက်လုပ်မိမှာပါလိမ့်.... Dodgeဆိုတဲ့အာမခံဝန်ထမ်းတစ်ယောက်အတွက် အဲ့ဒီသ တင်းကြေငြာ ကု ိကြားလိုက်ရတော့ ခဏတာ သွေးပျက်သွားတယ် တိုက်တိုက် ဆိုင် အဲ့ဒီအချိန်မှာ သူ့မိန်းမကလည်းထားသွားခဲ့တယ်.... ဒါပေမယ့်သူ့ဘဝကိုသူပုံမှန်ဆက်သွားဖို့ကြိုးစားတယ် ... Pennyဆိုတဲ့ကောင်မလေး သူ့မိသားစုဆီသွားဖို့ နောက်ဆုံးလေယာဉ်ကိုလွတ်သွားတယ်...ကမ္ဘာကြီးကလည်း(၃)ပတ်အတွင်း ပျက်သုန်းသွားနိုင်သတဲ့... သူတို့၂ယောက်ကအိမ်နီးချင်းတွေ... (၃)ပတ်ဆိုသောကာလလေးမှာ သူတို့(၂)ယောက်ဟာ ဘယ်လိုဖြတ်သန်းကြမလဲ.... ... ဒီကားထဲကဟာသမင်းသားကြီးး Steve Carell  နဲ့ မင်းသမီးချော Keira Knightleyကိုတော့ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်... ဟာသဟန်တွေနဲ့ ဘဝနေနည်းတစ်ချို့ကိုအချိန်ကိုက်ပြသွားတဲ့ကားလေးမို့ ကြည့်လိုက်ပါဦးလို့.........ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်JtheKoala ဖြစ်ပါတယ်..File Size : (869 MB) and (335 MB) Quality : Blu-Ray 720p Format…mp4 Duration…01:41:00 Genre : Adventure, Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by ...
movie

Seeking a Friend for the End of the World(2012)

Spawn 5.2
Spawn ပထမဆုံးပြောရမယ်ဆိုရင် အခုမိတ်ဆက်ပေးမယ့် ဇာတ်ကောင်ကတော့ Hero မဟုတ်တဲ့ Anti Hero တစ်ယောက်ပါ...... သူ့နာမည်က Spawn ...  သူဟာကောင်းကင်ဘုံနဲ့ငရဲဘုံကြားဖြစ်လာတဲ့စစ်ပွဲမှာ ငရဲစစ်တပ်ကိုဦးဆောင်မယ့်လူအဖြစ်မွေးဖွားလာခဲ့ပါတယ်... လူတစ်ယောက်ဖြစ်နေတဲ့အချိန်မှာ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်ဖြစ်ပြီးတော့ သူသေဆုံးသွားပြီးတဲ့နောက်မှာတော့ သူဟာ ငရဲပြည်ကိုရောက်ပြီး ငရဲဘုံကနေစွမ်းအားတွေရရှိလာခဲ့ပြီး ငရဲစစ်တပ်ကိုဦးဆောင်မယ့် Spawn အဖြစ်ပြန်လည်မွေးဖွားလာပါတယ်.... သေဆုံးသွားတယ်ဆိုတာထက် သူဟာလုပ်ကြံခံခဲ့ရတာပါ.. အပြင်းထန်ဆုံးမီးလောင်ပေါက်ကွဲမှု့ကြားထဲမှာ တကိုယ်လုံးမီးအရှို့ခံရပြီးတော့ သေဆုံးခဲ့ရပါတယ်.. ဒါကြောင့် သူ့တကိုယ်လုံးဟာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတော့ သူငရဲဘုံကနေစွမ်းအားတွေရပြီးပြန်လာခဲ့အချိန်မှာတော့ လူတောတိုးလို့မရတော့တဲ့အခြေနေဖြစ်သွားခဲ့ပါတယ်... ဒါဆို Spawn ရဲ့စွမ်းအားတွေကို လေ့လာကြည့်လိုက်ရအောင်... ငရဲတပ်ကိုဦးဆောင်ဖို့အတွက်မွေးဖွားလာတဲ့ Anti Hero ပါ... လုပ်ကြံသတ်ဖြတ်ရေးသမားတယောက်ဖြစ်ပြီးတော့ သူသေဆုံးတဲ့အချိန်မှာ ငရဲကနေအစွမ်းတွေရလာတာဖြစ်ပါတယ် ....Wolverine Deadpool တို့လို့ အနာကျက်မြန်ဆန်ပြီး ချွန်ထက်တဲ့ စတီးကြိုးတွေ ဓားတွေက သူ့စိတ်ထဲမှာရှိတဲ့အတိုင်း အခြေခံပြီး သူ့တကိုယ်လုံးကနေထွက်ပေါ်တတ်ပါတယ် ... ရှည်လျားကြီး အထာကျလွန်းတဲ့ သူ့ရဲ့ဝတ်ရုံက green lantern လို သူလိုချင်တဲ့ပုံစံကိုပြောင်းပေးနိုင်ပါတယ် .... ငရဲကစွမ်းအားတွေကို ရရှိထားတဲ့ spawn ကလူကောင်းမဟုတ်သလို လူဆိုးလို့လဲပြောလို့မရပါဘူး ... Super Hero ဇာတ်လမ်းတွေကြိုက်တဲ့လူတွေအတွက်  ဒီကားက ကြည့်လို့ကောင်းမယ့်ကားတစ်ကားလို့ညွှန်းပါရစေ.... ပထမဆုံးပြောရမယ်ဆိုရင် အခုမိတ်ဆက်ပေးမယ့် ဇာတ်ကောင်ကတော့Hero မဟုတ်တဲ့ Anti Hero တစ်ယောက်ပါ......သူ႕နာမည္က Spawn ...
movie

Spawn

1997
The Departed (2006) 8.5
The Departed (2006) IMDb (8.5)....Rotten Tomatoes (90%) ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြောရအောင်။တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။The Departed (2006) (IMDb Rating 8.5/10) ဆိုတဲ့ကားးပါ။မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (IMDb Rating 8.1/10) ဆိုတာပါ။ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ ကြည့်မိပါတယ်…ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကို နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာကလည်း ဒီရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။ကျနော် ပထမ တစ်ကြိမ် ကြည့်တုန်းက Leonado Dicaprio ထက် ...
movie

The Departed (2006)

2006