Channel Myanmar

Martin Starr

Lousy Carter (2023) 5.7
Lousy Carter (2023)  IMDb 5.8/10 ရရှိထားတဲ့ Comedy အမျိုးအစားLousy Carter ရုပ်ရှင်ဟာ ၂၀၂၄ မတ်လ ၂၉ ရက်ကမှထွက်ရှိထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Bob Byington ကရိုက်ကူးပေးထားပြီး David Krumholtz ၊ Martin Starr ၊Olivia Thirlby ၊ Jocelyn Deboer အစရှိသဖြင့်သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။သက်လတ်ပိုင်းအမျိုးသားတစ်ဦးရဲ့အသက်ရှင်ဖို့နောက်ဆုံးခြောက်လသာကျန်ရှိတော့တဲ့အချိန်ကို ဟာသနှောပြီးဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အင်္ဂလိပ်ရသစာပေပါမောက္ခတစ်ဦးဖြစ်တဲ့လောက်စီကာတာဟာဘဝရဲ့ဘယ်နယ်ပယ်မှာမှထူးချွန်အောင်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ နာမည်နဲ့လိုက်အောင် ဘဝမှာအသုံးမကျသူတစ်ဦးဖြစ်နေခဲ့ပါတယ်။ ကျောင်းဆရာဘဝကိုငြီးငွေ့ဖွယ်ရာဖြတ်သန်းနေပြီး သူရဲ့အန်နီမေးရှင်းရုပ်ရှင်ကလည်း မအောင်မြင်တာကြောင့်အန်နီမေတာအဖြစ်လည်း မရပ်တည်နိုင်ခဲ့ပါဘူး။ မိခင်ကိုယ်တိုင်ကအသုံးမကျသူလို့သတ်မှတ်ထားခဲ့သလို ဇနီးနဲ့လည်းအိမ်ထောင်ရေးအဆင်မပြေခဲ့ပါဘူး။ သူငယ်ချင်းရဲ့မိန်းမနဲ့ ဖောက်ပြန်ခဲ့သလိုအသက်ငယ်တဲ့ကျောင်းသူလေးတစ်ယောက်ကိုပါကြိတ်ကြိုက်နေခဲ့တဲ့လောက်စီကာတာရဲ့ဘဝဟာ ရှုပ်ထွေးမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ သူ့မှာအသက်ရှင်ဖို့ခြောက်လသာကျန်ရှိတော့တာကိုသိရှိလိုက်ရပြီး သေဖို့နီးကပ်လာတာနဲ့အမျှသူ့ဘဝက ဘာတွေပြောင်းလဲသွားဦးမှာလဲဆိုတာကြည့်ရှု့ခံစားရမှာပါ။ရုပ်ရှင်ရဲ့ဇာတ်သိမ်းကတော့ မမျှော်လင့်ထားတဲ့ဇာတ်သိမ်းလို့ပဲဆိုရမှာဖြစ်ပါတယ်။ File size…1.16GB / 481MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Lousy Carter (2023)

Walk Hard: The Dewey Cox Story (2007) 6.8
Walk Hard: The Dewey Cox Story (2007) (ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie

Walk Hard: The Dewey Cox Story (2007)

There’s Something in the Barn (2023)
There’s Something in the Barn (2023)  ဇာတ်လမ်းအကျဥ်းလေးကတော့ ဘေလ်တို့မိသားစုက အမေရိကားကနေ နော်ဝေးကိုအိမ်ပြောင်းလာခဲ့ကြတယ်။ ဘေလ်ရဲ့ဇနီး ကယ်ရိုလ်က ကလေးတွေရဲ့မိထွေးပါ။ အဲဒါကြောင့် ဘေလ်က မိသားစုဘဝသစ်တစ်ခုဖြစ်လာအောင် ဆုံးသွားတဲ့ဦးလေးဆီက အမွေရခဲ့တဲ့ နော်ဝေးကခြံကြီးဆီကို ပြောင်းလာခဲ့တာပေါ့။ဒါပေမဲ့ ခြံကြီးမှာက ထူးခြားတဲ့တင်းကုပ်ကြီးတစ်ခုရှိနေတယ်။ အဲဒါကတော့ တင်းကုပ်ကြီးမှာ နတ်သူငယ်တွေရှိနေတာပါပဲ။ တင်းကုပ်နဲ့ပက်သက်ရင် စည်းကမ်းတင်းကျပ်တဲ့နတ်သူငယ်တွေဖြစ်လို့ သူတို့နဲ့အန္တရာယ်ကင်းကင်းနေချင်ရင် လိုက်နာရမယ့်အချက်တွေရှိတယ်။ အဲဒါတွေကတော့ တင်းကုပ်မှာဆူညံသံတွေမဖွင့်ဖို့၊ အလင်းရောင်စူးစူးတွေမထွန်းဖို့ပါပဲ။ ဒါပေမဲ့ စည်းမျဥ်းတွေအားလုံးကို ဘေလ်တို့မိသားစုကချိုးဖောက်မိတဲ့အခါ...။ File size…(1.5 GB)/(832 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

There’s Something in the Barn (2023)

Paper Heart (2009) 6.0
Paper Heart (2009) Paper Heart (2009) ============== IMDb Rating - 6.0/10" အချစ် " စကားလေး ၂လုံးတည်းနဲ့ တော်တော်ရှုပ်ထွေးတဲ့အရာပါ။ အချစ်ဆိုတာဘာလဲ၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားရင်ကော ဘယ် လိုသိနိုင်မလဲ၊ အစရှိတဲ့မေးခွန်းတွေအတွက် တိကျရေရာတဲ့ အဖြေ မရှိပါဘူး လူအမျိုးမျိုး အဓိပ္ပာယ်အဖုံဖုံပေါ့။ အချစ်ကြောင့်ပဲ လူတွေ ပျော်ရွှင်ကြည်နူးဝမ်းသာကြရသလို၊ အချစ်ကြောင့်ပဲ လူတွေ ဝမ်းနည်း ပူဆွေးကြေကွဲ ကြရပြန်ပါတယ်။ ဒါပေမဲ့ လူတိုင်းအချစ်နဲ့မကင်းနိုင် သေးပါဘူး။ အဲဒီအထဲမှာမှ ရှာလင်းရီလို့ခေါ်တဲ့ ကောင်မလေးတစ် ယောက်တော့ပါမနေခဲ့ပါဘူး။သူမက အချစ်ကိုလည်းမယုံသလို၊ တစ်စုံ တစ်ယောက်ကိုချစ်မိဖို့ကိုလည်း ခက်ခဲနေတဲ့သူပါ။ ဒီလိုနဲ့ " Paper Heart " လို့ခေါ်တဲ့ ဇာတ်ကားလေးဖြစ်တည်လာပါတော့တယ်။ဒီကားထဲမှာတော့ရှာလင်းရီတစ်ယောက် US ကိုပတ်ရင်း အချစ်ကို ယုံကြည်လာဖို့အတွက် လူအများစုဆီက အဖြစ်အပျက်တွေ၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက် ခံယူချက်တွေကို လိုက်လံမေးမြန်းရင်း သူ့ရဲ့ အချစ်ပေါ်ထားရှိတဲ့ အမြင်ကိုပြောင်းလဲဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။ ရှာလီးရီတစ်ယောက် အဆုံးသတ်မှာ အချစ်ကိုယုံကြည်သွားမလား၊ သူကိုယ်တိုင်ကရော ချစ်ရသူတစ်ယောက်ကို တွေ့ရှိသွားမလားဆိုတာ ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File ...
movie

Paper Heart (2009)

2009
Samaritan (2022) 6.1
Samaritan (2022) Samaritan (2022) ============= IMDb Rating - 6.1/10စတားလုံးကြီးရဲ့ စူပါဟီးရီုး အက်ရှင်ကားအသစ်ပါ။ ဂရန်နိုက်ဆိုတဲ့ မြို့လေးမှာတစ်ခါတုန်းက အရမ်းအားကြီးတဲ့ အမွှာနှစ်ယောက် ရှိခဲ့ ဖူးတယ်။ အင်အားအရမ်းကြီးလွန်းတော့ မြို့ထဲကလူတွေကို ထိခိုက် အောင်လုပ်မိတာရှိပါတယ်။ ဒီတော့သူတို့ညီအစ်ကိုကို ကြောက်လာတဲ့ လူတွေက သူတို့အိပ်နေတုန်းမှာ အိမ်ကိုမီးတင်ရှို့လိုက်တာပေါ့။ သူတို့ မိဘနှစ်ယောက်လုံးသေသွားပေမဲ့ သူတို့ညီအစ်ကိုကတော့ ဒဏ်ရာ တောင်မရဘဲလွတ်လာခဲ့ပါတယ်။အဲဒီမှာအစ်ကိုဖြစ်သူက ဆမယ်ရီတန် ဆိုတဲ့နာမည်နဲ့ လူတွေကို ကယ်တင်တဲ့ သူရဲကောင်းဖြစ်လာပြီး၊ ညီကတော့ နဲမီးစစ် ဆိုတဲ့နာမည်နဲ့ တစ်မြို့လုံးကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားလာပါတော့တယ်။ ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက် အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး နှစ်ယောက်လုံးပျောက်ဆုံးသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာတော့ ဒီစွမ်းအားရှင်နှစ်ယောက်နဲ့ပတ် သတ်တဲ့ ဇာတ်လမ်းတွေပြန်ပေါ်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.7 GB) / (857 MB) / (530 MB) Quality............WebDL 1080p / 720p / 480p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Fantasy Translator.......Mr.Anderson Encoder..........SWM  
movie

Samaritan (2022)

2022
Knocked Up (2007) 6.9
Knocked Up (2007) Knocked Up (2007) IMDb 6.9 Rotten Tomatoes 89%Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ...မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာ‌အောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ.....အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ...
movie

Knocked Up (2007)

The Invention of Lying (2009) 6.4
The Invention of Lying (2009) The Invention of Lying (2009) ~ IMDb - 6.4/10, Rotten Tomatoes - 55% ~မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ ...
movie

The Invention of Lying (2009)

2009
Spider-Man: No Way Home ( 2021 ) 9.1
Spider-Man: No Way Home ( 2021 ) စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ(function(f,b,n,j,x,e){})();IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲအောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါအညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioကဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်းအဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီးပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့်အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကိုအကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ...
movie

Spider-Man: No Way Home ( 2021 )

Spider-Man: Far From Home (2019) MCU 7.5
Spider-Man: Far From Home (2019) MCU Spider-Man: Far from Home (2019) IMDb - 7.5/10_____Rotten - 91%  (function(f,b,n,j,x,e){})();Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း…သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်……(ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie

Spider-Man: Far From Home (2019) MCU

2019
4K HEVC IMAX
Dead Snow 2: Red vs. Dead 6.9
Dead Snow 2: Red vs. Dead  ဒီရုပ်ရှင်ကတော့ Dead Snow 2009 ရဲ့ အဆက်ပါ။Dead Snow အရင်ရုပ်ရှင်ထဲမှာ နှိုးထလာပြီးသောင်းကျန်းခဲ့တဲ့ နာဘီး ( နာဇီဇွန်ဘီး) တွေဟာတောင်ပေါ်ကနေ အောက်ကိုဆင်းလာပြီး ရည်ရွယ်ချက်တစ်ခုကို လုပ်ဖို့ကြိုးစားလာပါတယ်။အဲဒီမှာပဲ ပထမရုပ်ရှင်တုန်းက အသက်ရှင်ကျန်ခဲ့တဲ့သူ နဲ့အမေရိကန်က လာတဲ့ ဖုတ်ကောင်နှိမ်နင်းရေးအဖွဲ့ ပေါင်းပြီး နာဘီးတွေကို ရင်ဆိုင်ရပါတော့တယ်။နာဇီဇွန်ဘီးနဲ့ ချဖို့ဆိုရင် ဘာလိုမလဲ၊ ဆိုဗီယက်ဇွန်ဘီးတွေ လိုတာပေါ့ဗျာ။ဇာတ်လမ်းက ထူးခြားပြီး ရယ်လည်းရယ်ရ ကြမ်းလည်းကြမ်းကြောင်လည်း ကြောင်တာမို့ Dead Snow နှစ်ကားကို သဘောကျကြမယ်ထင်ပါတယ်။ File Size : (1.5 GB) & (800 MB) Quality : Bluray rip 1080p & 720 p Running Time : 01:40:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Dead Snow 2: Red vs. Dead

Superbad (2007) 7.6
Superbad (2007) Superbad (2007) IMDB (7.5/10) Rotten Tomatoes (88%) ======================== ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး ဟာသကား မျှော်နေသူတွေအတွက် ကားကောင်း‌လေးတစ်ကားကို တင်ပေးလိုက်ပါတယ်။ American pie လိုမျိုး ကျောင်းသားလူငယ်ဟာသကားမျိုးဖြစ်ပြီး လူငယ်သဘာဝ အလွဲတွေကို အဓိကအသားပေး ရိုက်ပြထားလို့ ကြည့်ကောင်းတဲ့ ကားလေးပါ။ ဇာတ်လမ်းထဲမှာ ဆက်သ် နဲ့ အီဗန် တို့ဟာ သူတို့သဘောကျနေတဲ့ ကောင်မလေးတွေကို အထင်ကြီးအောင် လုပ်ဖို့အတွက် ပါတီပွဲမှာ လိုတဲ့အရက်တွေဝယ်ဖို့ တာဝန်ယူလိုက်ပါတယ်။ ပြဿနာကတော့ သူတို့က 21 နှစ်မပြည့်သေးပါဘူး။ အမေရိကန်မှာ 21 နှစ်မပြည့်သူကို အရက်ရောင်းခွင့်မရှိတဲ့အတွက် သူတို့လို‌နေတဲ့ အရက်တွေကို ဘယ်လိုရအောင် လုပ်ကြမလဲ။ အရက်ဝယ်ဖို့ကို သေရေးရှင်ရေးလို တွေးနေတဲ့ ဆက်သ်ကတော့ ဘာပဲလုပ်ရလုပ်ရလုပ်ဖို့ အသင့်ပါပဲ။ ဒီလိုနဲ့ ငယ်သူငယ်ချင်းနှစ်ယောက် စော်ရဖို့အရေး အရက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဒီကားမှာ သရုပ်ဆောင်တွေအနေနဲ့ Comedy လောကမှာ နာမည်ကြီးတဲ့ Michael Cera နဲ့ ...
movie

Superbad (2007)

HEVC 1080p 5.1
The Incredible Hulk (2008) MCU 6.8
The Incredible Hulk (2008) MCU Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie

The Incredible Hulk (2008) MCU

2008
Honey Boy (2019) 7.4
Honey Boy (2019) IMBD-7.4 ရရှိထားတဲ့ကားလေးပါ၁၂ နှစ်အရွယ် ကလေးတစ်ယောက်ဟာတီဗီစတား တစ်ယောက်အဖြစ်အောင်မြင်ကျော်ကြားပြီးနောက်ရိုင်းစိုင်းကြမ်းတမ်းတဲ့ အရက်ဂျိုးအဖေက ပြန်လာပြီးတော့ကလေးရဲ့အထိန်းတော်အဖြစ်နဲ့ အတူတူနေထိုင်ကြတဲ့အကြောင်းအဖေနဲ့ သားကြားက ဆက်ဆံရေးအခြေအနေကို ရိုက်ကူးတင်ဆက်ထားတာပါကလေးသရုပ်ဆောင်ကောင်းသလို တစ်ကားလုံးကြည့်ရင်း နဲ့ဆွဲခေါ်သွားတဲ့ ကားလေးပါဒါ့အပြင် nomination များစွာ ပေးထားခြင်းခံထားရပါတယ်လက်တွေ့ဘဝဆန်ဆန် အကောင်းဆုံးပုံဖော်ရိုက်ကူး ထားတာဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး File Size : ( 882 MB , 324 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Kaung Thant ...
movie

Honey Boy (2019)

This Is the End ( 2013 ) 6.6
This Is the End ( 2013 ) Zawgyi*******IMDb 6.6 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပြီးDark Comedy/ Horror ကားပရိတ်သတ်တွေအတွက်ရည်ရွယ်ပါတယ်ဇာတ်ကားနာမည်နဲ့လိုက်ဖက်စွာပဲ ကမ္ဘာပျက်တဲ့အကြောင်းကိုရိုက်ကူးထားတာပါထူးခြားတာက တစ်ကားလုံးသရုပ်ဆောင်တွေဟာ သူတို့ရဲ့နာမည်အရင်းတွေ career အစစ်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါပဲHarry Potter မင်းသမီးလေး Emma Watson ရောRihanna ရော ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကျော်မင်းသားJames Franco ကသူ့ LA ကအိမ်သစ်ကြီးမှ အိမ်သစ်တက်ပွဲပါတီကျင်းပပါတယ်နာမည်ကျော်တို့ရဲ့ထုံးစံအတိုင်း ခမ်းခမ်းနားနားပါပဲတခြားနာမည်ကြီးသရုပ်ဆောင်တွေအဆိုတော်တွေလည်း လာကြတာပေါ့အဲ့အချိန်မှာမှ ကောင်းကင်ပေါ်ကအပြာရောင်အလင်းတန်းတွေကျလာပြီး လူတွေကိုခေါ်သွားတဲ့အခါမှာတော့... Unicode*******IMDb 6.6 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပြီးDark Comedy/ Horror ကားပရိတ်သတ်တွေအတွက်ရည်ရွယ်ပါတယ်ဇာတ်ကားနာမည်နဲ့လိုက်ဖက်စွာပဲ ကမ္ဘာပျက်တဲ့အကြောင်းကိုရိုက်ကူးထားတာပါထူးခြားတာက တစ်ကားလုံးသရုပ်ဆောင်တွေဟာ သူတို့ရဲ့နာမည်အရင်းတွေ career အစစ်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါပဲHarry Potter မင်းသမီးလေး Emma Watson ရောRihanna ရော ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကျော်မင်းသားJames Franco ကသူ့ LA ကအိမ်သစ်ကြီးမှ အိမ်သစ်တက်ပွဲပါတီကျင်းပပါတယ်နာမည်ကျော်တို့ရဲ့ထုံးစံအတိုင်း ခမ်းခမ်းနားနားပါပဲတခြားနာမည်ကြီးသရုပ်ဆောင်တွေအဆိုတော်တွေလည်း လာကြတာပေါ့အဲ့အချိန်မှာမှ ကောင်းကင်ပေါ်ကအပြာရောင်အလင်းတန်းတွေကျလာပြီး လူတွေကိုခေါ်သွားတဲ့အခါမှာတော့... Translated & Review By May Myat ...
movie

This Is the End ( 2013 )

2013
Adventureland (2009) 6.8
Adventureland (2009) 1987ခုနှစ်ရဲ့ကျောင်းသားတစ်ယောက်လက်တွေ့ဘ၀ထဲကိုဝင်ပါတော့မယ် ပြသနာကတော့မပြောင်းသွားပါဘူး ဘာအရာမှလည်းမလွယ်ကူခဲ့ပါဘူး သမီးရည်းစားရေးမှာလည်းအသည်းကွဲနေတဲ့ကွဲဘဲလေးဖြစ်ပြီး လုပ်ငန်းခွင်မှာဆိုလည်းဘာအတွေ့အကြုံမှာမရှိတဲ့ငပေါသာသာပါ မိဘတွေကလည်းကျောင်းစရိတ်မပြောနဲ့ မုန့်ဖိုးတောင်မပေးတော့တဲ့အခြေအနေကိုရောက်နေပါပြီ ပိုက်ဆံရှာဖိုလိုလာတဲ့အချိန်မှာ သူ့အားလပ်ရက်တွေကိုAdventurelandလို့ခေါ်တဲ့ ကစားကွင်းမှာလုပ်ဖို့အကြောင်းဖန်လာပါတယ် စုတ်ပြတ်နာကျင်ပြီးအတွင်းပိုင်းသေဆုံးမတတ်ဖြစ်နေတဲ့လူငယ်တစ်ယောက်က လူတွေအပန်းဖြေ ပျော်ရွှင်ဖို့လာတဲ့ကစားကွင်းမှာအလုပ်လုပ်တယ်ဆိုတာ အရမ်းကြီးဆန့်ကျင်ဘက်ဖြစ်နေသလိုပါပဲ သူ့စိတ်အခြေအနေနဲ့လူမှုရေး၊အချစ်ရေးတွေကို ကစားကွင်းမှာအလုပ်လုပ်ရင်းဘယ်လိုကျော်ဖြတ်သွားမလဲ ပုံမှန်ကားဖြစ်တဲ့အတွက်ပိုကြည့်သင်တယ်လို့ထင်ပါတယ် Sci-fiတွေFantasyတွေထက်စာရင်ဒီလိုကားတွေကပေးတဲ့messageက လက်တွေ့ဘ၀မှာတကယ်အထောက်အကူဖြစ်ပါတယ် ဘာသာပြန်ပေးထားတာတော့Dollyဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
movie

Adventureland (2009)

2009
The Escape of Prisoner 614(2018) N/A
The Escape of Prisoner 614(2018) Encoder - Kyaw Ye Aungaလတ်တလောထွက်ရှိလာတဲ့ကားသစ်လေးတစ်ကားကို မိတ်ဆက်ပေးလိုက်ပါတယ်။အက်ရှင်ဇာတ်လမ်းကြိုက်သူတွေအတွက်တင်ဆက်ထားတဲ့ ကားလေးနာမည်ကတော့The escape of prisoner 614 (2018)ပါ။ လောကကြီးမှာ အပြစ်မရှှိပဲနဲ့ မတရားခံရတာလောက်ခံပြင်းစရာကောင်းတဲ့ ကိစ္စမရှိတော့ပါဘူး အသွားမတော်မလှမ်း ဆိုတဲ့ အတိုင်းအထင်မှတ်ထားတဲ့ နေရာမှာ ကိုယ်က ထိုးကျွေးခံလိုက်ရတော့အပြစ်မရှိပဲ သူများအစား အပြစ်ကို ခံရပါတော့တယ်ဒီကားလေးက ကောင်းဘွိုင်ဆန်ဆန်ကားလေးဖြစ်ပြီးတော့ကောင်းဘွိုင်ကားကြိိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့်ကားလေးဖြစ်မှာပါဇာတ်လမ်းလေးအကျဉ်းကတော့အကျဉ်းသားတစ်ယောက်ထောင်ဖောက်ပြေးတာကနေ စတာပါ။အဲ့ဒီလွတ်မြောက်သွားတဲ့ အကျဉ်းသားဟာသူအပြစ်မရှိဘူးလို့ အခိုင်အမာငြင်းဆိုနေခဲ့ပါတယ်။ဇာတ်ရှိန်တက်လာတာနဲ့အမျှ သူ့တကယ်ပဲအပြစ်ရှိသလားအကွက်ဆင်လုပ်ကြံခံရတာလား အကွက်ဆင်ခံရတယ်ဆိုအဲ့ဒီနောက်မှာ ဘယ်သူတွေရှိနေတာလဲ သူခင်သလိုရောရိုးရှင်းလွယ်ကူပါ့မလားဆိုတာရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့်ကားကောင်းလေးပါ။Qty - 720p Web DLGern - Advanture / Comedy / CrimeDuration - 1hr 50minTranslator - Pyae SoneReview - Aye Mon Kyaw
movie

The Escape of Prisoner 614(2018)

2018