Channel Myanmar

Meagan Good

The Unborn (2009) 5.1
The Unborn (2009) The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရ‌ချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie

The Unborn (2009)

Venom (2005) 5.0
Venom (2005)  သည်းထိပ်ရင်ဖို horrorကား၊ သေပြေးရှင်ပြေး ပြေးရတဲ့ကားတွေကိုမှကြိုက်နှစ်သက်ရင် ဒီကားလေးကလည်း တစ်မျိုးတစ်မည်တော့ ခံစားရမှာပါ....။ဇာတ်လမ်းလေးကတော့ ဗူဒူးစုန်းအတတ် ဓလေ့တစ်ခုကို အမှီပြုပြီးဇာတ်အိမ်တည်ထားတာပါ...။ဗူဒူးစုန်းပညာမှာ လူသတ်သမားတွေ၊ဆိုးယုတ်သူတွေရဲ့ ဝိညာဥ်တွေ၊ နတ်ဆိုးတွေရဲ့ဝိညာဥ်တွေကို အပင်းထုတ်သလိုထုတ်ပြီး သူတစ်ပါးကို ဒုက္ခမပေးနိုင်အောင်သေချာစီမံသိမ်းဆည်းထားတတ်တဲ့ ဓလေ့တစ်ခုလည်းရှိတယ်....။ဥပမာ- ပုလင်းတစ်လုံးထဲဖြစ်ဖြစ်၊ အိုးတစ်ခုတည်းဖြစ်ဖြစ် ထည့်သိမ်းပြီးတစ်နေရာရာမှာမြှုပ်နှံထားတတ်ကြတယ်ပေါ့...။အကယ်၍များအဲ့ဒီနတ်ဆိုးဝိညာဥ်တွေ လွတ်ထွက်သွားရင်တော့တစ်ယောက်ယောက်ကို ပူးကပ်ပြီး ကောင်းကောင်းကြီးဒုက္ခပေးတော့တာပါပဲ....။အခုဇာတ်လမ်းလေးကလည်း ဒီလိုအကြောင်းအရာလေးကိုမှ ရိုက်ကွင်းရိုက်ကွက်ကောင်းကောင်းနဲ့ ရိုက်ကူးထားတာမို့ ကြည့်ရှုလို့ကောင်းမယ့် သည်းထိပ်ရင်ဖိုကားလေးတစ်ကားပဲဖြစ်ပါတယ်.... File size…1.51GB / 802MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Venom (2005)

Brick(2005) 7.2
Brick(2005)  IMDb 7.2/10 Rotten tomatoes 80%ဇာတ်လမ်းအကျဥ်းကတော့ တစ်ရက်မှာ ဘရန်ဒန်လို့ခေါ်တဲ့အထက်တန်းကျောင်းသားတစ်ယောက်ဆီကိုသူ့ရည်းစားဟောင်း အမ်မလီကဖုန်းဆက်လာခဲ့ပါတယ် ။ စူးစူးဝါးဝါးအော်ပြီး ဖုန်းချသွားတဲ့ အမ်မလီပြီးတော့ ဖုန်းထဲမှာ အမ်မလီပြောခဲ့တဲ့ “ပင်န် ၊ တက်ဂ် ၊ အုတ်ခဲ နဲ့ ဖရစ္စကို “ ဆိုတဲ့ထူးဆန်းတဲ့နာမည်တွေ ။ “သူ့ကို ကူညီပါ “ လို့ အကူအညီတောင်းသွားတဲ့ရည်းစားဟောင်းအတွက် ဘရန်ဒန်တစ်ယောက် သူ့သူငယ်ချင်း ဘရိန်း အကူအညီနဲ့အဲဒီသဲလွန်စတွေနောက်ကို လိုက်ရပါတော့တယ် ။ သဲလွန်စ တစ်ခုပြီးတစ်ခုလူတစ်ယောက်ပြီး တစ်ယောက်နောက်ကို လိုက်ရင်းနဲ့ ဘရန်ဒန် နောက်ဆုံးမှာပင်န် နဲ့ တွေ့ခဲ့ရပါတယ် ။ ပင်န်ဆိုတာ ဘယ်သူလဲ ၊ အမ်မလီနဲ့ရောဘယ်လိုဆက်စပ်နေမလဲ ။ အမ်မလီတောင်းထားတဲ့ အကူအညီကိုရောဘရန်ဒန် ပေးနိုင်မလားဆိုတာကို Brick ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာအားလုံးအတူတူ ကြည့်လိုက်ရအောင်နော် ။ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဘရန်ဒန်အဖြစ်အားလုံးသိကြတဲ့ 500 ...
movie

Brick(2005)

Saw V (2008) Saw 5 5.8
Saw V (2008) Saw 5 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw V (2008) Saw 5

Think Like a Man (2012) 6.5
Think Like a Man (2012)  2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ "Act like a lady, think like a man" ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့... နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်‌အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(780 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Think Like a Man (2012)

D.E.B.S. (2004) 5.3
D.E.B.S. (2004) အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကို အောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်း ထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာက လူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှ အသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲ ဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာ အေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။ အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။(တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ...
movie

D.E.B.S. (2004)

(18+) Don Jon (2013) 6.5
(18+) Don Jon (2013) IMDb (6.5) / Rotten Tomatoes (80%)မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ...
movie

(18+) Don Jon (2013)

2013
1080p HEVC
Shazam! Fury of the Gods (2023) 6.5
Shazam! Fury of the Gods (2023) Shazam! Fury of the Gods (2023)ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။ စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။ မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, ...
movie

Shazam! Fury of the Gods (2023)

2023
4K HEVC
Waist Deep(2006) 5.8
Waist Deep(2006)   ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အက်ရှင်ကားကြမ်းကြမ်းကိုမှ မိသားစုဆိုတဲ့အဓိပ္ပါယ်ကိုလည်း ပေါ်လွင်အောင်ရိုက်ပြထားတဲ့ 2006 ခုနှစ်မှာထွက်ထားတဲ့ Tyrese Gibson ရဲ့ Waist Deep ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇတ်လမ်းအကျဥ်းကတော့... O2(Tyrese Gibson) ဟာ မူးယစ်ဂိုဏ်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ထောင်ကနေလွတ်လာတာသိပ်မကြာသေးတဲ့အကျဥ်းသားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက်မှာလုံခြုံရေးဝန်ထမ်းတစ်ဦးအဖြစ်နဲ့သားလေးကိုစောင့်ရှောက်ပြီးဘဝကိုရိုးရိုးသားသားနဲ့တစ်ကပြန်စဖို့ကြိုးစားနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကံတရားက O2 ကို အေးချမ်းခွင့်မပေးခဲ့ပါဘူး။တစ်နေ့သူ့သားလေးကိုကျောင်းသွားကြိုပြီးပြန်လာတဲ့လမ်းမှာ သားလေးကိုအတင်းအဓ္ဓမပြန်ပေးဆွဲခံလိုက်ရပါတယ်။ ပြီးတော့ သူဘယ်လိုမှမတတ်နိုင်တဲ့ငွေပမာဏဖြစ်တဲ့ ဒေါ်လာတစ်သိန်းနဲ့ပြန်ရွေးဖို့အကျပ်ကိုင်ခံရပါတယ်။တစ်ဦးတည်းသောခင်တွယ်စရာသားလေးအတွက် O2 တစ်ယောက် မလုပ်ချင်တဲ့အလုပ်တွေကိုပြန်လုပ်ဖို့ကြိုးစားရာကနေ အဆင်ပြေပြေနဲ့သားလေးကိုပြန်ရွေးနိုင်မလား? အဲ့ဒီလူဆိုးဂိုဏ်းကရော သူ့ကိုမှ Target ထားပြီး ဘာလို့အခုလိုလုပ်ရတာလဲ ဆိုတာကို ဇာတ်ကားထဲမှာအတူတူကြည့်ရှုရင်းအဖြေရှာလိုက်ကြရအောင်ပါ။ကြမ်းကြမ်းရမ်းရမ်းအက်ရှင်ခန်းတွေရယ် အန္တာရယ်ကြားကဆုံစည်းခဲ့ရတဲ့ မိန်းကလေးနဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ရယ်၊ ဖအေနဲ့သား ညီအကိုတွေကြားက သံယောဇဥ်ထုံးဖွဲ့မှုတွေရယ်နဲ့ ဇာတ်လမ်းတစ်ခုလုံးကို အစကနေအဆုံး အနိမ့်အမြင့်အတက်အကျအစုံအလင်နဲ့ရင်တစ်ထိတ်ထိတ်ကြည့်ရှုရစေဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။  File size…1.52GB / 568.6MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ..... Action , Crime ...
movie

Waist Deep(2006)

Dungeons & Dragons: The Book of Vile Darkness (2012)
Dungeons & Dragons: The Book of Vile Darkness (2012) Dungeons & Dragons : The Book of Vile Darkness (2012)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy ...
movie

Dungeons & Dragons: The Book of Vile Darkness (2012)

2012
Day Shift (2022) 6.5
Day Shift (2022) Day Shift (2022)~ IMDb rating - 6.5/10 ~ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ်ကောင်မုဆိုးဇာတ်လမ်းပါပဲ။ အက်ရှင်နဲ့ ဟာသအသားပေးပါ။ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။ သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ်ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။ ဒါပေမဲ့ မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။ ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Day Shift (2022)

2022
Monster Hunter(2020) 6.0
Monster Hunter(2020) Monster Hunter(2020)အညွှန်း**************************Milla Jovovich နဲ့ Tony Jaa တို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေး ထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်။မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလိုအချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့အကူအညီကိုယူပြီး မူလကမ္ဘာကိုပါ ပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်...နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေမြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါ ပါဝါတွေကိုလည်းစိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာြဖစ်ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်.....File Size : (1GB) and (469 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae 
movie

Monster Hunter(2020)

HEVC
HEVC 1080p 5.1
The Intruder (2019) 5.3
The Intruder (2019) ချာလီပက်ခ်တစ်ယောက် သူ့အိမ်ကိုအရောင်းထုတ်နေပါတယ်။ ဖလော်ရီဒါမှာရှိတဲ့သူ့သမီးလေးက အသက်အရွယ်ကြီးနေပြီဖြစ်တဲ့သူ့အဖေကို သူတို့နဲ့အတူလာနေစေဖို့ပြောနေတော့ ဒီအိမ်ကိုရောင်းထုတ်ပြီးတော့ သူ့သမီးဆီလိုက်သွားတော့မှာပါ။ ချာလီတို့ အိမ်ကိုလာကြည့်တဲ့ စကော့နဲ့အန်နီတို့ကတော့ စစရောက်ချင်းမှာ နည်းနည်းလေးတော့ ထိတ်လန့်စရာတွေကြုံခဲ့ရပေမယ့် အန်နီတစ်ယောက်အိမ်လေးကိုအရမ်းသဘောကျနေတာနဲ့ပဲ နောက်ဆုံးတော့ဝယ်ဖြစ်သွားပြီး ပြောင်းရွေ့နေထိုင်ကြပါတော့တယ်။ အိမ်လေးရဲ့ဘေးနားတစ်ဝိုက်မှာသစ်တောလေးနဲ့ဖုံးအုပ်ထားပြီးတော့ တကယ့်ကိုလှပတဲ့အိမ်လေးတစ်လုံးလဲဖြစ်ပါတယ်။ အန်နီတစ်ယောက်တော့ အပျော်ကြီးပျော်နေခဲ့တာပေါ့။ ဒါပေမယ့်လေ နှစ်ရှည်ကြာမြင့်စွာနေထိုင်ခဲ့တဲ့ ချာလီအတွက်တော့ ဒီအိမ်မှာ သူ့မိန်းမနဲ့အတူ ကလေးတွေနဲ့လဲ နေထိုင်ရင်းဖြတ်သန်းခဲ့ရတာဆိုတော့ မကြာမကြာပြန်ပြန်ရောက်လာပြီးတော့ အိမ်လေးနဲ့ပတ်သက်တာတွေကို လုပ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် တချို့သောကိစ္စလေးတွေပေါ်ပေါက်လာခဲ့တဲ့အချိန်မှာတော့ ဇာတ်လမ်းကတစ်မျိုးပြောင်းလဲသွားတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ခင်ဗျာ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် လက်လွတ်မခံပဲကြည့်ရှုသင့်ပါတယ်လို့ထပ်လောင်းပြောကြားလိုက်ပါတယ်။ File Size : (1.43 GB) and (750 MB)  Quality : AMZN WEB-DL (1080p 5.1,720p) Running Time : 101min Format : Mp4 Genre : Drama,Horror,Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Charm Encoded by sithu
movie

The Intruder (2019)

2019
Shazam! (2019) 7.5
Shazam! (2019) ဒီဟီးရိုးကတော့ မှော်အစွမ်းကို အခြေခံထားတာပါပဲ။ Shazam လို့အော်လိုက်ရင် 14 နှစ်သားကောင်လေးအဖြစ်ငးကနေလူကြီးအရွယ် စူပါဟီးရိုးအဖြစ် ပြောင်းလဲသွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မှော်ဆရာအဖွဲ့ကြီးတစ်ခုရဲ့ နောက်ဆုံးကျန်တဲ့ မှော်ဆရာဟာကမ္ဘာကြီးကို နတ်ဆိုး ၇ ပါးရန်ကနေ ကာကွယ်ထားရပါတယ်။ သူ့ရဲ့အစွမ်းတွေ အားနည်းလာချိန်မှာတော့ သူ့နေရာကိုဆက်ခံဖို့ စိတ်ထားကောင်းမွန်တဲ့ လူတစ်ယောက်ကို ရှာဖွေရပါတော့တယ်။ဒီဟီးရိုးကတော့ Justice League သာ ဆက်ထွက်ခဲ့ရင် ပါလာနိုင်တာမို့ သူ့ရဲ့ မူလဇစ်မြစ်ကို ဒီကားမှာ သေချာတွေ့ရမှာပါ။(Littleneo ဘာသာပြန်သည်)File Size : (2.50 GB) , (1.20 GB) and (600 MB) Quality : Blu-Ray (1080p 5.1,720p,480p) Running Time : 2hr 12min Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle ...
movie

Shazam! (2019)

2019
Anchorman 2: The Legend Continues (2013) 6.3
Anchorman 2: The Legend Continues (2013) ရွန်ဘွန်ဂနီပြန်လာပါပြီ ဒီအပိုင်း၂မှာတော့ ရွန်ဟာ ဗရိုနီကာနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ပါ ရထားပါပြီ မိန်းမဖြစ်သူနဲ့ အတူတူတကွ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေရင်းမှ အထက်လူကြီးက ဝန်ထမ်းလျှော့တဲ့ ကာလမှာ သူ့မိန်းမကို ရာထူးတိုးပေးပြီး သူ့ကိုတော့ အလုပ်ဖြုတ်လိုက်ပါတော့တယ် ဒီမှာတင် မိန်းမဖြစ်သူနဲ့ အချေအတင်စကားများကြပြီး ရွန်တစ်ယောက် အိမ်ပေါ်ကဆင်းကာယစ်ထုပ်ကြီးတစ်ယောက်ဖြစ်လာပါတော့တယ် အဏ္ဏဝါပြတိုက်တစ်ခုမှာ တင်ဆက်သူလုပ်နေတဲ့ယစ်ထုပ်ကြီး ရွန် အဲ့အလုပ်ကပါ အလုပ်ပြုတ်ပြီးသူ့ဘာသာသူသတ်သေဖို့ကြံတဲ့အထိ ဘဝကို အရှုံးပေးလိုက်ပါတယ် သို့သော်လဲ တစ်မိုးအောက်တစ်ယောက်ရွန်ကို လူတစ်ယောက်က သတင်းကြေငြာဖို့လာခေါ်ပါတယ် အဲ့ခေတ်အခါက၂၄ နာရီလုံး သတင်းကြေငြာတဲ့ ရုပ်သံလိုင်းတွေကမရှိသေးဘဲ စွန့်ဦးထုတ်လွှင့်ဖို့ ရွန်ကိုလာငှါးတာပါ အဲ့မှာတင်ပဲရွန်တစ်ယောက် ထိုအလုပ်ကိုလက်ခံပြီး သူ့ရဲ့ တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့ သူငယ်ချင်း၃ယောက်ကိုပါပြန်ခေါ်လို့ နယူးယော့မြို့ကြီးမှာ သတင်းတင်ဆက်သူအဖြစ် ပြန်လာရောက်ရှိလာပါပြီ အလွဲတွေနဲ့ ရွန်တစ်ယောက် နယူးယော့မှာ ဘယ်လိုတွေတွေ့ကြုံဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှူခံစားရယ်မောလိုက်ပါဦး... --------------------------------------------------------Translated by Waizin WayneEncoded by sithu
movie

Anchorman 2: The Legend Continues (2013)

2013
Friday (1995) 7.3
Friday (1995) Friday ( 1995 )သောကြာနေ့... တစ်ချို့လူတွေ အတွက်တော့ ရုံးမပိတ်ခင် သာမာန်နေ့တစ်ခုပါပဲ။Craig ဆိုတဲ့ လူပေါင်းမှားတဲ့ ကပ္ပလီတစ်ကောင် အတွက်တော့ အတော်ဆိုးတဲ့ နေ့တစ်ခု ဖြစ်သွားလေရဲ့.....။သောကြာနေ့မတိုင်ခင်မှာ သူ အလုပ်ပြုတ်သွားပြီး သူ ပေါင်းမိတဲ့ သူငယ်ချင်းက Smoke ဆိုတဲ့ Weedရောင်းနေတဲ့ ငရှုပ်တစ်ကောင်ကြောင့် အရှုပ်ထုပ်ထဲ ရောပါပြီး အသတ်ခံရလုနီးနီး ဖြစ်လာခဲ့ပါတယ်။အသတ်မခံရဖို့ ငွေရှာရင်း တစ်ဖက်မှာလည်း သူတို့ ကပ္ပလီတွေအကုန် ကြောက်ရတဲ့ ငမိုက်တစ်ကောင်ရန်ကိုကလည်း ကြောက်ရပါသေးတယ်။အဲ့ဒီ အရှုပ်က သူတို့ကို ည ဆယ်နာရီထိပဲ အချိန်ပေးထားပါတယ်။ဒီကားရဲ့ ထူးခြားချက်က အရှုပ်ထုပ်တွေ အလွဲတွေကြားက.. တစ်နေ့တာကို ပဲ ရိုက်ပြထားတဲ့ ကားတစ်ကားပါ။Main Actor ကလည်း Hip Hop အဆိုတော် Ice Cube ဖြစ်တဲ့အပြင် ဒီကားက Smoke နဲ့ Craig တို့ရဲ့ ပုံဟာလည်း အတော် အသုံးများတဲ့ Meme usage တစ်ခုအဖြစ် လူသိများပါတယ်။ဒါနဲ့ လူမဲ တွေနဲ့ပဲ တစ်ကားလုံး ပြီးသွားတော့ ကိုယ့်ကိုကိုယ် အသားမဲလို့ စိတ်ဓာတ်ကျနေတဲ့လူတွေ ကိုယ့်ထက်မဲတဲ့လူတွေကို ကြည့်ပြီး အားတက်လို့ရပါသေးတယ်။ထပ်ညွှန်းရရင် ကိုယ့်ကိုကိုယ် ကံဆိုးလှပါတယ် ထင်ပြီး စိတ်ဓာတ်ကျနေတဲ့ လူတွေအတွက် အနည်းအကျဉ်းတော့ အားတက်စေမဲ့ကားဆိုလည်း မမှားပါဘူး။[Unicode]Friday ( 1995 )သောကြာနေ့... တစ်ချို့လူတွေ ...
movie

Friday (1995)

1995