Channel Myanmar

Michael Ostrowski

The Kangaroo Conspiracy (2022) 5.9
The Kangaroo Conspiracy (2022) The Kangaroo Conspiracy (2022) ======================== IMDb Rating - 5.9/10အခုလို ပူလောင်နေရတဲ့အချိန်မှာ ညစ်ညမ်းဟာသမပါတဲ့ အဖြူရောင် ပြက်လုံးလေးတွေကို တောင့်တနေတယ်ဆိုရင်တော့ ဒီကားကို လုံးဝ recommend ပေးချင်ပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ အဆိုတွေ၊ နိုင်ငံတကာပြက်လုံးတွေနဲ့ မြူးမြူးသွက်သွက်လေး တင်ဆက်ပေးထား တာကြောင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို အတော်အသင့်သိရှိနေတဲ့ သူတွေဆိုရင် တွေးတွေးပြီးကိုရယ်ရစေမဲ့ကားမျိုးပါပဲ။ဇာတ်လမ်းအညွှန်း ______________ မာ့အူဝယ် နဲ့ ဇာတ်လိုက်ကျော် သားပိုက်ကောင်တို့က တိုက်ခန်းတစ်ခု တည်းမှာ အတူနေထိုင်ကြတဲ့ ရန်ဖြစ်ပြန်ချစ်ညီအစ်ကိုတွေပါ။ အူဝယ်က ဘေးအခန်းမှာနေတဲ့ မာရီယာဆိုတဲ့ တစ်ခုလပ်မလေးကို ကြိတ်ကြွေနေ တာဖြစ်ပြီး နီးစပ်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေတဲ့သူပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက် ဒိတ်ကြည့်တဲ့အခါမှာ သားပိုက်ကောင်ကြောင့် ကမောက် ကမတွေ ဖြစ်ခဲ့ရပြီး ရှေ့ဆက်လို့မရဖြစ်သွားခဲ့တယ်။အဲဒီအချိန်မှာပဲ မာရီယာရဲ့ ခင်ပွန်းဟောင်း ဂျိုးကလည်း ထောင်ကလွတ် လာပြီး သူ့ဆီပြန်ချဉ်းကပ်လာပြန်ပါတယ်။ ဒီလိုနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အလောင်းအစားတစ်ခု ပေါ်လာပြီး ဒီဇာတ်လမ်းကြီး စတင်ဖို့ အကြောင်း ဖန်လာပါတော့တယ်။ မာရီယာ့ရဲ့ အမေဖြစ်သူ လစ်စဘက်ကို "ရာသီဥတု ပြောင်းလဲမှုဆိုတာ တကယ်မရှိဘူး"လို့ သူယုံကြည်နေတဲ့အရာကနေ အစွဲ လွတ်သွားအောင် လုပ်ပေးနိုင်ရင် သူတို့နှစ်ယောက် ထပ်ဒိတ်လို့ရမှာဖြစ်ပြီး ရှုံးခဲ့ရင်တော့ ...
movie

The Kangaroo Conspiracy (2022)

2022
A Thousand Lines (2022)
A Thousand Lines (2022) လူတိုင်းချစ်ခင်လေးစားအားကျရတဲ့ သတင်းထောက်တစ်ဦးဖြစ်သူ Lars Bogenius က ဘာရေးရင် စာဖတ်သူတွေကို စိတ်လှုပ်ရှားစေမလဲ သေချာနားလည်ထားသူတစ်ဦးပါ သူအထက်လူကြီးတွေကလည်း အင်တာနက်ခေတ်ကြီးမှာ ပုံနိုပ်ထုတ်ဝေတဲ့သတင်းတွေ လူဖတ်များအောင် လုပ်နိုင်တဲ့ ဒီလိုအရည်အချင်းရှိသတင်းထောက်ကို သိပ်သဘောကျကြတာပေါ့ ဒီလိုအဘက်ဘက်မှာ ပြီးပြည့်စုံနေတဲ့ Lars ဟာ တစ်နေ့မှာ ဆောင်းပါးတစ်ပုဒ်ကို Juan Romero ဆိုသူ အလွတ်တန်းသတင်းထောက်တစ်ယောက်နဲ့အတူ ပူးတွဲတာဝန်ယူရေးသားရပါတယ် အဲအခါမှာတော့ မယုံနိုင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားစရာကောင်းတဲ့ဆောင်းပါးကို တွဲဖက်ဖြစ်သူ Juan တစ်ယောက် တကယ်ပဲ မယုံနိုင်တော့တဲ့အခါမှာတော့… ဒီဇာတ်ကားကတော့ ဂျာမနီနိုင်ငံမှာဖြစ်ခဲ့တဲ့ အကြီးမားဆုံး သတင်းတုထုတ်ဝေမှုအကြောင်း မှီငြမ်းရိုက်ကူးထားတာပဲဖြစ်ပါတယ်File size…(1.6 GB)/(900 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

A Thousand Lines (2022)

Look Who’s Back 7.1
Look Who’s Back  2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ IMDB 7.2 ရထားတဲ့ဂျာမန် သရော်ဟာသ အမျိုးအစား ရုပ်ရှင်ကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ဒီရုပ်ရှင်ဟာ ၂၀၁၂ တုန်းက ဂျာမနီမှာ အုပ်ရေသန်းချီ ရောင်းချခဲ့ရပြီး နိုင်ငံပေါင်းများစွာက ဘာသာပြန်ဆိုခဲ့တဲ့ စာအုပ်တစ်အုပ်ကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရော စာအုပ်ဟာ နှစ်သက်သူ မနှစ်သက်သူများနဲ့ ဝေဖန်သံများ ဆူညံနေခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးမှာ လူသိ်အများဆုံး လူတွေထဲက တစ်ယောက်အကြောင်းဖြစ်နေလို့ပါ။လက်ရှိခေတ်မှာ ဟစ်တလာ ပြန်ရှင်လာခဲ့တဲ့ အကြောင်းပါပဲ။ ဒီရုပ်ရှင်ထဲမှာ ၂၀၁၄ ခုနှစ် ဘာလင်မြို့မှာ ဟစ်တလာ ပြန်ရှင်လာခဲ့ပါပြီ။ဟစ်တလာရဲ့ ခေတ်သစ်ကမ္ဘာအပေါ် အမြင် နဲ့ သူ့ရဲ့ အံမဝင်မှုတွေကို ပြသထားတာပါ။ တီဗီအပေါ်အမြင် ကွန်ပြူတာနဲ့ အင်တာနင်အပေါ်အမြင် စသည်ဖြင့်ပေါ့။ဒါပေမယ့် ဟစ်တလာတစ်ယောက် အခြေအနေ အရပ်ရပ်ကို သုံးသပ်မိလာချိန်မှာတော့ သူရဲ့ မူလရည်မှန်းချက်တွေကို ပြန်ဖော်ဆောင်ဖို့ ဂျာမနီနိုင်ငံသားတွေကို တီဗီ ဖေ့ဘု ...
movie

Look Who’s Back

2015