Channel Myanmar

Michel Vuillermoz

My Life as a Zucchini (2016) 7.8
My Life as a Zucchini (2016) ဒီဇာတ်ကားလေးထူးခြားပါတယ်။ကျွန်တော်စကြည့်တုန်းက ဘာမှမျှော်လင့်မထားပေမယ့်အခုတော့ ကျွန်တော်အကြိုက်ဆုံး stop motionဇာတ်ကားလို့တောင် ပြောလို့ရပါတယ် ။အားလုံး stop motion ကာတွန်းလေးတွေကြည့်ဖူးကြမယ် ထင်ပါတယ်။အများစုကတော့ Shawn The Sheepတို့လို ချစ်စရာကောင်းပြီးတော့ ရယ်ရတာမျိုးတွေ များပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစကနေ အဆုံးအထိမိဘမဲ့ကလေးတွေ ကြုံတွေ့ခဲ့ရတာတွေ၊ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကိုပျော်စရာတမျိုး၊ ဝမ်းနည်းစရာတမျိုး၊ နွေးထွေးစရာတမျိုးရသအဖုံဖုံ မြောက်အောင် တင်ဆက်ပေးထားလို့ကျွန်တော်တော့ တော်တော် သဘောကျပါတယ်။ ဇာတ်လမ်း‌အကျဥ်းက Zucchini(ကျွန်တော်ကတော့ ဖိုးသခွားလို့ ချစ်စနိုးနဲ့ ဘာသာပြန်ထားပါတယ်ခင်ဗျာ) ဆိုတဲ့ကလေးလေးက သူ့အမေနဲ့ နှစ်ယောက်တည်းအတူနေရတာပါ။တနေ့ကျတော့ Zucchini က သူ့အမေကို မရည်ရွယ်ပဲ သတ်လိုက်သလိုဖြစ်သွားတာကြောင့် မိဘမဲ့ဂေဟာကို အပို့ခံလိုက်ရပါတယ်။အဲဒီမိဘမဲ့ဂေဟာရောက်မှ သူ့ဘဝဟာ စတာပါ။ဘဝတူကလေး အချင်းချင်းရဲ့ နားလည်မှုတွေ ချစ်ခြင်းတရားတွေယုံကြည်မှုတွေ တစ်ယောက်ယောက်တယောက်ကာကွယ်စောင့်ရှောက်ကြပုံတွေကြောင့်ကျွန်‌တော်ကြည့်နေရင်း မျက်ရည်ဝဲမိပါတယ်။ ဇာတ်ကား‌လေးကို ကြည့်ပြီးမှ ကျွန်တော့်မိဘတွေကို ပိုပြီးတန်ဖိုးထားမိပါတယ်။ IMDB အနေနဲ့ 7.8 ရထားပြီးတော့ ခရမ်းချဥ်သီး 99% တောင်ရထားတာမလို့ stop ...
movie

My Life as a Zucchini (2016)

2016
An Officer and a Spy (2019) 7.2
An Officer and a Spy (2019)  ၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

An Officer and a Spy (2019)

A Very Long Engagement (2004) 7.6
A Very Long Engagement (2004) A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်  File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie

A Very Long Engagement (2004)

[18+] How Much Do You Love Me? (2005) 5.7
[18+] How Much Do You Love Me? (2005)  ပုရိသအပေါင်းတို့ အကြိမ်ကြိမ်ကြွေခဲ့ရသော Malena ဇာတ်ကားထဲက မမကြီး Monica Bellucci ကို အမှတ်ရကြဦးမလား....ဒီဇာတ်ကားမှာလဲ မမကြီးဟာ ကျွန်တော်တို့ကို အကြိမ်ကြိမ်ထပ်ခြွေဦးမှပြါ...သိဘို့။မမရဲ့ဖြစ်တည်မှုတွေက ပြင်းရှတဲ့ နှစ်ချို့ဝိုင်တစ်ခွက်လို ...။ဇာတ်လမ်းကိုသွားရမယ်ဆိုရင်တော့ဖြင့်....ဖရန်ဆွာ့ဇ်ဟာ ဟာ အထီးကျန်ဘဝနဲ့ သူ့ရဲ့ ပျင်းရိစရာ ရုပ်အလုပ်တို့ကို ငြီးငွေ့နေတဲ့ ပြင်သစ်သားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘားတစ်ခုကိုသွားရင်း လှပတဲ့ မိန်းမပျက်ကလေးတစ်ဦးဖြစ်တဲ့ ဒင်နီယယ်လာ နဲ့ ဆုံခဲ့တယ်။ မြင်မြင်ချင်း ဒင်နီယယ်လာကိုစွဲလန်းမိရင်းက သူဟာ မီလျံချီ ထီပေါက်ထားတဲ့သူဖြစ်ကြောင်း နဲ့ သူနဲ့ အတူနေမယ်ဆိုရင် တစ်လကို ယူရို ၁၀၀.၀၀၀ ငွေမကုန်မချင်းပေးမယ်လို့ ကမ်းလှမ်းလာတဲ့အခါ ဒင်နီယယ်လာကလဲ သဘောတူခဲ့တယ်။သဘောမတူနိုင်တာကတော့ သူ့ သူငယ်ချင်းလဲဖြစ် သူ့ ဆရာဝန်လဲဖြစ်တဲ့ အန်ဒရေးပါ။ အန်ဒရေးက ဖရန်ဆွာ့ဇ်ရဲ့ နှလုံးအားနည်းရောဂါဟာ ဒီလိုလိင်မှု ကိစ္စတက်ကြွပုံမျိုးနဲ့ သင့်တော်မှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။ စားသောက်ဆိုင်မှာ ညစာစားကြရင်း ဒင်နီယယ်လာ အစာအဆိပ်သင့်သလိုဖြစ်တော့ အန်ဒရေးကို ...
movie

[18+] How Much Do You Love Me? (2005)

2005
Midnight in Paris (2011) 7.7
Midnight in Paris (2011)  City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း.... အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့ အတိတ်တွေအကြောင်း...အဲ့ဒီမြို့ကလေးက စာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်း အဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်.... ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင် အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု.. နေခြည်အောက်မှာပဲတည်တည် မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့ အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင် ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ ဖြေမဲ့လူအတော်များလောက်မယ်။ ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆို အစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာ ဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကို မွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်.. ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ " နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့" တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒီ ရုပ်ရှင်မှာတော့...အချိန်အခါ နေရာ အဆောက်အဦးတို့မှာ သိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့ အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့ သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating - 7.7/10 ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 860 MB) and ( ...
movie

Midnight in Paris (2011)

2011
Atonement (2007) 7.8
Atonement (2007) AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie

Atonement (2007)

2007