Channel Myanmar

Michelle Yeoh

The Tiger’s Apprentice (2024) 7.2
The Tiger’s Apprentice (2024) The Tiger's Apprentice (2024)~ IMDb - 7.2/10, Rotten Tomatoes - 59% ~EEAaO နဲ့ အော်စကာရခဲ့တဲ့ မလေးရှားလူမျိုး တရုတ်မင်းသမီး Michelle Yeoh, ချားလိစ်အိန်ဂျယ်နဲ့ လူသိကြတဲ့ တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Lucy Liu, အခုနောက်ပိုင်းတော်တော်နေရာရလာတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်သရုပ်ဆောင် Sandra Oh, မလေးရှားလူမျိုး အမေရိကန်သရုပ်ဆောင် Henry Golding, တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Brandon Soo Hoo တို့လို နာမည်ကျော် အာရှသွေးနှော အမေရိကန်သရုပ်ဆောင်တွေ စုပြုံပြီး အသံသရုပ်ဆောင်ပေးထားတဲ့ အမေရိကန်ရောက် တရုတ်ဇာတ်လမ်းနဲ့ အမေရိကန် ကာတွန်းရုပ်ရှင်ပါ။ ၂၀၀၃မှာ ထွက်ခဲ့တဲ့ Laurence Yep ရဲ့ နာမည်တူဝတ္တုကိုပဲ အခြေခံထားပြီး Monster Hunt ကိုရိုက်ခဲ့တဲ့ ဟောင်ကောင် အန်နီမိတ်တာ ...
movie

The Tiger’s Apprentice (2024)

2024
4K HEVC
Last Christmas (2019) 6.6
Last Christmas (2019) ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(6.7 GB)/(2.1 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Littleneo
movie

Last Christmas (2019)

4K HEVC
Supercop 2 (1993)
Supercop 2 (1993)  ဒီကားလေးကတော့ ပထမကား Super Cop 1 ရဲ့ အဆက် ဂျက်ကီချန်း နဲ့ မီရှယ်ယို တို့ရဲ့ကားလေးပါပဲ........ဒီကားလေးထဲမှာတော့ မီရှယ်ယို က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူဟောင်း ရဲအရာရှိက ဘက်ပြောင်းပြီး ရာဇဝတ်သားဖြစ်သွားလို့ အချစ်နဲ့ တာဝန်ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရတဲ့ ကားကောင်းလေးတစ်ကားပါပဲ.......အတိုက်အခိုက်တွေ ဟာသတွေ နဲ့ တင်ဆက်နေကျ ဂျက်ကီချန်းကားလေးတွေထဲမှာ ဒီကားလေးကတော့ ဝမ်နည်းလွမ်းဆွတ်စရာလေးတွေပါ ရောယှက်ထားလို့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ....... File size…( 890 Mb) Quality….DVDrip 480p Format…mp4 Duration….01:44:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Supercop 2 (1993)

Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)

A Haunting in Venice (2023) 6.8
A Haunting in Venice (2023)  ( စုံထောက်ကြီး ဟာကျူလီ ပွာရိုး နဲ့ ဝိညာဉ်လူသတ်သမား ) ဒီရုပ်ရှင်ကတော့ အဝေးပြေးရထားလူသတ်မှု၊ နိုင်းမြစ်လူသတ်မှု ရုပ်ရှင်တွေအပြီးမှာထပ်မံထွက်ရှိလာတဲ့ စုံထောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်တွေလိုပဲကောင်းပါတယ်။ အပြင်လူမလာနိုင်တဲ့ ပိတ်မိနေတဲ့နေရာတစ်ခုမှာ သံသယရှိသူတွေကိုတစ်ယောက်ချင်း စုံစမ်းရပြီး အဖြေရတာမျိုးပါပဲ။ဒီရုပ်ရှင်ထဲမှာတော့ စုံထောက်ကြီး ပွာရိုးဟာ စုံထောက်အလုပ်ကနေအငြိမ်းစားယူပြီးဗင်းနစ်မှာ အနားယူနေပါပြီ။ သူ့ဆီကို အမှုလာအပ်တဲ့သူတွေနဲ့အတွေ့မခံချင်လို့သက်တော်စောင့်တစ်ယောက်တောင် ငှားထားရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့မိတ်ဆွေဟောင်း နာမည်ကျော် စာရေးဆရာမ ရောက်လာပြီး အကူအညီတစ်ခုတောင်းလာပါတော့။ အဲဒါကတော့ နာမည်ကျော် ဝိညာဉ်ဟောဆရာမ (မီရှဲယို)တစ်ယောက်ရဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက ဝိညာဉ်ခေါ်ပွဲကို တက်ပေးဖို့ပါပဲ။အဲဒီဝိညာဉ်ဟောဆရာမ လုပ်ပြနေတာတွေကို စာရေးဆရာမက ဘယ်လိုမှလိမ်နေကြောင်းသက်သေမပြနိုင်တာမို့ စုံထောက်ကြီးက ဖော်ထုတ်ပေးဖို့ လာအကူအညီတောင်းတာပါ။ ဒါပေမဲ့ စုံထောက်ကြီးကိုယ်တိုင် သရဲခြောက်တဲ့အိမ်ကြီးထဲမှာ ပိတ်မိနေပြီးလူသတ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်လာသမျှလူသတ်မှုတွေရဲ့ သက်သေတွေကရဲ့ဝိညာဉ်၊ သရဲလက်ချက်လို့ပဲ အဖြေထွက်နေတဲ့အခါ... File size… 3.3GB/1.67GB / 652MB Quality…WEB-D 4K, 1080P 5.1CH ...
movie

A Haunting in Venice (2023)

4K HEVC
Transformers: Rise of the Beasts (2023) 6.5
Transformers: Rise of the Beasts (2023) Transformers: Rise of the Beasts (2023) ============================= IMDb Rating - 6.5/107 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။ မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ် စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ် ကောင်ပါပဲ။အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီ မယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူ ဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန် ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင် တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင် မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို ...
movie

Transformers: Rise of the Beasts (2023)

2023
4K HEVC
Everything Everywhere All at Once(2022) 8.7
Everything Everywhere All at Once(2022) Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ ...
movie

Everything Everywhere All at Once(2022)

4K HEVC
The Mummy: Tomb of the Dragon Emperor (2008) 5.2
The Mummy: Tomb of the Dragon Emperor (2008) ဂျက်လီနဲ့မီရှဲယိုတို့ အားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်ခန့်က တရုတ်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကိုစုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...ဒါပေမယ့်မှော်ဆရာမတစ်ဦးရဲ့ကျိန်စာမိပြီး သူနဲ့သူ့တပ်တစ်ခုလုံးဟာ ရွံ့ရုပ်တုတွေအဖြစ် ပြောင်းသွားခဲ့ပြီး မအောင်မြင်တဲ့အိမ်မက်တစ်ခုဟာ မြေကြီးအောက်မှာ ပျောက်ကွယ်သွားရပါတော့တယ်။ဒါပေမယ့် Mummy တို့ရဲ့ဇာတ်လိုက်ကျော် အိုကော်နယ်တစ်ယောက်က ဒီအိမ်မက်ဆိုးကြီးကို မမျှော်လင့်ဘဲ ထုံးစံအတိုင်း မြေကြီးပေါ်ကိုဆွဲတင်လာမိပါတော့တယ်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲတင်မဟုတ်တော့ဘဲ သူ့ထက်ဆိုးတဲ့ သားတော်မောင် အဲ့လက်စ်ရောပါပါတယ်။ဟန်ဘုရင်တစ်ယောက် မြေကြီးပေါ်ကို ဘယ်လိုအသက်ဝင်ပြီး ထိုးထွက်လာမလဲ....သူ့ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်ကို တစ်ဖန်ပြန်လည်အသက်သွင်းဦးမလားဆိုတာ.....။ File size…(3.8 GB) /(1.3 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy: Tomb of the Dragon Emperor (2008)

2008
The School for Good and Evil (2022) 5.8
The School for Good and Evil (2022) The School for Good and Evil (2022)(1080p ရပါပြီ)နက်ဖလစ်ရဲ့ သရုပ်ဆောင်အစုံနဲ့ နှစ်နာရီခွဲကြာတဲ့ မှော်စိတ်ကူးယဉ်ရုပ်ရှင်အသစ်လာပါပြီ။ဟိုးရှေးရှေးတုန်းက ပုံပြင်ကမ္ဘာထဲမှာ အရမ်းအစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူတော်ကောင်းနဲ့မိစ္ဆာကြားမှာ ဟန်ချက်ညီစေဖို့ မှော်ကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ မိစ္ဆာညီဟာ စိတ်ပြောင်းပြီး စွမ်းအားအကုန်လုံးကို သိမ်းပိုက်ဖို့ သူ့အစ်ကိုကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သေဆုံးသွားခဲ့ပါတယ်။အဲဒီကတည်းက သူတော်ကောင်းနဲ့မိစ္ဆာအတွက်ကျောင်းမှာ သူတော်ကောင်းတွေဘက်ကပဲ အရေးသာခဲ့တာ နှစ် ၂၀၀ လောက်ကြာခဲ့ပါပြီ။ အဲဒီကျောင်းမှာ မိစ္ဆာဆိုရင်လည်း ပုံပြင်တွေထဲက နာမည်ကြီး လူဆိုးကြီးတွေရဲ့ သားသမီးတွေတက်ရောက်နေတာဖြစ်ပြီ သူတော်ကောင်းတွေဘက်မှာလဲ ဘုရင်အာသာရဲ့သားတို့၊ စနှိုးဝိုက်ရဲ့သမီးတို့ စသည်ဖြင့် ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဆီမှာ စာဖတ်သူဆိုတဲ့ ပုံပြင်မျိုးရိုးမဟုတ်တဲ့ အပြင်လောကက သူတွေလည်း တက်ခွင့်ရတတ်ပါတယ်သေးတယ်။ တစ်နေ့မှာတောာ့ အဲဒီကျောင်းကို ဆိုဖီဆိုတဲ့ စိတ်ထားကောင်းတဲ့ကောင်မလေးနဲ့ အက်ဂ်သာဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက် ...
movie

The School for Good and Evil (2022)

2022
Minions: The Rise of Gru (2022) 6.8
Minions: The Rise of Gru (2022) Minions : The Rise of Gru (2022)မီနီယံဆိုတာနဲ့ ကလေးတုန်းကအမှတ်တရတွေနဲ့အတူ အူတက်နေအောင် ရယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ မီနီယံတွေဟာ ကမ္ဘာဦးကတည်းက အကြမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို ဒုက္ခပေးရင်းနဲ့ နောက်ဆုံးမှာ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပါပြီ။ ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကိုဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပြီး ဂရူ နဲ့ မီနီယံတွေ ဘယ်လို တလွဲတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရှုလိုက်ပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventur, Comedy Quality….4k HEVC WEB DL | 1080p | 720p | 480p File size… 7.08GB | 1.8GB | 1GB | 396MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Minions: The Rise of Gru (2022)

2022
4K HEVC Web-DL
Paws of Fury: The Legend of Hank (2022) 6.5
Paws of Fury: The Legend of Hank (2022) Paws of Fury: The Legend of Hank (2022) ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ...
movie

Paws of Fury: The Legend of Hank (2022)

2022
Mechanic: Resurrection (2016) 5.7
Mechanic: Resurrection (2016) Mechanic: Resurrection (2016)_____IMDb - 5.7/10လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း ...
movie

Mechanic: Resurrection (2016)

2016
4K HEVC
The Heroic Trio 2: Executioners (1993) 5.8
The Heroic Trio 2: Executioners (1993) မီရှယ်ယို...မက်ဂီချောင်...အန်နီတာမွိုင်တို့ပါဝင်တဲ့ အံ့ဖွယ်အမျိုးသမီးသုံးယောက်ပေါင်း လောင်းကျော် ဟောင်ကောင်ဂျက်မသုံးဖော်ရဲ့ ဒုတိယကားလေး လာပါပြီဗျာ။ပထမကားကတော့ သုံးယောက်ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတာကို အသားပေးရိုက်ကူးထားပြီး အခုကားလေးမှာတော့ ပိုပြီးခိုင်မာလာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့ တာဝန်ဝတ္တရားများအကြောင်းကို အလေးပေးရိုက်ကူးထားတာမို့ ခံစားမှုရသတစ်မျိုးပေးဦးမှာဖြစ်ပါတယ်။ နှစ်ကားစလုံးကို ကြည့်နိုင်ရင်ပိုအရသာရှိပြီး တစ်ကားစီခွဲကြည့်ရင်လည်း အဆင်ပြေပါတယ်။ကမ္ဘာကြီးရဲ့ဆုတ်ကပ်သင်္ကေတအဖြစ် အနုမြူဗုံးပေါက်ကွဲသွားတဲ့အချိန်ပေါ့။ အရာအားလုံးပျက်စီးသွားပြီး ပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ပါ ညစ်ညမ်းသွားပါတယ်။ သန့်စင်တဲ့ရေကိုရအောင်ရှာပေးနိုင်တဲ့ အဖြူရောင်သူရိယအဖွဲ့ကို ပြည်သူတွေက တစ်ခနက်အားပေးထောက်ခံလာတဲ့အချိန် စစ်တပ်ကအရမ်းတုန်လှုပ်သွားပါတယ်။အဲ့ဒါကြောင့် အဖြူရောင်သူရိယအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံလိုက်တဲ့အပြင် စွမ်းဆောင်မှုမရှိဘူးဆိုပြီး သမ္မတကိုဖြုတ်ချကာ စစ်အာဏာသိမ်းဖို့ပြင်ဆင်ပါတော့တယ်။ ရေသန့်ကိစ္စနဲ့ အဓိကရုဏ်းဖြစ်လာကြပြီး အာဏာတစ်ခုအတွက်နဲ့အသေခံရတဲ့သူတွေများလာတဲ့အခါ.. ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်သုံးယောက်က ဘယ်လိုမျိုးလှလှပပ ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....။ ။IMDb Rating(5.8) ထိပဲ ရရှိထားတယ်ဆိုပေမယ့် ဇာတ်လမ်းသဘောလန်းသလို ဇာတ်ကောင်တွေကိုလဲ မညှာမတာကိုင်တွယ်ထားတဲ့ ဒီဇာတ်ကားက ခေတ်မီမှုသိပ်မရှိသေးတဲ့ CGI သဘောတွေကို ဖယ်ကြည့်မယ်ဆိုရင် တော်တော်ကို မိုက်တဲ့ အက်ရှင်ဇာတ်ကားပါ။ File size…(2.5 GB) / (950 MB) Quality….HDRip Uncut ...
movie

The Heroic Trio 2: Executioners (1993)

The Heroic Trio (1993) 6.5
The Heroic Trio (1993) Michelle Yeoh , Maggie Cheung , Anita တို့သုံးယောက်ပေါင်းလောင်းကျော်ထားတဲ့ ဟောင်ကောင်ဂျက်မသုံးဖော်ဇာတ်ကားလေးလာပါပြီ။သူတို့သုံးယောက်ငယ်နုတုန်းက ပုံရိပ်အလန်းတွေကိုတစ်ဝကြီးရှုစားရမယ့်အပြင် ၁၉၀၀ ခုနှစ်လောက်က ဟောင်ကောင်အက်ရှင်ကားအကြမ်းကိုကြည့်ရမှာဆိုတော့ ရွှေခေတ်ဇာတ်ကြမ်းတွေပေါ့...ဇာတ်လမ်းကတော့ သုံးလအတွင်း ကလေး (၁၈)ယောက်ပျောက်တာနဲ့စပါတယ်။ ဘယ်လိုမှရှာမတွေ့တဲ့အပြင် ရဲမှူးကြီးရဲ့ကလေးကိုလည်း ခိုးမယ်လို့ပေါ်တင်ပြောပြီး စိန်ခေါ်ပါတော့တယ်။ တစ်ခါတစ်လေ ဥပဒေဘောင်ထဲကလုပ်လို့အဆင်မပြေတဲ့အရာတွေ၊ မလုပ်ရဲတဲ့အရာတွေကို ပြည်သူ့သူရဲကောင်းတွေက မျက်နှာဖုံးတွေနောက်ကွယ်ကနေ ကူညီပေးတတ်ကြတယ်မလား....ဘယ်လိုသူရဲကောင်းတွေလဲဆိုတာ ဆက်လက်ရှုစားကြပါ။IMDb Rating (6.5)ထိ ရရှိထားပြီး တကယ်လဲ ကောင်းတဲ့အက်ရှင်ဇာတ်ကားမလို့ အက်ရှင်ပရိတ်သတ်တွေအတွက် အမိုက်စားပါပဲ။ File size…(1.8 GB) / (750 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:25:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JoJoVa
movie

The Heroic Trio (1993)

Royal Warriors (1986) In the Line of Duty-1 6.9
Royal Warriors (1986) In the Line of Duty-1 မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ…ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။အခုဒုတိယကားအနေနဲ့တင်ဆက်လိုက်တဲ့ Royal Warriors (1986) ဇာတ်ကားကတော့ In The Line of Duty-1 လို့လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုအဓိကပါဝင်ထားပြီး IMDb Rating(6.9) ထိ ရရှိထားမလို့Action ပရိတ်သတ်တွေ ...
movie

Royal Warriors (1986) In the Line of Duty-1

Yes, Madam! (1985) In the Line of Duty-2 6.6
Yes, Madam! (1985) In the Line of Duty-2  မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie

Yes, Madam! (1985) In the Line of Duty-2

Babylon A.D. (2008) 5.6
Babylon A.D. (2008) Babylon A.D. (2008)မင်းသားကြီး Vin Diesel ရယ်၊ တရုတ်မင်းသမီး Michelle Yeoh ရယ်၊ 20th Century Fox production ရယ်နဲ့တင် ဒီဇာတ်ကားက ကြည့်ဖို့ ထိုက်တန်နေပါပြီ။ rating နည်းပေမယ့်လို့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရင်ဘတ်နဲ့ rating နဲ့ သိပ်မကိုက်ညီတာမျိုးတွေလည်း ရှိတတ်ပါတယ်။ခေတ်လွန်နှောင်းပိုင်းအခြေ‌အနေတွေမှာ လူတွေရဲ့ ရှင်သန်ရပ်တည်ပုံတွေ နည်းပညာတွေကို ခပ်ပါးပါးလေး ပြထားတဲ့ဇာတ်ကားပါ။ 2008 ခုနှစ်က ထွက်ခဲ့ပြီး ကားဟောင်းတစ်ကားဖြစ်ပေမယ်လို့ ပြန်ကြည့်ထိုက်တဲ့ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားမှာ ကြေးစားစစ်သားတစ်ယောက်ရဲ့ ရုန်းကန်ရှင်သန်ရပ်တည်မှု၊ ဘာသာရေးခုတုံးလုပ်ပြီး အကျိုးရှာချင်တဲ့ ခေါင်းဆောင်တစ်ယောက်၊ ဓာတ်ခွဲခန်းထဲက ဘဝစခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ စတေးခံရမှုတွေအကြောင်း ထူထူမပုတ်ဘဲ ပါးပါးလျပ်လျပ်ပဲ ပြသွားတာမလို့ သေချာအာရုံစိုက် ဆွဲထုတ်ဖို့တော့ လိုမယ်ထင်ပါတယ်။မင်းသားကြီး Vin Diesel ဒီဇာတ်ကားထဲမှာ ကြမ်းပြ ရမ်းပြနေရတာထက် မျက်လုံးတစ်ပေါက်နဲ့ ...
movie

Babylon A.D. (2008)

2008
Shang-Chi and the Legend of the Ten Rings (2021) 7.9
Shang-Chi and the Legend of the Ten Rings (2021) Shang-Chi and the Legend of the Ten Rings (2021)===================================IMDb Rating - 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကိုပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက်အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ်ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ်ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခုပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။(ဒီဇာတ်လမ်းရဲ့ ...
movie

Shang-Chi and the Legend of the Ten Rings (2021)

2021
IMAX 4K HEVC