Channel Myanmar

Min Tanaka

Ghost Book: Obake Zukan (2022) 5.7
Ghost Book: Obake Zukan (2022) Ghost Book (Yokaipedia) 2022 အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဂျပန်ကားလေးကတော့ Space Baltteship Yamato, Parasyte Part 1-2 , Godzilla Minus One တို့ရဲ့ဒါရိုက်တာ Takashi Yamazaki က ရိုက်ကူးပေးထားပြီး ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ visual effects ကောင်းကောင်းလေးတစ်ကားဖြစ်တဲ့ Ghost Book ခေါ် Yokaipedia ကို မိတ်ဆက်ပေးချင်ပါတယ်။ ဂျပန် anime လောကနဲ့ မစိမ်းတဲ့သူတိုင်း Yokai ဆိုတာကို သိကြမှာပါ။ မမြင်အပ်သော နတ်ဆိုး၊ တစ္ဆေ၊သရဲတွေကို တမျိုးခေါ်ခြင်းဖြစ်ပြီး ဂျပန်မှာတော့ ကိုးကွယ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီကားလေးထဲမှာတော့ ကောင်လေးသုံးယောက်က နတ်နန်းတစ်ခုမှာ လိုချင်တဲ့ဆန္ဒကို အသီးသီးတောင်းဆိုခဲ့ပါတယ်။ အဲဒါကို ကြားသွားခဲ့တဲ့ နတ်မင်းက အဲကလေးတွေဆီကို သူ့တပည့်ကိုလွှတ်လိုက်ပြီး Yokaipedia လို့ခေါ်တဲ့ သရဲစာအုပ်ကို ရှာခိုင်းပြီး အဲစာအုပ်ထဲကစိန်ခေါ်မှုကို အောင်မြင်မှ ဆုတောင်းကို ဖြည့်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အသက်အန္တရာယ်များတာကို မမှုပဲ ကောင်လေးသုံးယောက် ...
movie

Ghost Book: Obake Zukan (2022)

2022
Father of the Milky Way Railroad (2023) 6.3
Father of the Milky Way Railroad (2023) Father of the Milky Way Railroad (2023)~ IMDb – 6.3/10, MyDramaList – 7.9/10 ~ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father ...
movie

Father of the Milky Way Railroad (2023)

2023
A Morning of Farewell (2021) 5.6
A Morning of Farewell (2021) A Morning of Farewell 2021တက္ကသိုလ်ဆေးရုံတစ်ခုမှာ အရေးပေါ်ကုသဆရာဝန်အနေနဲ့ အလုပ်လုပ်နေတဲ့ ဆာဝါကိုဟာ Caseတစ်ခု​ကြောင့် သူမရဲ့ မွေးရပ်မြေကို ပြန်သွားပြီး အဖေနဲ့အတူ ပြန်နေခဲ့ရင်းမွေးရပ်မြို့လေးက လူတိုင်းအားထားရတဲ့ မာဟိုရိုဘာဆေးခန်းမှာ အိမ်အရောက် လိုက်ကုသပေးတဲ့ ဝန်ဆောင်မှုနဲ့ ဆရာဝန်အလုပ်ကို ဆက်လုပ်တဲ့အခါ...ဆေးခန်းက လူတွေနဲ့မိသားစုဝင်တွေလို ဖြစ်လာပြီး အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်နေတဲ့ လူနာတွေကို သွားကုသပေးရသလို လူနာမိသားစုအရေးကိုပါ ကိုင်တွယ်ဖြေရှင်းရင်းလူနာရဲ့​နောက်ဆုံးခရီးကိုပါ အကောင်းဆုံးအနေနဲ့ ပို့ဆောင်ဖြည့်ဆည်းပေးတဲ့အထိ လူနာနဲ့ ဆရာဝန်ကြား သံယောဇဥ်ကို သိမြင်ခံစားနိုင်မယ့် ဘဝစခန်းတခုကို ပုံဖော်ထားတဲ့ ဂျပန်ဒရမ်မာကားလေးကို ကြည့်ရှုလိုက်ကြရအောင်ပါ File Size__(1.6GB) / (750MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:30:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

A Morning of Farewell (2021)

[18+]Map of the Sounds of Tokyo(2009) 6.7
[18+]Map of the Sounds of Tokyo(2009) [18+]Map of the Sounds of Tokyo(2009)*************************************ဂျပန်မင်းသမီးလေးRinko Kikuchi ကြည့်ရတာနဲ့တင်တန်ပါတယ်..နာဂရဆန်ရဲ့သမီးဟာ တိုကျိုမြို့မှာနေထိုင်တဲ့ စပိန်လူမျိုးဒေးဗစ်ဆိုတဲ့ သူနဲ့ချစ်ကြိုက်နေပါတယ်။ နိုင်ငံခြားသားတွေနဲ့ အလုပ်ကိစ္စစကားပြောနေရင်း နာဂရဆန်ဆီကို သူ့သမီးသေဆုံးသွားကြောင်း ဖုန်းတစ်ခုဝင်လာတယ်။ တစ်ဦးတည်းသောသမီးသူ့ကိုယ်သူသတ်သေမှုဟာ သူ့ရည်းစားဒေးဗစ်ကြောင့်ဆိုတာ နာဂရဆန်ဟာ တစ်ထစ်ချယုံကြည်နေပါတယ်။ သမီးသေဆုံးမှုဟာသူ့အတွက်ရူးမတတ်ခံစာနေရတယ်။ အဲ့ဒါကြောင့် နာဂရဆန်ရဲ့တပည့်ဟာလက်စားချေဖို့အတွက် ရူး ဆိုတဲ့ကြေးစား မိန်းမလူသတ်သမားတစ်ယောက်နဲ့ဆက်သွယ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ရူး ဟာ သူသတ်ရမယ့် ဒေးဗစ်နဲ့ဆုံပြီးတဲ့အခါမှာတော့.....File Size : (907 MB) and (487 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[18+]Map of the Sounds of Tokyo(2009)

Rurouni Kenshin: The Legend Ends (2014) 7.6
Rurouni Kenshin: The Legend Ends (2014) Rurouni Kenshin: The Legend Ends (2014)_____IMDb - 7.6/10    2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက် ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက် တင်ဆက်ပေးလိုက်ပါတယ် ဗျ Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့် ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊ မင်းသား Satoh Takeru က Himura Kenshin အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊ အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့် ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့ Kyoto Arc ကို Kyoto Inferno နဲ့ The ...
movie

Rurouni Kenshin: The Legend Ends (2014)

2014
The Great War of Archimedes (2019) 6.5
The Great War of Archimedes (2019) [Unicode]ရေတပ်ကလူတွေကိုစိတ်နာပြီး အစိုးရနဲ့ကင်းကင်းနေချင်သော အင်ပါယာ တက္ကသိုလ်က သင်္ချာဉာဏ်ကြီးရှင်လေး ကိုင် တာဒါရှီတစ်ယောက်... မုန်းလှပါချည်ရဲ့ဆိုတဲ့ ရေတပ်က ဗိုလ်ချုပ်တစ်ဦးရဲ့ ကူညီပေးမှုနဲ့ ရေတပ်မှာ ဗိုလ်မှူးတစ်ယောက်ဖြစ်ခဲ့ပါတော့တယ်သူ့ရဲ့တာဝန်ကတော့ သူ့ကိုအကူညီတောင်းတဲ့ ဗိုလ်ချုပ် ရာမာတိုတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စစ်သင်္ဘောတည်ဆောက်ဖို့ ပြိုင်ဆိုင်နေတဲ့ ဟီယာရာမာရဲ့ ဒီဖိုင်းကုန်ကျစရိတ်အမှန်ကို ဖော်ထုတ်ပေးဖို့ပါပဲကိုင် တစ်ယောက် ဘာမှအသေးစိတ်မသိရပဲဘဲနဲ့ ကိန်းဂဏန်းတွေဟာမလိမ်ညာတတ်ဘူးဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ သူ့တာဝန်တွေကိုပြီးမြောက်အောင်လုပ်ခဲ့ပါတော့တယ် သို့သော်လည်း သူမသိသေးတဲ့ ရေတပ်နောက်ကွယ်ကလူတွေရဲ့ လျှို့ဝှက်ချက်ကိုသိလာရတဲ့အခါမှာတော့....နိုင်ငံကိုကာကွယ်ဖို့ကြိုးစားနေကြတဲ့ ရေတပ်ကတပ်မတော်သားတွေအကြောင်းနဲ့ ကိုင်ရဲ့ ထက်မြက်လှတဲ့ နည်းလမ်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ရေတပ်ကလူတွေကိုစိတ်နာပြီး အစိုးရနဲ့ကင်းကင်းနေချင်သော အင်ပါယာ တက္ကသိုလ်က သင်္ချာဉာဏ်ကြီးရှင်လေး ကိုင် တာဒါရှီတစ်ယောက်... မုန်းလှပါချည်ရဲ့ဆိုတဲ့ ရေတပ်က ဗိုလ်ချုပ်တစ်ဦးရဲ့ ကူညီပေးမှုနဲ့ ရေတပ်မှာ ဗိုလ်မှူးတစ်ယောက်ဖြစ်ခဲ့ပါတော့တယ်သူ့ရဲ့တာဝန်ကတော့ သူ့ကိုအကူညီတောင်းတဲ့ ဗိုလ်ချုပ် ရာမာတိုတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စစ်သင်္ဘောတည်ဆောက်ဖို့ ပြိုင်ဆိုင်နေတဲ့ ဟီယာရာမာရဲ့ ...
movie


47 Ronin (2013) 6.3
47 Ronin (2013) 47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ် အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာ ဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံက ငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ ငါတို့ထဲကဘယ်သူမှ ဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ ဒါပေမယ့် အနှေးနဲ့အမြန် ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာ လက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင် ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။ သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကို ကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကို ရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။ သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုထားနေ‌ေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာ ရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်‌ေယာက်ဟာ သတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ် တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာ တာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာ သူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက် ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့ သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။ တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်က ပြင်ထန်လွန်းလှတယ်။ ဒီဇာတ်လမ်းမှာ အာကို‌ဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့ သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်း သခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။ အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာ သခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ အရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့ သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ သူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလား အဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။ ---------------- ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့ John ...
movie

47 Ronin (2013)

2013
Svaha: The Sixth Finger (2019) N/A
Svaha: The Sixth Finger (2019) Svaha the sixth finger ဒီရုပ်ရှင်ကတော့ နက်ဖလစ် ရဲ့ ကိုရီးယား ဇာတ်ကားအသစ်ပါပဲ။ Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ။ ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်။ သူလိုက်နေတဲ့အမှုတစ်ခုဟာ လူသတ်မှုတွေနဲ့ ပတ်သတ်လာခဲ့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာပြန်သူကိုယ်တိုင်လည်း အပြည့်အဝနားမလည်ပါဘူး။ နားလည်နိုင်မှုကတော့ ကြည့်တဲ့သူတွေရဲ့ အတွေးနဲ့ သိထားတဲ့ ဗဟုသုတတွေအပေါ် နည်းနည်းတော့ အခြေခံမှာပါ။ ကြည့်ကြည့်လိုက်ကြပါ။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်။
movie


2019
Destiny: The Tale of Kamakura (2017) 7.2
Destiny: The Tale of Kamakura (2017) ဒီဇာတ်​ကား​လေးက​တော့ Rating 7အထိကိုရရှိထားတဲ့ ရှားရှားပါးပါး ဂျပန်​ကား​လေးဖြစ်​ပြီး Crime, dramaကားအမျိုးအစား​လေး ဖြစ်​ပါတယ်​ဒီကား​လေးမှာဆိုရင်​​တော့အီရှီကီဆိုတဲ့သူနဲ့အာဆာကိုတို့လက်ထပ်ပြီးနောက်အီရှီကီရဲ့မွေးရပ်မြေကိုရောက်လာတယ်ထူးခြားတာကအဲ့မှာလူတွေတင်မကဘူး ဝိညာဉ်တွေပါနေထိုင်တယ်သူတို့လည်းဝိညာဉ်တွေနဲ့ ပြောဆိုဆက်ဆံရတာပေါ့သေခြင်းရှင်ခြင်းကြားမှာထပ်ပြီးနေလို့ရသေးတာတွေတွေ့ရတယ်တမလွန်အကြောင်းတွေကိုလည်းရှင်းပြထားတယ်ကိုယ်ထဲကလိပ်ပြာထွက်တဲ့အကြောင်းတွေလည်းပြထားတယ်ဝိညာဉ်နဲ့ ပတ်သက်တာကြိုက်တဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားတစ်ကားပေါ့သူတို့ရဲ့ ဝိညာဉ်တွေနဲ့အတူဘယ်လိုနေကြလဲအီရှီကီကရဲစခန်းမှာအကြံပေးလည်းလုပ်တော့စုံထောက်ဆန်တဲ့ဇာတ်ဝင်ခန်းတွေလည်းပါတယ်တစ်နေ့ အာဆာကိုရဲ့ဝိညာဉ်က ကိုယ်ထဲကထွက်သွားပါလေရောအဲ့တော့ သေမင်းကလာခေါ်ရောအီရှီကီက အဲ့ဒါကိုတားဆီးနိုင်မလားမတားနိုင်ဘဲ တမလွန်ကိုပါသွားရင်ရောဘယ်လိုဖြစ်မလဲဘာ​တွေ​ရောဆက်​ဖြစ်​ကြဦးမှာလဲဘယ်​လို​တွေရင်​ဆိုင်​​ဖြေရှင်​းကြမလဲဆိုတာကို Destiny.The Tale of Kamakura 2017ဆိုတဲ့ ဂျပန်​ကား​လေးမှာ ​​စောင်​့ကြည်​့လိုက်​ကြပါဦးရှင်​(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ May Nandar Kyaw ပါ)File Size : (0.99 GB) and (450 MB) Quality : Blu-Ray 720p Running Time : 2hr 09min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source :  720p BluRay x264 DTS-WiKi Translated by May Nandar Kyaw Encoded by Thanhtike ...
movie

Destiny: The Tale of Kamakura (2017)

2017
Blade of the Immortal (2017) 7.2
Blade of the Immortal (2017) နာမည်ကြီး Manga series ဖြစ်တဲ့ Blade of the Immortal ကို live action ပြန်ရိုက်ထားတာပါManga series ကို ကြည့်ဖူးသူတွေကို အထွေအထူးမိတ်ဆက်ပေးစရာ မလိုပေမဲ့မကြည့်ဖူးတဲ့သူတွေအတွက် အတိုချုပ် ပြီး ပြောပြပါမယ်နော်ကိုယ့်ဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြန်သတ်မိပြီး ထွက်ပြေးနေတဲ့ Manji ဟာ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ Yaobikuni ဆိုတဲ့အဖွားကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့တီကောင်လိုအကောင်တွေ ထည့်ပေးလိုက်လို့ Immortal တစ်ယောက်ဖြစ်လာခဲ့တယ်နောက်နှစ်ပေါင်းကြာလာတဲ့အခါ Itto-Ryu လို့ခေါ်တဲ့ ဓားပညာရှင်တွေစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးသွားတဲ့ Rinn ဆိုတဲ့ ကောင်မလေးသူ့ရဲ့ကလဲ့စားချေလိုစိတ်ကြောင့် Rinn က Manji ကို လိုက်ရှာပြီး အကူအညီတောင်းခဲ့တယ်Manji က သူ့ကို ကူညီပြီးတော့ ဘယ်လိုကလဲ့စားချေကြမလဲသူတို့ နှစ်ယောက်ပေါင်းပြီး Itto-Ryu ကို ကလဲ့စားချေနိုင်မှာလားကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရဦးမှာလဲ ...
movie

Blade of the Immortal (2017)

2017