Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Morgan David Jones
6.7
Family History Mysteries: Buried Past (2023)
ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae ...
movie
Family History Mysteries: Buried Past (2023)
5.8
Spiral: From the Book of Saw (2021) Saw 9
Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie
Spiral: From the Book of Saw (2021) Saw 9
4K HEVC
5.3
Hotel for the Holidays (2022)
သီချင်းအေးအေးလေးတွေ၊ ဇာတ်ကားကောင်းလေးတွေနဲ့ chill လို့ကောင်းတဲ့ ခရစ်စမတ်ကာလလည်း ရောက်လာပြီဆိုတော့ အားလုံးလည်းစိတ်အပန်းပြေရအောင် ပေါ့ပေါ့ပါးပါးနဲ့ Christmas theme ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ Hotel for the Holidays လို့ခေါ်တဲ့ဇာတ်ကားလေးပဲဖြစ်ပြီး အခုနှစ်ထဲမှာမှထွက်ထားတဲ့ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အလုပ်ကြိုးစားတဲ့ဟော်တယ်မန်နေဂျာမလေးဂျော်ဂျီယာနဲ့ ခရစ်စမတ်အားလပ်ရက်ကာလမှာ ဟော်တယ်မှာလာရောက်အပန်းဖြေကြတဲ့ လူအမျိုးမျိုးနဲ့ သူတို့ရဲ့ဇာတ်လမ်းအထွေထွေကို ဟာသနှောပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကအနေနဲ့ ဂျော်ဂျီယာက ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ဘဝမှာ ပိုင်ဆိုင်မှုရယ်လို့ လက်ဆုပ်လက်ကိုင်ပြစရာတစ်ခု လိုချင်နေခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ကံကြမ္မာမျက်နှာသာပေးလာတဲ့အခါမှာတော့ အခွင့်အရေးကိုဆုပ်ကိုင်ဖို့ကြိုးစားရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ။ သူ့ရဲ့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်မှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။ ခရစ်စမတ်အားလပ်ရက်လည်း ရောက်တော့မှာမို့ heavy ကြီးတွေကြည့်ဖို့ ပျင်းနေတဲ့သူတွေအတွက် ရာသီဥတုအေးအေးမှာ ဒါလေးကြည့်ရင်း chill ဖို့ အကြံပေးချင်ပါတယ်။ File size…(2.86GB) / (1.38GB) / (708MB) Quality…. Web 1080P / 720p ...
movie
Hotel for the Holidays (2022)
6.2
A Merry Christmas Wish (2022)
A Merry Christmas Wish (2022) ======================= IMDb Rating - 6.2/10၁၂လပိုင်း Christmasကာလလေးမှာ Christmasကားတွေပဲ အများဆုံးသရုပ်ဆောင်လေ့ရှိတဲ့ Jill Wagnerရဲ့ ရုပ်ရှင်ကားသစ်လေး လာပါပြီ။နယူးယောခ့်မြို့ Brandတွေကို ကြောငြာပေးရတဲ့ ဂျင်းနီဆိုတဲ့ ကောင်မလေးကChristmasကာလမှာ သူ့ဦးလေး ရန်ဒန်ဆုံး သွားလို့နယ်ဘက်ကို ခေတ္တသွားဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်ပဲသွားဖို့စီစဥ်ထားတဲ့ခရီးက ဒီထက်ပိုပြီးကြာ သွားဖို့ ဖြစ်ခဲ့ပါတယ်။ သူကြာသွားရတဲ့အကြောင်းရင်းက ဘာ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာမြင်တွေ့ရမှာဖြစ်ပြီး၊ ပေါ့ပေါ့ ပါးပါးလေးကြည့်ရှု့ရမှာဖြစ်ပါတယ်။နွေးနွေးထွေးထွေးကြင်ကြင်နာနာရုပ်ရှင်လေးမို့လို့ ရည်းစားလေး နဲ့ဖြစ်ဖြစ်၊ မိသားစုလေးနဲ့ဖြစ်ဖြစ် အတူတူကြည့်ဖို့တိုက်တွန်းလိုက် ပါတယ်။ Marry Christmas and Happy New Yearပါ။ God Bless you all. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Minn Khant Kyi Win ဖြစ်ပါတယ်)File Size..........(1.57 GB) / (639 MB) / (378 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Romance Translator.......Minn ...
movie
A Merry Christmas Wish (2022)
2022
7.4
Molly’s Game (2017)
Molly's Game (2017) IMDb - 7.4/10_____Rotten - 81% Molly's Game ဟာ နာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့်တွေ စီးပွားရေးပညာရှင်တွေ အားကစားသမားတွေ ပါဝင်ကစားခဲ့တဲ့ပိုကာဝိုင်းတွေကို အသက် ၂၆နှစ်အရွယ်နဲ့ဦးစီးလုပ်ဆောင်ခဲ့သူ Molly Bloomအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်…ပိုကာဝိုင်းတွေကို ကော်မရှင်ခယူပြီး တရားမဝင်ဦးစီးခဲ့တဲ့အတွက် အစိုးရ ရဲ့တရားစွဲဆိုမှုအပေါ် အရည်အချင်းပြည့်လှတဲ့ရှေ့နေတစ်ဦးနဲ့ပေါင်းကာ တရားရင်ဆိုင်ကြပုံကို ရှုစားကြရမှာပါ…ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်…မော်လီဟာ ငယ်ရွယ်စဉ်ဘဝတုန်းကတော့ အိုလန်ပစ်ပွဲတွေမှာ စကိတ်ပြိုင်ပွဲတွေဝင်နိုင်ဖို့ရည်သန်ပြီး စကိတ်အားကစားကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သူတစ်ဦးပါ…အသက် ၁၃နှစ်အရွယ်မတိုင်ခင်ကတည်းက ပြည်နယ်ရဲ့ထိပ်တန်းလက်ရွေးစင်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်…တစ်နေ့မှာတော့ သူ့ရဲ့ဝါသနာပါရာအားကစားကို ရပ်တန့်ပစ်ရတော့မယ့် အခြေအနေဆိုက်လာပါတယ်…ကျောရိုးမကြီးမှာပြင်းပြင်းထန်ထန် အရိုးကွေးညွတ်မှုဖြစ်လာတဲ့အတွက်…မော်လီ့ကို ဘယ်တော့မှ စကိတ်မစီးဖို့ ဆရာဝန်က မှာလိုက်ပါပြီ…ဒါကြောင့် အထက်တန်းအောင်မြင်ပြီးနောက် မော်လီဟာ ဥပဒေကျောင်းဆက်မတက်သေးဘဲ နယူးယော့ခ်ကို ပြောင်းလာပါတယ်…ဘားတစ်ခုမှာစားပွဲထိုးဝင်လုပ်ရင်း…သူ့Careerတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် အလုပ်ရှင်တစ်ဦးနဲ့တွေ့ပါတော့တယ်…ပိုကာဝိုင်းမှာ စာရေးမ အနေနဲ့ လုပ်ဖို့ပါ…ဒီလိုနဲ့ မော်လီဟာ နောက်ပိုင်းမှာ ဘယ်လိုတွေများ ပိုကာဝိုင်းတွေကို ဆက်လက်ဦးစီးပြီး…ဝင်ငွေသန်းနဲ့ချီရအောင်ဆောင်ရွက်နိုင်ခဲ့သလဲ…လောကဓံအလှည့်အပြောင်းကို ဘယ်လိုများခံနိုင်ရည်ပြင်းပြင်းနဲ့ ရင်ဆိုင်ခဲ့တယ်ဆိုတာ ဆက်လက်ရှုစားကြပါ (ဘာသာပြန်ပေးထားသူကတော့ ကျောင်းအုပ်ဆရာမကြီး မဝင်ဒီပါ) Molly's ...
movie
Molly’s Game (2017)
2017