Channel Myanmar
Na Moon-hee
Please Teach Me English (2003) 6.5
Please Teach Me English (2003) Please teach me English (2003)*****************************2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသားကြီး Jang Hyuk နဲ့ မင်းသမီး Lee Na Young တို့ရဲ့ဟာသအချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသား Jang Hyuk ရဲ့ သရုပ်ဆောင်ကောင်းချက်ကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ဒီဇာတ်ကားမှာလည်း သူ့ရဲ့ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာပါ။၂၀၀၃ ခုနှစ်၊ ကိုးရီးယားမှာ လူတိုင်းဟာ အင်္ဂလိပ်စာကို လေ့လာနေကြပြီးတော့အင်္ဂလိပ်စကားနည်းနည်းမှမပြောတတ်ရင် လူရာမဝင်တဲ့ကာလဖြစ်လာပါပြီ။လျှပ်စစ်မီတာရုံးမှာအလုပ်လုပ်နေတဲ့ နာယောင်းဂျူဟာလည်းရုံးကအထက်လူကြီးရဲ့ဖိအားပေးမှုကြောင့် အင်္ဂလိပ်စာသင်တန်းတက်ဖို့ဖြစ်လာပါတယ်။နာယောင်းဂျူဟာ အချစ်မှာလွယ်လွယ်ကျရှုံးတတ်ပြီးတော့သူ့ရဲ့ဖူးစာဖက်မင်းသားလေး အိမ်မက်ဆန်ဆန်ရောက်လာဖို့ကို မျှော်လင့်နေတဲ့သူဖြစ်ပါတယ်။သင်တန်းမှာ ပလေးဘွိုင်းဘတ်မွန်းဆူနဲ့တွေ့ပြီးတော့ ဘတ်မွန်းဆူကို ချစ်မိသွားပါတော့တယ်။ဘတ်မွန်းဆူဟာ မိန်းမမြင်မနေနိုင် နှာထတတ်ပြီးတော့သူ့ကိုလူအထင်ကြီးအောင် အရမ်းဟိတ်ဟန်ထုတ်တတ်တဲ့သူဖြစ်ပါတယ်။ဘတ်မွန်းဆူဟာ အစပိုင်းမှာတော့ မပြင်တတ်မဆင်တတ်တဲ့ နာယောင်းဂျူကိုမိန်းကလေးလိုမမြင်ခဲ့ပေမဲ့ သင်တန်းမှာ အင်္ဂလိပ်စာအတူသင်ရင်းနာယောင်းဂျူရဲ့အလွဲတွေလုပ်တတ်တဲ့ပုံစံမှာ ကျရှုံးသွားပါတော့တယ်။အင်္ဂလိပ်စာသင်ရင်းနဲ့ အလွဲတွေကြားကနေဖြစ်ပေါ်လာတဲ့သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါး၊ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ကြည့်ပြီးခွီလိုက်ကြပါဦးခင်ဗျာ။Movie: Please Teach Me English Genres: Comedy, Romance Country: South Korea Release Date: ...
movie
Please Teach Me English (2003)
2003
Harmony(2010) 7.5
Harmony(2010) Harmony(2010)**************၂၀၁၀ ကထွက်ရှိထားပြီး Imdb 7.5 ရှိတဲ့ ထောင်တွင်းဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ချောင်းဂျူအမျိုးသမီးအကျဉ်းထောင်မှာဆို ဟုန်ဂျောင်ဟဲနဲ့မင်ဝူးလေးတို့သားအမိကို မသိသူမရှိကြပါဘူး။ဒီလိုနဲ့ပဲ တစ်ထောင်လုံးရဲ့အချစ်တော်မင်ဝူးလေးလည်း အသက်တစ်နှစ်ပြည့်လို့လာခဲ့ပါပြီ။တောင်ကိုရီးယားနိုင်ငံရဲ့ အခြေခံအရပ်သားဥပဒေအရ ထောင်ဒဏ်ကျခံနေစဉ်ကိုယ်ဝန်ရှိလို့ ကလေးမွေးလာတဲ့အခါမှာ ကလေးအသက်တစ်နှစ်ခွဲအထိပဲ မိခင်နဲ့အတူနေခွင့်ပေးတာဖြစ်တဲ့အတွက်ခွဲခွာရမယ့် နေ့ရက်တွေက တဖြည်းဖြည်းနီးကပ်လို့လာနေပါတော့တယ်။ထောင်ထဲမှာပဲမွေး ထောင်ထဲမှာပဲကြီးလာတဲ့သားလေးအတွက် မခွဲခင်မှာသာမန်သားအမိတွေလိုမျိုး တစ်ရက်လောက်ပဲ အနည်းဆုံးနေကြည့်ချင်မိတာကတော့ မိခင်ဖြစ်သူရဲ့ဆန္ဒပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ဟုန်ဂျောင်ဟဲတစ်ယောက် ထောင်သားတွေအတွက် ပြန်လည်ထူထောင်ရေးစီမံကိန်းကို အကြောင်းပြပြီးတစ်ရက်လောက်အပြင်ထွက်ရဖို့ အခွင့်ဖန်စရာတွေ့လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့....File Size :(998MB) and (433MB) Quality : WEB-DL720P, 480p Format…mp4 Duration…01:55:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae     
movie
Harmony(2010)
Hero(2022) 7.0
Hero(2022) Hero(2022)***********ဒီရုပ်ရှင်ကားကြီးဟာ တော်လှန်ရေးသူရဲကောင်းAhn Jung Geun  ရဲ့အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်.. ဒီလူဟာ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လေတော့ဒါရိုက်တာကလည်း အဘက်ဘက်က ပြည့်စုံအောင် သေချာကိုရိုက်ကူးထားတာတွေ့ ရတယ်..Musical လည်းပါလေတော့ လိုက်ဖက်ပြီး ဇာတိမာန်တက်ကြွစေတဲ့သီချင်းတွေသုံးထားတော့ကြည့်ရှုတဲ့သူတွေကိုပါ သွေးဆူစိတ်လှုပ်ရှားစေတယ်.. B.Oလည်းဝင်သလိုကြည့်သင့်တဲ့ကားတစ်ကားလည်းဖြစ်တယ်..“၃ နှစ်အတွင်း ငါတို့အမိမြေရဲ့ရန်သူ အီထို ဟီရိုဘူမီကို မရှင်းပစ်နိုင်ရင်... အဲဒီအခါ သတ်သေပါ့မယ်”1900 ခုနှစ်အစပိုင်းမှာ ကိုးရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့အာဏာလွှမ်းမိုးမှု ကြီးမားလာတဲ့အလျောက်လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတို့က လက်သူကြွယ်ကို ဖြတ်ပြီးအဆိုပါကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြပါတယ်..အဲဒီကျမ်းသစ္စာကို တည်နိုင်ဖို့အတွက် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ဆောင်ကြပုံတွေဂျိုဆွန်းနယ်ချဲ့မှုရဲ့ အဓိကတရားခံဖြစ်တဲ့ အီထို ဟီရိုဘူမီကို ရှင်းပစ်နိုင်ဖို့ ကြိုးစားကြပုံတွေကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး‌နော်..အားလုံးသိပြီးသား မင်းသမီးလေး Kim Go Eun လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ် Musical ရုပ်ရှင်ဖြစ်တဲ့အတွက် သီချင်းအမိုက်စားတွေနဲ့ပါ ထပ်‌ပေါင်းပံ့ပိုးပေးထားတာဖြစ်လို့ကြက်သီးမွေးညင်းထရင်းနဲ့ ကြည့်ရမဲ့ကားလေးပါ ....File Size :( 1.84GB )(837MB) Quality ...
movie
Hero(2022)
My Perfect Roommate (2022) 5
My Perfect Roommate (2022) My Perfect Roommate (2022)Drama တွေတိုင်းမှာ အားလုံးနဲ့ရင်းနှီးပြီးသား သရုပ်ဆောင်ရှယ်ကောင်းတဲ့ ဖွားဖွား Na Moon Hee ရဲ့ ရုပ်ရှင်အသစ်စက်စက်လေးလာပါပြီ။ဒီဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာတကယ်ရှိတဲ့ room sharing ဆိုတဲ့အစီအစဉ်လေးကို အခြေတည်ရိုက်ကူးထားတာပါ။ ဆိုးလ်မြို့မှာနေစရာရှာနေတဲ့ကျောင်းသားလူငယ်တွေကို တစ်ယောက်တည်းနေတဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေရဲ့အိမ်တွေမှာ အခန်းငှါးပေးတဲ့အစီအစဉ်ပါ။Room Sharing အစီအစဉ်ကြောင့်ပဲ ဇီဇာကြောင်လွန်းပြီး ကပ်သီးကပ်ဖဲ့နိုင်လွန်းတဲ့ အဖွားတစ်ယောက်ရဲ့အိမ်မှာမှ သွားငှါးနေမိလို့ အိမ်မှာတောင်အိမ်သာမတက်နိုင်တဲ့ ဘဝကိုရောက်နေရတဲ့ ကျောင်းသားလေးဟန်ဂျီအုံးနဲ့ တစ်လောကလုံးကိုဘုနဲ့ဘောက်လုပ်နေတဲ့ အိမ်ပိုင်ရှင်အဖွားတို့ရဲ့ မတည့်အတူကနေ ဖြူစင်တဲ့ ၅၂၈ သံယောစဉ်တွေ ရစ်ပတ်လာတဲ့ဇာတ်လမ်းလေးပါ။ဝါရင့်မင်းသမီးကြီး Na Moon Hee ရဲ့ထိမိတဲ့အိုက်တင်တွေနဲ့ My Roommate Is A Gumiho, Melancholia အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ တွေ့ဖူးနေတဲ့ မင်းသားသစ်လေး Choi Woo Sung ရဲ့မခေလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ရယ်လိုက်၊ ငိုလိုက် ရသမျိုးစုံခံစားရမှာသေချာပါတယ်။လူတိုင်းရဲ့ဘဝမှာ ဘယ်တော့မှမပြည့်နိုင်တဲ့ ကွက်လပ်တွေရှိစမြဲပါ။ ဒီဇာတ်လမ်းကတော့ သွေးမတော်သားမစပ်တဲ့ ဂျီအုံးနဲ့ အဖွားတို့ မတည့်အတူနေကြရင်း ဘဝရဲ့လစ်ဟာနေတဲ့ ကွက်လပ်တွေကို ...
movie
My Perfect Roommate (2022)
2022
Crying Fist(2005) 7.2
Crying Fist(2005) Crying Fist(2005) အညွှန်း*********************မင်းသားကြီး Choi Min-sik အဓိက ပါဝင်ထားသလိုRating တွေရောကောင်းတဲ့အပြင် BO မှာလည်း ဝင်ငွေအတော်ကောင်းခဲ့တဲ့ အက်ရှင်ကားဖြစ်ပါတယ်...ဂန်ထယ်ရှစ်ဆိုတဲ့ ၁၉၉၀ ခုနှစ် အာဆီယံအားကစားပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့လက်ဝှေ့ကစားသမား ဆုရှင်တစ်ယောက် လက်ရှိမှာတော့ ရင်းနှီးတဲ့သူဆီက သစ္စာဖောက်မှုတွေ အကြွေးရှင်တွေပတ်လည်ဝိုင်းနေမှုတွေနဲ့ ကြံရာမရဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်မှာ ဖြတ်သွားဖြတ်လာတွေဆီက ငွေသားလက်ခံပြီး သူတို့ဒေါသဖြေဖို့အတွက် စိတ်ကြိုက်အထိုးခံရင်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ မိန်းမဖြစ်သူထံကပါ မကြာခဏ ကွာရှင်းဖို့စကားစခံရပြီး အကြွေးရှင်တွေလက်က ပြေးနေရသူအဖို့ လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တင်ချင်ခဲ့ပါတယ်။ယူဆန်းဟွမ်ဆိုတဲ့ လူငယ်လေးကတော့ အချုပ်ကလွတ်လာတာမှမကြာသေး နောက်ထပ် ရပ်ကွက်ထဲက အဘိုးကြီးဆီကနေ လုယက်မှုနဲ့ ထောင်ထဲကို ဝင်လိုက်ရပါတော့တယ်။ မိသားစုဆိုလို့ အမေဆိုတာ ဘယ်နေမှန်းမသိ အဘွားနဲ့အဖေပဲ ရှိတဲ့သူ့ဘဝမှာမှ အဖေဖြစ်သူက မတော်တဆမှုနဲ့ ဆုံးသွားတော့ လေဖြတ်ပြီးကျန်ခဲ့တဲ့အဘွားရဲ့ မျှော်ကိုးရာအဖြစ် ဂုဏ်ယူရမဲ့သူဖြစ်ဖို့အရေး ထောင်ထဲမှာ လက်ဝှေ့လေ့ကျင့်ပြီး လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ခဲ့ပါတော့တယ်။ဒီလိုဘဝရဲ့နောက်ဆုံးအနေနဲ့ မျှော်လင့်ချက်တစ်ခုစီ ဆုပ်ကိုင်ရင်း လက်ဝှေ့ကွင်းထဲကို ဝင်လာ၊ ဆုံတွေ့ကြတဲ့သူနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသူဖြစ်သွားမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားကြည့်ကြပါဦးဗျ။  File Size :(3.6GB)(1.2GB) and ...
movie
Crying Fist(2005)
May 18 (2007) 7.1
May 18 (2007) [Unicode]ဒီဇာတ်လမ်းကတော့ 1980 ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက် စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အကြောင်းလေးပါအေးချမ်းနေတဲ့မြို့တစ်မြို့မှာ ရုတ်တရက်ဆိုသလို သူပုန်တွေကိုတိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ်Min Woo ရဲ့တစ်ဦးတည်းသော ညီလေး Jun Woo တစ်ယောက် သူငယ်ချင်းဖြစ်သူ မတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီး တက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတော့တယ်ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာက စစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်...ရုန်းရင်းဆန်ခတ်တွေဖြစ်ရင်းကနေ Jun Woo တစ်ယောက်သေနတ်ပစ်ခံထိပြီး သေဆုံးခဲ့ရပါတော့တယ် အဲ့အချိန်မှာ Min Woo တစ်ယောက် ကြေကွဲမဆုံးဖြစ်ပြီး ဂွမ်ဂျူမြို့သူမြို့သားတွေနဲ့ပူးပေါင်းကာ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ စောင့်ကြည့်ခံစားလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ ) [Zawgyi]ဒီဇာတ္လမ္းကေတာ့ 1980 ...
movie
May 18 (2007)
Voice of a Murderer (2007) 6.8
Voice of a Murderer (2007) Voice Of A Murderer ( 2007 )============================== ကလေးငယ်တွေကို ပြန်ပေးဆွဲတယ်ဆိုတဲ့ ကိစ္စဟာ တကယ်ကို စက်ဆုပ်ရွံရှာစရာလုပ်ရပ်ပါပဲ နိူင်ငံရဲ့ အကောင်း အဆိုးသတင်းတွေကို နေ့စဥ္တင်ဆက်နေတဲ့ အစီအစဥ္ တင်ဆက်သူတစ်ယောက်ဟာ သူ့ရဲ့ သားလေးပြန်ပေးဆွဲခံရတဲ့ သတင်းကို သူကိုယ်တိုင် ပြန်ပြီးတင်ဆက်နေရလိမ့်မယ်လို့ တွေးခဲ့မိပါ့မလား ဟန်ယောင်းဘေဟာ ကျော်ကြားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ပါ သူ့မှာ ဇနီးချောချောလေးတစ်ယောက်နဲ့ ဟန်ဆန်ဝူးလို့ ခေါ်တဲ့ ဝဝတုတ်တုတ် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရှိပြီး စံပြနိူင်ငံသားအဖြစ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ် ဒါပေမဲ့ လောဘသာကောင်း မကောင်းဆိုးဝါးတွေကတော့ လူမရွေးပါဘူး ဆန်ဝူးတစ်ယောက် ညနေခင်းတစ်ခုမှာ တိုက်အောက်မှာရှိတဲ့ ကစားကွင်းလေးမှာ ကစားနေရင်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ် အဲ့ဒီနောက် မှာတော့ ပြန်ပေးသမားက ဆက်သွယ်လာပြီး ဒေါ်လာတစ်သိန်းနဲ့အပေးအယူလုပ်ခဲ့ပါတယ် ပြန်ပေးသမားတို့ ထုံးစံအတို်င်းရဲတိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် ဆန်ဝူးအမေက တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ပထမဆုံး အပေးအယူမဖြစ်ခဲ့ပါဘူး ပညာတတ်တွေ မိုက်မဲရင် ကြောက်စရာကောင်းတယ်ဆိုတာ အမှန်ပါပဲ ပြန်ပေးသမားရဲ့ ပညာရှိရှိကလိမ်ကကျစ်ဗျူဟာတွေကြောင့် ရဲတပ်ဖွဲ့ပါအကျပ်ရိုက်ခဲ့ရတာပါ ဟန်ယောင်းဘေ ကတော့ သူ့သားလေးကိုပြန်ရဖို့အတွက် အရာရာအားလုံးပေးဖို့ အသင့်ဖြစ်နေခဲ့ပေမဲ့ ပြန်ပေးသမားကတော့ ငွေဆက်ညစ်နေဆဲပါပဲ သဲလွန်စတောင်ရှာမရတဲ့ တရားခံကို ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုများကိုင်တွယ်မလဲ ရှင်လျက်သေနေရတဲ့ မိဘနှစ်ယောက်ရဲ့ ပူဆွေးမှုတွေကလည်း အတိုင်းမသိပါပဲ ဒီလို အခက်အခဲတွေနဲ့ လေးဆယ့်လေးရက်တာခရီးမှာ ဆန်ဝူးတစ်ယောက်အိမ်ပြန်လာနူိင်ပါ့မလား သူတို့ မိသားစုလေးပြန်ဆုံစည်းနိူင်ပါ့မလား ရင်တမမ နဲ့ ကြည့်ရမယ့် ...
movie
Voice of a Murderer (2007)
2007
Pawn
Pawn Pawn(2020) အညွှန်း ငွေချေးလုပ်ငန်းကိုလုပ်ကိုင်တဲ့ လူနှစ်ယောက်က အမျိုးသမီးတစ်ယောက်ဆီကနေပြီး ချေးထားတဲ့ငွေကို ပြန်တောင်း ဖို့သွားကြတဲ့အခါ ထိုအမျိုးသမီးကချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်တာကြောင့် သူ့ရဲ့သမီးလေးကို အပေါင်အဖြစ်ခေါ် ယူလာခဲ့ပါတယ်။ ကလေးရဲ့ မိခင်က တရားမဝင်နေထိုင်တဲ့သူဖြစ်တာကြောင့် မိမိနေရပ်ကို ပြန်ပို့ခံရပြီး ကလေးကိုတော့ ငွေချေးလုပ်ငန်းလုပ်တဲ့သူတွေဆီ ထားခဲ့ရပါတော့တယ်။ ကလေးကိုသမီးအဖြစ်မွေးခဲ့တဲ့ လူနှစ်ယောက်နဲ့ သံယောဇဥ် တွယ်ပြီးတော့ အတူတူနေထိုင်သွားကြရတဲ့ မိသားစုချစ်ခြင်းမေတ္တာပြ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့က ဆွန်းဒုံအီ ဟာဂျီဝန် နဲ့ ကင်ဂျယ်ဟွာတို့က သရုပ်ဆောင်ထားပါတယ်။ Translated by : Kim Khin Hana Encoded by : Thit San Khant
movie
Pawn
2020
Honest Candidate (2020) 6.3
movie
Honest Candidate (2020)
Tidal Wave(2009) 5.7
Tidal Wave(2009) Tidal Wave(2009)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)တစ်ချို့သော သူတွေကြိုက်တဲ့ရုပ်ရှင်အမျိုးအစားဟာ အနည်းငယ်ထူးဆန်းတယ်လို့ပြောရမလားပဲ...ကမ္ဘာကြီးပျက်တာ...ကပ်ဆိုးတွေအမျိုးမျိုးနဲ့ဒုက္ခရောက်တဲ့ ရုပ်ရှင်တွေဆို အရမ်းသဘောကျစွာ တစ်ကူးတကကိုရှာဖွေကြည့်လေ့ရှိကြတယ်....ဒီကိုရီးယားရုပ်ရှင်ဟာလည်း ကပ်ဆိုးတစ်ခုအကြောင်းကို နာမည်ကြီးသရုပ်ဆောင်များစွာနဲ့ဆောင်ရန်ရှောင်ရန်လေးတွေပညာပေးရင်း ဟာသလေးတွေနှောကာ မပျင်းမရိရအောင် ခပ်မိုက်မိုက်ရိုက်ကူးထားတာပါ....ဟယ်အွန်းဒယ်လို့ခေါ်တဲ့ ကမ်းခြေတစ်မြို့လေးတစ်ခုရှိတယ်... သိပ်လှတဲ့ အဲ့ဒီဟယ်အွန်းဒယ်ဆိုတဲ့မြို့လေးကို နှစ်စဥ်လူတစ်သန်းနီးပါး လာရောက်လည်ပတ်လေ့ရှိပါတယ် .... ကမ်းခြေမှာနေထိုင်ကြတဲ့ လူတွေရဲ့ဘဝရှင်သန်ရေးပုံစမျိုးစုံနဲ့လှုပ်ရှားနေရင်း မြို့လေးဟာလေး ကပိုကယိုလှပနေလေရဲ့...ဒီမြို့မှာရှိတဲ့ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်တဲ့ ပါမောက္ခဂင်ဟာ  ထူးဆန်းတဲ့ကပ်တစ်ခုကျရောက်နိုင်တာကို သွားတွေ့မိတယ်...အဲ့ဒါက ကိုရီးယားနိုင်ငံမှာ ပထမဆုံးဆူနာမီငလျင်လှုပ်ခတ်နိုင်တယ်ဆိုတာပါပဲ...ဒါပေမယ့် ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူ...း ပုံမှန်နေ့ရက်တွေလိုပဲ  မြို့သူမြို့သားခရီးသွားတွေဟာ  ပေါ့လျော့စွာ ဆက်လက်ကုန်ဆုံးခဲ့ကြပါတယ်...ပါမောက္ခဂင်ဟာ ငလျင်နဲ့ပက်သက်ပြီ အထက်ကအဖွဲ့အစည်းကိုနည်းမျိုးစုံတင်ပြခဲ့ပေမယ့်လည်းအားလုံးက လျစ်လျှူရှုခဲ့ကြတယ်....အဲ့ဒီလို လျစ်လျှူရှုခြင်းပြီးတဲ့နောက်မှာတော့....ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်လိုက်ပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်....File Size :(2.1GB) (950MB) and (364 MB) Quality :Blu-Ray 1080p 5.1 CH, ...
movie
Tidal Wave(2009)
I Can Speak (2017) 7.6
I Can Speak (2017) ဒီတစ်ခါတော့ IDM Rating 7.6 အထိရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့တောင်ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကား rating အရအရမ်းကောင်းနေလို့စပြီးဘာသာပြန်လိုက်တော့ဇာတ်လမ်းကဒီလောက်ကြီးလည်းဘာမှမဟုတ်ဘူးထင်နေတာပေါ့။နောက်ပိုင်းဆက်ပြီးကြည့်တော့မှတဖြည်းဖြည်းနဲ့ဘာကြောင့်မှန်းမသိပိုပြီးစိတ်ဝင်စားလာမိတယ်။အဓိကအကြောင်းရင်းကဇာတ်ကောင်မင်းသမီးကြီးရဲ့စိတ်ထဲမှာဘယ်လိုတွေဖြစ်နေလဲဆိုတာကိုသိချင်လာမိလို့ပါ။ဇာတ်ကားအဆုံးထိကြည့်ပြီးမှမင်းသမီးကြီးရဲ့ခံစားချက်ကိုနားလည်လာခဲ့လို့ပရိတ်သတ်ကြီးလည်းအဆုံးထိခံစားကြည့်ရှုလိုက်ကြပါ။အော်ဒါနဲ့ဒီကားကတောင်ကိုရီးယားမှာဆုတံဆိပ်ပေါင်း ၁၂ဆုအထိရရှိထားတဲ့ကားလေးနော်။ဇာတ်လမ်းအစမှာတော့ပတ်မင်ဂျေးလို့ခေါ်တဲ့ဝန်ထမ်းပေါက်စလေးတစ်ယောက်ဆိုးလ်မြို့ကခရိုင်အုပ်ချူပ်ရေးမှူးရုံးကိုတာဝန်ပြောင်းရွှေ့ထမ်းဆောင်ရင်းနဲ့စထားပါတယ်။ပတ်မင်ဂျေးကအလုပ်လည်းကြိုးစားသလိုအင်္ဂလိပ်စာကိုလည်းကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောဆိုနိုင်တဲ့လူတော်တစ်ယောက်ပါ။ခရိုင်ရုံးမှာအလုပ်လုပ်ရင်းအများအကျိုးအတွတ်ကိုယ်ကျိုးမဖက်လုပ်ဆောင်ပေးနေသူနာဘုတ်အွန်းအဘွားနဲ့စတင်တွေ့ဆုံခဲ့ရပါတယ်။နာဘုတ်အွန်းကရပ်ကွက်မှာဖြစ်နေသမျှကိစ္စအားလုံးတိုင်ကြားတာကိုပတ်မင်ဂျေးဘက်ကလည်းအကောင်းဆုံးဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။နာဘုတ်အွန်းမှာလည်းခလေးဘဝတည်းကကွဲကွာခဲ့ရတဲ့မောင်လေးတစ်ယောက်ရှိပါတယ်။သူ့မောင်လေးကလက်ရှိအမေရိကန်မှာနေတာကိုတွေ့ဖို့အရာရှိပေါက်စပတ်မင်ဂျေးဆီမှာအင်္ဂလိပ်စာသင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ပတ်မင်ဂျေးလည်းလက်ခံခဲ့ပြီးတဲ့နောက်နာဘုတ်အွန်းလည်းအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုလာနိုင်တဲ့အချိန်မမျှော်လင့်တဲ့အဖြစ်အပျက်တွေပေါ်ပေါက်လာပါတယ်။အဲ့အဖြစ်အပျက်တွေကဇာတ်လမ်းကိုလုံးဝဖမ်းစားလိုက်တာပါ။အဲ့အဖြစ်အပျက်တွေကြောင့်ပဲဇာတ်လမ်းကြည့်ရှုတဲ့သူတွေပထမအစထင်ထားသလိုမျိုးမဟုတ်တော့ဘဲလုံးဝမတူကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်ကြည့်ရှုရသလိုဖြစ်သွားစေမှာပါ။အဲ့အဖြစ်အပျက်တွေကဘာတွေလဲဆိုတာကိုတော့ဇာတ်လမ်းအဆုံးထိစောင့်ကြည့်လိုက်ရအောင်ပါ။သေချာတာတစ်ခုကတော့ဒီဇာတ်ကားကြည့်ပြီးရင်လူတိုင်းအတွေးတစ်ခုဝင်လာပါလိမ့်မယ်။နာဘုတ်အွန်းအဘွားနေရာမှာကိုယ့်အဘွား၊ကိုယ့်အမေ၊ကိုယ့်အစ်မ၊ကိုယ့်ညီမသာဆိုရင်ဘယ်လိုခံစားကြမလဲ။ဒီလိုမျိုးခံစားရမှုတွေကိုကိုယ့်ကြောင့်နဲ့တစ်ခြားမိသားစုဝင်တွေခံစားစေချင်ပါသလား။ပရိတ်သတ်ကြီးပဲဆုံးဖြတ်ပေးကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (900 MB) and (355 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264 DTS-FGT Translated by Nay Myo Encoded by Thanhtike Zaw
movie
I Can Speak (2017)
2017
Miss Granny (2014) 7.4
Miss Granny (2014) CM ပရိတ်သတ်တွေထဲမှာ ကိုးရီးယားဇာတ်လမ်းကိုမှ နှစ်ခြိုက်ပြီး စွဲစွဲမြဲမြဲအားပေးနေတဲ့သူတွေရှိလား...ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ကိုးရီးယားဇာတ်လမ်းကတော့ ပျင်းလဲမပျင်းရဘူး ရယ်နေရမယ် ငိုရမယ့်ဇာတ်ဝင်ခန်းလဲပါမယ်..စိတ်ဝင်စားဖို့လဲကောင်းမယ်ဒီဇာတ်လမ်းကို Chinese က Remake ပြန်လုပ်ထားတဲ့ version တောင်ရှိပါတယ်...ကဲ စိတ်ဝင်စားသွားကြပြီထင်ပါတယ်..ဇာတ်လမ်းနာမည်ကတော့ "Miss Granny"တဲ့..အညွှန်းလေးကို ဖတ်ကြည့်ပါဦး..အသက် ၇၄ နှစ်အရွယ် အဖွား အိုမယ်ဆွန်းဟာ တစ်ကိုယ်တည်း ရပ်တည်ပြီးသားဖြစ်သူကို ပြုစုပျိုးထောင်ခဲ့သူပါ..သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်ကံဆိုးချင်တော့ သူချစ်ရတဲ့ ခင်ပွန်းဟာလဲ စစ်တိုက်ရင်း စစ်ပွဲကျကာ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်သွားပါတော့တယ်...ကလေးတစ်ယောက်နဲ့ အားကိုးမယ့်သူမရှိ ငွေကြေးကလဲအဆင်မပြေ အသက်ကလဲငယ်သေးတော့ မယ်ဆွန်းအတွက် ဘဝဟာခက်ခဲပင်ပန်းခဲ့ပါတယ်..သူ့ရဲ့ ငယ်ရွယ်မှုတွေ ဝါသနာတွေကို သားလေးအတွက် မြှုပ်နှံပေးဆပ်ခဲ့ပါတယ်...သူ့ရဲ့ သားလေးအပေါ်သွန်သင်ဆုံးမမှုတွေက အချည်းနှီးမဖြစ်ခဲ့ပါဘူး..သားဖြစ်သူဟာ ပါမောက္ခတစ်ယောက်ဖြစ်ခဲ့ပြီး အိမ်ထောင်ကျကာ သမီးတစ်ယောက် သားတစ်ယောက်ပိုင်ဆိုင်ခဲ့ပါတယ်..မယ်ဆွန်းဟာ အဖိုးကြီးအဖွားကြီးထုံးစံအတိုင်း ချွေးမဖြစ်သူကို နေ့စဉ်ပွစိပွစိ ပြောတတ်ပါတယ်..ချွေးမဖြစ်သူဟာ ကျန်းမာရေးကောင်းမွန်သူတော့မဟုတ်ပါဘူးယောက္ခမ ပူညံသံကတစ်မျိုး ...
movie
Miss Granny (2014)
2014
You Are My Sunshine(2005) 7.0
You Are My Sunshine(2005) Imdb .......7.0 ဒီဇတ်ကား2006 ခုနှစ်တွင်ထွက်ရှိခဲ့ပြီး အကောင်းဆုံးဒါရိုက်တာဆု အကောင်းဆုံးအမျိုးသားဇတ်ဆောင်ဆု အကောင်းဆုံးအမျိုးသမီးဇတ်ဆောင်ဆု ရုပ်ရှင်ဆု အကောင်းဆုံးဇတ်ပို့ဆု တွေရရှိခဲ့ပါတယ်.............. ဒီကားထဲက မင်းသားကြီးကတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ တစ်လောကထွက်ရှိခဲ့တဲ့ Battleship Island မှာ ဂီတအဖွဲ့ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hwang Jung-min ပါ... သူဟာ မွေးမြူရေးလုပ်ငန်းနဲ့အသက်မွေးနေတဲ့သူတစ်ယောက်ပါ အသက်အရွယ်အရ သူဟာအိမ်ထောင် ပြုသင့်တဲ့အရွယ်ဖြစ်ပေမဲ့ သူ့ရည်မှန်းချက်ကြောင့် အိမ်ထောင်ပြုဖို့အရေးဟာ နှောင့်နှေးနေတယ်..... တကယ်ချစ်တဲ့သူတွေမှ သူအိမ်ထောင်ပြုမယ် ဆိုတဲ့ ရည်မှန်းချက်ကြောင့်ပါ......ဒီလိုနဲ့သူတကယ်ချစ်တဲ့ မိန်းမတစ်ယောက်ကို တစ်နေ့တော့တွေ့သွားတယ်....အဲ့ဒီမိန်းကလေးက KTV နဲ့ကော်ဖီဆိုင်မှာ အလုပ် လုပ်တဲ့မိန်းကလေးတစ်ယောက်......ဒီကားက Plot အလှည့်အပြောင်းလေးတွေသိပ်ကိုငြင်သာတယ်... ဒါပေမဲ့စွမ်းအားက အရမ်းကိုကြီးတယ်....... ကိုင်းပြိတ်သတ်ကြီးရေ . FILM ဆု မင်းသားဆု မင်းသမီးဆု ဒါရိုက်တာဆု ဇတ်ပို့ဆုတွေ ရခဲ့လဲဆိုတာ ကြည့်ရင်းနဲ့သဘောပေါက်သွားလိမ့်မယ်.......ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ကို Phyo Thu Hein ဖြစ်ပါတယ် File Size : (784 MB) and (384 MB) Quality :  720p Running Time : 2hr 05min Format : ...
movie
You Are My Sunshine(2005)
2005