Channel Myanmar

Nam Moon-chul

Believer (2018) 5.9
Believer (2018) Believe (2018)ဝန်ဟိုကတော့ ဆရာအီလို့ခေါ်တဲ့လူတစ်ယောက် ဦးစီးနေတဲ့ အာရှရဲ့ အကြီးမားဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ စုံထောက် တစ်ယောက်ပါ။ ဒါပေမဲ့ ခက်နေတာက ဆရာအီ ဆိုတဲ့လူကို ဘယ်သူကမှ မမြင်ဖူးကြပါဘူး။ အဲဒါအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တော်တော်များများကလည်း မူးယစ်ဆေးဝါးတွေကို တရားမ၀င် ရောင်းဝယ်ဖောက်ကားဖို့အတွက် ဆရာအီအဖြစ် ဟန်ဆောင်နေကြပါသေးတယ်။ ဆရာအီရဲ့ ဂိုဏ်းက အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရာ့ ဆိုတဲ့သူကတော့ သူ့အမေကို သတ်ခဲ့တဲ့ ဆရာအီ့ကို လက်စားချေဖို့ကြိုးစားနေတဲ့သူပါ။ စုံထောက်ဝန်ဟိုနဲ့ ရာ့ တို့ဟာ တူညီတဲ့ရည်မှန်းချက်တွေနဲ့ နှစ်ယောက်အတူပူးပေါင်းပြီး ဆရာအီ့ကို ဖမ်းဆီးဖို့ကြိုးစားကြပါတော့တယ်။ နှစ်ယောက်သား ဘယ်လိုပူးပေါင်းပြီး စိတ္တဇဆန်ဆန် အန္တရာယ်များတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုဖော်ထုတ်ပြီး ဖမ်းဆီးကြမလဲ တစ်ဇာတ်လုံးမြှုပ်ထားတဲ့ ဆရာအီကရော ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူး​နော်အညျွန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Thae, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p File size…  ...
movie

Believer (2018)

2018
Missing(2009) 6.7
Missing(2009) Missing(2009)************* ဒီတစ်ခါမှာတော့ တောင်ကိုရီးယားရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ Thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးကတော့ မိန်းမလှလေးတစ်ယောက် ကွင်းဆက်လူသတ်သမား အဘိုးကြီးဆီမှာ အဖမ်းခံရပုံနဲ့ စတင်ပါတယ်။မိန်းမလှလေးက အဖမ်းမခံရခင် စိတ်ပူနေတဲ့ အစ်မဖြစ်သူဆီ သူမ ရောက်နေတဲ့တည်နေရာ ဖုန်းဆက်ပြောလိုက်ပါတယ်။ ရက်အတော်အတန်ကြာ ညီမဖြစ်သူ ပြန်မရောက်လာတော့ အစ်မဖြစ်သူက လိုက်ရှာပါတော့တယ်။ညီမဖြစ်သူ ပြောပြတဲ့ နေရာကို ရောက်သွားတဲ့အခါမှာ ရဲတွေကို အကူအညီတောင်းပြန်တော့လည်း သက်သေအထောက်အထား မပြည့်စုံလို့ဆိုပြီး အကူအညီမရ ။ အဲဒီလိုနဲ့ ကိုယ်တိုင်တစ်ယောက်တည်း ရှာမယ်ဆိုပြီး ထွက်လာတဲ့အခါ -ညီမဖြစ်သူကို ကွင်းဆက်လူသတ်သမား လက်ကနေ ကယ်တင်နိုင်ပါ့မလား ။အစ်မဖြစ်သူကရော လိုက်ရှာရင်း ဘာတွေကြုံတွေ့ခဲ့ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။File Size :(2.7GB) (1.1GB) Quality : Web-Dl1080p/720p Format…mp4 Duration…01:49:00 Genre :  Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Htoo Htoo Aung Encoded by ...
movie

Missing(2009)

The Flu (2013) 6.7
The Flu (2013) [Unicode]The Flu (2013)လက်ရှိဝူဟန်ဗိုင်းရပ်စ်ဖြစ်နေတဲ့အချိန်မှာ ၂၀၁၃လောက်ကထွက်ထားတဲ့Flu လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းကတော့ တရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်...တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်းအလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့် Avian Virusဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် ။တစ်ကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ လက်ရှိ coronaဒဏ်ကိုအံတုနေရတဲ့ တရုတ်နိုင်ငံကြီးဘေးကင်းပါစေလို့ဆုတောင်းရင်း တင်ဆက်ပေးလိုက်ပါတယ်...။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )File Size__(3GB) / (1.6B) Quality__Bluray_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:27:00 Type__Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie

The Flu (2013)

2013
The Roundup (2022) 7.3
The Roundup (2022) The Roundup - The Outlaws 2 (2022)အထွေအထူး မိတ်ဆက်နေစရာမလိုတော့တဲ့ သရုပ်ဆောင် Ma Dong-Seok နဲ့ My Libration Note ထဲက မင်းသား Son Seok-Koo တို့ရဲ့ The Roundup: The Outlaws 2လွန်ခဲ့တဲ့ 4 နှစ်...Garibong က အမှုကို စုံထောက်မာဆော့ဒိုတို့အဖွဲ့ ဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက် သူတို့အဖွဲ့အတွက် နောက်ထပ်ဖြေရှင်းစရာတွေပေါ်ပေါက်လာခဲ့တဲ့ The Roundup!တရားခံတစ်ဦးကို စုံစမ်းစစ်ဆေးဖို့အတွက် ဗီယက်နမ်ကို သွားရောက်ခဲ့ကြတဲ့ စုံထောက်မာဆော့ဒိုနဲ့ အဖွဲ့ခေါင်းဆောင်ဂျောင်အီမန်တို့ နှစ်ယောက်ဟာ ဗီယက်နမ်ကိုရောက်ပြီး မကြာခင်မှာပဲ ထူးဆန်းတဲ့ကွင်းဆက်လူသတ်မှုတစ်ခုကို အဖြေရှာဖို့ ဖြစ်လာပါတယ်ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ သားဖြစ်သူကိုတောင် ပြန်ပေး-ဆွဲပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ဂန်ဟယ်ဆန်းနောက်ကို လိုက်ကြရင်း စုံထောက်မာတို့ ဘာတွေကြုံကြိုက်ရမလဲ“လက်ထဲကချော်ထွက်သွားတဲ့ ငါးရှဉ့်”လို ဖမ်းမမိနိုင်ဖြစ်နေတဲ့ ဂန်ဟယ်ဆန်းကို စုံထောက်မာတို့အဖွဲ့အနေနဲ့ ဖမ်းဆီးနိုင်ပြီး တရားဥပဒေဘောင်ပေါ် တင်ပေးနိုင်ပါ့မလားဆိုတာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် Crime/Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Hmwe ...
movie

The Roundup (2022)

2022
The Anchor (2022)
The Anchor (2022) Anchor (2022)သည်းထိပ်ရင်ဖို Paranormal ဆန်ဆန် ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ Psychology, Thriller ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် အရမ်းကိုက်မယ့်ကားလေးပါSe-Ra (Chun Woo-Hee)က ရုပ်သံလွှင့်ဌာနမှာ နာမည်ကြီး သတင်းကြေညာသူ(Anchor) ဖြစ်ပါတယ် Korean မှာ နာမည်ကြီးတဲ့ ၉ နာရီသတင်းမှာ အမြဲတာဝန်ယူရတဲ့သူပေါ့ တစ်နေ့ သူ ၉နာရီ သတင်းအတွက် ရုပ်သံမလွှင့်ခင် ထူးဆန်းတဲ့ဖုန်းဝင်လာတယ် အဲဒီဖုန်းက Se Ra နဲ့ပဲ ပြောချင်တဲ့ဖုန်းဖြစ်နေတော့ မဖြစ်မနေကိုင်လိုက်ရတယ် ဖုန်းဆက်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး...“အဲဒီလူ ကျွန်မကိုသတ်တော့မယ်...ကျွန်မရဲ့သမီးကိုလည်း သတ်သွားပြီ... အကယ်၍ ကျွန်မသေသွားရင်လည်း သတင်းကြေညာသူဆယ်ရာကပဲ ကြေညာပေးပါ...”အဲဒီလိုမျိုး ထူးဆန်းတဲ့စကားတွေနဲ့ သံသယဝင်စရာကောင်းအောင်ပြောတာမို့လို့ နောက်တဲ့ဖုန်းလို့ထင်သွားတယ် ဒါပေမဲ့ စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့တယ် ဆယ်ရာရဲ့ အမေဖြစ်သူ So-Jung (Lee Hye-Young)က သူ့သမီးအောင်မြင်ကျော်ကြားတာကိုလိုချင်တယ် အဲဒါကြောင့် သူ့သမီးကို ဖုန်းထဲကပြောတဲ့ လိပ်စာအတိုင်းသွားဖို့ အကြံပေးတယ် Sera လည်း အဲမိန်းကလေးအိမ်ကိုသွားတော့ အဲမိန်းကလေးနဲ့ သမီးဖြစ်သူသေ‌ဆုံးနေတာကို တွေ့လိုက်ရတယ် အဲအချိန်ကစပြီး Sera က သရဲလိုမျိူး အဲမိန်းကလေးရဲ့ ...
movie

The Anchor (2022)

2022
A Girl at My Door (2014) 6.9
A Girl at My Door (2014) [Unicode]IMDb Rating - 6.9/10သင်က Psychological Drama တွေကိုနှစ်သက်တဲ့သူဆိုရင်တော့ ဒီကားကိုအကြိုက်တွေ့နိုင်ပါတယ်။ Lesbianတစ်ယောက်နဲ့ ၁၄နှစ်အရွယ်ကောင်မလေးရဲ့ကြားကချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတာဖြစ်တဲ့အပြင် ဒွိဟဖြစ်စေတဲ့ဆက်ဆံရေးကိုရိုက်ကူးထားတာကြောင့် Low Budgetရိုက်ကူးရေးဖြစ်ခဲ့တဲ့အပြင် ပါဝင်ခဲ့နဲ့ Bae Doonaနဲ့ Kim Sae Ronတို့ ၂ယောက်လုံးက အနုပညာကြေးမယူဘဲရိုက်ကူးပေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဖြစ်တဲ့"လီယောင်းနမ်"ဟာ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကြောင့် အထင်လွဲခံရပြီး ဆိုးလ်ကနေကမ်းခြေမြို့လေးဆီ ရာထူးရွှေ့ပြောင်းခံခဲ့ရပါတယ်။ မြို့ကိုရောက်တဲ့အခါ ၁၄နှစ်အရွယ် "ဒိုဟီး"ကို ပထွေးနဲ့အဘွားကအမြဲနှိပ်စက်နေတာကို စပြီးတွေ့မြင်ခဲ့ရပါတယ်။"ဒိုဟီး"ကို ပထွေးကထပ်ပြီးနှိပ်စက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့် "ယောင်းနမ်"က နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ သူ့အိမ်မှာလာနေဖို့ "ဒိုဟီး"ကိုခေါ်ထားခဲ့ပါတယ်။ဘဝတစ်လျှောက်လုံး သူ့ကိုဂရုစိုက်တဲ့သူမရှိခဲ့တဲ့"ဒိုဟီး"ကို "ယောင်းနမ်"ကမိသားစုဝင်တစ်ယောက်လိုဆက်ဆံတဲ့အခါ သူ့ကိုခင်တွယ်လာပါတယ်။ ဒီလိုနဲ့ကလေးမလေးရဲ့အကြောင်းတွေကိုပိုပြီးသိလာရတဲ့အခါမှာတော့ ရိုးအတဲ့ သာမန်ကလေးမလေးမဟုတ်တာကိုသိလာရပါတယ်။တစ်ဖက်မှာလည်း ပထွေးရဲ့လုပ်ငန်းမှာ တရားမဝင်လုပ်သားတွေကိုခိုင်းတာကြောင့်ပထွေးကိုဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိဖြစ်သူယောင်းနမ်နဲ့ အချေအတင်ဖြစ်လာပါတယ်။သူ့အလုပ်ကိုထိခိုက်လာတဲ့အတွက် ပထွေးက"ယောင်းနမ်က ဒိုဟီးနဲ့လိင်ပိုင်းဆိုင်ရာပတ်သက်မှုရှိပါတယ်"ဆိုပြီး တိုင်ချက်ပြန်ဖွင့်တဲ့အခါမှာတော့Lesbianတစ်ယောက်ဖြစ်တဲ့ယောင်းနမ်ကဒိုဟီးကို စိတ်သန့်သန့်နဲ့စောင့်ရှောက်ခဲ့တယ်ဆိုတာကိုဘယ်လိုသက်သေပြမှာလဲ ဒီလိုပြစ်မှုကြောင့်ပဲနယ်ပြောင်းခံရတဲ့ယောင်းနမ်နဲ့ စိတ်ဒဏ်ရာရှိတဲ့ဒိုဟီးတို့ကြားမှာဘာတွေဆက်ဖြစ်သွားမလဲ မထင်ထားတဲ့ထွက်ဆိုချက်တွေကြားမှာ ယောင်းနမ်တစ်ယောက် ပြစ်မှုကနေလွတ်မြောက်နိုင်မလားဆိုတာကို ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ) [Zawgyi]IMDb Rating - ...
movie

A Girl at My Door (2014)

More Than Family (2020) 6
More Than Family (2020) More Than Family (2020)"မိသားစုထက် ပိုတယ်" ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ မိသားစုတွေအကြောင်းရိုက်ထားတဲ့ကားလေးပါFx အဖွဲ့က Krystal လေး က ဗိုက်တစ်လုံးနဲ့သရုပ်ဆောင်ထားပါတယ် တက္ကသိုလ်ကျောင်းသူဂိုက်ဆရာမလေးဟာ စိတ်လက်တစ်ဆစ်နဲ့ ဟောဟောဒိုင်းဒိုင်း လုပ်ချင်တိုင်းလုပ်တတ်တဲ့ ကောင်မလေးပေါ့သူ စာသင်ပေးနေတဲ့ အထက်တန်းနောက်ဆုံးတစ်နှစ်ကျ ကျောင်းသားလေးနဲ့ စာသင်ရင်းက အရှိန်လွန်ပြီး ကိုယ်ဝန်ငါးလဖြစ်သွားတော့တယ် (ဘယ်လိုအရှိန်လွန်တာလဲတော့ မမေးနဲ့ဗျနော့)အဲ့ဒါကို နှစ်ဖက်မိဘတွေကိုပြောတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာလဲကိုယ်ဝန်ကြီးနဲ့ အဖေရင်းလိုက်ရှာတဲ့ဆရာမလေးကရော တွေ့မှာလား မိသားစုတွေရဲ့တွေးခေါ်ပုံတွေမတူတဲ့အခါ လက်ခံနိုင်စွမ်းတွေလည်းကွာဟတယ်ဆိုတာကို ရယ်ရင်းမောရင်းနဲ့ကြည့်ရအောင်ဇာတ်လမ်းကို ဖတ်ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘဲ ရိုးရှင်းနေတဲ့ ဇာတ်ကားလေးပါပဲ။ ဒါပေမယ့် ကြည့်မိရင်တော့ အဆုံးထိကြည့်မိမှာ သေချာပါတယ်။ဘာမှမကြည့်ချင်ရင်တောင် Krystal လေးရဲ့မျက်နှာပြောင်လေးကြည့်ရရုံနဲ့တင်တန်ပါတယ် ကြည့်ကြပါလို့File size… Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 50min Subtitle….Myanmar Subtitle (Hardsub) Encoder…. August Translated by ..... Thinzar Htet
movie

More Than Family (2020)

2020
Black Money(2019) 6.5
Black Money(2019) Black Money(2019)2019 က ထွက်ရှိထားတဲ့ Black Money ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရို်က်ကူးထားတာ ဖြစ်ပြီး တောင်ကိုရီးယား အရာရှိတစ်ချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း ဖော်ပြထားပါတယ်....ရန်မင်ယော့ဟာ ဆိုးလ်ဗဟို အမှုစစ်ရုံးရဲ့ အမှုစစ်တစ်ယောက်ဖြစ်ပါတယ်....တစ်နေ့တော့ ဘတ်ဆူယောင်းဆိုတဲ့ကောင်မလေးဟာ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...သတ်မသေခင်မှာ အမှုစစ်ဘတ်ဆူယောင်းဟာ သူမကို လိင်ပိုငး်ဆိုင်ရာအကြမ်းဖက်တယ်လို့ဆွေမျိုးတွေကိုစာပို့ခဲ့တယ်...ဒီစွပ်စွဲကြောင့် အမှုစစ်ရန်မင်ယော့ဟာ အစွပ်စွဲခံရပါတော့တယ်...နောက်ပိုင်းသူဟာ ဒီကိစ္စမှာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းကိုသက်သေပြဖို့ကြိုးစားတဲ့အခါမှာဒီသတ်သေမှုဟာ ထင်သလောက်မရိုးရှင်းတဲ့အပြင် ပြဿနာပေါင်းစုံရဲ့ဇာစ်မြစ်ဖြစ်ကြောင်းသိလာရတဲ့အခါမှာတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (900 MB) and (547 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by ...
movie

Black Money(2019)

Tune in for Love (2019) 7.1
Tune in for Love (2019) ၂၀၁၉ ခုနှစ်ရဲ့ နှစ်ကုန်ခါနီးလေးမှာ စိတ်ကို နူးညံ့စေတဲ့ ကြေကွဲစေတဲ့ ကြည်နူးမိ ချစ်မိစေ...ခဲ့တဲ့... ဒီရုပ်ရှင်ကားလေးကို ထိတွေ့ခဲ့ရခဲ့တယ် Tune In For Love ဟာ Netflix မှာ ပြသခဲ့တဲ့ ကိုရီးယား ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် မင်းသား Hae-In Jung နှင့် မင်းသမီး Go-eun Kim ပါဝင်သရုပ်ဆောင်ထားပါတယ်... ဒီဇတ်လမ်းကို စပွိုင်လာလုပ်ဖို့ရော အညွှန်းရေးဖို့ရော ကြံစည်ထားပေမဲ့... ရုပ်ရှင်ကား ၂ နာရီစာ ကြည့်ပြီးတဲ့နောက် ရေးဖို့ မစဉ်းစားတက်တော့ဘူး ၂ နာရီတောင် အရမ်းနည်းတယ်လို့ ထင်ရတယ် ဇတ်လမ်း စတည်ထားတာက ၂၀၀၀ ခုနှစ် မပြည့်ခင် အရင်ကာလ တုန်းက ဖြစ်ပြီး လူငယ် ၂ ယောက် ရဲ့ ဆယ်ကျော်သက် ကာလ နဲ့ လူလတ်ပိုင်း ကာလ တို့ရဲ့ ကာရိုက်တာကို လှလှပပ ပြသွားခဲ့ပြီး ခေတ်ကာလ နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်တွေ မိတ်ကပ်တွေ အဝတ်အစားတွေ အနေအထိုင်တွေ နဲ့ သီချင်းတွေက အစ 90 ခုနှစ်ဖွားတွေ အတွက် ပြန်အောင်းမေ့သတိရစေနိုင်တဲ့ သီချင်းအမျိုးအစားတွေ ပါဝင်နေခဲ့ပါတယ်.... အချစ်ဆိုတာ အရမ်းချစ်ရင် အရမ်းနာကျင်ရတယ်လို့ ...
movie

Tune in for Love (2019)

2019
The King’s Letters (2019) N/A
The King’s Letters (2019) (Unicode)ဒီတစ်ခါ မိတ်ဆက်ပေးလိုက်တာကတော့ 2019 ခုနှစ်မှာ အသစ်စက်စက် ထွက် The King's Letter ဆိုတဲ့ ကိုရီးယားရာဇဝင်ကားကောင်းလေးပါကိုရီးယားအက္ခရာတွေ ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး ကိုရီးယားမှာ ဇာတ်လမ်းမျိုးစုံရှိတဲ့အထဲကနေမှ တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာပါဂျိုဆွန်းပြည်ဟာ ဗုဒ္ဓဘာသာနိုင်ငံဆိုတာကနေ ကွန်ဖြူးရှပ်ဝါဒီဖြစ်သွားတဲ့ ကာလအတွင်း ဖြစ်ခဲ့တာပါမင်းကြီးဟာ တရုတ်အက္ခရာကိုပဲ အသုံးပြုနိုင်ပြီး တရုတ်လက်အောက်ခံနိုင်ငံတစ်နိုင်ငံအဖြစ် နေရတာကို စိတ်ပျက်နေပြီး ကိုယ်ပိုင်အက္ခရာ တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်တစ်နေ့တော့ ဂျပန်ဘုန်းကြီးတွေဟာ ဂျိုဆွန်းရဲ့ ရတနာဖြစ်တဲ့ တိပိဋကမူရင်းစာအုပ်တွေကို လာတောင်းရာမှ မင်းကြီးကိုယ်တိုင် မငြင်းသာတော့တဲ့အခါ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက ကူညီဖြေရှင်းခဲ့ပါတယ်ဒီကနေ အစပြုလို့ ကိုယ်ပိုင်အက္ခရာ တီထွင်နိုင်မယ့် လမ်းစကို တွေ့ခဲ့ပြီး ကြိုးစားခဲ့ပုံကို ရိုက်ကူးပြထားပါတယ်ကွန်ဖြူးရှပ်ဝါဒီနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့အတူ အက္ခရာ တီထွင်ရတဲ့အတွက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်ဆိုတာကိုလည်း စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်ကိုရီးယားတွေရဲ့ ထုံးစံအတိုင်း ရာဇဝင်ကားတွေကို ပီပြင်အောင် ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်လို့ ညွှန်းပေးပါရစေဇာတ်လမ်းအညွှန်းနဲ့ ...
movie

The King’s Letters (2019)

2019
Jo Pil-ho: The Dawning Rage(2019) 6.4
Jo Pil-ho: The Dawning Rage(2019) Jo Pil-ho: The Dawning Rage(2019) IMDb...6.4 ပီးဟိုဆိုတဲ့ရဲတစ်ယောက်ဟာ ရဲဝန်ထမ်းတွေကြားမှာ သတိထားစရာအတော်ကောင်းလာတယ်.. ၀န်ထမ်းကောင်းရဲကောင်းတစ်ယောက်အနေနဲ့တော့မဟုတ်ဘူး....လူမိုက်တွေနဲ့ပေါင်းတယ်... ငွေရဖို့ကို လုပ်ပိုင်ခွင့်တွေထဲကနေ ဥပဒေမဲ့ လုပ်တယ်.... ဖောက်ထွင်းသူတွေနဲ့လည်း လစ်ရင်လစ်သလို မျိုးမျိုးမျက်မျက်အကွက်တွေဆင်လေ့ရှိတယ်... သူ့ပုံစံကြည့်ရတာ ဒီအကွက်တွေရွှေ့ရတာ အတော်ကိုကျွမ်းကျင်နေတဲ့ပုံပင်... ဘယ်လိုပင်အကွက်ရွှေ့ကျွမ်းကျွမ်း အဂတိတိုက်ဖျက်ရေးအဖွဲ့က သူ့နောက်ကို သိသိသာသာပင် လိုက်နေကြတယ်....ဒါကို သိတဲ့ ပီးဟိုဟာ နောက်ဆုံးအနေနဲ့ အချီကြီးပွပေါက်ရအောင်ကြံပြီး သူ့နောက်လိုက်တဲ့သူတွေကိုမျက်ခြေဖြတ်ဖို့ကြိုးစားတယ်... သို့ပေမယ့် သူထင်ထားသလိုမဖြစ်လာတဲ့အပြင် အဆိုးတကာ့အဆိုးဆုံးသော အန္တရယ်တောထဲကိုရောက်လို့သွားပါတော့တယ်... ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရှုလိုက်ပါ... ဒီကားက  မင်းသား Sun-kyun Lee အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သူဟာ ဒီလိုဇာတ်ရုပ်တွေမှာလည်းအတော်ပိုင်ပါတယ်.. A Hard Day (2014) ထဲမှာလည်း ဒီပုံစံမျိုးသရုပ်ဆောင်ထားတယ်..ဒီကားနဲ့တော့ ဇာတ်လမ်းက အတော်ကွဲပါတယ်... တစ်ခုတော့ ကြိုပြောထားမယ်... ဗီလိန်နေရာက အဓိကထားရိုက်တဲ့အပြင် အန္တရယ်ဇုံထဲမှာ မလှုပ်သာ မလူးသာ ဖြစ်နေတဲ့နေရာကို ကြည့်ရှုသူ ကိုင်တိုင်ရောက်ရှိနေပြီး တကားလုံးစိတ်လှုပ်ရှားနေရလို့ ရင်မောနေရပါလိမ့်မယ်... အက်ရှင်မှုခင်းကားကြိုက်သူတို့အဖို့ ခံစားကြည့်လိုက်ဦးဗျို့... File Size : (1GB) and (423 MB) Quality : WEB-DL 720p, Format…mp4 Duration…02:07:00 Genre :  Action Subtitle ...
movie


2019
The Spy Gone North(2018) 7.0
The Spy Gone North(2018) The Spy Gone North(2018) IMDb.....7 ကိုရီးယားဒါရိုက်တာတွေက တခြားကားတွေကို ရိုက်ရင် ဇာတ်အိမ်ခိုင်ချင်မှခိုင်မယ်.. မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ကားမျိုးဆို ဇာတ်အိမ် ဇာတ်ညွှန်း သရုပ်ဆောင်တွေကို ခမ်းခမ်းနားနားရိုက်လေ့ရှိတယ်..အထူးသဖြင့် စပိုင်ကားတွေဆိုတော်တော်ကြီးကိုကောင်းတယ်.. ခုလည်း 2018 မှာ အသစ်ထွက်လာတဲ့The Spy Gone North ဆိုတဲ့ တောင်ကိုရီးယား စပိုင်ကားကလည်း တော်တော်ကိုကောင်းတယ်... တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ကွဲသွားပြီးနောက်ပိုင်း နှစ်နိုင်ငံလုံးက တစ်ဖက်နဲ့ တစ်ဖက် သူလျှိုတွေ စေလွှတ်ပြီး အသံတိတ်ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်... ဒီဇာတ်ကားလေးကတော့ မြောက်ကိုရီးယားဘက်ကို စေလွှတ်လိုက်တဲ့ တောင်ကိုရီးယားစုံစမ်းရေးတပ်ဖွဲ့က ဘလက်ဗီးနပ်စ်ဆိုတဲ့ အေးဂျင့်အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ .... သူဟာ စီးပွားရေးသမားဟန်ဆောင်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီကိုချဉ်းကပ်ခဲ့တယ်..သူဘာကြောင့်ချဉ်းကပ်ခဲ့လဲ.. အချိန်မရွေးအသက်ပျောက်သွားနိုင် ပြီး အန္တရယ်များလွန်းလှတဲ့ မြောက်ကိုရီးယားဆီ ဘာကြောင့်စပိုင်လာလုပ်တာလဲ..ကိုင်း ဆက်လက်ခံစားကြည့်လိုက်ပါဦးဗျို့..လျှို့ဝှက်စပိုင်ကားတွေကြိုက်တဲ့သူတွေအတွက် နင်းကန်ဒေါင်းသင့်ကြောင်းအကြံပြုပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (1GB) and (400 MB) Quality : HD-Rip 720p, Format…mp4 Duration…01:30:00 Genre : Adventure, Drama, Fantasy1 Subtitle ...
movie

The Spy Gone North(2018)

2018
The Age of Shadows (2016) 7.1
The Age of Shadows (2016) The Age of Shadows (2016) IMDb - 7.1/10_____Rotten - 100%  Goblin မှင်စာသတို့သမီးထဲက မှင်စာဦးဦး fans တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။ ။ ဂျပန်တွေ ကိုရီးယားကို အုပ်စိုးစဉ်ကာလကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ခရီးကြမ်းတမ်းပုံ ရင်းခဲ့ရတဲ့ သွေးတွေ ဘဝတွေအကြောင်းကို ဒီဇာတ်လမ်းလေး ကြည့်လိုက်ရင် ခံစားနိုင်မှာပါ။ ။ ဂျပန်အစိုးရအမှုထမ်း ကိုရီးယားလူမျိုး လီချန်ချော(Song Kang-ho)ဟာ အတိုက်အခံပါတီဝင် ငယ်သူငယ်ချင်း လီချန်အုတ်ကို ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ပြောင်းသွားမှာလား။ နောက်ပြီး အထက်အမိန့်အရ အတိုက်အခံပါတီဝင် ကင်ဝူဂျင်(Gong Yoo )ကို ချဉ်းကပ်ရာ ဘာတွေ ကြုံတွေ့ရမလဲ။ ဂျပန်အစိုးရနဲ့ အတိုက်အခံပါတီ ဉာဏ်ချင်းယှဉ် ကျားကွက်ရွေ့ ဇာတ်လမ်းမှာ ဘယ်လို အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားရမယ်ဆိုတာကတော့ ဇာတ်လမ်းလေးကိုသာ ကြည့်လိုက်ပါလို့ ...
movie

The Age of Shadows (2016)

2016