Channel Myanmar

Natalie Hall

Midnight at the Magnolia(2020) 6.0
Midnight at the Magnolia(2020) Midnight at the Magnolia(2020)အညွှန်း************************************IMDb...6.0ဂျက်နဲ့ မက်ဂီတို့မိသားစုက နှစ်အိမ့်တစ်အိမ်နေတယ်လို့ ပြောလို့ရပါတယ် ... အဖေချင်းက သူငယ်ချင်းအရင်းတွေဖြစ်တဲ့အပြင် မက်နိုလီယားအမည်ရ ကလပ်တစ်ခုကိုပါစပ်တူတူဖွင့်ထားလေတော့ သူတို့နှစ်ယောက်လည်း ငယ်ငယ်လေးတည်းက အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ကြီးပြင်းလာခဲ့ကြပါတယ်...သူတို့နှစ်ယောက်လုံးရဲ့ အိပ်မက်က နိုင်ငံကျော် ရေဒီယိုအသံလွှင့်တင်ဆက်သူတွေ ဖြစ်လာဖို့ပါ... လောလောဆယ် ချီကာဂိုမြို့တွင်း ထုတ်လွှင့်တဲ့ ဝင်ဒီစီးတီးနိုးထချိန်ဆိုတဲ့အစီအစဉ်မှာ နှစ်ယောက်သား အတွဲညီညီနဲ့ တင်ဆက်နေတာပေါ့..သူတို့မှာ ဟန်တာနဲ့ ဆယ်ရီနာဆိုတဲ့ချစ်သူကိုယ်စီရှိကြသေးတယ်..နှစ်သစ်ကူးအကြိုပါတီမှာ မိသားစုနဲ့ ချစ်သူတွေကို မိတ်ဆက်ပေးတဲ့အကြောင်းထုတ်လွှင့်ပေးဖို့ နိုင်ငံကျော်ရေဒီယိုလိုင်းတစ်ခုက ကမ်းလှမ်းလာရာမှ ဘယ်လိုကမောက်ကမတွေဆက်ဖြစ်ကြမှာလဲ...မင်းမကြည့်လို့မသိတာပါ အချစ်က မင်းအနားမှာပါဆိုသလိုပါပဲ ...ဂျက်နဲ့ မာဂရက် သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွကို  ပေါ်ထွက်လာကြမလားဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်...File Size :(1.53GB) and (817MB) Quality : WEB-DL 1080p ,720p Format…mp4 Duration…01:27:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat ...
movie

Midnight at the Magnolia(2020)

You’re Bacon Me Crazy 2020 6.7
You’re Bacon Me Crazy 2020 ဒီကားက ၂၀၂၀မှာထွက်တဲ့ romantic comedyဇာတ်ကားလေးပါ food truck theme ကိုယူထားတဲ့အတွက်ကြောင့်foodieတွေအတွက်စိတ်၀င်စား စရာကောင်းစေမဲ့ဇာတ်လမ်းလေးပါ ဇာတ်လမ်းအကျဥ္းကတော့ portlandက သွက်လက်ထက် မြက်တဲ့ မုန့်ကားပိုင်ရှင်လေးကလီယိုဟာ အဘိုးရဲ့လျို့၀ှက်ချက်ပြုတ်နည်းတွေကိုလက်ဆင့်ကမ်းပြီး လက်ရာကောင်းတဲ့စားဖိုမှူးတစ်ယောက်ပါနဲ့ တစ်နေ့မှာ city of roses ကိုနယ်တကာလှည့်နေတဲ့ ဂေ့ဘ်ဘရီရယ်ရောက်လာပြီးသူတို့စျေးမှာတွေ့ဆုံကြပြီး ကလီယိုကို လိုက်ရှာဖို့ကြိုးစားပါတော့တယ် ကလီယိုကိုတွေ့တဲ့အခါသူ့ဆိုင်နားမှာ ၀က်ဆားနယ်ခြောက် မုန့်တွေလာရောင်းပြီးတဖြည်းဖြည်းရင်းနှီးသွားကြပါတယ် သူတို့နှစ်ယောက်ဆက်ဆံရေး အတွက် မုန့်ကားပြိုင်ပွဲကနဲဲနဲတော့အပြောင်းအလဲသွားခဲ့ပါတယ် သူတို့ပြိုင်ပွဲအပြီးမှာဆက်ဆံရေးအရင်အတိုင်းပဲဆက်ရှိနေမလား တစ်ဆင့်တက်သွားမလားဆိုတာစောင့်ကြည့်ရမှာပါ   File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 22min Genre :  Romance  Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie

You’re Bacon Me Crazy 2020

A Winter Princess (2019) 6.8
A Winter Princess (2019) ဥရောပအလယ်ပိုင်းက မထင်မရှားနိုင်ငံတစ်ခုက တော်ဝင်မင်းသမီးလေး ကာလီဟာ သူရဲ့ နန်းတွင်းတော်ဝင်အရေးအရာတွေကနေ တစ်နှစ်တိတိ ခွင့်ယူပြီး နိုင်ငံရပ်ခြားက ရေခဲတောင်အပန်းဖြေရိပ်သာတစ်ခုမှာ ပွဲစီစဉ်သူအဖြစ် တိတ်တဆိတ် ၀င်ရောက်လုပ်ကိုင်နေပါတယ်..။ မွေးကတည်းက ပြဌာန်းလိုက်ပြီးသား ဘ၀တစ်ခုကနေ ခဏတာ သွေဖည်ပြီး ကိုယ်တိုင် ဘာလုပ်နိုင်တယ်ဆိုတာကို ရှာဖွေဖို့ရာ စိတ်အားထက်သန်နေတဲ့ ကာလီလေးဟာ တကယ်တမ်းမှာတော့ လုံလောက်တဲ့ အခွင့်အရေးမျိုးကို တစ်နှစ်အတွင်းမှာ မရရှိခဲ့ရှာပါဘူး။ ပြန်ရမယ့်ရက်နီးလာခါမှ ကြုံတောင့်ကြုံခဲပွဲတော်ကြီးတစ်ခုကို စီစဉ်ပေးရဖို့ဖြစ်လာပါတယ်..။ သာမန်သူအဖြစ် ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားပြချင်တဲ့ ကာလီလေး ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်မှာလား..။ ဒါ့အပြင် သူနဲ့ အတူ လက်တွဲလုပ်ကိုင်ရမယ့် တွဲဖက် ကိုလူချောတစ်ယောက်လည်း ပါလာပါတယ်။ သူ့ရဲ့ ကွယ်ဝှက်ထားတဲ့ မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကိုရော အဆုံးထိ လျှို့ဝှက်သွားနိုင်မှာလား..။ ရေခဲပြင်ကျယ်ကြီးတွေ နှင်းပွင့်နင်းမှုံတွေနဲ့ အေးစိမ့်စိမ့် ပတ်ဝန်းကျင်နောက်ခံကို ကြည်နူးငွေ့လေးဟပ်ပြီး ကြည့်ရှုကြရမယ့် ရိုမန့်ကားလေးတစ်ကားပါ။ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Sane Khet ဖြစ်ပါတယ်
movie

A Winter Princess (2019)

2019
Only the Brave (2017) 8.0
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : ...
movie

Only the Brave (2017)

2017