Channel Myanmar

Natasha Liu Bordizzo

The Greatest Showman (2017) 8.0
The Greatest Showman (2017) The Greatest Showman (2017)IMdb Rating (7.5)ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ဇာတ်လမ်းကတော့..... မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ...အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ ...
movie

The Greatest Showman (2017)

2017
4K HEVC
Day Shift (2022) 6.5
Day Shift (2022) Day Shift (2022)~ IMDb rating - 6.5/10 ~ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ်ကောင်မုဆိုးဇာတ်လမ်းပါပဲ။ အက်ရှင်နဲ့ ဟာသအသားပေးပါ။ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။ သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ်ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။ ဒါပေမဲ့ မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။ ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Day Shift (2022)

2022
The Voyeurs(2021) 5.8
The Voyeurs(2021) ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ voyeur ကို အဘိဓာန်မှာတော့ "သူတစ်ပါး၏လိင်ကိစ္စကို တိတ်တခိုး ကြည့်ရှုရာ၌ နှစ်ခြိုက်မွေ့လျော်သူ"လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ အတွဲချောင်းတဲ့ကောင်ပေါ့ဗျာ။နာမည်အတိုင်းပဲ တစ်ဖက်အိမ်က ကိစ္စတွေကို စပ်စုကြတဲ့ အတွဲတစ်တွဲအကြောင်းပေါ့။"မိန်းမ၀တ် အတွင်းခံဘောင်းဘီတစ်ထည်"ဆိုတဲ့ မင်းခိုက်စိုးစန်ရဲ့၀တ္တုတိုတစ်ခုကိုတောင် ပြေးမြင်မိလိုက်သေးတယ်။သူရေးထားတာကျ သူ့အိမ်ကနေ မြင်နေရတဲ့ တစ်ဖက်အိမ်က အတွင်းခံတစ်ထည်အကြောင်း။ဒီမှာကျ တစ်ဖက်အိမ်က ကိစ္စဝိစ္စတွေ အကုန်ပေါ့။ဇာတ်လမ်းက ကြည့်ပျော်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ဒါကိုမှ မင်းသမီးလှလှလေးရဲ့ ဟိုအခန်းဒီအခန်းတွေ ပေါင်းပေးထားတော့ ပိုကြည့်ပျော်သွားတယ်။ဇာတ်လမ်းကလည်း နည်းနည်းထူးထူးဆန်းဆန်းဆိုတော့ ကြည့်ပျော်တယ်ဆိုပေမဲ့ စကီချောချောလေးရဲ့ အလန်းစား Sceneတွေကိုကြည့်ရမှာနဲ့တင် ဒီရုပ်ရှင်ဟာ တန်နေပါပြီ။လူဟာ သမ္မာရှစ်ပါးနဲ့ မပြည့်စုံသေးသမျှ ကာမတဏှာရှိကြတာပဲမဟုတ်လား။ထိန်းချုပ်မှုနဲ့ အထားအသိုမမှားဖို့တော့လိုတယ်။ဒီရုပ်ရှင်ဟာ ခင်ဗျားရဲ့ ကာမတဏှာကို သုံးသင့်တဲ့နေရာမှာ သုံးလို့ရနိုင်အောင် ထိန်းချုပ်တတ်စေဖို့ ပြောပြပေးတဲ့ ရုပ်ရှင်တစ်ကားပါပဲ။(ဘာသာပြန်သူတွေကတော့ The Pooh နဲ့ Y တို့ပဲဖြစ်ပါတယ်) File size…(1.6 GB)/ (850 MB)/ (400 MB) Quality…WEB-DL 1080p /720p ...
movie

The Voyeurs(2021)

Detective Chinatown 2(2018) 6.2
Detective Chinatown 2(2018) Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ဖော်ထုတ်ပုံတွေ၊ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့်လှည့်ကွက်များစွာရှိနေပုံတွေကို ဟာသဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်အမှုအကြောင်း သဲလွန်စရှာပုံတွေ၊ ကောက်ချက်ချပုံတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။အဲ့ဒါကြောင့် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့တရုတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။  ဂိမ်မာတွေဆိုတာ ဘာညာအထှာတော့ရှိတယ်ဗျ....တစ်ချို့သော ပုတ်ခတ်သူတွေအတွက် တစ်ချို့သော ဂိမ်မာသမားများက ဂိမ်ကစားရင်း လက်တွေ့ဘဝမှာ ဒီလိုဟိုလို ဉာဏ်သုံးဖြေရှင်းပြီး ...
movie

Detective Chinatown 2(2018)

2018
HEVC 1080p 5.1
Wish Dragon (2021) 7.4
Wish Dragon (2021) Wish Dragon (2021)တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ကိုယ်တိုင် အသံသရုပ်ဆောင်ထားပြီး ၅၂၈ မေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံထားတဲ့ တရုတ်ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...အခုတလော တရုတ်ကာတွန်းတွေလည်း အဆင့်မှီလာတာကို ကာတွန်းချစ်ပရိသတ်ကြီးတွေသိပြီးသားပါ။ ပုံစံကတော့ လူကြိုက်များခဲ့တဲ့ အာလာဒင်မီးခွက်စောင့်နတ်ကို အရှေ့တိုင်းပုံစံဖန်တီးထားတာပါ ။ မတူတာကတော့ ဇာတ်လမ်းပါ... အာရှတို့ရဲ့ထုံးစံအတိုင်း မေတ္တာတရားကိုအဓိကချပြထားတဲ့ ကာတွန်းကားလေးမို့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့်ကားလေး လို့ညွှန်းချင်ပါတယ်ခင်ဗျာ..စိတ်ထားကောင်း သဘောကောင်းတဲ့ တင်းစီးကျီး တစ်ယောက်မမျှော်လင့်ဘဲ တရုတ်ရေနွေးခရားလေးတစ်လုံး ရရှိခဲ့ပါတယ်။ ခရားလေးထဲကနေ ထွက်လာတာက သူ့ရဲ့မိုက်ပြစ်ကြောင့် အပြစ်ဒဏ်ခံနေရတဲ့ မင်းသားကြီးဂျက်ကီချန်းသရုပ်ဆောင်ထားတဲ့ နဂါးကိုယ်တော်လေး ။ ကောင်းကင်ပေါ်ကိုပြန်တက်ဖို့ သခင်ဆယ်ပါးရဲ့ အလိုဆန္ဒကိုဖြည့်ဆည်းပေးရမယ်တဲ့။ ရွှေတွေငွေတွေအများကြီး ဆုတောင်းလို့ရပေမဲ့ တင်းစီးကျီး လေးကတော့ လိန လို့ခေါ်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ဆုတောင်းခဲ့ပါတယ်။ ကျန်တာတောင်း သူငယ်ချင်းဆုတောင်းတော့ မဖြည့်ပေးနိုင်ဘူးလို့ဆိုပြီး တင်းစီးကျီးနဲ့စကားများကြပါတော့တယ်..လူ့သဘာဝကိုနားမလည်နိုင်တဲ့ နဂါးကိုယ်တော်... လူသားတွေရဲ့လောဘအကြောင်းကိုနားမလည်တဲ့ တင်းစီးကျီး.. အဖေ့အလိုကျ နေပေးနေရတဲ့ ရွှေသမီးလေး လိန... လောဘဇောတက်ပြီး မကောင်းမှုလုပ်နေတဲ့ လူဆိုးတစ်သိုက်တွေနဲ့ အရှေိ့တိုင်းဆန်ဆန် ဆုတောင်းပြည့်နဂါးမင်းကြီး ဘယ်လိုစခန်းသွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်...File size…1.4 GB and 2.3 GB Quality…. ...
movie

Wish Dragon (2021)

2021
Guns Akimbo (2019) 7.1
Guns Akimbo (2019) unicodeညစ်ပတ်ပြီး ကြမ်းတမ်းတဲ့ ဟာသ အက်ရှင် အမျိုးအစားဖြစ်လို့မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး။ကောင်းတာတော့ အတော်ကောင်းပါတယ်။ဟယ်ရီပေါ်တာ မင်းသားက ဒီလိုကားတွေနဲ့ အတော်အကျိုးပေးပုံပါပဲ။ဒီကားမှာတော့ မိုင်လ် ဆိုတဲ့ ကောင်လေးတစ်ယောက်ပေါ့။မိုင်လ်ဟာ ကုမ္ပဏီတစ်ခုမှာ ကွန်ပြူတာလေး တစ်လုံးနဲ့ အလုပ်လုပ်ရတဲ့ ကောင်လေး၊လက်တွေ့ဘဝမှာဘယ်သူမှ အထင်မကြီးသလို၊ဘာမှလည်း အရာမရောက်တဲ့ ကောင်လေးပါ။ဒီလိုလူတွေရဲ့ ထုံးစံအတိုင်း အင်တာနက်ပေါ်မှာ ထရိုးလိုလို ဂိလိုလိုနဲ့ဖောင်းထုပြီး ဖင်နာရှာရင်း ပျော်နေရတဲ့ သူပေါ့။ဒါပေမယ့် သူဖောင်းထုတာ လူမှားသွားပါတယ်။လူတွေကိုဖမ်းပြီး လူသတ်ပွဲတွေလုပ်ခိုင်းရင်းတိုက်ရိုက်ထုတ်လွှင့်တဲ့ ကောင်တွေကို သွားပြီး ဖောင်းထုမိတာပါပဲ။ဟိုက တည်နေရာကိုရှာပြီး အိမ်အထိ လာရိုက်တဲ့ အခါမှခြေသလုံးဖက်တောင်းပန်ပေမယ့် မမှီတော့ပါဘူး။ရလာဒ်ကတော့ လူသတ်ကစားပွဲထဲကို အသွင်းခံရပြီး၊အတော်ဆုံး ကစားသမားနဲ့ အသက်လု ချရဖို့ ဖြစ်လာတော့တာပါပဲ။ဒီလိုသောက်ပေါနဲ့ တကယ့် လူသတ်သမားအကြမ်းစားတို့ပြေးကြလွှားကြ တိုက်ကြရင်းအဲဒီပွဲက အင်တာနက်မှာလူကြည့်အများဆုံးဖြစ်လာပြီးသူလည်း တစ်ရက်ထဲနဲ့ နာမည်ကျော်လာပါတော့တယ်။ဒီလောက်ဆို ဆက်ကြည့်ချင်မယ်ထင်ပါတယ်၊ ဆက်မပြောပြတော့ဘူးနော်။စကားလုံးရော ရိုက်ချက်တွေရော ကြမ်းလို့အိမ်မှာ မိသားစုနဲ့ ကြည့်လို့မသင့်တာ သတိပေးပါရစေ။File Size : ...
movie

Guns Akimbo (2019)

Hotel Mumbai (2019) 7.8
Hotel Mumbai (2019) Hotel Mumbai(2018) Drama/Thriller IMDb - 7.8/10Hotel Mumbai ဆိုတာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ကြယ်ငါးပွင့် ဟော်တယ်ဖြစ်ပြီး ဒီဇာတ်ကားမှာလည်း 2008 ခုနှစ်က အဲ့ဒီဟိုတယ်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာများကို မှီငြမ်းရိုက်ကူးထားပါတယ်... ဘာသာရေးအထိကရုဏ်းတွေနဲ့ မဝေးကွာတဲ့ မြန်မာနိုင်ငံအတွက် ဘာသာရေး ပဋိပက္ခဆိုတာ မစိမ်းလှပါဘူး...ဒီဇာတ်ကားဟာလည်း အလ္လာရှင်မြတ်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ကာ အကြမ်းဖက်တဲ့ဇာတ်ကားတစ်ကားပါ...ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်ရဲ့ ရုပ်သေးရုပ်တွေဖြစ်တဲ့ လူငယ်ဆယ်ယောက်ဟာ မွန်ဘိုင်းမြို့ကို လှေနဲ့ချဉ်းကပ်လာခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လုပ်ဆောင်ကြရပါတယ်...သေဆိုသေ...ရှင်ဆိုရှင်...သေနတ်ဆိုသေနတ်...ဗုံးဆိုဗုံးပါ... ဘာသာရေးမှိုင်းမိနေတဲ့ လူငယ်လေး ဆယ်ယောက်ဟာ အထက်ကညွှန်ကြားတဲ့အတိုင်း အသက်စွန့်လုပ်ဆောင်တဲ့အခါမှာတော့ "အလ္လာရှင်မြတ်ဟာ ကြီးမြတ်တယ်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သူတို့ကိုသူတို့ ဘုရားထံ အပ်နှံထားကြပါတယ်... မွန်ဘိုင်းမြို့က ပြည်သူတွေဟာ ဘုရားမသိ တရားမရှိ ဒိဌိတွေလို့ မှိုင်းတိုက်ခံထားရတဲ့ လူငယ်လေးတွေအတွက် လုပ်ဆောင်သမျှအရာတိုင်းကို ဘုရားရှင်ကောင်းကျိုးအတွက်လို့ ခံယူလာတဲ့အခါမှာတော့ အရာရာဟာ သွေးပျက်ဖွယ်တွေ ဖြစ်လာပါတော့တယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...File Size ...
movie

Hotel Mumbai (2019)

2018