Channel Myanmar

Nils Verkooijen

The Admiral (2015) 7.0
The Admiral (2015) The Admiral (2015)==============IMDb Rating - 7.0/10ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ...
movie

The Admiral (2015)

2015
Cool Kids Don’t Cry (2012) 7.5
Cool Kids Don’t Cry (2012) Cool Kids Don't Cry (2012)IMDb - 7.5/10_____Rotten - 66%    Channel Myanmar ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Director Dennis Bots ရဲ့ IMDb Rating 7.5 ရထားတဲ့ Drama Kids&Familyကားလေးဖြစ်ပါတယ်။ ဇာတ်ကားနမည်ကတော့ #Cool-kids-Don’t cry ပါ။ ဒီဇာတ်လမ်းမှာဆိုရင် ….. အကီ ဆိုတဲ့၈တန်းကျောင်းသူလေးမလေးက သူမရဲ့ကင်ဆာရောဂါကိုအရှုံးမပေးပဲနောက်ဆုံးထိ သတ္တိရှိရှိရင်ဆိုင်သွားပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။ အကီကဘောလုံးကစားရတာကိုချစ်မြတ်နိုးပြီး ယောကျ်ားလေးတွေနဲ့တန်းတူကစားနိုင်သူဖြစ်တယ်။ ကစားတိုင်းလည်းဒဏ်ရာတွေခဏခဏရတတ်သူလေးပေါ့။ ဒီဒဏ်ရာတွေအပေါ်မှာလည်း အကီကသိပ်feelမနေတတ်ပြန်ဘူး။ အကီက မဟုတ်မခံ စွာကျယ်မလေးတစ်ယောက်လည်းဖြစ်တယ် ချုပ်ချယ်တာကိုလည်းမကြိုက်ပြန်။ ဒါပေမယ့်မထင်မှတ်ထားတဲ့အချိန်မှာကံကြမ္မာဆိုးတစ်ခုက သူမဘဝထဲ ရုတ်တရက်ဝင်ရောက်လာခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာကြောင် ့ဆေးသွားစစ်ကြည့်မိရာက စပြီးသူမမှာ ကင်ဆာရောဂါရှိနေမှန်းသိခဲ့ရပါတယ်။ လူတိုင်းသိကြတဲ့အတိုင်းရောဂါခံစားနေရပြီးဆိုရင် အရင်ဆုံးဖြစ်တာက Depressionဝင်ကြတာပါပဲ။ ရောဂါကတစ်မျိုး depressionကတစ်မျိုးနဲ့ သတ်မှတ်ကာလအချိန်ထိတောင် အသက်ရှင်နေနိုင်သွားသူတွေက ရှားပါတယ်…. ရောဂါဖြစ်နေချိန်မှာ ကိုယ့်ဘာသာ ရင်ဆိုင်ရပ်တည်ဖို့ဆိုတာတကယ်မလွယ်တဲ့ကိစ္စပါ.. အားလုံးရဲ့ကူညီဖေးမမှုတွေလိုအပ်သလို ကိုယ်တိုင်လည်းစိတ်ဓာတ်ခိုင်မာမှသာ အဆုံးထိခုခံနိုင်ကြမှာပါ… ကဲ…..ဒီဇာတ်လမ်းလေးထဲမှာတော့ အကီကကင်ဆာရောဂါကို သတ္တိရှိရှိဘယ်လိုရင်သွားမလဲဆိုတာနဲ့ သူမသူငယ်ချင်းတွေကရော ဘယ်လိုကူညီဖေးမကြမလဲဆိုတာ ကြည့်သင့်တဲ့ကားလေးတစ်ကားပါ။    Qty – 720P Bluray Duration – 1hr 36min Gern – Drama, Fantasy File Size – 786 MB Translator – ...
movie

Cool Kids Don’t Cry (2012)

2012