Channel Myanmar

Niña Dolino

Can’t Help Falling in Love (2017) 6.9
Can’t Help Falling in Love (2017) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်...အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can't Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ...
movie

Can’t Help Falling in Love (2017)

2017
She’s Dating the Gangster (2014) 7.0
She’s Dating the Gangster (2014) She is Dating the Gangster IMDb 7/10 Romance and Drama"ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ" လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့ သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်း ချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She's Dating the Gangster ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့... မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာ သူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။ သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်း ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊ သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊ သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/42  မှာဝင်ကြည့်ပါ။720p HD ကို ...
movie

She’s Dating the Gangster (2014)

Everyday I Love You (2015) 7.0
Everyday I Love You (2015) CM ပရိတ်သတ်တွေထဲမှာLizquen ဖန်တေရှိလား...ဖိလစ်ပိုင်ကား ကြိုက်တတ်တဲ့သူဆိုရင်တော့ သူတို့စုံတွဲကို ကောင်းကောင်းသိမှာပဲ...သူတို့နှစ်ယောက်ကို ကြည့်တာနဲ့တင် စိတ်ချမ်းသာနေတာ...ဇာတ်လမ်းနာမည်ကတော့ "Everyday I love you" ပါ....အညွှန်း-အီသန်က တီဗီရှိုးတွေကို ဦးစီးရသူပါ...တစ်နေ့တော့ သူ့ကို ဘာကိုလော့ဆိုတဲ့ နယ်မြို့ကို သွားပြီး ရှိုးစီစဉ်ခိုင်းပါတယ်...သူ ဘာကိုလော့ကို သွားတဲ့ လမ်းမှာပဲ အွန်ဒရေးဆိုတဲ့ ကောင်မလေးနဲ့ ဆုံခဲ့ပါတယ်..သူက ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားပါတယ်...အွန်ဒရေးက တင်ဆက်သူ အလုပ်ကို ဝါသနာပါတဲ့ သူတစ်ယောက်ပါ...ဒီလိုနဲ့ အီသန်ဟာ သူ့ရှိုးအတွက် အွန်ဒရေးကို အကူအညီတောင်းခဲ့ပါတယ်...သူတို့နှစ်ယောက်က တဖြည်းဖြည်းနဲ့ သံယောဇဉ်တွေရှိလာခဲ့ပါတယ်...ဒါပေမဲ့ အွန်ဒရေးကတော့ ဒီအချစ်ရေးကို ရှေ့မဆက်ခဲ့ပါဘူး...ဘာလို့လဲဆိုတော့ သူ့ရဲ့ ငယ်ချစ်ဦး ထရစ်စတန် ဟာ သူနဲ့ ပြဿနာ ဖြစ်ပြီး အက်ဆီးဒင့်ဖြစ်ကာ ကိုမာရခဲ့ပါတယ်...အွန်ဒရေးဟာ ထရစ်စတန် သတိရချိန်ကို စောင့်နေတဲ့သူပါ...ထရစ်စတန် ကိုမာကနေ သတိရလာတဲ့အချိန်မှာတော့...အွန်ဒရေး အီသန်ကို ပဲ ရွေးချယ်မလား...အချစ်ဦးနဲ့ပဲ တစ်သက်လုံးနေသွားမလားဆိုတာကို ...
movie


2015