Channel Myanmar

Noriaki Kamata

Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie

Pearl Harbor (2001)

2001
[21+] Gun Woman (2014) 4.7
[21+] Gun Woman (2014)    2014 ခုနှစ်ကထွက်ရှိခဲ့ပြီး ခပ်ကြမ်းကြမ်း ဂျပန် အပေါင်းနှစ်ဆယ့်တစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက ကျတော်ကျိဖူးသမျှ Japan Gore movies တွေထဲမှာ တော်တော်ကြမ်းတဲ့ ဇာတ်ကားပါ ပြီးတော့ ဇာတ်ကားရဲ့ story line နဲ့ plot twist တွေက 21+ လို့တောင် မထင်ခြင်စရာပါပဲ နောက်တခုက သွေးသံရဲရဲ ခန်းတွေ ဆင်းရဲသားအခန်းတွေ ပေါပေါသောသော ပါတာမို့ ပုရိသအကြိုက်ကားတစ်ကားဖြစ်မယ်ဆိုတာတော့ ရဲရဲြက်ီးအာမခံရဲပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ဆရာဝန် တယောက် တစုံတခုသောအကြောင်းတစ်ခုကြောင့် ကလဲ့စားခြေဖို့အာသီသပြင်းထန်နေတဲ့ဆရာဝန် အဲ့ဒီ့ ဆရာဝန်က ဘာကြောင့် အသဲအသန် ကလဲ့စားခြေဖို့ ဆာလောင်နေလဲ တနေ့ ကံတရားက မျက်နှာသာပေးလာတော့ မိန်းမပျိုလေးတယောက်ကို ဝယ်ပြီး ရက်စက်တဲ့ လူသတ်သမ ဖြစ်အောင် သေချာလေ့ကျင့်ပေးလိုက်တဲ့အခါမှာတော့ ကဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ပါ (ဘာသာပြန်ကတော့ ကိုကွန်ပိုက်ပါ :)
movie

[21+] Gun Woman (2014)

2014