Channel Myanmar

Park Hyo-joon

Once Upon a Time in High School (2004) 7.5
Once Upon a Time in High School (2004) ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ drama အမျိုးအစားကားလေးဖြစ်ပါတယ်ဇာတ်ကားရဲ့အမည်လေးအတိုင်းပဲ အထက်တန်းကျောင်းဇာတ်လမ်း​လေးတစ်ခုပါဇာတ်လမ်းရဲ့အစမှာတော့ ဟွန်းဆူဆိုတဲ့ကောင်​လေး တစ်ယောက်ဟာမိဘတွေကဆိုးလ်ကိုပြောင်းလာတာနဲ့ သူလည်းကျောင်းပြောင်းခဲ့ရတယ်အဲ့လိုနဲ့ ကျောင်းကိုသွားတဲ့ဘတ်စ်ကားပေါ်မှာ မထင်မှတ်ပဲ အွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ကြတယ်အွန်းဂျူအပေါ်ကို ဟွန်းဆူကရော ဟွန်းဆူရဲ့သူငယ်ချင်းဝူးရှစ်ကပါ သဘောကျနေမိတဲ့အခါမှာတော့သူတို့ဘာဆက်ဖြစ်ကြမလဲ အွန်းဂျူကရော ဘယ်သူ့ကိုရွေးချယ်လိုက်မှာလဲဆိုတာတွေကိုတော့ဒီဇာတ်ကားလေးထဲမှာကြည့်ပေးကြပါဦးထူးခြားတာက ဒီဇာတ်လမ်းလေးက လူငယ်အချစ်ဇာတ်လမ်းတင်မကဘဲကျောင်းတွင်းကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်ကြတဲ့အကြောင်းတွေပါထည့်ရိုက်ထားတာမို့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်ဇာတ်ကားတစ်ခုလုံးကို ၁၉၉၀ ပတ်ဝန်းကျင်ကိုအခြေခံရိုက်ထားတာမို့အရင်ခေတ်ကအဝတ်အစား အပြင်အဆင်လေးတွေနဲ့မို့ တစ်မျိုးလေးပိုကြည့်​လို့ကောင်းပါတယ်File size_(1GB) Quality_Blu-Ray 720p Format_mp4 Duration_01:59:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_Sithu Translated by Shwe Yee Oo
movie

Once Upon a Time in High School (2004)

2004
Badland Hunters (2024)
Badland Hunters (2024) Badland Hunters (2024)အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့ နေချင်စဖွယ်‌ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။ Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံ‌တွေ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့ သ‌ဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကို နမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ ...
movie

Badland Hunters (2024)

2024
Princess Aurora (2005) 6.5
Princess Aurora (2005) Princess Aurora (2005) =================၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမိုက်စား ကားဟောင်းတဖြစ် ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကုန်တိုက်ကြီးတစ်ခု ကနေ စခဲ့တဲ့ လူသတ်မှုပေါ့နော်၊ ကုန်တိုက်ရဲ့ အမျိုးသမီး သန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့ အရာ တစ်ခုနဲ့ ထိုးသတ်ခံထားရပါတယ်။ အဲအမျိုးသမီးကတော့ မသေခင်မှာ သူ့သမီးကို ဆူပူရိုက်နှက်တတ်တဲ့မိခင်မျိုးဖြစ်ခဲ့ ပါတယ်။ဒီအမှုကို စုံထောက်နှစ်ယောက်က တာဝန်ယူထားရပြီး သူတို့ ရတဲ့ တစ်ခုတည်းသော သက်သေအထောက်အထားကတော့ မှုခင်းနေရာမှာ "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေတာပဲ ဖြစ်ပါတယ်။ မှုခင်းနေရာက အမျိုးသမီးသန့်စင်ခန်းဖြစ်တာကြောင့် သံသယရှိသူဟာ အမျိုးသမီးတစ်ယောက်လို့ယူဆထားကြပါတယ်။ နောက်နှစ်ရက်လောက်ကြာပြီးနောက်မှာ နောက်ထပ်အမျိုးသမီး တစ်ယောက် အသက်ရှူကြပ်ပြီးသေဆုံးနေပြန်တယ်။ ဒီနေရာမှာ လည်း "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေပြန်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဒီလိုပုံစံတူ လူသတ်မှုတွေလည်း ဆက်ဖြစ် လာပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်နှစ်ယောက်အနက် တစ် ယောက်ဖြစ်တဲ့ စုံထောက်အို (Moon Sung-Geun)ကတော့ ဒီကွင်းဆက်လူသတ်သမားဟာ သူ့ရဲ့ အရင်မိန်းမ ဂျောင်ဆွန်း ဂျောင်း(Uhm Jung-Hwa)ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့ ပါတယ်။ကိုရီးယားမှာ အဲအချိန်အခါကတည်းက ဇာတ်ကားရိုက်ကူးရေး နည်းပညာတွေ တိုးတက်နေခဲ့တဲ့အတွက် ဒီကွင်းဆက်လူသတ် ကားလေးဟာလည်း အခုခေတ်ကားတွေနဲ့ ယှဉ်ရလောက်အောင် ဒါရိုက်တာ(Pang Eun-jin)ရဲ့ လက်ရာပြောင်မြောက်လှပါတယ်။ သာမန် ...
movie

Princess Aurora (2005)

2005
The Bad Guys: Reign of Chaos (2019) 6.5
The Bad Guys: Reign of Chaos (2019) The Bad Guys: Reign of Chaos (2019)အညွှန်း********************************************မာဒုန်ဆော့ပရိတ်သတ်တွေအတွက် BLU-RAY1080P5.1Chလေးနဲ့ တင်ဆက်ပေးထားပါတယ်...မျက်နှာပေါက်ဆိုးပေမယ့် သူ့ရဲ့ရိုးသားတဲ့ဟန်ပန်ဟာ မျက်နှာမှာ အတိုင်းသား ပေါ်လွင်နေတယ်….ဒီရုပ်ကြီးကို ကျွန်တော်တို့တွေ ဘာ့ကြောင့်မှန်းမသိ သဘောကျနေကြတယ်…..ဗလခပ်တောင့်တောင့်နဲ့ လက်သီးကြီးတစ်လုံး တစ်လုံးဟာ အပျိုပေါက် အုန်းပင်တစ်ပင်ရဲ့ အုန်းသီးလုံးကြီးလောက်ကြီးရှိတဲ့ဒီလူကြီးကိုကျွန်တော်တို့အလွယ်ပဲ ဖက်တီးမင်းသားလို့ ဂုဏ်ပုဒ်တပ်လိုက်ကြတယ်…ရိုးသားတဲ့သူ့အပေါ် အကျင့်ယုတ်တဲ့ သူတွေအားလုံးကို တစ်ချက်တစ်ချက်ထိုးချလိုက်တဲ့ဟန်ပန်ကိုကျွန်တော်တို့အားလုံးကျေနပ်အားရမိကြတယ်…ကိုယ့်ကိုကိုယ်အားမရမိတဲ့ကျွန်တော်တို့ ဝိညဉ်ကို ဒီဖက်တီးမင်းသားကြီးဆို ပူးလွှတ်ရင်း သူ့ဖိုက်တင်တွေကြည့်ရတာ တော်တော်ပျော်စရာကောင်းပါတယ်…. ဒါ့ကြောင့်ပဲသူ့ကားတွေကို မရိုးနိုင်အောင် ကျွန်တော်တို့ မျှော်လင့်နေကြတယ်…ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့်ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ်….အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုတ်အထွေးတွေကိုလိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာ… ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို… ဖိုက်တင်ခန်းတွေမှာ ဆော်ချက်တွေလည်း တကယ့်ကိုအားရစရာပါပဲ…..တော်တော်ကြီးကို ပီပီပြင်ပြင်ဆော်ကြတာ…. အရိုးတွေချိုးတာတွေ ……ကားတိုက်ခန်းတွေ….မျက်နှာတွေမှ တေ့ထိုးချတာတွေ… သတ်ဖြတ်ခန်းတွေတကယ့်ကိုမိုက်ပါတယ်….File Size : (1.36GB)  (734 MB) and (252MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Action ,Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by ...
movie

The Bad Guys: Reign of Chaos (2019)

My Girl and I (2005) 7.2
My Girl and I (2005) [Unicode]လူတိုင်းရဲ့ဘဝမှာ အချစ်ဦးကိုတော့ မေ့နိုင်တဲ့လူရယ်လို့ ရေရေရာရာမရှိကြပါဘူး အချစ်ဦးဆိုတာ အချစ်ခရီးရဲ့စတင်ရာပဲမဟုတ်ပါလား....အချစ်ဦးကို ၁၀ နှစ်တာဆုံးရှုံးလိုက်ရပေမယ့် အခုချိန်ထိမမေ့နိုင်သေးတဲ့ကောင်လေး ဆူဟို... နောက်ဆုံးအချိန်ထိ သူ့ကိုပဲသတိရနေပေးဖို့ တတွတ်တွတ်တောင်းဆိုနေခဲ့တဲ့ ဆူအွန်း...ငယ်ကအချစ်အနှစ်တစ်ရာဆိုတဲ့ စကားအတိုင်း အပြန်အလှန်အချစ်ဦးဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ခွဲခွာခဲ့ရပေမယ့် ရင်ထဲမှာတော့ အချစ်တွေက မလျော့သွားခဲ့ကြပါဘူး ...ကျောင်းသားဘဝရင်ခုန်စရာလေးတွေ ချစ်ခြင်းတရားတွေ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့အတူ ချစ်သူနှစ်ဦးရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတရားတွေကို စီးမြောလိုက်ပါခံစားနိင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် မတ်မတ်အွန်ဆောရဲ့ငယ်ဘဝ အလှလေးတွေကိုမြင်ရဦးမှာနော်...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် )[Zawgyi]လူတိုင်းရဲ့ဘဝမှာ အချစ်ဦးကိုတော့ မေ့နိုင်တဲ့လူရယ်လို့ ရေရေရာရာမရှိကြပါဘူး အချစ်ဦးဆိုတာ အချစ်ခရီးရဲ့စတင်ရာပဲမဟုတ်ပါလား....အချစ်ဦးကို ၁၀ နှစ်တာဆုံးရှုံးလိုက်ရပေမယ့် အခုချိန်ထိမမေ့နိုင်သေးတဲ့ကောင်လေး ဆူဟို... နောက်ဆုံးအချိန်ထိ သူ့ကိုပဲသတိရနေပေးဖို့ တတွတ်တွတ်တောင်းဆိုနေခဲ့တဲ့ ဆူအွန်း...ငယ်ကအချစ်အနှစ်တစ်ရာဆိုတဲ့ စကားအတိုင်း အပြန်အလှန်အချစ်ဦးဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ခွဲခွာခဲ့ရပေမယ့် ရင်ထဲမှာတော့ အချစ်တွေက မလျော့သွားခဲ့ကြပါဘူး ...ကျောင်းသားဘဝရင်ခုန်စရာလေးတွေ ချစ်ခြင်းတရားတွေ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့အတူ ...
movie

My Girl and I (2005)

Bloody Reunion (2006) 6.0
Bloody Reunion (2006) [Unicode]Horror Movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက် နောက်ထပ် horror movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဉ်းဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊ အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲက မီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်...ဆရာမဘတ်ဆီကို နှစ်စဉ္ဆရာများနေ့ရောက်တိုင်း သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်... ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ် သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊ နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတို့ပဲဖြစ်ပါတယ် ။ ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ ...
movie

Bloody Reunion (2006)

A Dirty Carnival (2006) 7.4
A Dirty Carnival (2006) A Dirty Carnival (2006)_____IMDb...7.4/10  ကိုးရီးယားရုပ်ရှင်လောကရဲ့ အထင်ကရ ဂန်းစတားကားတွေထဲမှာ ထိပ်ဆုံးစာရင်းထဲမှာ ပါနေဆဲဖြစ်တဲ့ A Dirty Carnival ဇာတ်ကားကို တောင်းဆိုသူတွေများလွန်းလို့ တင်ဆက်ပေးလိုက်ပါတယ်.... ဂန်းစတားတွေနဲ့ အာဏာရှင်တွေကြား... ဂန်းစတားတွေရဲ့ ဘဝနဲ့ အချင်းချင်းအပေါ်ထားရှိတဲ့ သစ္စာတရား... ဂန်းစတားတွေနဲ့ နိုင်ငံရေးဆက်နွယ်နေမှု... တော်တော်များများလည်း ဒီကားရဲ့ကောင်းခြင်းတွေနဲ့ အထှာကျလွန်းတဲ့ ဂန်းစတားတွေအကြောင်းကြားဖူးနေတော့ ထွေထွေထူးထူးမညွှန်းတော့ဘူး.. တစ်ခုတော့ရှိတယ်... အော်ရီဂျင်နယ်ဂန်းစတားကားကြည့်ပြီးတဲ့သူတွေအတွက်တော့ ဒီကားက အနည်းငယ်ပေါ့သလိုဖြစ်နေပါက လွန်စွာဝမ်းနည်းအားနာမိကြောင်းပြောပါရစေ... Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....    File Size : (2.49 GB) and (1 GB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:21:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae  
movie

A Dirty Carnival (2006)

2006
R2B: Return to Base (2012) 6.0
R2B: Return to Base (2012) R2B: Return to Base (2012) IMDb - 6.0/10_____Rotten - 60%    ဒီကားကတော့ အများကြီးမိတ်ဆက်ပေးစရာမလိုတော့တဲ့ ကိုရီးယားမင်းသားချော Rain ပါဝင်ထားတဲ့ နာမည်ကျော် Return To Base (ဌာနချုပ်သို့အပြန်)ကိုရီးယား စစ်ကားပဲဖြစ်ပါတယ်.. စစ်သားတွေရဲ့ဘဝဟာ အမိန့်ဆိုတာကိုအသက်အဖြစ်နဲ့နေနေကြတဲ့ လူတွေထဲကလူတွေပဲဖြစ်ပါတယ်... တစ်ခါတလေကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားရတဲ့လူတွေ အထက်အမိန့်မရလို့ မိမိမျက်စိရှေ့မှာသေသွားရတာတွေကို ဘာမှမလုပ်နိုင်ပဲကြည့်နေရတာတွေလည်းရှိပါတယ်..... စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး....တိုင်းပြည်အပေါ်အနစ်နာခံတဲ့စိတ် ကိုယ့်မိသားစုထက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အရင်ဆုံးအဓိကထားတတ်တဲ့စိတ်တွေကြောင့်လည်း စစ်သားတွေရဲ့ဘဝဟာ အမြဲခါးသက်လွန်းလှပါတယ်.... ကြည်းတပ်ပဲဖြစ်ဖြစ် ရေတပ်ပဲဖြစ်ဖြစ် လေတပ်ပဲဖြစ်ဖြစ် စစ်သားကစစ်သားပါပဲ....  ဒီကားမှာတော့ တိုက်လေယာဉ်မောင်းတဲ့လေသရဲတွေရဲ့ဘဝကို ရိုက်ပြထားပါတယ်.... လေသူရဲတွေရဲ့ ဒုတိယအသက်က သူတို့မောင်းတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်.... လေယာဉ်တွေတစ်ခုခုအပစ်ခံရလို့ ပျက်ကျခဲ့ရင်တောင်မှ မတတ်သာတဲ့အခြေနေမှသာ ခုန်ဆင်းခွင့်ရှိပါတယ်....ဒါပေမယ့် တာဝန်သိတဲ့ လေသူရဲအများစုကတော့ မိမိရဲ့လေယာဉ်ကို လူနေအရပ်တွေနဲ့လွတ်တဲ့နေရာတွေမှာသာ အသက်ကိုပဓာနမထားပဲပျက်ကျခံကြပါတယ်.... စစ်သားတိုင်းကအိမ်ကိုပြန်ချင်ကြပါတယ်....အိမ်မှာသူတို့ကိုစောင့်မျှော်နေကြတဲ့ အိမ်သူဇနီးမယားတွေနဲ့ သားသမီးတွေရှိကြပါတယ်....တကယ်လို့ အိမ်ပြန်မလာနိုင်တော့တဲ့ စစ်သားတွေအဖို့ သူတို့ရဲ့ မိဘတွေဇနီးတွေရဲ့ နာကျင်မှု့တွေက မပြောပြတတ်လောက်အောင်ပါပဲ... ဒါကြောင့် Return To Base (ဌာနချုပ်)သို့ အပြန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရင်း ကမ္ဘာပေါ်မှာရှိတဲ့ စစ်သားတိုင်းအိမ်ပြန်နိုင်ကြပါစေ....အများကြီးကောင်းမွန်တဲ့ Old But Gold ကားလေးမို့ လေသူရဲများကိုဂုဏ်ပြုရင်း မကြည့်ရသေးသောပရိတ်သတ်များနဲ့ကြည့်ပြီးသားသူများလည်း မှန်ကန်တဲ့မြန်မာစာတန်းထိုးနဲ့ကြည့်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်....   Quality…..BluRay 1080p Duration…..01:53:00 Format…Mp4 File Size…(824 MB) Translator…..Myanmar Gyi Encoder…..Moe Myint Lwin  
movie

R2B: Return to Base (2012)

2012
My Tutor Friend (2003) 6.7
My Tutor Friend (2003)  2003 မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းလေးက နာမည်ကျော် မင်းသား Kwon Sangwoo နဲ့ နာမည်ကြီး အချောအလှ ထိပ်ခေါင် မင်းသမီး Kim Haneul တို့မှ အဓိက ပါဝင်ထားပြီး CJ Entertainment ရဲ့ ရုပ်ရှင်ကားကောင်းတွေ ထဲက တစ်ကားဖြစ်ပါတယ်Comedy ရဲ့ အရသာ အပြည့်အဝပါဝင်တဲ့ ဒီဇာတ်ကားဟာ တောင်ကိုရီးယားရဲ့ တစ်ခေတ်တစ်ခါမှာ အောင်မြင်မှုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တာ အတော်အများ သိကြမှာပါ (မသိသေးရင် အခုပဲ ကြည့်လိုက်ပါ)အထက်တန်းကျောင်းမှ အလုပ်ပြုတ်လာတဲ့ ဆရာမလေး ချွဲဆူဝမ်ဟာ မိခင်ရဲ့ စေညွှန်းချက်အရ မိခင်ဖြစ်သူဧ။်ချမ်းသာသော သူငယ်ချင်းရဲ့ သားကို ဂိုက်လုပ်ပေးဖို့ ဖြစ်လာပါတယ်ဂျစ်ကန်ကန် အပေအတေ နှစ်ကျ ပြသာနာအိုး ကျောင်းသားနဲ့ ဆတ်ဆတ်ထိမခံ ငါဟဲ့ ဆရာမ ဆိုတဲ့ မာန်အပြည့်နဲ့ ကျူရှင်ဆရာမတို့ ဆုံစည်းကြတဲ့အခါမှာ ဘယ်လို ကတောက်ကဆတွေ ဘယ်လိုအလွဲလေးတွေ ...
movie

My Tutor Friend (2003)

2003