Channel Myanmar

Park No-shik

[18+]Petty Romance(2010) 6.5
[18+]Petty Romance(2010) Petty Romance(2010)******************** ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Petty Romance ရုပ်ရှင်ဇာတ်ကားတွင်နာမည်ကြီးမင်းသားမင်းသမီးများဖြစ်သည့် လီဆွန်းဂယွန်း(Lee Sun-kyun), ချွဲဂန်ဟီး(Choi Kang-hee),ရူယောင်းဂယွန်း (Ryu Hyun-kyung), နာမည်ကြီးဇာတ်ပို့မင်းသားများဖြစ်သည့် အိုဂျန်ဆယ် (Oh Jung-Se), ဘတ်ဒိုဘင် ( Baek Do-Bin )တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ဂျောင်ဘယ်သည် ကာတွန်းဆရာတစ်ဦးဖြစ်ပြီး ဒါရင်းသည် ဝတ္တုစာရေးဆရာမတစ်ဦးဖြစ်ပါသည်။တစ်နေ့တွင် ဂျောင်ဘယ်ရဲ့သူငယ်ချင်းတစ်ဦးသည် 18+ ကာတွန်းပြိုင်ပွဲတွင် ဝင်ပြိုင်ပါကဆုရလျှင် ဆုကြေးငွေ ဒေါ်လာ တစ်သိန်း(ဝမ်သိန်းထောင့်သုံးရာ) ရရှိမည်ဟု ဂျောင်ဘယ်အား ပြောပြသောအခါ ဂျောင်ဘယ်သည် ဝတ္တုစာရေးဆရာမတစ်ဦးကို ခန့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ဒီဆုံးဖြတ်ချက်ကြောင့်အလွဲပေါင်းများစွာ ဖြစ်ပေါ်လာပါတော့တယ်File Size :2.2GB& 907MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy ,Adult,  Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by ...
movie

[18+]Petty Romance(2010)

The Host(2006) 7.1
The Host(2006) The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး  ဒါရိုက်တာကလည်း Parasite တို့  Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့  Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။     File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie

The Host(2006)

The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie

The Admiral: Roaring Currents (2014)

2014
Memories of Murder (2003) 8.1
Memories of Murder (2003) IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie

Memories of Murder (2003)

2003
Peppermint Candy (1999) 7.7
Peppermint Candy (1999) [Unicode]Peppermint Candy (1999)ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။ သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။ ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။ အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။ မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်း‌နေတာပါပဲ။ မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။ အချိန်ကတော့ ...
movie

Peppermint Candy (1999)

1999
200 Pounds Beauty (2006) 6.8
200 Pounds Beauty (2006) 200 Pounds Beauty (2006)_____IMDb - 6.8/10    ဒီနေ့လဲ IMDb Rating (6.8) ထိ ရရှိထားတဲ့ ကိုရီးယား ဇာတ်ကားကောင်းတစ်ကားနဲ့ထပ်မံမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက တချို့လဲကြည့်ဖူးလောက်ပြီ တချို့လဲမေ့နေလောက်ပြီ တချို့လဲသတိရဆဲဖြစ်နေမယ့် တစ်ခေတ်တစ်ခါက နာမည်ကြီးဇာတ်ကားပါ။ ကျွန်တော်တော့ အခုပြန်ကြည့်တာ ထပ်ပြီး Heart ထိအောင် ခံစားရပါတယ်။ ကိုးရီးယားမှာ တအားကို ဟော့ဖြစ်ခဲ့ပြီး "ပြရက် ၂၀ နဲ့ လက်မှတ် ၄ သန်း ရောင်း ရပြီး" လို့ ဖေါ်ပြခံခဲ့ရတဲ့ဇာတ်ကားပါ။ ၄၂ ရက်မှာ လက်မှတ် ၅.၈၃ သန်း ရောင်းခဲ့ရပြီး၊ ကိုးရီးယား တစ်နိုင်ငံလုံး ရုံပေါင်း ၂၅၀ မှာ တပြိုင်နက်တည်းပြသခဲ့တာပါ။ စံချိန်တွေချိုးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ကုန်ကျစရိတ် US$ 4 Million ပဲရှိခဲ့ပေမယ့် Box Office ဝင်ငွေ US$ 42 Million ပြန်ရခဲ့အထိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Kim Yong-hwa ကို ...
movie

200 Pounds Beauty (2006)

2006