Channel Myanmar

Peter Carlberg

Easy Money: Hard to Kill (2012) 6.3
Easy Money: Hard to Kill (2012)  Easy Money 2 (2012) IMDB - 6.3ဒီကားမှာတော့ ရိုဟန် နဲ့ မာလ်ဒို တို့ကထောင်အတူတူကျနေတယ်။ လူမှုပြန်လည်ထူထောင်ရေးအဖွဲ့ကရိုဟန်ကိုကောင်းမွန်စွာနေထိုင်တဲ့အတွက် အုပ်ချုပ်မှုအောက်မှာယာယီလွှတ်ပေးလိုက်တယ်။ ထောင်ထဲမှာကနေ High frequency trading ကိုအနိုင်ယူမယ့်ဆော့ဖ်ဝဲကိုရေးပြီး အပြင်က သူငယ်ချင်းဖြစ်တဲ့နီပယ်နဲ့အတူကုမ္ပဏီတစ်ခုမှာရောင်းစားပြီးရတဲ့ပိုက်ဆံနဲ့ အေးအေးချမ်းချမ်းနေမယ်လို့တွေးထားခဲ့တယ်။ ဒါပေမယ့် သူထောင်ထဲမှာရောက်နေတာကိုအခွင့်အရေးယူပြီး နီပယ်ကကုမ္ပဏီတစ်ခုနဲ့စာချုပ်ချုပ်လိုက်တယ်။ရိုဟန်လည်းအပြင်ရောက်မှာသိလိုက်တဲ့အတွက်စိတ်ထိခိုက်သွားပြီး ထောင်ထဲ မာလ်ဒိုနဲ့ပြန်ဆက်သွယ်ပြီးဒီနိုင်ငံကထွက်ပြေးဖို့ကြံစည်တယ်။ မာလ်ဒို နဲ့ ရိုဟန်ကထွက်ပြေးဖို့အတွက်လိုအပ်တဲ့ပိုက်ဆံတွေကို ရာဒိုဗန်ဆီကနေခိုးဖို့ကြံစည်တဲ့အခါမှာတော့......  File size…1.66GB / 743MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Easy Money: Hard to Kill (2012)

Let the Right One In 2008 7.9
Let the Right One In 2008 Zawgyiဒီတစ်ခါတော့ ဆွီဒင်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားဟာ ဆုပေါင်း (၇၀) ကျော်ရရှိခဲ့တဲ့ Romance , Horror ကားလေးတစ်ကားပါ။ အော်စကာဆိုတဲ့ (၁၂) သားကောင်လေးတစ်ယောက်ဟာ ကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပါ။ နာကျည်းမှု့တွေ ၊ ဒေါသတွေကို မြိုသိပ်ခဲ့ရတာ များလာတော့ သူ့ကို အနိုင်ကျင့်ခဲ့တဲ့ သူတွေကို လက်စားခြေဖို့ နည်းလမ်းတွေ ရှာဖွေနေပါတော့တယ်။ မှု့ခင်း သတင်းစာတွေက လူသတ်မှု့အကြောင်းတွေ ဆုပ်ဖြဲသိမ်းထားပြီး ဘယ်လို လူသတ်လဲဆိုတာ လေ့လာတယ်။ ဘယ်လိုသတ်မလဲဆိုတာ လေ့ကျင်နေခဲ့ပါတယ်။ ဒီအချိန်မှာပဲ အဲလီဆိုတဲ့ အိမ်နီးချင်း ခပ်ချောချော ကောင်မလေး တစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ကြပါတယ်။ အဲလီတို့ဟာ ဒီမြိုကို ပြောင်းလာခဲ့ကြတာ သိပ်မကြာသေးပါဘူး။ အနှိမ်ခံတွေဆိုတာ အဖော်မင်တက်တဲ့ လူစားတွေပါပဲ။ ဒါပေမယ့် အစပိုင်းမှာတော့ အဲ့လီက သူနဲ့ သူငယ်ချင်း မဖြစ်ချင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ...
movie

Let the Right One In 2008

The Girl with the Dragon Tattoo (2011) 7.8
The Girl with the Dragon Tattoo (2011) The Girl with the Dragon Tattoo (2011) IMDb - 7.8/10_______Rotten - 86% Won 1 Oscar. Another 26 wins & 91 nominations    ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီးတစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့.... Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့ The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး IMDb7.8နဲ့ RT86%ရရှိထားတဲ့ crime flim ...
movie

The Girl with the Dragon Tattoo (2011)

2011