Channel Myanmar

Philip Lenkowsky

Tales from the Darkside: The Movie (1990)
Tales from the Darkside: The Movie (1990) Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။Lot 249 ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။The Cat from Hell ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။Lover's Vow ပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် ...
movie

Tales from the Darkside: The Movie (1990)

A Boy Called Christmas (2021) 6.9
A Boy Called Christmas (2021) A Boy Called Christmas (2021)IMDb - 6.8/10ခရစ္စမတ်ချိန်ခါကိုရောက်ပြီဆိုတာနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားတွေ အစီအရီထွက်နေကြပါ၊ အခုတင်ဆက်ပေးမှာက Netflix ကနေ အသစ်စက်စက်ထွက်ရှိလာတဲ့ Christmasရုပ်ရှင်ပဲ ဖြစ်ပါတယ်Cast အပိုင်းမှာဆိုရင် Harry Potter Franchise ထဲက Maggie Smith နဲ့ Haunting of Hill House ထဲက Michael Huisman လို ထိပ်သီးသရုပ်ဆောင်ကြီးတွေ ပါဝင်ထားသလို Netflixထွက် ဇာတ်လမ်းဖြစ်တာကြောင့် Budget နဲ့ Effectပိုင်း၊ ဇာတ်လမ်းပိုင်းတွေကလည်း တကယ့် ခရစ္စမတ် ရဲ့အနှစ်သာရကိုပေါ်စေပါတယ် ဆန်တာကလော့စ် လို့ ခေါ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးအကြောင်း ဇာတ်လမ်းတွေ အများကြီးထွက်ဖူးပါတယ်၊ ဒါကတော့ ခရစ္စမတ်ဘိုးဘိုးကြီး စမဖြစ်ခင်ဘဝက ခရစ္စမတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့ ခရစ္စမတ်ဘိုးဘိုး ဘယ်လိုဖြစ်လာလဲဆိုတာကို ပုံပြင်သဖွယ်ရိုက်ကူးထားတဲ့ ပျော်ရွှင်ကြည်နူးဖွယ် မိသားစုဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်၊ မိသားစုနဲ့အတူ ပိတ်ရက်မှာ တူတူကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီအညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre.....Adventure, Drama, Family Quality….WEB-DL 1080p and ...
movie

A Boy Called Christmas (2021)

2021
Amadeus (1984) 8.3
Amadeus (1984) Amadeus (1984)[Unicode]အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်‌ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊ မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊ အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊ ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။ ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ ...
movie

Amadeus (1984)

A Knight’s Tale (2001) 6.9
A Knight’s Tale (2001) A Knight's Tale (2001) IMDb - 6.9/10_____Rotten - 59%    Heath Ledgerရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်ကလည်း ပြောစရာ မရှိအောင် ဒရာမာ ရိုးမန့် အဗန်းရှား အက်ရှင် ရသစုံပါတယ်။ Friendhood .. Fatherhood.. Sonhood... Loverhood အစုံအလင်ပါပါတယ်။ ဇာတ်လမ်းရဲ့ အခြေခံကလည်း ဂျော့ဖရေး ချောဆာလို့ခေါ်တဲ့ နာမည်ကျော် အလယ်ခေတ် ကဗျာဆရာစာရေးဆရာတစ်ယောက်ကနေ ဆင့်ကူးခံစား ထားတာဖြစ်ပြီး ဂျော့ဖရေးချောဆာတို့ အင်္ဂလန်သမိုင်းထဲက မင်းသားအက်ဒဝပ်တို့လို သူတွေလည်း ပါပါတယ်။ ကြည်နူးရင်ခုန် အားကျသွားစေမယ့် ရိုမန်တစ်အဆန်ဆုံး Sceneတစ်ခု ဟာလည်း တော်တော်အသက်ဝင်ပါတယ်။ ခရမ်းချဉ်သီး ၇၉လုံးနဲ့ အိုင်အမ်ဒီဘီ ၆.၉လည်း ရထားပါသေးတယ်။ စကားမစပ် အဗန်ဂျာဂိုဏ်းဝင် ဗီးရှင်းကြီးကိုလည်း ကိုယ်လုံးတီးနဲ့ပဲ ထပ်တွေ့ရဦးမှာပါ။    အလယ်ခတ်ကာလမှာ စီးချင်းထိုးပြိုင်ပွဲတွေရှိခဲ့ကြတယ်။ ချပ်ဝတ်ဝတ် မြင်းစီးပြီး ထိပ်တုံးထားတဲ့လှံရှည်အတုံးကို ကိုင်ဆွဲ ဟိုဘက်သည်ဘက် ထိုးနှက်တိုက်ခိုက်ကြရတဲ့ ပြိုင်ပွဲမျိုးတွေပါ။ ဒီလိုပွဲတွေဟာ မြင့်မြတ်တဲ့မျိုးနွယ်တွေ သူကောင်းပြုခံထား ရတဲ့လူတွေကိုသာ ဝင်ပြိုင်ခွင့် ပေးထားတယ်တဲ့။ အဲ့ဒီလို ပြိုင်ပွဲဝင်လူတွေကိုတော့ "Knight"လို့ခေါ်ခဲ့ကြတယ်။ Knight တစ်ယောက်ရဲ့ တပြည့်လက်ပါးစေကောင်လေးဖြစ်တဲ့ ဝီလီယမ်ဟာ စီးချင်းထိုးပွဲတစ်ဝက်တစ်ပျက်မှာ သူ့ဆရာ Knight သေသွားတဲ့အတွက် သူ့ဆရာဟန်ဆောင်ပြီး စီးချင်းဝင်ထိုးရင်း ကလေးကတည်းက ...
movie

A Knight’s Tale (2001)

2001
The Catcher Was a Spy (2018) 5.9
The Catcher Was a Spy (2018) ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
movie


2018