Channel Myanmar

Rami Malek

Bohemian Rhapsody (2018) 8.0
Bohemian Rhapsody (2018) Bohemian Rhapsody (2018) IMDb - 8.0/10_____Rotten - 60% Won 4 Oscars. Another 40 wins & 76 nominations ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ...
movie

Bohemian Rhapsody (2018)

2018
4K HEVC
Oppenheimer (2023) 8.7
Oppenheimer (2023) Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie

Oppenheimer (2023)

2023
4K HEVCHDR
Ain’t Them Bodies Saints (2013) 6.4
Ain’t Them Bodies Saints (2013) ဘော့ပ်နဲ့ ရုဆိုတဲ့ကောင်လေးနဲ့ ကောင်မလေးဟာတက္ကဆက်ပြည်နယ်က Bonnie & Clydeပေါ့.သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေကသူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့.တစ်နေ့မှာရဲတွေဝိုင်းထားတာခံရချိန် ရုပစ်လိုက်တဲ့ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ်ကပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ရုမှာကချစ်စရာသမီးလေးကိုကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲအဲ့အချိန်မှာပဲ သိခဲ့ရတယ်လေ. သူပြန်လာခဲ့ပ့ါမယ်စောင့်နေပေးပါဆိုတဲ့စကားအတိုင်း ရုကလဲသမီးလေး၄နှစ်ပြည့်တဲ့အထိကိုနေ့တိုင်းမျှော်နေခဲ့ပြီးရှင်သန်နေထိုင်ခဲ့တယ်။ဒါပေမယ့် တစ်ရက်တော့ ဘော့ပ်တစ်ယောက်ထောင်ဖောက်ပြေးပြီးရုတို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကိုထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အလုပ်လုပ်လဲဘယ်လောက်ထိတာရှည်ခံနိုင်မလဲ ?ဘော့ပ်နဲ့ရုတို့ရဲ့ ဒီကနေအဝေးဆုံးကိုထွက်သွားဖို့အတွက်အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလားရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ထောင်ထဲကပေးပို့တဲ့စာတွေကိုဖတ်ပြတဲ့အခန်းတွေကတကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ.ဒီလိုဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်တဲ့သူကလဲတခြားသူတော့မဟုတ်ပါဘူး. အော်စကာဆုရှင် Casey Affleckဖြစ်ပြီးအထင်ရှားဆုံးပြောရရင် Manchester By the Seaထဲက မင်းသားပါပဲ.ဆန်ကာတင်စာရင်းတွေထဲမှာလဲ ပါဝင်ခဲ့သလို IMDB scoreလဲကောင်းတဲ့ဇာတ်ကားမလို့ ကြွေကွဲရင်းနဲ့ ခံစားလိုက်ရအောင်။. File size…  1.7 GB /  430 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama, Crime Subtitle…. ...
movie

Ain’t Them Bodies Saints (2013)

2013
Battleship (2012) 5.8
Battleship (2012) Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ... သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့....စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ ... တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး...ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ...
movie

Battleship (2012)

2012
4K HEVC
Short Term 12 (2013) 7.9
Short Term 12 (2013) Short term 12 (2013)=================IMDb 7.9/10 Rotten tomatoes 98%Indie Dramaလူတယောက်ကိုသူ့ရဲ့အပြင်ပန်းပုံစံနဲ့ သူ့စိတ်ထဲမှာဒီလူဘာတွေဖြစ်နေလဲဆိုတာကိုဆုံးဖြတ်လို့မရဘူး။သတ်သေဖို့ကြိုးစားတဲ့သူတွေရဲ့အများစုကအပြင်လောကမှာပျော်ရွှင်နေသယောင်ထင်ခဲ့ရသူတွေချည်း။Short Term 12 ဆိုတာက ဒီလိုမျိုးကိုယ့်ကိုယ်ကိုယ်အန္တရာယ်ပြုနိုင်တဲ့ကလေးငယ်တွေကိုကြည့်ရှုစောင့်ရှောက်ပေးတဲ့နေရာလေးတခု။ဒီမှာအလုပ်လုပ်နေတာက ဂရေ့စ်ဆိုတဲ့ပျော်ပျော်ပဲနေတတ်တဲ့ကောင်မလေးနဲ့သူ့ကိုအရမ်းချစ်အရမ်းဂရုစိုက်တဲ့ မေဆင်ဆိုတဲ့ချစ်သူကောင်လေး။ဒီစခန်းကကလေးတွေရဲ့သူတို့ခံစားခဲ့ရတဲ့ဒုက္ခအဖုံဖုံတွေ စိတ်ခံစားချက်အမျိုးမျိုးတွေကိုကူညီဖြေရှင်းပေးနေကြတာပေါ့။ ဒါပေမယ့်တကယ့်အတွင်းမှာတော့သူမရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ခက်နေတဲ့ စိတ်ဓာတ်ကျနေတဲ့ဂရေ့စ်။ သူမရဲ့ဘေးမှာဒါကိုစိတ်ရှည်ရှည်နဲ့သည်းခံကူညီပေးဖို့အသင့်ဖြစ်နေသူတော့မေဆင်။ သူ့လိုမျိုးကလေးတွေကူညီနေတဲ့ဂ‌ရေ့စ်ကရောဒါကို‌မေဆင်နဲ့အတူကျော်ဖြတ်နိုင်ပါ့မလား။ ဂရေ့စ်ရဲ့အတိတ်ကရောဘာကြောင့်ဒီလိုမျိုးဖြစ်စေခဲ့တာလဲ။အဆုံးမှာသူတို့နှစ်ယောက်အတူတူပျော်ရွှင်စွာ‌နေနိုင်ကြမလားဆိုတာကိုShort term 12 ဆိုတဲ့အင်ဒီးဒရာမာကားလေးမှာရှုစားပေးကြပါဦး။Captain marvel မှBrie LarsonBohemian rhapsodyမှ Rami Malek တို့လိုသရုပ်ဆောင်တွေကလည်းပါ၀င်ထားသလိုBrie Larson ရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုလည်းခံစားနိုင်မှာပါ။ File size…1.16GB / 496MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Short Term 12 (2013)

Amsterdam (2022) 6.1
Amsterdam (2022) ဒီရုပ်ရှင်ကတော့ ပထမကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် အရှုပ်တော်ပုံ အမှုကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဘာဖြစ်ရပ်မှန်လဲဆိုတာတော့ ကြိုမပြောပြတော့ပါဘူး။ စုံထောက်ကားဆန်ဆန်ဖြစ်လို့ ပဟေဠိတွေ ကြိုသိမသွားအောင်ပါ။ ပါဝင်ထားတာကတော့ နာမည်ကြီးသရုပ်ဆောင်များလွန်းလို့ ဘယ်သူက စပြောရမလဲတောင်မသိပါဘူး။ အဆိုတော် တေလာဆွစ်ပါ ပါလိုက်ပါသေးတယ်။ ခေါင်းဆောင်မင်းသားက ခရစ်ရှန်ဘေး၊ မင်းသမီး မာဂေါ့ရော်ဘီ၊ ဂျွန်ဒေးဗစ်ဝါရှင်တန်၊ အာညာ တေလာဂျွိုင်း၊ ခရစ်စ် ရော့ခ်၊ တေလာဆွစ်၊ ရာမီမာလက်ခ် တို့ပါပါတယ်။ ဒါပေမဲ့ ရုံတင်တော့ အရှုံးပေါ်ထားပါသေးတယ်။ ၉၇ သန်းလောက်ကို ရှုံးတာပါ။ ဝေဖန်ရေးဆရာတွေကတော့ ဒီဇိုင်းတွေ၊ သရုပ်ဆောင်တွေကို အရမ်းချီးကျူးထားပါတယ်။ ဒါရိုက်တာရဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်ပုံကို မကြိုက်ကြလို့ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဒီလူတွေစုပြီး သရုပ်ဆောင်ထားတာနဲ့တင် ကြည့်လို့တန်ကိုတန်လွန်းတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ဇာတ်လမ်းအကျဉ်းဘတ်ထ် ဘရန်ဆန်ဟာ စစ်ပြန် ဆရာဝန်တစ်ယောက်ပါ။ ဆေးခန်းတစ်ခုဖွင့်ပြီး စစ်ပြန်ရဲဘော်တွေကို ကူညီပေး၊ ကုသပေးနေတဲ့သူပါ။ ဒါပေမဲ့ ဆေးတွေမျိုးစုံစမ်းသပ်နေတဲ့အတွက် ဆေးကောင်စီက ...
movie

Amsterdam (2022)

Night at the Museum (2006) 6.4
Night at the Museum (2006) Night At The Museum (2006) ~ IMDb Rating - 6.4/10 ~စားပွဲထိုးလေးတွေ ဆူညံပြေးလွှားနေတဲ့ လက်ဖက်ရည်‌ဆိုင်လေးတစ်ခုမှာ လယ်ရီ ဒဲလ်လေ နဲ့ ကျွန်တော်ဆုံတယ်။ ကိုယ်စီပြောစကားတွေနဲ့ အသက်ဝင်နေတဲ့ ပတ်ဝန်းကျင်လေးမှာ နံရံကပ်တီဗွီပေါ်က သူတို့ရဲ့ အမူအယာတွေ၊ စကားသံတွေ၊ လှုပ်ရှားသက်ဝင်မှုတွေကို အရမ်းအာရုံစိုက်ပြီး ကြည့်ခဲ့ရတယ်ပေါ့ဗျာ။ ဘာသာပြန်စာတန်းကလည်း သူစိတ်ပါတဲ့နေရာမှ ထ ထ ပေါ်လာတာဆိုတော့ ဟိုတစ်စ ဒီတစ်စ ပါပဲ။IMDb 6.4 ရယ်၊ Rotten Tomato 44% ရရှိထားပါတယ်။ ဟာသမင်းသားကြီး Ben Stiller က အဓိကသရုပ်ဆောင်ထားပါတယ်။ Box Office မှာ ၅၇၄.၅ သန်းပြန်လည်ရရှိပြီး ၂၀၀၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ မိသားစု အပျော်ကြည့်လေးပေါ့။ အလုပ်လက်မဲ့တစ်‌ေယာက်၊ တီထွင်သူလိုလိုနဲ့ အိမ်ထောင်ကွဲ၊ သားတစ်ယောက်ကို ...
movie

Night at the Museum (2006)

2006
Night at the Museum: Battle of the Smithsonian (2009) 6
Night at the Museum: Battle of the Smithsonian (2009) Night At The Museum: Battle of The Smithsonian (2009) ~ IMDb Rating - 6/10 ~သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်‌ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက ...
movie

Night at the Museum: Battle of the Smithsonian (2009)

2009
Night at the Museum: Secret of the Tomb (2014) 6.2
Night at the Museum: Secret of the Tomb (2014) Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47%   ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the  Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။  အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie

Night at the Museum: Secret of the Tomb (2014)

2014
[James Bond] No Time to Die (2021) 7.5
[James Bond] No Time to Die (2021) No Time to Die (2021)=================IMDb Rating - 7.5/10No time to die ကတော့ No time to disappoint ပါပဲ။ ကျေနပ်စရာကောင်းပါတယ်။ အနားယူပြီးဖြစ်တဲ့ဂျိန်းစ်ဘွန်းကို စီအိုင်အေက စပက်တာတွေနဲ့ ပတ်သတ်တဲ့အမှုတစ်ခု အကူအညီတောင်းလို့ လက်ခံလိုက်ရင်းနဲ့007 အသစ်နဲ့ တွေ့ပြီး အရင်ရန်သူဟောင်းတွေရော ရန်သူသစ်တွေရော ချစ်သူဟောင်းတွေရောနဲ့ တွေ့ပြီး ဇာတ်လမ်းတွေရှုပ်ကုန်တာပေါ့။ အဓိကကတော့ ဇီဝလက်နက်နဲ့ လူတွေသတ်ပြီး ကမ္ဘာကြီးကို ပြင်ဆင်ပေးချင်တဲ့ သူတော်ကောင်းကြီးကို007 ဟောင်း လူယုတ်မာကြီးက လိုက်ပြီး တားဆီးရတဲ့ ဇာတ်လမ်းပါပဲ။ အများကြီးတော့ ဇာတ်လမ်းကို မပြောပြတော့ပါဘူး။အားလုံးကြိုက်ကြမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကိုMr.Andrson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size - (4GB)/(3.08 GB)/(1.9 GB )/(800 MB)Quality – WEB-DL ...
movie

[James Bond] No Time to Die (2021)

2021
4K HEVC Web-DL
The Little Things (2021) 6.4
The Little Things (2021) The Little Things (2021)===================IMDb Rating - 6.4/10စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက်ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံလိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီးဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက်များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက်သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality ...
movie

The Little Things (2021)

2021
Papillon (2017) 7.0
Papillon (2017) Papillon(2017) ဟာ ၁၉၇၃ခုနှစ်က Papillonကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ Henri Charrièreရဲ့ Papillon and Banco ကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။ Papillonဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။ အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်ဇာတ်ကားဟောင်းPapillon(1973)ဟာလည်း လူကြိုက်များပြီးအောင်မြင်ခဲ့တဲ့အတွက် အသစ်တဖန်ပြန်လည်ရိုက်ကူးထားတဲ့ယခု Papillon(2017)ကိုတော့ အထူးတလည်ညွှန်းနေစရာတော့မလိုပါဘူး။ ပါပီ ရဲ့ ဇတ်ကြောင်းဟာ စာအုပ်တွေ ရုပ်ရှင်တွေ များစွာထွက်ပြီး ဖြစ်လို့ ဇတ်လမ်းရဲ့ စပွိုင်လာကို ဖွင့်ချထားသလို ဖြစ်ရင် နားလည်ခွင့်လွှတ်ပေးပါ ဇတ်လမ်း ရဲ့ ရသ ကတော့ တမူထူးခြားနေမှာပါ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်…    File Size : 1.4 GB Quality : 1080P BluRay Running Time : 2h 13min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Source : Rarbg Translated by Hnin Amy Khine Encoded by ...
movie

Papillon (2017)

2018
Dolittle (2020) 5.5
Dolittle (2020) Dolittle 2020============#Unicodeအားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်... Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့... တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်... ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်... ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland,Rami Malek , John Cena, Selena Gomaz စတဲ့ ...
movie

Dolittle (2020)

2020
The Master(2012) 7.2
The Master(2012) The Master(2012)အညွှန်း********************IMDb...7.2,,,,,Rotten....85%အမိုက်စားကားမို့ (BLU-RAY 1080P 5.1CH,720P)တို့ဖြင့်တင်ဆက်ပေးထားပါသည်.....(unicode)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin Phoenix ရဲ့ သရုပ်ဆောင်ဟန်တွေကိုတော့ အားလုံးလိုလို ချီးကျူးခဲ့မိကြမယ်ထင်ပါရဲ့....ဒါ့ကြောင့် ဒီမင်းသားကြီးရဲ့ ဇာတ်ကားတွေထဲက အကောင်းဆုံးစာရင်း၀◌င်တဲ့ The Master ဆိုတဲ့ ကားကိုတင်ဆက်ပေးလိုက်ပါတယ်... ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် စိတ်ဝေဒနာရှင်မိခင်တစ်ယောက်ရဲ့ သားဖြစ်သူဟာ စစ်တပ်ကထွက်ပြီး အရပ်ဘက်အလုပ်တွေလုပ်ကိုင်ခဲ့တယ်... ကံဆိုးတာက သူကိုယ်တိုင်က အမေဘက်လိုက်တယ်လို့ ဆိုရမလား မသိ...သူ့မှာလည်း စိတ်ဝေဒနာအခံက ရှိနေပြန်တယ်... သူဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်....သူကိုယ်သူလည်း ဘာချို့ယွင်းချက်ရှိနေလဲဆိုတာသိတော့ စိတ်ပညာရှင် မာစတာနဲ့ တွေ့ပြီး တော့ သူ့ရဲ့ဖြစ်တည်မှုကို ပြင်ဖို့ကြိုးစားပါတော့တယ်... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ရသမျိုးစုံ ပေါင်းစုံခံစားရမှာဖြစ်လို့ လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..IMDb..7.2နဲ့ Rotten 85%တောင် ရထားတာဖြစ်လို့ ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....(zawgyi)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin ...
movie

The Master(2012)

2012
Oldboy (2013) 5.8
Oldboy (2013)    တူကြီးကိုင်ပြီး ပွဲကြမ်းနေတဲ့ မင်းသားကြီး Choi Min‑sik ရဲ့ ကိုရီးယားဇာတ်ကား Oldboy(2003) ကို အတော်များများသိကြမှာပါ... နိုင်ငံတကာမှာလဲ ချီးကျူးခံရတဲ့ အဲ့ဒီ့နာမည်ကြီးကိုရီးယားဇာတ်ကားကို  အနောက်တိုင်းက Remark အနေနဲ့ Oldboy(2013)ကို ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ မင်းသားကြီး Josh Brolin နဲ့ မင်းသမီးချော Elizabeth Olsen တို့မှ အဓိကပါဝင်ထားပါတယ်။ ကိုရီးယားဇာတ်ကားလောက်မအောင်မြင်ခဲ့ပေမယ့် Remark အနေနဲ့ သူ့ဟာနဲ့သူတော့ မတူတဲ့ရသတစ်မျိုးကို ပေးထားနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Oldboy ရဲ့ဇာတ်လမ်းအရသာက ကိုယ်တိုင်ခံစားကြည့်ရှုမှ အကောင်းဆုံး အရသာရနိုင်တာမို့ ဇာတ်လမ်းအကြောင်းမပြောပြခဲ့တော့ပါဘူး။ မင်းသမီးချော Elizabeth Olsen ကို Marvel Superhero ထဲက Scarlet Witch အဖြစ်လူသိများပြီး Infinity War ဇာတ်ကားထဲက ကမ္ဘာဖျက်ဗီလိန် Thanos အဖြစ် မင်းသားကြီး Josh Brolin  မှပါဝင်ထားတာကြောင့် သူတို့နှစ်ယောက်ကို Infinity War ထဲမှာ ပူးတွဲမြင်တွေ့ရဖို့လဲ ရှိပါသေးတယ်။File Size…(900 MB)Quality…BluRay-Rip 720pFormat…mp4 Duration…01:44:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung
movie

Oldboy (2013)

2013